နိုင်နိုင်November 17, 20104min1159
ဒီပုံတွေကတော့ (15) ရက်နေ့ည လွတ်တင်ခဲ့တဲ့ မီးတွေဖြစ်ပါတယ် တောင်ကြီးတန်ဆောင်တိုင်ပွဲကို လာရောက်မကြည့်ရှု့ဖြစ်တဲ့ သူများအတွက် ဓါတ်ပုံတွေ ကြည့်လို့ရအောင် ကျွန်တော် အိပ်ပျက်ခံ နှင်းစိုခံပြီး အတက်နိုင်ဆုံး ရိုက်ပြီးတင်ပေးလိုက်ပါတယ် အားလုံးကို ကျေးဇူးတင်ပါတယ် နောက်ရက်တွေမှာ ဆက်ပြီးတင်ပေးနိုင်အောင် ကြိုးစားပါမယ် …အားပေးကြပါဦး…


နိုင်နိုင်November 14, 20102min1455
ကောင်းကင်ယံ အထက် ကြယ်ရောင်စုံ လင်းလတ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲ ပြကွက်တွေပါပဲ နောက်ရက်များမှာ ဆက်လက်တင်ပြပါဦးမယ် လိုအပ်တဲ့ပုံတစ်ချို့ကို နံနက် မိုးလင်းမှ ဆက်တင်ပေးပါမယ် အိပ်ချင်ပြီဗျ အဆင်ပြေကြပါစေ


နိုင်နိုင်October 19, 20101min1532
ကျွန်တော် ငါးလေးနှစ်ကောင်နဲ့ သရုပ်ဖော်ပြလိုက်ပါတယ် တကယ်မကိုက်ဖြစ်ကြပါဘူး ကျွန်တော် ဓါတ်ပုံရိုက်ဖို့အတွက်သာ ဖြစ်ပါတယ်.. Betta ငါးအထီးနှစ်ကောင်ကို ကန် တစ်ခုတည်းမှာ ထားလျှင် မဖြစ်နိုင်ကြောင်း လူတော်တော်များများ သိရှိကြပါတယ်။ ဘာကြောင့်ဆို အချင်းချင်းခိုက်ရန်ဖြစ်ပွားမှုမှာ သေချာသလို ၊ ရန်ပွဲသည်လည်း တစ်ကောင်သေဆုံးမှသာ အပြီးသတ်တက်ကြပါတယ်။ သို့သော် အထီးနဲ့အမတို့ကိုတော့ ယှဉ်တွဲထားရှိနိုင်ပါတယ်။ အချိန်ကာလအားဖြင့် အမများ သားပေါက်ပြီးချိန်ထိပါ။ ထိုကဲ့သို့ အထီးနှင့်အမထားလျှင် အဆင်ပြေပြီး အထီးနှစ်ကောင်ထားလျှင် အဆင်မပြေဖြစ်ရခြင်း အကြောင်းအရင်းကို နားလည်နိုင်ရန် ထိုငါးများ၏ မျိုးစိတ်နှင့် သဘာဝကပေးသော အလေ့အထကို သိရန်လိုအပ်ပါသည်။Betta fish ခေါ် ဖိုက်တာငါးများသည် ထိုင်းနိုင်ငံ၏ မြေယာစိုက်ပျိုးသော ရေတိမ်များတွင် အဓိကတွေ့ရှိပါသည်။ ထိုရေသည် ငါးများ အတွက် လိုအပ်သော အစာ အာဟာရနှင့် အကာကွယ်ပေးနိုင်ပါသည်။ အချင်းချင်းခိုက်ရန်ဖြစ်ပွားခြင်းသည် […]


နိုင်နိုင်October 19, 20104min1515
ကျွန်တော်ဆန္ဒတစ်ခုက အဟောင်းကို အသစ်ဖြစ်စေလိုခြင်းပါ ရှာပါးတော့တဲ့ ငွေစက်ကူ အကြွေစေ့များကိုဖော်ပြလိုခြင်းပါ  နောက်တစ်ခုက နောက်ပိုင်းထွက်တဲ့ ငွေစက္ကူများနဲ့ …..?…..ကျွန်တော် နောက်ပိုင်း အဟောင်ဆိုင် ငွေများကိုဖော်ပြပါဦးမယ် နောက်ပိုင်းလူငယ်များ သိစေလိုအောင် ဖော်ပြခြင်းပါ အားပေးကြပါဦးဗျာ မဲပေးစို့ဆိုတာက ဘယ်ငွေခေတ် ငွေတန်ဘိုးရှိပုံကို ဆိုလိုပါတယ် …အားလုံး ပြောကြရအောင်ဗျာ…


