CharTooLanDecember 23, 20141min41225
ချစ်ခြင်းတရားနဲ့ ပြည်ထောင်စု အခိုင်မာဆုံးသော ပြည်ထောင်စုတွေ၊ ကမာ္ဘအရပ်ရပ်မှာ ပြိုကွဲလျှက်ရှိကြပေ အယူအဆအမျိုးမျိုး လိုရာဆွဲကာ၊ စစ်ခင်းလျှက်ရှိကြပေ လူမမယ်ခလေးများ၊ အဘိုးဘွားနဲ့ သားသည်မိခင် ရတက်မအေးရပေ…။ ဒီအဖြစ်မျိုးတော့ မကြုံချင်ဘူးလေ၊ အခြေအနေအရပ်ရပ်ကို အစဉ်သုံးသပ်ကြလေ အနာဂါတ်အကျိုးအတွက် မျှော်ရည်မှန်းကာ ချစ်ခြင်းတရားနဲ့လေ ပြည်ထောင်စုသားတွေ မကွဲမပြားပဲ နှလုံးသားနဲ့ သတိမူကြရင် ရတက်အေးရလိမ့်မည် ဒို့အသက်နဲ့ ဒို့ခန္ဒာတွေ အမြဲရှိသရွေ့ရင်ထဲမှာ ဒို့ချစ်တဲ့ပြည်ထောင်စုကို အစဉ်စောင့်ထိမ်းဖို့အဓိဌာန်ရည် အခိုင်မာဆုံးသော ပြည်ထောင်စုတွေ၊ ကမာ္ဘအရပ်ရပ်မှာ ပြိုကွဲလျှက်ရှိကြပေ အယူအဆအမျိုးမျိုး လိုရာဆွဲကာ၊ စစ်ခင်းလျှက်ရှိကြပေ လူမမယ်ခလေးများ၊ အဘိုးဘွားနဲ့ သားသည်မိခင် ရတက်မအေးရပေ…။ ဒီအဖြစ်မျိုးတော့ မကြုံချင်ဘူးလေ၊ အခြေအနေအရပ်ရပ်ကို အစဉ်သုံးသပ်ကြလေ အနာဂါတ်အကျိုးအတွက် မျှော်ရည်မှန်းကာ ချစ်ခြင်းတရားနဲ့လေ ပြည်ထောင်စုသားတွေ မကွဲမပြားပဲ နှလုံးသားနဲ့ သတိမူကြရင် ရတက်အေးရလိမ့်မည် ဒို့အသက်နဲ့ ဒို့ခန္ဓာတွေ […]


CharTooLanNovember 27, 20141min26018
ကဗျာတွေ ဂဗျောင်တွေ ရေးလာကြပြီဆိုတော့ ကျနော်က အချစ်ကိုနဲနဲလောက် ဂဗျာဆန်ပြချင်တယ် ခည မတောက်တခေါက်နဲ့ လက်တဲ့စမ်းထားတဲ့ ကာရံမဲ့ပါ ကျန်းးးးးးး ချာတူးတို့များ ချစ်တတ်လိုက်တာဆိုပီးတော့ ကျန်အပျိုကြီးများ အားမငယ်သွားကြပါနဲ့လို့  အရင်ဆုံးမေတ္တာအပို့ခံပါရစေ……… ကျနော့်ကဗျာ ခေါင်းစဉ်က “ဆုတောင်း” ပါ… အချစ်နဲ့ပက်သက်လာရင် ကျနော်တောင်းတဲ့ဆုပါ………. “ဆုတောင်း” ချစ်သူလိုအပ်လာသမျှ ဖန်ဆင်းပြနိုင်တဲ့သူ ဖြစ်ပါရစေ………. ကိုယ်က ချစ်သူအတွက် အနှောင့်အယှက် ဖြစ်သွားပြီဆိုတဲ့ အချိန်ကို စက္ကန့်မခြား သိ ကြားပါရစေ………….. ချစ်သူမလိုအပ်တော့တဲ့အခါ ချက်ချင်းထွက်သွားပေးနိုင်တဲ့ စွမ်းအားတွေလဲ ရပါရစေ…………..။ PS. ဟိုက်ရှားဘားး တွေဘာတွေ မထင်ရဘူးတွေဘာတွေ ဟွန်း… အဟက်အဟက်နဲ့ ပြောင်းလဲသွားဒယ် ဆိုတာတွေကို မမြင်မတွေ့ပရဇီ………….. kwi kwi


