CourageFebruary 23, 20131min1175
အိမ်ထဲက အိမ်လေး             မြန်မာနိုင်ငံမြေပုံကို ကျွန်တော်အိမ်တစ်လုံးထဲမှာ ထည့်ကြည့်မိတယ်။ တိုင်းနဲ့ပြည်နယ် ၁၄ခုမှာ နေထိုင်တဲ့ မျိုးနွယ်ကြီး ၈ခုအပါအဝင် အားလုံးသော တိုင်းရင်းသား မျိုးနွယ်စုတွေ တစ်စည်းတစ်လုံးနဲ့ နေနိုင်တဲ့ အိမ်မျိုးမှာပေါ့။ ကျွန်တော့ရဲ့ အိမ်မှာ ပြတင်းပေါက်ကြီးကြီး၊ တံခါးပေါက်ကြီးကြီးတွေ ရှိ တယ်လေ။ ဒီတော့ အိမ်ထဲမှာနေတဲ့သူတွေအားလုံး လေကောင်းလေသန့်ကို အပြည့် အဝ ရလို့ အသက် ဝဝရှူရတယ်၊ နေရောင်ခြည်အလုံအလောက်ရလို့ နွေးနွေးထွေး ထွေးနေနိုင်လေရဲ့။ ပြောရရင်တော့ ဗျာ… နွေးထွေး ချောင်လယ်တဲ့ ဘဝလေးနဲ့ အား လုံး အဆင်ပြေပြေ နေနိုင်ခဲ့တယ် ဆိုပါတော့။ ဒါပေမယ့်လဲ ကောင်းကွက်တစ်ခုရဲ့ နောက်ကွယ်မှာ ဆိုးကျိုးဆိုတာက ရှိ တက်စမြဲပဲလေ။ ပြတင်းပေါက်ကြီးကြီး၊ တံခါးပေါက်ကြီးကြီးတွေရှိချင်းရဲ့အကျိုးဆက် အနေနဲ့ကတော့ အိမ်ထဲကို အပြင်က […]


CourageJanuary 6, 20131min1000
        သွေးချင်း“စစ်”   မချစ်လို့တော့မဟုတ် မနှစ်မျို့တဲ့ စိတ်တစ်ခုကြောင့် သူကလဲပစ် ငါလဲပစ် သွေးချင်းတွေမှာ ဒုက္ခဖြစ် အဲ့ဒါပြည်တွင်းစစ်။ C.O


CourageDecember 8, 20121min1122
  ဒီနေ့ (၈.၁၀.၂၀၁၂) ရက်နေ့ အိပ်ရာကနိုးတော့ အချိန်က တော်တော်နောက်ကျနေလေပြီ။ ပြောရရင်တော့ နေ့လယ်ထမင်းစားချိန်ပင် ကျော်လုလုဖြစ်တော့မည်။ ဘာရယ်မဟုတ် အိပ်ရာကနိုးတိုင်း နေ့စဉ်လုပ်နေကျ ဝတ္တရားများ ဖြစ်သည့် မျက်နှာသစ် သွားတိုက် ရေချိုး ကိစ္စတွေလုပ်ပြီးတော့ ရည်ရွယ်ချက်မရှိပဲ ကွန်ပျူတာရှေ့ကိုရောက်သွားမိသည်။ လားလား။ ဒီနေ့ဟာ မြန်မာတစ်မျိုးသားလုံးရဲ့ “အမျိုးသားနေ့” ပါပေလား။ ဟုတ်သည် online ပေါ်တက်ကြည့်တော့ ယနေ့ (၉၂)နှစ်မြောက် အမျိုးသားနေ့ကို ဂုဏ်ပြုထားသည့် ဆောင်းပါးတွေ၊ ကဗျာတွေ၊ အက်ဆေးတွေ တွေ့လိုက်မှ ဒီနေ့ အမျိုးသားနေ့မှန်း သတိရမိသော ကျွန်တော် ကိုယ့်ကိုကိုယ် ညံ့ပါရောလို့ အပြစ်တင်မိလိုက်၏။ ဒါတွင်ပဲလား။ မကသေး။           ဒီနေ့ဟာ အမျိုးသားနေ့မှန်းတော့ ကျွန်တော် သိလိုက်ပါပြီ။ သို့ပေမယ့် အမျိုးသားနေ့ဆိုတာ ဘာမှန်း ကျွန်တော် […]