နိုင်နိုင်October 14, 20101min650
နိုင်ငံတကာအသိမှတ်ပြု (ITPEC) စာမေးပွဲကို တောင်ကြီးမြို့တွင် ဖြေဆိုနိုင်ပြီ Japan, Myanmar, Malaysia, Mongolia, Philippines, Thailand and Vietnam နိုင်ငံများ စုပေါင်း ဖွဲ့စည်းထားသော အရည်အချင်းစစ် စာမေးပွဲဖြစ်ပြီး ယင်းနိုင်ငံများမှ အသိအမှတ် ပြုထားသောအောင်လက်မှတ်ဖြစ်ပါသည်။ စာမေးပွဲအောင်မြင်ပါက ရရှိမည့်အခွင့်အလမ်း ဂျပန်အပါအဝင် အဖွဲ့ဝင်နိုင်ငံများတွင် Visa ကိုလွယ်ကူစွာရရှိခြင်း၊ အိုင်တီပညာရပ် အသုံးချလုပ်ကိုင်သော လုပ်ငန်းခွင်များတွင် ဝင်ရောက်လုပ်ကိုင်နိုင်မည့် အခွင့်အလမ်း သာလွန်ကောင်းမွန်ခြင်း၊ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချူပ်မှ စေလွတ်သော ပညာတော်သင် ဆုများတွင်လည်း ရရှိနိုင်မည်ဖြစ်ပါသည်။ စာမေးပွဲဖြေဆိုရန် လိုအပ်သောအရည်အချင်း အနည်းဆုံးအရည်အချင်းသတ်မှတ်အနေဖြင့် တက သိုလ်ဝင်တန်းအောင်းမြင်ပြီး IT ပညာရပ်တွင် အတွေ့အကြုံရှိသူများ ဝင်ရောက်ဖြေဆိုနိုင်ပါသည်။ ကွန်ပျူတာ ကျောင်းသားများနှင့် IT ဘွဲ့ရသူများဖြေဆိုရန် ပိုမို သင်တော်ပါသည်။ […]


နိုင်နိုင်October 13, 20101min813
မှန်ကန်ကြီးတစ်ခုကို တည်ဆောက်ပြီးနောက် ပေ အနည်းငယ် ပတ်လည်လောက်ပေါ့ အရောင်တွေစုံလင်ဖို့လည်း ခေါင်းစားရတယ် အကြောင်းက လှုပ်ရှားမဲ့ သက်ရှိတွေ သင့်မြတ်ဖို့လေ။ ပထမဆုံးအနေနဲ့ ရုပ်သေ အရာဝတ္ထုတွေကို မှန်ကန်အတွင်းမှာ နေရာချရမယ်  ပန်းပင်အတုတွေ ကျောက်ခဲဖြူ သို့မဟုတ် အရောင်ရှိတဲ့ ခဲလုံး တွေပေါ့ အဲဒီအတွင်းမှာ လှုပ်ရှားသက်ဝင်ဖို့အတွက် အစောပို်င်းက ပြောခဲ့သလို ရောင်စုံသက်ရှိတွေထဲ့လိုက်တော့မယ် (အလှမွေးငါး)လေးတွေပါ ဒါကို ရုပ်သေပစ ည်းကြားမှာ လှပတဲ့ငါးတွေ ရေသန့်စက်၊အောက်စီဂျင် ရေပူပေါင်းတွေ ကြားမှာ ကူးခတ် ပုလဲ ငါးလို့ခေါ်တဲ့ငါး Betta လို့ခေါ်တဲ့ ဖိုက်တာငါး redhead and Oscar ငါးလေးတွေပါပဲ သက်မဲ့ပစ ည်းတွေနဲ့ လှုပ်ရှားနေတဲ့ အလှငါးလေးတွေ ပေါင်းစပ်လိုက်တော့ ကျွန်တော့်ရဲ့ (သက်ရှိ Animation) program ဟာ […]