CharTooLanSeptember 12, 20131min19211
ခရီးသည်ကို _ီးပဲ လို့ဆဲတဲ့စပယ်ယာ ခရီးသည်ကျွေးတဲ့ အစာတောင် နင့်ဝမ်းထဲမှာကျေသေးရဲ့လား လူလူချင်းလေးစား အလေးထားရမယ့်စေတနာ နင်တို့ကပိုပြီးသာရမှာ မဟုတ်ဘူးလား အခုတော့…….. နင့်ပါစပ်ကဆဲတဲ့စကား ကျန်ခရီးသည် ၄ဝဆယ်ကျော်ရဲ့နားနဲ့ ဆက်ဆက်ကြားလို့ နင်လဲခွေးဖြစ်သွားအောင် လုပ်လို့ရတယ် နင်သိလား ???


CharTooLanJune 20, 20131min18118
ပြောင်းလဲသွားတဲ့ အခြေအနေတစ်ခုမှာ ရုတ်တရက် သူတို့ကိုကျောခိုင်းခဲ့လိုက်တယ်။ အတူတူ သွားခဲ့ဖူးတာတွေ အတူတူ စားခဲ့ဖူးတာတွေ အတူတူ ဆိုခဲ့ဖူးတာတွေ အတူတူ ဆဲခဲ့ဖူးတာတွေ အတူတူလှုပ်ရှား အတူတူသွားပြီး အကြိမ်ကြိမ်သာဓု ခေါ်ဆိုခဲ့ကြတာတွေက တွေးလိုက်တိုင်း မျက်နှာပေါ်အပြုံးရောက်လာတဲ့ အရောင်တောက်တောက် အမှတ်တရတွေပါ။ နားလည်ပေးနိုင်တဲ့ အတိုင်းအတာတခုထက် ပိုပြီးခွင့်လွှတ်ပေးခဲ့ကြတဲ့ သူတို့က………. ကြိုက်တဲ့အချိန်ပြန်လာ နွေးထွေးစွာကြိုဆိုလျှက်ပါတဲ့။ ဝမ်းနဲစရာမကောင်းတဲ့ အဲ့ဒီစကား………. ကြားလိုက်တော့ မျက်ရည်ဝဲသွားတယ်။ အခုချိန်ဆို…….. သူတို့တွေ ပျော်နေကြတယ် သူတို့တွေ ရယ်နေကြတယ် သူတို့တွေ ပြောနေကြတယ် သူတို့တွေ ဆိုနေဆဲနေကြတယ် ခုချိန်ဆိုသူတို့တွေ လှုပ်ရှား သူတို့တွေသွားကြပြီး သာဓုတွေခေါ်နေကြတော့မယ်……….. ပြောင်းလဲသွားတဲ့ အခြေအနေတစ်ခုမှာ နာမည်တစ်ခုနဲ့ဘဝတစ်စိတ် သေသွားခဲ့တယ်။ ============================= တစ်ဦးတိုင်း တစ်ယောက်စီက တစ်ယောက်တိုင်း တစ်ဦးစီအတွက်နဲ့ အားလုံးအတွက် အပြည့်အဝနားလည်ပေးတတ်တဲ့ သူငယ်ချင်းများသို့…………….. […]