CourageDecember 4, 20121min1201
ရွာ ငါ့ဆီမှာ … အိမ်ခြေတစ်ရာကျော် ရှိတယ် မြေနီလှည်းလမ်း ရှိတယ် အရိပ်ကောင်းတဲ့ သစ်ပင်တွေရှိတယ် လှပတဲ့ ပန်းမံတွေရှိတယ် လူတွေလည်း အများကြီးရှိတယ် ။ ငါ့အတွက် … ရေတွင်းရေကန်တွေ ရှိတယ် လျှပ်စစ်မီး ရှိတယ် လယ်ကွင်းတွေ ရှိတယ် စီးပွားရေးလုပ်ငန်းတွေ ရှိတယ် တိုးတက်မှုတွေလည်း ရှိတယ် ။ သို့ပေသော်…ငါမှာ အတွေးစိတ်ကူး မရှိဘူး ချစ်စိတ်မုန်းစိတ် မရှိဘူး လိုချင်တပ်မက်စိတ် မရှိဘူး ဘာကြောင့်လည်းဆိုတော့ ငါသည် … လူတွေ ပညက်ထားတဲ့ ပထဝီမြေပေါ်မှ ‘ရွာ’တစ်ရွာပေပဲ ။  ။   COURAGE


CourageNovember 30, 20121min1273
အကြောက်တရားမှ လွတ်မြောက်ခြင်း   မိုးစိုမှစိုးလို့ မင်း… အပြင်ကို မထွက်တော့ဘူးလား? ဒါဆို မင်းဘယ်ကိုမှ ရောက်တော့မှာမဟုတ်ဘူး။ မင်းတစ်နေရာရာကိုရောက်ချင်ရင် မိုးစိုတာကိုတော့ ခံနိုင်ရမှာပေါ့။ ဒီလိုပါပဲ မင်းမှာရှိတဲ့အကြောက်တရားကို ဘယ်တော့မှ မရှောင်ပုန်းပါနဲ့! သူ့ကိုတွေ့လိုက်ပါ၊သူ့ကိုတိုက်ခိုက်ပါ သူ့ကိုကျော်လွှားဖို့ ကြိုးစားလိုက်ပါ။ ဒါဟာ အကြောက်တရားက လွတ်မြောက်ဖို့ နည်းလမ်းကောင်းတစ်ခုပဲ…။ COURAGE


CourageNovember 24, 20121min1145
ငြိမ်းချမ်းမှု သန်လွင်ရွက်သယ် ၊ ချိုးငှက်ငယ် ဘယ်သောင်ဘယ်ကမ်း ၊ မြန်းပါမည် ။ မီးခိုးငွေ့ကြား ၊ အိုပြေးလွှား များစွာလူတို့ ၊ ရှိနေသည် ။ အမုန်း၏ရလဒ် ၊ ထိုစစ်မက် ရပ်တံ့သွားလျှင် ၊ ကောင်းလိမ့်မည် ။ သဘာဝဘေးဒဏ် ၊ ခံနိုင်ရန် သံမဏိစိတ်ဓာတ် ၊ လိုချင်သည် ။ ငိုယိုသံဆုံး ၊ အပျော်များဖုံး ပြုံးရွှင်မျက်နှာ ၊ တည်စေမည် ။ အိုဘယ့်ကလေးငယ် ၊ အနာဂါတ်မယ် မပျယ်အလင်းတန်း ၊ ရပေမည် ။ အမှောင်ကိုခွင်း ၊  ရောင်နီလင်း ဝင်းပမှုကို ၊ ပေးလိမ့်မည် ။ သန်လွင်သယ်ပေး ၊ ချိုးငှက်လေး အေးငြိမ်းမှုကို ၊ […]