မင်းအတွက်ငါ ကဗျာတစ်ပုဒ် နှလုံးသားနဲ့ ရေးစပ်ခဲ့တယ် အဆုံးမရှိတဲ့ ငါကဗျာပေါ့ …..။ ထာဝရခရီး လက်တွဲပြီး ကဗျာရှည်တစ်ပုဒ် ငါဖန်တီးလိုက်ချင်တယ်…။ ငါစိုးရိမ်တယ် ချစ်သူ နီးရဲ ့နဲ့ ဆုံနိုင်မှု့ဝေး ရင်ခုန်သံတွေနဲ့ ရေးချမိတာ အိပ်မက် စာမျက်နှာ ဖြစ်နေမလားတွေး….။ ငါလိုချင်တာ ဝေးနေခြင်းမဟုတ်ဘူး ရင်ခုန်သံခြင်း ဟန်ချက်ညီနေဖို့ပါ ချစ်သူ…။ ငါ့ကဗျာတွေ ကာရံချိုးဖောက် သွေးပျက်လောက်တဲ့ စကားလုံးတွေနဲ့ မရေးချပါရစေနဲ ့ ချစ်သူ …။ ချစ်နေရခြင်းမှာ ငါမုန်းနေတာ အလွမ်းဆိုတဲ့ နေ့ရက်တွေပါ


နိုင်နိုင်September 13, 20101min591
ဒီလိုလုပ်ရင်လည်း ရတယ်ဆိုတာလေး ပြောပြချင်တာပါ folder လုပ်တာပဲ Right click >>New Folder ဆိုလည်းရတာကို အပိုလုပ်ပြောနေတယ်..:D အမျိုးမျိုးရှိတက်တာလေး သိအောင် ပြောပြချင်တာပါ Start>>Run မှာ cmd ရိုက်ပြီး ok ပါ (D) ထဲမှာ folder လုပ်ချင်တယ်ဆိုရင်တော့ အခုလိုရေးပါ D: ရေးပြီး Enter ခေါက်ပါ နောက်ထပ် mkdir (name) ပြိးရင် Enter ခေါက်ပါ ဒါဆို D အထဲမှာ မိမိတည်ဆောက်လိုက်တဲ့ folder လေးရောက်သွားမှာဖြစ်ပါတယ် သွားကြည့်လိုက်ပါဦးနော်။ name နေရာမှာ မိမိတို့ထားချင်တဲ့ နာမည်ထားနိုင်ပါတယ်။ အချိန်နဲ့အမျှ နည်းပညာများ တိုးပွားနိုင်ကြပါစေ။ သိသလောက်လေးတွေ မျှဝေခွင့်ရတဲ့အတွက် Admin နဲ့ သူငယ်ချင်းများကို ကျေးဇူးအများကြီးတင်ပါတယ်။


နိုင်နိုင်September 10, 20101min1433
Handy Cafe software ကိုအင်တာနက်ဆိုင်တွေမှာ အသုံးများပါတယ် သုံးရတာတော့ တော်တော်လေး အဆင်ပြေပါတယ် ဒါပေမဲ့ အားသာချက် အားနည်းချက်တွေတော့ ရှိပါတယ် ထဲ့ရေးမပေးတော့ပါဘူး။ server လုပ်ချင်တဲ့သူများအတွက် အနည်းငယ် သိသလောက်လေး ပြောပြချင်လို့ရေးလိုက်တာပါ ကျွန်တော့် ဘလော့မှာတောင် မရေးရသေးပါဘူး ပထမ register လုပ်မယ်ဆိုတော့ ကွန်နက်ရှင်ရှိမှ ဖြစ်မှာပါ။ www.handycafe.com မှာသွားပြီး register သွားလုပ်ရပါမယ် အဲဒီမှာ ကိုယ်က ကိုယ့်ဆိုင်အတွက် အလုံးရေ ဘယ်လောက် သုံးမှာလည်း PC Quantity မှာ အသုံးပြုမဲ့ အရေအတွက်ကိုထဲ့ပေးရမှာဖြစ်ပါတယ်။ register လုပ်ပြီးတဲ့နောက် မိမိတို့ ထဲ့ထားခဲ့တဲ့ Email ထဲကို ဝင်လိုက်ပါ handy cafe လင့် တစ်ခုရောက်နေပါမယ် username and password […]


