chindwinsayargyiDecember 23, 20111min400
အရင်ကsniper နာမည်နဲ့ပြောချင်နေတာကြာပြီဆိုပြီးသတင်းကလေးတစ်ခု တင်ခဲ့ပါတယ်.မုံရွာမှာချင်းတွင်းမြစ်ထဲခရီးသွားဘို့ခက်ခဲပုံလေးပါ. အမြန်ယာဉ်တွေကို(၃)သင်းမှာတစ်သင်းထဲပြေးပြီးခရီးသည်တွေကိုအနိုင်ကျင့်ပုံလေးပါ။ အဲဒီတုံးကရွာသားတွေကဝိုင်းပြီးcomments တွေပေးပြီးအကြံတွေပေးကြပါတယ်. အဲဒီနောက်ကျွန်တော်လည်းemailလိပ်စာပျောက်.mdypasswordလဲမေ့ပြီး မရေးဖြစ်တော့ဘူး။အသက်ကကြီးပြီမဟုတ်လား ခုသတင်းကောင်းဆိုတာကခုမုံရွာမှာချင်းတွင်းခရီးစဉ်အတွက်အမြန်ရေယာဉ်အသင်းတွေ (၂)သင်းထပ်ပေါ်လာပြီး.ပေါင်း(၅)သင်းအပြိုင်ပြေးဆွဲမှာဆိုတော့ခရီးသည်တွေအရင် ဦးနာအောက်သင်္ဘောတွေစီးရသလိုဖြစ်တော့မှာဆိုတဲ့အကြောင်းပါ။ဒီအကြောင်းလေး အရင်တုံးကဝိုင်းပြီးအကြံပေးကြတဲ့ရွာသားတွေသိစေချင်လို့ရေးပြီးသတင်းပေးလိုက် ပါတယ်ခင်ဗျား။ ချင်းတွင်ဆရာကြီးကတော့ချင်းတွင်းသတင်းလေးတွေဆက်ရေးပါဦးမယ်ခင်ဗျား။။။  


chindwinsayargyiSeptember 10, 20111min450
တကယ်ပါဘာမှကိုမပြောချင်တော့တာပါ.လွှတ်တော်ကြီးကကျင်းပနေပြန်ပြီ.သမတကြီးဦးသန်းစိန်ကတော့ပြောတာပဲ သန့်ရှင်းသောအစိုးရ.ဘာညာဘာညာပေါ့ဗျာ.တချို့တိုင်းတွေပေါ့ဗျာ.ဝန်ကြီးတွေအိမ်ပြောင်းတာ.ပရိဘောဂတွေဘာမှဝယ်စရာမလို. စပွန်ဆာတွေကပေးတာပေါ့ဗျာ.မပေးပါနဲ့လို့မညင်းတာဘာကြောင့်လဲ.မပြောချင်တော့ပါဘူးဗျာ. စနစ်ပြောင်းသွားပြီလို့ပြောတာဘဲ.သတင်းစာတွေထဲဖတ်ရတာပါ.အလုပ်ရှိလို့ရုံးရောက်သွားတယ်.မနေ့ကပေါ့ ထုံးစံတွေအတိုင်းဘာညာဘာညာ.အလူငွေကလဲဘာညာဘာညာ.ဘာမှကိုမပြောချင်တော့ဘူး မြန်မာပြည်သားတိုင်းတော့မြန်မာပြည်ကိုချစ်တာဘဲ.တိုးတက်စေချင်ကြတာဘဲ.လူတိုင်းလဲဒါကိုပြောနေတာကြားရတယ် ငါတို့ခေါင်းဆောင်တွေဘာလုပ်နေကြလဲ.အားမရကြဘူး.လဘက်ရည်ဆိုင်မှာတနေကုန်ထိုင်ပြောနေကြတာ ငါတို့ကောတာဝန်မရှိဘူးလား.ငါတို့အိမ်.ငါတို့ရပ်ကွက်.ငါတို့မြို့အတွက်ဘာလုပ်ပြီးပြီလဲ.တကယ်ပါဘာမှကိုမပြောချင်တော့တာ   ဒေါ်အောင်းဆန်းစုကြည်.ဂျာနယ်တစ်စောင်မှာတွေ့လိုက်ရတယ်.ပန်းခြံထဲမှာလားမသိဘူး.အေးအေးဆေးဆေးထိုင်နေတာ တွေ့ရတယ်.စိတ်ချမ်းသာနေပုံရတယ်.ဒါတိုးတက်မှုတစ်ခုလို့ယူဆလို့.ရတယ်.မတူတာတွေဖယ်ပြီးတူတာတွေပေါင်းလုပ် ကြမယ့်သဘော.ခွေးလေးတစ်ကောင်လဲဒေါ်စုဆွဲထားတာတွေ့ရတယ်.နိုင်ငံခြားမျိုးလေးထင်ပါတယ်.