CourageNovember 22, 20121min25112
သပွတ်အူ ရှင်းတမ်း   ပြောင်းလဲမှုဆိုသည့်စကားကို ကြားသာကြားခဲ့ဖူးသည်။ ကျွန်ုပ်အသက်တစ်လျှောက် ကောင်းကောင်းမတွေ့ဘူးခဲ့တာ လွန်ခဲ့ သည့်နှစ်နှစ်ဝန်းကျင်အထိပေ။ တစ်ကယ်တန်းတွေ့မယ့်တွေ့တော့လဲ ပြောင်းလိုက်တဲ့အပြောင်း လဲလိုက်တဲ့အလဲ။ လူကိုမျက်စိတွေ တော်တော်တောင် လည်သွားတယ်။အစကတော့ ဒီလူနဲ့ဒီမူ မကိုက်ပါဘူးလို့ ဝေဖန်ခဲ့ကျတဲ့သူတွေ အခုတော့လဲ ဒီလူရှိမှဒီမူမြဲမှာဟေ့ ဆို ပြီး သဘောထားလိုက်ကျတာ လက်ခုပ်သံတွေတစ်ဖြောင်းဖြောင်းဆိုပဲ။ ထားတော့။ဒါတွေက နိဒါန်းအနေနဲ့ စာလှအောင်ရေတာတွေ။ တစ်တမ်း ကျွန်ုပ် ပြောချင်သည်ကတစ်ခုပင်။ အစစ ပြောင်းလဲသွားခဲ့သော ကျွန်ုပ်တို့ရဲ့နိုင်ငံကြီးကိုမြင်ရတာ အရင်ကလိုမဟုတ်တော့၊ အားလုံးအသစ်သစ်တွေပင်ဖြစ်နေ ပြီ။ ပြောင်းသင့်တာကိုပြောင်းပြီး လဲသည်တာကိုလဲလိုက်၍လားမသိ အရင်ကလိုအခြေအနေ(တစ်အုံနွေးနွေးဖြင့် လှုပ်မရ၍ငုံရခဲ့သည့် အခြေအနေ)များကို မတွေ့ရတော့။ ပွင့်လင်းမြင်သာသောလူ့အဖွဲ့အစည်းမှ ပွင့်လင်းစွာ ထုပ်ဖေါ်ပြောဆိုမှုများကို တွေ့လာရသည်။ ကောင်းလေစွ။ သို့သော်လည်း တစ်ခါတစ်လေတော့ လူတို့၏ထုံးစံအတိုင်း အသစ်ဘယ်လောက်ကောင်းကောင်း အဟောင်းကိုတော့ တစ်မျှော်မျှော်ဆိုသည့် အဖြစ်တွေကိုလဲတွေ့ရသေး၏။ အင်းလေ […]