နိုင်နိုင်September 5, 20101min21811
သတ္တဝါတစ်ကောင်နဲ့ မိတ်ဆက်ပေးချင်လို့ပါ သူ့နာမည် ရေပုတ်သင်လို့ ခေါ်ပါတယ် ရှားပါ အကောင်တွေထဲမှာ ရေပုတ်သင်လည်းပါနေပါတယ် တရုတ်လူမျိုးများဟာ ဆေးဖော်ပြီး အသုံးပြုတယ်လို့လည်း ကြားဖူးပါတယ် ဒီအကောင်ရဲ ့ လက်ဟာ  လက်ချောင်းလေးများ (4)ချောင်းသာ ပါရှိပြီး ခြေချောင်းတွေကတော့ (5)ချောင်းပါရှိပါတယ် မိုးတွင်းပိုင်းမှာ အထွက်များခဲ့ပါတယ် အခုနောက်ပိုင်းမှာ တော်တော်လေးတွေ့ရခဲ့လှပါတယ် တောင်ကြီးမြို့မှာ ဆိုရင် အရင်ချိန်တွေတုန်းက တော်တော်လေး ပေါများခဲ့ပါတယ် တက္ကသိုလ် ဘက်မှာဆိုရင် ရေပုတ်သင် ကန်ဆိုပြီးတော့တောင်ရှိပါတယ် သို့သော် အဲဒီ ကန်မှာလည်း ရှားပါးလုဖြစ်နေပါပြီ ။ ဒါကြောင့် နောက်နောင်များတွင် မမြင်မတွေ့ရဘူးမရှိရလေအောင် ကျွန်တော် တင်ပြလိုက်ရခြင်းဖြစ်ပါတယ် အကောင်ဟာ လှပမှုမရှိသော်လည်း တန်ဖိုးရှိလာနိုင်ပါသည်။ဒါကြောင့် ကျွန်တော် တစ်နှစ်လောက်အကြာ မှာထားတာ အခုရက်ပိုင်းမှ တွေ့ရှိသူက လာပြီးပေးသွားခဲ့တာပါ။ဓါတ်ပုံရိုက်တင်ပေးလို်က်ပါတယ် …ကျေးဇူးတင်ပါတယ်…။


နိုင်နိုင်September 2, 20101min790
ခဲပန်းချီ လုပ်မယ် မိမိတို့ ကာလာနဲ့ ရိုက်ထားတဲ့ မူရင်းပုံလေးတွေကို photoshop လေးနဲ့ ပြောင်းလည်း ပြုပြင်ကြည့်ရအောင် ကျွန်တော်လုပ်ထားတဲ့ ပုံလေး ဖော်ပြထားပါတယ် မူရင်းပုံနဲ့ ပြုပြင် ပြီး ခဲပန်းချီ ပုံကို ယှဉ်တွဲ ဖော်ပြထားပါတယ် …. တစ်ခါတစ်ရံမှာ colour တွေမှာ နဲ့ ငြီးငွေ့နေတယ် black and white လေး စမ်းသက် ကြည့်ချင်တယ်ဆို ဒီလိုပါဗျာ လုပ်နည်းက လွယ်ပါတယ် … ပထမ ဦးစွာ photoshop ကို စပြီးဖွင့်လိုက်ပါ File >> open မှ မိမိ ပြုလုပ်ချင်တဲ့ ပုံတစ်ပုံကို ယူလိုက်ပါ ။ Layer Box မရှိဘူးဆိုရင် ကြိုတင် ယူထားလိုက်ပါ […]


နိုင်နိုင်September 1, 20101min521
စိတ်ကူးလေးပေါ်လာတာနဲ့ photoshop ကိုဝင်ပြီး ကလိကြည့်မိပါတယ် စာလုံးလေးတွေမှာ ကိုကြိုက်နှစ်သက်ရာ ပုံလေးထဲ့ ကြည့်တဲ့အခါ ဘေးဘက်မှာဖော်ပြထားတဲ့ ပုံမျိုးလေးပေါ့….အပျင်းပြေ လုပ်ကြည့်ချင်တယ် ဆိုရင် ဒီလိုလေးပါ ပထမ photoshop ကိုဖွင့်လိုက်ပါ ကြိုက်နှစ်သက်ရာ ဓါတ်ပုံတစ်ခု ကို File >> open မှယူလိုက်ပါ နောက် ထပ် File >> New မှ စာရွက်တစ်ရွက်ယူလိုက်ပါ ယူလိုက်တဲ့ layer စာရွက်ပေါ်မှာ ရေးသားချင်တဲ့ စာကို style အမျိုးမျိုး နဲ့ ရေးသားလိုက်ပါ အခု ကျွန်တော်ကတော့ my love ဆိုပြီး ယူထားပါတယ် ရေးပြီးရင် Too box မှ Move Too ကို နှိပ်ပေးလိုက်ပါ နောက်တစ်ဆင့်က မိမိ […]