CharTooLanFebruary 15, 20121min46849
အရမ်းကြီးဆန်းနေသလား ဘာလားတော့မသိဘူး ကိုယ့်ခေါင်းစဉ် ကိုယ်တော့သဘောကျနေတယ် 😀 ဒီအကြောင်းရေးပီး ခေါင်းစဉ် စဉ်းစားနေတာ တော်တော်ကြာတယ် နောက်ဆုံးတော့ ဆြာအေကေကေအိုရဲ ့ အမျိုးသမီးရောဂါဆိုင်ရာ (အဖြူဆင်းခြင်းအကြောင်း) ဆိုတဲ့ခေါင်းစဉ်ကိုတန်းမြင်မိလို့ မြှီငမ်းပေးလိုက်တာ။ အမျိုးသားတွေအတွက် ဒါကလဲရောဂါပဲ မစားရမနေနိုင်တဲ့ရောဂါ စားပြီးရင် ဖြစ်လာမယ်နောက်ဆက်တွဲတွေကလဲ ရောဂါတွေပဲ ဘာတစ်ခုမှကိုကောင်းကျိုးမပေးတာ။ ဒါကိုပဲ တန်းတန်းစွဲစားနေကြတာ။ အဖြစ်ကဒီလို…..တနေ့..မနက်စောစောစီးစီးရုံးသွားဖို့ ဝတ်စုံပြည့်နဲ့ အိမ်ကနေ ကားမှတ်တိုင်ကို ကိုယ့်ကိုယ်ကို သရဏဂုံတင်ရင်း သွားနေကျလမ်းအတိုင်း ထွက်လာခဲ့တယ်။ တာမွေမီးပွိုင့်မီးနီနေတုန်း ကားတွေရပ်ထားတာမို့ စိတ်အေးလက်အေးနဲ့ကူးလာလိုက်တာ တစ်ဖက်လမ်းလဲရောက်ရော ၃၃လိုင်းကာကြီးပေါ်ကနေ အနီတွေဒလဟော ဝေါခနဲဆင်းချလာလိုက်တာများ ချာတူးလန်တစ်ယောက်ရှောင်ချိန်တောင်မရခဲ့လိုက်ဘူး။ ဟာ………သွားပါပီ ရွံစရာကောင်းလိုက်တာများ                    ဘယ်ဘက်ပုခုံးတစ်ခြမ်းလက်တွေနဲ့ လွယ်အိတ်မှာပါ မြင်မကောင်းလောက်အောင် ပေပွသွားတဲ့ ကွမ်းတံတွေးတွေကို ကြည့်ပီး ရွတ်ဖတ်လာတဲ့ သရဏဂုံတွေပျောက် ဒေါသတွေ ဟုန်းခနဲ့ တောက်သွားတယ်။ ဒီလောက် […]


CharTooLanJanuary 3, 20121min25527
ဪ… မနေ့ကရုံးဆင်းတော့ လိုင်းကားပေါ်မှာအားနေတော့ အရေမရ အဖတ်မရတွေ တွေးလာတာ…. ဘာမှဟုတ်ဘူး အားလုံးသိပီးသားပဲ အဲ့ဒါကိုလျှာရှည်အကျယ်ချဲ ့ပီးတွေးနေတာ။ ဒီလောက်ရန်ကုန်တစ်မြို ့လုံး “ဝုန်း” ခနဲ တုန်ဟီးပီးတော့ အဆောက်အဦးတွေငလျှင်လှုပ်သလိုခါရမ်းသွားတာ ဘာ့ကြောင့်များပါလိမ့် …. ဘာကြီးကြောင့် အနီးအနားက လူတွေကော အိမ်တွေပါ တစ်စစီဖြစ်သွားရတာပါလိမ့် … ဘယ်အရာက မြေကြီးထဲကို အနက်၁၅ပေ၊ အကျယ် ပေ၃ဝလောက်နစ်ဝင်သွားတာပါလိမ့်…. နှစ်မြို ့နယ်ကျော်ကျော် လောက်ကမြင်ရတဲ့ မှိုပွင့်ပုံမီးခိုးလုံးကြီးက ဘာတွေကြောင့်ပါလိမ့် …. ဒီကန်မီကယ်တွေ၊ ပရဆေးတွေ ဆိုတာအဲ့ဒီလောက် ဆိုသလား …. အဲ့ဒါဆိုလက်နက်တွေဈေးကြီးပေးဝယ်မနေတော့ဘဲ အဲ့ဒီဟာတွေနဲ့ဖန်တီးလို့ရနိုင်တာပဲနော့်။ 😉 ဘယ်အရာက အဲ့ဒီလောက်ဆိုးဝါးသွားစေတာလဲ …. အလဂါးအရေမရ အဖတ်မရဒွေတွေးနေပြန်ပါဘီ။ တော်ပီ ဆက်တွေးရင် ငြိကုန်တော့မယ်… တခြားဟာပဲတွေးတော့မယ်။ ၁၉၉ဝ ခုနှစ်မှာ မေတ္တာညွန့်ရပ်ကွက်မီးလောင်တော့ […]


