lady fingerJuly 4, 20151min44219
လတ်တလော ကြုံတွေ့နေရတဲ့ ပြသနာလေးတစ်ခု ပေါ့လေ။ မိဘဖြစ်လာရင် ကြုံလာနိုင်မယ့် အခက်အခဲတွေကို ကြိုတင် စိတ်ကူးထားတဲ့အထဲမှာ ယခု ပြသနာလေးကတော့ လုံးဝ တွေးမထားခဲ့မိတာ အသေအချာ။ စုစုပေါင်းမှ ၃ ယောက်ပဲရှိတဲ့ အိမ် ၊ ပတ်ဝန်းကျင်ကလည်း ကလေးတွေချင်း ကူးလူးဆက်ဆံ ဆော့ကစားလေ့ရှိတဲ့ ပတ်ဝန်းကျင်မဟုတ်တဲ့အတွက် သားသားလေး အများနဲ့နေတတ်အောင် ၃နှစ်ပြည့်တာနဲ့ မူကြိုပို့ဖို့ ဆုံးဖြတ်ခဲ့ပြီး သင့်တော်တဲ့  မူကြိုကို ကြိုတင်ရွေးချယ်ခဲ့ပါတယ်။  မူကြိုတက်နေတဲ့ ကလေးမေမေတွေ recommend ပေးသော အိမ်နဲ့လည်းနီး၊ ဈေးနှုန်းကလည်း ကိုယ့်အတွက် သင့်၊ မူကြိုကလေး ၁၀ဝကျော်လောက်တက်နေသော Pre-school တစ်ခုမှာ ထားလိုက်ပါတယ်။  ၃ လ ကို Level တစ်ခုဖြစ်ပြီး ၃ လစာ ဝတ်စုံဖိုး အပါ ၂ […]


lady fingerMarch 16, 20151min39928
ခုခေတ်က လူတိုင်းတဖုန်းဖုန်းနဲ့ ဟ..လို ဟ..လို လုပ်နေကြတဲ့ခေတ်ရောက်နေပြီ…. လို်င်းတွေကလည်း ရွေးချယ်ဝယ်လို့ရတဲ့ အနေအထားပေါ့လေ… တို့ကတော့ တို့ကတော့ တို့ကို ကျလောက်အောင်ပြောပြီး ချူစားတတ်တဲ့ စိတ်ဒဏ်ရာတွေ အထပ်ထပ်ပေးတတ်ခဲ့တဲ့ ရည်းစားဦးကြီးကို အစွဲအလမ်းမပြတ်နိုင် မိုက်လုံးကြီးနေသေးတုန်းပဲ ပြောပြော…. contact no. တွေပြောင်းပေးရမှာ အပျင်းကြီးတယ်ပဲဆိုဆို….မပုတုမှ မပုတုပါပဲရှင်…ဂလု 🙁 အင်းးး လူတိုင်းဖုန်းကိုင်လာနိုင်တော့ ဆက်သွယ်ရတာတွေပို အဆင်ပြေလာတာပေါ့…..အင်းးးးး တဘက်ကလည်း ဖုန်းဆက်ခြင်း ဖုန်းပြောခြင်း အတတ်ပညာလေးတွေ လောကနီတိထဲဖြစ်ဖြစ် public area မှာဖြစ်ဖြစ် ပညာပေးဆောင်ပုဒ်လေး ကပ်ထားရင် ကောင်းမယ်ထင့်…ဒါမှ public area မှာ အလန့်တကြား ringtone တွေ အပြိုင် အဆိုင် မိုင်ကုန် မြည်နေတာ…တမိုင်ပတ်လည်လောက် ကြားအောင် အော်ဟစ်ရီမော ဆဲဆိုကာ ဖုန်းပြောတာတွေ လျော့နည်းသွားမှာ…. […]


lady fingerJanuary 9, 20151min21718
post လေးတစ်ပုဒ်ရေးပြီးနောက်ထပ်မရေးဖြစ်လိုက်တာ ရေးမယ့်ရေးတော့လည်း အရပ်ကူပါလူဝိုင်းပါ post ဖြစ်နေပါလားလို့ ထင်ချင်လည်းထင်ပါတော့ရှင် ။ google မှာဖွတာ မရလို့ ဒီစာအုပ်ကလေး လေးအုပ်ရဲ့ online free download link လေးများ သိကြရင် မစကြပါရှင်။ Exam အတွက်ရှာနေလို့ပါ။ အဲ ..free ရဘူးဆိုရင်လည်း တတ်နိုင်ဘူးပေါ့နော်.. 1. Handbook of Rigging by Joseph A.MacDonald 2. Construction Management (CM 188) 3. Construction Methods and Planning by J.R.ILLINGWORTH 4. All in one civil Engineering PE.Breadth and Depth စိတ်အနှောင့်အယှက်ဖြစ်သွားခဲ့ကြရင်လည်း […]


lady fingerDecember 10, 20141min33526
သူမ စိတ်ဆိုးဆိုးနဲ့ ထွက်သာလာရတယ် ဘယ်သွားလို့ ဘယ်လာရမှန်းမသိ။ ရန်ကုန်မြို့က သူမအတွက်ကျဉ်းလွန်းနေသလိုပင်။ လမ်းလျှောက်ရင်း သွားစရာနေရာကို အလျှင် အမြန် စဉ်းစားနေရသည်။ သူငယ်ချင်းတွေအိမ်လည်း မသွားချင်။ သူမ အိမ်တွင်းရေးကို သူငယ်ချင်းတွေမသိစေလို။ သူတို့ထင်နေသလို ကံကောင်းသော ပျော်စရာကောင်းသော မိသားစုရှိသူအဖြစ် ဆက်ထင်နေစေချင်သည်။ တကယ့်တကယ် ည ၈နာရီကျော်ဆိုတာ နောက်ကျသော အချိန်မဟုတ်ပေမယ့် အသက် ၃ဝ ကျော် အိမ်ထောင်ရှင် အမျိုးသမီးအတွက် သွားစရာနေရာရှားပါးလှပေသည်။ ယောင်တောင်ပေါင်တောင်ဖြစ်နေသော သူမကို ကွက်ကြည့်ကွက်ကြည့် လုပ်သွားသော လမ်းသွားလမ်းလာများ၏ အကြည့်ကိုလည်း မခံလို။ ပါးစပ်သရမ်းသူတို့၏ မကြားတကြားပြောသံလည်း မကြားချင်ပေ။ နေ့လည်ဆိုလည်းကောင်းသား၊ shopping ထွက်ရင်း beauty spa မှာ ခေါင်းလျှော်ရင်း အချိန်ကုန်ဆုံးစေလိုက်မည်။ ကားမောင်းသင်ပေးမည်ဟု သူပြောတုန်းက မသင်လိုက်မိတာမှားပြီ။ အနည်းဆုံးတော့ […]