buu kyoaFebruary 26, 20121min934
မြန်မာနိင်ငံ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့  နယ်၊ မိုင်းသော်အရှေ့  ကျေးရွာအုပ်စု၊ တောင်နီရွာသည် တိုင်းရင်းသားပေါင်းစုံနေထိုင်သော ရွာတစ်ရွာဖြစ်ပါ သည်။ ယခင်က ရ.ယ.ကဥတ်ကထ၊ ယခုကျေးရွာအုပ်ချုပ်ရေးမှူးတာဝန်ထမ်းဆောင်နေသော ဦးလှသော်သည် ကျေးရွာသချိုင်းမြေ၊ လမ်းမြေများကို ရောင်းချပြီး ကိုယ်ကျိုးစီးပွားအတွက် ကိုယ်ထူကိုယ်ထဈေး အမည်ခံကာ ရေလုပ်ငန်းနှင့် ပျားမွေးမြူရေးပိုင် RC အဆောက်အဦးနှင့် ပိုင်နက်နယ်မြေ (၉.၇၅)ဧကအတွင်းရှိ သစ်ဆိမ့် ပင်၊ သရက်ပင်များဖြိုဖျက်ခုတ်လှဲရု် ဈေးဆိုင်ခန်းများ ဆောက်လုပ်ခဲ့ပါသည်။ ဈေးဆောက်လုပ်ရာတွင် အများပြည်သူများအား အသိပေးမှုမရှိခြင်း၊ တစ်စုတစ်ဖွဲ့ဖြင့် တိုးတိုးတိတ်တိတ်ဆောင်ရွက်ခြင်း၊ ဈေးအင်္ဂါနှင့်ညီညွတ်အောင် မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့် ညှိနှိုင်းမှုမရှိခြင်းတို့ကြောင့် ဆိုင်ခန်းများဝယ်ယူရောင်းချသူများ မရှိခဲ့ပါ။ ၎င်းကိုယ်ထူကိုယ်ထဈေး မအောင်မြင်သောကြောင့် အုပ်ချုပ်ရေးမှူးလုပ် ပိုင်ခွင့်ကိုသုံးကာ ကျေးရွာသူ/သားများကို အငြိုးထားဆက်ဆံလျှက်ရှိပါသည် ၎င်းလုပ်ရပ်ကြောင့် စိုက်ပျိုးမြေများဆုံးရှုံခြင်း၊ ရပ်သူရပ်သားများစိတ်ဝမ်းကွဲပြားခြင်း လိုင်စင်စီရ စည်ပင်မှ ဈေသည်/ဈေးဝယ်များ ကျီးလန့်စာစားဖြစ်နေရခြင်းတို့သည် […]