ဒါအတွက်မနက်စာကတော့ တို့ရွာကဘကြီးတို့(၂)ရက်စာလောက်တော့ရှိမယ်လို့မဆီမဆိုင်တွေးမိတယ်.ကြည်.ပဲပြုတ်နဲ့နံ့ပြားရရင်စားချင်တယ် ဆိုတဲ့ဗိုလ်ချုပ်ရဲ့စာလေးကိုလဲသတိရမိတယ်.ဒါတွေရေးလို့ကျုပ်ကိုတစ်ချို့ကဘာညာဘာညာထင်ဦးမယ်.မပြောချင်တော့ပါဘူး ရွာထဲကလဲကျုပ်ကဘာမှမသိလို့မသိဘူးပြောတာကို.ဝိုင်းဩဘာပေးကြတယ်.အကျိုးမရှိတဲ့စာတွေမရေးပါနဲ့တဲ့ ကျုုပ်ကပညာရှင်မှမဟုတ်တာ.မသိတာကိုမသိတာလို့ရေးတာတော့တစ်ချို့လဲဓါတ်ပုံလေးတစ်ပုံလောက်တင်ပြီးလုပ်နေ ကြတာဘဲ.အဲဒါနဲ့ပါတ်သက်လို့လဲဘာမှမပြောချင်တော့ပါဘူး.   ဂျာနယ်တွေဖတ်ရတယ်.အင်တာနက်ထဲမှာတွေရောဘဲ.ဒီအစိူးရကိုဝေဖန်ကြတာ.ဘာဖြစ်တယ်.ညာဖြစ်တယ်နဲ့ ကျုပ်ကတော့ဘာမှမပြောချင်ဘူး။ဘာမှလဲမလုပ်သေးတော့.ဘာမှလဲမဖြစ်သေးဘူး.ဒါကြောင့်ဘာမှလဲမပြောချင်တော့ဘူး……


chindwinsayargyiAugust 20, 20111min8914
ငါသိတာကတော့ငါသိတာဘာမှမရှိဘူး.ဘယ်သူရေးထားမှန်းလဲမသိတော့ဘူး။ဘယ်အချိန်ကဘယ်စာအုပ်ကဘယ်သူအဆို လဲမသိတော့ဘူး.အခုလဲဘာကြောင့်ဝင်ရေးနေတာလဲမသိဘူး.ဘာရေးရမှန်းမသိဘူး.သူကြီးကဘယ်သူလဲမသိဘူး.အုပ်စုတွေ ဖွဲ့တာလဲမသိဘူး.ဖါးနေတယ်ဆိူတာလဲမသိဘူး.အမှတ်တွေဘယ်သူတွေပြည့်ပြီးဘာရတာလဲမသိဘူး.ရွာသူချောလားမချော လားမသိဘူး.သူကြီးဘာရောဂါဖြစ်နေလဲမသိဘူး.ဒေါ်အောင်ဆန်းစုကြည်နေပြည်တော်ရောက်တာလဲမသိဘူး.စစ်ဗိုလ်ချုပ် တွေပြုတ်တာလဲမသိဘူး.လွတ်တော်ထဲဘာတွေပြောကြဦးမှာလဲမသိဘူး။နိုင်ငံခြားကကောင်တွေဘာတွေပြောကြဦးမှာလဲမသီဘူး ဒီမိုကရေစီကိုပြောင်းသွားပြီလားမသိဘူး.ရွာထဲမှာငါလိုအရူးတွေရှိလားမသိဘူး.မြန်မာပြည်သားတွေအပြောနဲပြီးအလုပ်ပို လုပ်လာကြမလားမသီဘူး.ဦးသိန်းစိန်နဲ့ငါမသိဘူး.ဦးကျော်ဆန်းနဲ့ငါမသိဘူး။ဒီရွာထဲကလူတွေဘာကြောင့်စာရေးနေကြတာလဲမသိဘူး. ဒီပို့စ်ဖတ်ပြီးဘယ်လောက်ဆဲကြမလဲမသိဘူး.သူကြီးကတင်ပေးမလားမသိဘူး.ရေးရင်းနဲ့ငါတဖြည်းဖြည်ူတော်လာနေတာလဲမသိ ဘူး.   မြန်မာပြည်မှာဘယ်သူအချမ်းသာဆုံးလဲမသိဘူး.တေဇဘာလုပ်နေလုပ်နေလဲ.ဇော်ဇော်ဘာလုပ်နေလဲလဲမသိဘူး ကချင်နဲ့စစ်ပွဲဘယ်လိုလုပ်ရမလဲ.မြစ်ဆုံဆည်ဘယ်လိုလုပ်ရမလဲမသိဘူး အမေရိကန်နဲ့တရုပ်ဘယ်သူကဗမာကိုကောင်းကျိုးပေးမလဲမသိဘူး ကိုယ့်ကလေးကိုယ်စွန့်ပစ်ကြတာဘာကြောင့်လဲမသိဘူး. ဘုရားတောင်နို့တစ်လုံးဖိုးဘဲကြေတယ်ဆိုတဲမိခင်မစ်တာတွေဘယ်ရောက်ကုန်လဲမသိဘူး လစာနဲ့စားရိတ်တွေဘာကြောင့်မလောက်တာလဲမသိဘူး ငါဘာကြောင့်လက်ညောင်းလာတာလဲမသိဘူး