CharTooLanSeptember 1, 20111min31525
“ကျော်ကြီး သားမှာပိုက်ဆံဘယ်လောက်ရှိသေးလဲ” အလုပ်မှအပြန်နားမည်လုပ်နေစဉ် အမေအခန်းထဲသို့ ဝင်လာပြီးမေးခြင်းဖြစ်သည်။ “မရှိတော့ဘူးလေ လစာထုတ်ပြီး အမေ့ကိုအကုန်ပေးလိုက်တာ သားမှာနှစ်ထောင်လောက်ပဲကျန်တော့တယ်” (၃၁)ရက်နေ့ရတဲ့လစာ အိမ်ရောက်တာနဲ့အမေ့လက်ထဲအပ်လိုက်တာ အခုလကုန်ပြီး (၁)ရက်နေ့ ပိုက်ဆံလိုနေပြန်ပြီဆိုတော့ သုံးလုံးထီ(ချဲ)အကြွေး အရေးတကြီးပေးရတော့မယ်ဟု တွေးထင်လိုက်မိသည်။ ကြာကြာမတွေးလိုက်ရပါ ချဲလုပ်ငန်းရှင်အဒေါ်ကြီး အိမ်ရှေ့သို့ဝုန်းခနဲကျလာတော့သည်။ “ဒေါ်ကြည်ဒီနေ့ ရှင်းပေးအုံးနော် အရင် ၂လုံးဖိုးလဲကျန်သေးတယ် ဒီနေ့သုံးလုံးမှာ ဦးမြက ၃၀၀၀ဝကျော် ပြန်တင်တယ်ဆိုတော့ ၅၀၀၀ဝကျော်ရှိပြီ ကျမလဲလျှော်စရာတွေရှိနေလို့ ညကျရင်တင်ပေးပါအုံးနော်” ဒီလိုအသံတွေကို အချိန်မရွေးကြားရတတ်သည်မှာ ကျနော့်အတွက်သည်းမခံနိုင်ဆုံး ပြဿနာပင်ဖြစ်သည်။ “အမေတို့ကလဲဗျာ….. ရှက်ဖို့ကောင်းလိုက်တာ မလုပ်ပါနဲ့ပြောလဲမရဘူး” ပြောမယ့်သာ ပြောလိုက်ရတာ အဲ့ဒီစကားက ပထဆုံးအကြိမ် မဟုတ်တော့ပါဘူး။ “အောင်မယ် ဘာရှက်စရာရှိလဲ နင်တိုဒါနဲ့ပဲစားသောက်နေတာ ကြီးကြီးကျယ်ကျယ်တွေလာမပြောနဲ့” ဒါကတော့ အမေပြန်ပြောနေကျ စကားများထဲမှ ခံရအခက်ဆုံးစကားပင်ဖြစ်သည်။ ကျနော်တိုမောင်နှမသုံးယောက်ရှိသည်။ ကျနော်ကစပြီး အငယ်ဆုံးညီမလေးအထိ အလုပ်လုပ်ပီး […]


CharTooLanJune 28, 20111min16615
        ရန်ကုန်မြို ့(ရန်ကုန်တိုင်းဒေသကြီး)၊ မြောက်ဥက္ကလာပမြို ့နယ်၊ သုန္ဒာလမ်းတွင်တည်ထားပီး အမြင့်ပေမှာ ပလ္လင်မှ မကိုဋ္ဋ်တော်အထိ ၁၂၉ပေ ၆လက်မ ရှိသည်။ မဟာဇေယျသိဒ္ဓိ အဓိဌာန်ဆရာတော် ဦးဆောင်၍တည်ထား ပီး အမျိုးသားများ ဘုရားအတွင်းသို့ ဝင်ရောက်လှည့်လည်ဖူးမျှော်ခွင့်ရှိ သည်ဟုသိရှိရသည်။ ကျနော်မြင်ဖူးသမျှထဲမှာ ပုံသဏ္ဍန်ဆန်းတဲ့ ဘုရားမို့ တင်ပေးလိုက်တာပါ။ သိပီးရှိပီဖြစ်နေရင်တော့ ခွင့်လွှတ်ကြပါ။