CourageNovember 18, 20121min2358
ကယ်ကျပါဦး   အောင်မလေး ပူလိုက်တာနော် ပူလိုက်တာ။တစ်ကယ့်ကို ငါ့ခန္ဓာကိုယ်ကြီးပူထက်ပိုပူလာပါ လား။ဘာကြောင့်များ ဒီလောက်တောင်ပူလာတာပါလိမ့်။ဪလက်စသတ်တော့ ငါ့ကိုယ်ပေါ်က အိုဇုန်းဆိုတဲ့ ချုံလွှာကြီး ပေါက်လို့ပြဲလို့ပါလား။ ဒါနဲ့ မင်းတို့ကို ငါမေးရဦးမယ်။မင်းတို့တွေ ပြောပြောနေတဲ့ မင်းတို့လူနေမှုစနစ်ကို တိုးတက်စေတယ်ဆိုတဲ့ စက်ရုံကြီးတွေ၊မော်တော်ယဉ်တွေက မင်းတို့ကိုတစ်ကယ်ရော အကျိုးပြုကျရဲ့လား။အေးလေ ပြုချင်လဲပြုကျမှာပေါ့။ငါ့ အ တွက်တော့ ဒီစက်ရုံတွေ ၊မော်တော်ယဉ်တွေကထွက်တဲ့ အငွေ့တွေက ငါ့ချုံလွှာကိုပါးလာအောင်လုပ်နေတာလို့ပဲထင်တယ်။ ထားပါလေ။အောင်မှာ မင်းတို့တွေက ငါ့ချုံလွှာကို ပါးလာအောင်လုပ်ရတာအားမရလို့ ငါ့ရဲ့အရေပြား(မြေလွှာ)ကို တောင်ဖျက်စီးနေကျပါ့လား။ဒီမယ် မင်းတို့လွှင့်ပြစ်လိုက်တဲ့ ကြွတ်ကြွတ်အိတ်တွေ၊မင်းတို့စွန့်ပြစ်လိုက်တဲ့ဓါတုဗေဒအညစ် ကြေးတွေ၊ကုန်ကုန်ပြောမယ်ကွာ မင်းတို့တွေကောင်းမယ်ထင်လို့ သုံးနေတဲ့ ဓါတ်မြေဩဇာဆိုတာတွေကိုက ငါ့အရေပြား ကိုပျက်စီးစေတယ်ကွ။ ပြီးတော့ ငါ့ရဲ့မွှေးညှင်းနုတွေနဲ့ချွေးစက်တွေလေ၊မင်းတို့စကားနဲ့ပြောရရင်တော့ သစ်ပင်တွေနဲ့မြစ်ပြင်တွေပေါ့ ဒါ တွေကိုလဲမင်းတို့က အန္တရာယ်ပေးနေတယ်နော် ။အေးအေးကောင်းပြီ။မင်းတို့ခုတ်နေတဲ့ သစ်ပင်တွေမျိုးးသုဉ်းသွားတဲ့အခါ၊ မင်းတို့ ဆည်ဖို့နေတဲ့ မြစ်ပြင်တွေကော်သွားတဲ့အခါ မင်းတို့ရဲ့ဘဝ ဘာဖြစ်လာမလဲ […]


CourageNovember 17, 20121min1669
အတူတူပါပဲ   ရန်ကုန်မြို့လမ်းမများ၏ မြင်ကွင်းတွေကိုအားလုံးပဲမြင်ဖူးကျပါလိမ့်မယ်။ ယခင့်ယခင် ကတော့ ရန်ကုန်မြို့ရဲ့ ကားလမ်းတွေပေါ်မှာ မော်တော် ယဉ်ပေါင်းမျိုးစုံကိုမျက်စိနောက် ဖွယ်မြင်နေရပေမယ့် သက်တန်းရင့် ယဉ်အအိုအဟောင်းများကို ကားသစ်များနှင့်လဲလှယ်ခွင့်ပြုပြီး သည့် အခုနှစ်ဆန်းပိုင်း (၂၀၁၂ခုနှစ်)လောက်ကစပြီး လမ်းမပေါ်မှာ ကားတွေကို ပိုပြီး မျက်စိနောက်လောက်အောင်မြင်ခဲ့ရသည်။ ကားတွေများလာတာနဲ့အမျှ ယဉ်ကျောပိတ် ဆို့မှုဆိုတာ ကလည်း နေရာတိုင်းလိုလိုပင်။ ဒါတွေကိုဖြေရှင်းပေးရန်အတွက်ရန်ကုန်မြို့ရဲ့အချက်အချာလမ်း စုံနေရာ၊ယဉ်ကျောပိတ်ဆို့မှုအများဆုံးဖြစ်ပေါ် တက်သောနေရာကြီးလေးနေရာတွင်လည်း ဂုံးတံတားကြီးလေးစဉ်းကိုတည်ဆောက်ပေးဖို့ လေးလပဲအချိန်ယူမည်ဟု တာဝန်ရှိပုဂ္ဂိုလ်များက အတိအ လင်းကြေညာထားခဲ့သည်ကိုလည်း အားလုံးသိပြီးသား၊ ကားအသစ်များ၊ကားအကောင်း စားကြီးများနှင့်တန်အောင် လမ်းများကိုလည်း အကောင်းဆုံးဖြစ် အောင်ပြုပြင်ပေးနေခဲ့သည်ကို လည်း အားလုံးသိပြီးသားဖြစ်မည်။ ဒါတွေကအရေးမဟုတ်။ ယခုကျွန်ုပ်ပြောပြချင်သည်က ဒီလိုကားအကောင်းစားကြီးတွေ ၊ဖြူးနေတဲ့လမ်းတွေ၊အဆင့်မြင့်ဂုံးကျော်တံတားကြီး တွေ မြင်ရတော့မည့်အရေးကို တွေးမိခဲ့တဲ့အချိန် ကျွန်ုပ်စိတ်ထဲတွင်ပေါ်လာသည့်အတွေးလေးတစ်ခု၊အဖြစ်အပြက်လေးတစ်ခုကြောင်းကို တင်ပြလိုခြင်း ပင်။အဲ့ဒီ့အတွေးကို ကျွန်ုပ်စတင်ရရှိခဲ့သည်ကတော့ ယမန်နှစ် ကျွန်ုပ်၏ […]