CharTooLanJune 12, 20111min64
Insidious ဆိုတဲ့ ရုပ်ရှင်ကြည့်မိပီး မြန်မာလိုအတွေးမျိုးလေးတွေ့တော့ သူတို့ကဒါမျိုးလဲရှိသေးတာလားလို့ ကျနော်လဲပြန်တွေးမိပါတယ် အဲ့ထဲမှာ ဝိညာဉ်လွင့်လွင့်သွားတတ်တဲ့ သားကြောင့် နောက်ဆက်တွဲဖြစ်လာရတဲ့ ဒုက္ခတွေကို ရိုက်ကူးထားတာပါ။ ညဘက်တွေအိပ်ပျော်သွားရင် ကိုယ်နဲ့ကွာပီးထွက်ထွက်သွားတဲ့ ဝိညာဉ်က လမ်းမှားမျက်စိလည်ပီး ပြန်မလာနိုင်တော့ပဲ အိပ်ရာပေါ်ကျန်ခဲ့တဲ့ ခလေးရဲ့ ခန္ဒာထဲကို ဝင်ချင်လို့ အလုအယက်ဦးနေတဲ့ မကောင်းဆိုးဝါးတွေက အိမ်မှာသောင်းကျန်းနေတာပါ။ ဒါကိုမသိတဲ့ မိခင်ကတော့ ဒီအိမ်မကောင်းလို့ နောက်တစ်အိမ်ပြောင်းလဲ ဒီလိုအဖြစ်ဆိုးတွေနဲ့ ကြုံနေရတာကို ဘယ်လိုဖြေရှင်းခဲ့ရလဲဆိုတာ Insidious ထဲမှာ ဆက်လက်ကြည့်ရှုနိုင်ပါပီ နီးစပ်ရာလမ်းဘေးအခွေဆိုင်တွေမှာ ဝယ်လို့ရပါတယ် 🙂 တစေ ္တကားတော်တော်များများကြည့် ဖူးပေမယ့် ဒီကားက အများမတူ ထူးထူးခြားခြားလေးစိတ်ဝင် စားဖို့ကောင်းလို့ ကြော်ငြာဝင်ပေးတာ 🙂 ကြည်ပီးသူတွေကလဲ  Comment  မှာထပ်ပီး အမြည်းပေးနိုင်ပါတယ် 🙂 🙂


CharTooLanApril 29, 20111min2099
တို့တိုင်းပြည် ထလော့မြန်မာ၊ အို မြန်မာတို့ တို့ရွာ တို့ပြည်၊ တို့ရွာမြေဝယ် စေတီ စပါး၊ များလည်းများ၏ များပါလေလဲ၊ တမွဲမွဲနှင့် ဆင်းရဲကာသာ၊ ကာလကြာလျှင် ယာစကာမျိုး၊ တညှိုးညှိုးနှင့် ပုထိုးမြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား လှည့်လည်သွားလျက်မစားလေရ၊ ဝမ်းမဝ၍ ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။ ထလော့မြန်မာ၊ အိုမြန်မာတို့ တို့ရွာ တို့ပြည်၊ တို့ရွာမြေဝယ် ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့် သီးနှံချိုပျား၊ များလည်းများ၏ များပါလေလဲ။ တမွဲမွဲနှင့် ဆင်းရဲကာသာ၊ ကာလကြာလျှင် မြင်သာမြင်ရ၊ မစားရ၍ တောကပြိတ္တာ ဖြစ်မည်တည်း။ ထလော့ မြန်မာ၊ မြန်မာ ထလော့ အားမပျော့နှင့်၊ မလျှော့လုံ့လ သူကစ၍၊ ငါကအားလုံး လက်ရုံးများမြောင်၊ ဉာဏ်များမြောင်နှင့် စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့ ဤမြေ ဤရွာ၊ ဘယ်သူ့ရွာလဲ ဤယာစပါး၊ […]


CharTooLanApril 1, 20111min35351
ကျွတ်တယ်= ကြောက်တယ်။ လန့်တယ်။ ကျွေးလိုက်ရ= ချလိ်ုက်ရ။ ဆော်လိုက်ရ။ ထိုးလိုက်ရ။ ကြီးပေါ= ကြီးမှပေါသောသူ။ ကီးလိုက်ရ= ကုန်းတိုက် ပေးလိုက်ရ။ ချောက်တွန်း ပေးလိုက်ရ။ ကက= (အနက်မပြန်လိုပါ) မကောင်းသောမိန်းမ။ မိန်းခလေးများ ကိုယ့်ကို ထိုသို့အခေါ်ခံရလျှင် ချစ်စနိုးနှင့် ညည ဟုခေါ်သလိုမျိုးဟု မထင်လိုက်ပါနှင့်။ ပါးလှည့်တီးထည့်လိုက်ပါ (စကားချပ်) ကြောင်းသည်= လိုက်စကားပြောသည်။ လမ်းကြောင်းထွင်သည်ဟု အနက်ယူ။ (ဥပမာ- ငါဟိုကောင်မလေးကို လိုက်ကြောင်းလိုက်ဦးမယ်) ကြူသည်= အီစီကလီပြောသည်။ ကူလီကူမာ = မကောင်းကြံစည်ခြင်း။ ကြပ်သည် = အနဲငယ် ချောက်တွန်းလိုက်သည်။ တိုင်သည်။ ဒုက္ခရောက်အောင် လုပ်သည်။ ဥပမာ ငါဟိုကောင်ကို နဲနဲကြပ်ပေး လိုက်ဦးမယ်။ ကျွတ်ကျဲ= ကြောက်လန့်သွားခြင်း ။ အသံကြားရုံမျှနှင့် ကြောက်လန့်သွားခြင်း (မောင်မောင်၏ […]


CharTooLanMarch 23, 20111min933
၂၁/၀၃/၂၀၁၁ ခုနှစ် တနင်္လာ နေ့လယ် ၁၂နာရီခွဲခန့်က တာမွေမြို ့နယ်အတွင်း ခွတ်ဒေါင်းဂျာနယ်အားလှည့်လည်ရောင်းချခြင်း မြန်မာအင်္ကျ ီအဖြူ နှင့် ချည်လုံချည်ဝတ်ဆင်ထားပီး ပင်နီလွယ်အိတ်ဆင်တူ လွယ်ထားကြသော လူရည်သန့် အမျိုးသမီးတစ်ဦးနှင့် အမျိူးသားနှစ်ဦးသည် “ခွတ်ဒေါင်းဂျာနယ်တွေရမယ်… ဒီရွေးကောက်ပွဲမှာ တရားမျှတလား မမျှတလားဆိုတာ သိချင်ရင် ဒီဂျာနယ်ကိုဖတ် .. ဒီလိုရောင်းမရောင်းရတာ နှစ်၂ဝရှိပီ….XXX …XXXX …….တစ်စောင်မှ ၅၀ဝ ထဲ” စသဖြင့် အော်ဟစ်ရောင်းချနေတာကို ကျနော်အိမ်မှာရှိနေတဲ့ မိသားစုအပါအဝင် ပတ်ဝန်းကျင်မှ ကြားမြင်သူတွေက ပြောပါတယ်။ လမ်းထဲမှာတော့ အဲ့ဒီမှာပါတဲ့ အမျိုးသမီးအော်ဟစ်ရောင်း ချနေတာ တော်တော့်ကိုဆူညံသွားပါတယ်လို့ ပြောကြပါတယ်။ ကိုယ်တိုင်ဂျာနယ် မဝယ်လိုက်ရလို့ ဝယ်ထားတဲ့လူဆီကနေ ဂျာနယ်ရဲ ့စာမျက်နှာအချို ့ကို ဓာတ်ပုံပြန်ရိုက်ယူခဲ့ပါတယ်။ ဂျာနယ်၏ အရှေ့ဆုံးစာမျက်နှာ (မျက်နှာဖုံး)


CharTooLanDecember 15, 20101min12113
mail ထဲကိုရောက်လာလို့မျှလိုက်တာ ဟုတ်လား မဟုတ်လား ဖြစ်နိုင် မဖြစ်နိုင်တော့မသိဘူး ကျနော့်မှာက ဟန်ဖုန်းလဲမရှိဘူး၊ အိမ်မှာလဲဂက်စ်မသုံးဘူး ဆိုတော့မစိုးရိမ်ရဘူးလေ ~~ 🙂 🙂 သူငယ်ချင်းအားလုံး ကိုဗဟုသုတအနေနဲ့ဝေမျှပါတယ် လွန်ခဲ့တဲ့သုံးရက်က ကျွန်မရဲ့သူငယ်ချင်း တစ်ယောက်ဟာ သူ့အိမ်မှာ ချက်ပြုတ်နေရင်း နဲ့ ဟန်းဖုန်းသုံးပါတယ်။ ရုတ်တရက် မီးဖိုချောင် Gas အိုး ထပေါက်ပြီး သူငယ်ချင်းလည်း ကလန်းဆေးရုံ အရေးပေါ်ဌာနမှာ ဆေးရုံတက် ကုသမှုခံနေခဲ့ရပါတယ်။ သူ့ခန္ဓာကိုယ်ရဲ့ ၄၀% (တစ်ဝက်နီးပါး) မီးလောင်သွားပါတယ်။ ဒီနေ့ နေ့လည် သူမသေဆုံးသွားပါတယ်။ ဒါကြောင့်သူငယ်ချင်းအားလုံးရှင်…. GAS မီးဖိုနား မှာ ဟန်းဖုန်း လုံးဝမသုံးဖို့ မေတ္တာရှေ့ထားပြီး ပြောကြားလိုပါတယ်။ ဒါကြောင့် မြန်မာပြည်မှာလဲ ကားတွေ GAS ဖြည့်နေစဉ် ဟန်းဖုန်းမသုံးဖို့တားမြစ်ထားပါတယ်။ ဟန်းဖုန်း ရဲ့ […]