CourageNovember 17, 20121min2237
ကြားခေတ်က ကြားလူ             တစ်ကယ်တန်း ဒီအကြောင်းအရာကို စာတစ်စောင်ပေတစ်ဖွဲ့လုပ်လိုက်ရင် လူပြော သူပြောတော်တော် ခံရမှာပဲဆိုတာကို စာရေးသူ နား လယ်ပြီးသားပါ။ သို့ပေမယ့် အကောင်းမြင် သူနဲ့အဆိုးမြင်တက်သူ၊ ဖြည့်တွေးတက်သူနဲ့ဟာကွက်ကိုရှာတက်သူ ဒီလိုမျိုးလူတွေရဲ့အမျိုး မျိုးသော စိတ်အ ခြေအနေ အယူအဆတွေကြားထဲက စာရေးသူလည်း ထောင့်တစ်ထောင့် ကနေပြီး မြင်ကြည့်တဲ့သဘောမျိုးလေးနဲ့ဒီစာကိုရေးလိုက်တာပါ။ အခုတစ်လော။ ဟိုဂျာနယ်ဖတ်လည်း ကံ့ကော်မြေ၊ ဒီမဂ္ဂဇင်းဖတ်လည်း ကံ့ကော်မြေနဲ့ စိန်ပန်းပြာတွေပွင့်တဲ့၊သစ်ပုတ်ပင်ကြီးရှိတဲ့ ဂျပ်ဆင်ထိပ် က လရိပ်ပြာလေးကြောင့်တင့်တယ်နေတဲ့၊ လှိုင်နယ်မြေ RC-2တက္ကသိုလ်ကြီးကို သတိရကြောင်း တမ်းတရကြောင်းရေးထားတဲ့ရင်ဖွင့်ထား တဲ့အကြောင်း အရာတွေကိုတွေ့ရတာ အရမ်းကိုကြည့်နူးဖို့ကောင်းလိုက်တာ။ သမိုင်းအတိနဲ့နေရာ၊ သမိုင်းသိတဲ့နေရာ ဘဝများစွာ အဖြစ်အပျက်များစွာ ခံစားချက်များ စွာ ပေါင်းလံနေတဲ့ ဒီနေရာကြီး အကြောင်းကို ပြန်လည်ဖေါ်ထုပ်နေကျပြီ။ ဒီပရဝဋ်ကြီးဟာ အလကားရှိခဲ့တာမဟုတ်ဘူး။ သစ်ရွက်ခြောက်အကြွေတွေနဲ့ အမှိုက်ရှုပ်ခံရုံသက်သက်မဟုတ်ဘူးဆိုတာကို […]