chitkayMay 20, 20101min43
ကျွန်တော်တို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ခင်ဗျားကြီး ဖျက်ဆီးပစ်တယ်။ ကျွန်တော့်ရဲ့ ယုံကြည်မှုကို ခင်ဗျားကြီး ရိုက်ချိုးပစ်တယ်။ ကျွန်တော်တို့ နှစ်ယောက်ကို ခင်ဗျားကြီး…………. မုန်းတယ်။ ခင်ဗျားကြီးကို ကျွန်တော်မုန်းတယ်။ လောကမှာ အမုန်းဆုံးက ခင်ဗျားကြီးကိုပဲ။ ကျွန်တော်တို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးအတွက် ခင်ဗျားကြီးကို ကျုပ် ပိုက်ဆံပေးထားတာပါ။ ဒါပေမယ့် ခင်ဗျားက ဒါကို ဂရုတောင်မစိုက်ဘူး။ လုပ်ရက်တယ်။ ပြောရရင် ခင်ဗျားကြီး အရမ်းရက်စက်တယ်။ ကျွန်တော့် အသည်းတွေကွဲနေပြီ။ ဟင်း….. ဒီသက်ပြင်းချသံကြီးက ဘယ်တော့များမှ အဆုံးသတ် မှာလဲ။ ရှင်ကွဲ ကွဲနေရတဲ့ ဒုက္ခကို ခင်ဗျားကြီးက လွဲပြီး ဘယ်သူမှ မကယ်နိုင်ဘူးဆိုတာကို ခင်ဗျားကြီး သိရက်နဲ့ လုပ်ရက်တယ်ဗျာ…….. ကျွန်တော့်အိပ်မက်မှာ ကျွန်တော့်ချစ်သူ လက်ထပ်သွားပြီတဲ့။ အဲဒီညက ကျွန်တော်ငို လိုက်တာ […]


chitkayMay 18, 20101min731
မေလ ၁ရ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံတွင် ရဟတ် ယာဉ်ပျက်ကျမှုကြောင့် အစိုးရအဖွဲ့ဝင်များ အပါအဝင် လူ ၆ ဦး သေဆုံးသွားကြောင်း Thailand News သတင်းဋ္ဌာနက ဖေါ်ပြထားပါ သည်။ ကွီဇွန် မြ်ို့တော်ဝန် နှင့် သူ၏ သက်တော်စောင့် ၂ ဦး နှင့် ရဟတ်ယာဉ်မောင်းသူ တို့အပြင် ထိုရဟတ်ယာဉ်မှာ လူနေအိမ်များပေါ်သို့ ပျက်ကျသဖြင့် အိမ် ၂ လုံး ထိခိုက်ပျက်စီးသွားသည့် အပြင် အရပ်သား ၂ ဦးပါ သေဆုံးသွားသည်ဟု Thailand News က ဖေါ်ပြထားပါသည်။


chitkayMay 17, 20101min722
ယနေ့ မနက် ၁ဝနာရီ ၄ဝ မိနစ်လောက် တွင် ရန်ကုန်၌ မိုးရွာသွန်းသွားသော်လည်း ကွက်ကျား မိုး အသွင်သာ ရွာသွန်းသွားပါသည်။ မိုးရွာသွန်းနေချိန်တွင် အလုပ်ထဲ၌ ဖြစ်နေသဖြင့် နေအိမ်သို့ ဖုန်းဆက်ကြည့်ရာ နေအိမ် မှ မိုးမရွာသေးကြောင်း တိမ်များ တက်နေကြောင်း နှင့် မိုးခြိမ်းသံများ ကြားနေရကြောင်း ပြောပါသည်။ မည်သို့ပင်ဆိုစေကာမူ လူအများ မျှော်လင့်တောင့်တနေသော မိုးသည် လူအများစိတ် ချမ်းသာစေရန် အလို့ငှာ ရွာသွန်းဖြိုးလိုက်ပါပြီ။


chitkayMay 17, 20101min1716
ယမန်နေ့ည (16.5.2010) က ည ရးဝဝ နာရီလောက်မှာ ပုံအတိုင်း ကြယ်နဲ့လ နီး စပ်နေတာကို တွေ့ရပါတယ်။ ဒီလိုမျိုး ကြုံတွေ့ရလို့ ရပ်ထဲ ရွာထဲ ပြောနေကြတဲ့ စကားသံကို တင်ပြပေးလိုက်ပါ တယ်။ “ သောကြာကြယ်ကြီး လနဲ့ နီး ပြည်ကြီး ပျက်လတ္တံ့” တဲ့ ။ ရှေးလူကြီးတွေ ပြောတယ်လို့ ရပ်ကွက်ထဲမှ လူကြီးတစ်ဦးက ပြောပါသည်။ ဒါဆို တကယ်ပဲလား… ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်းမကြွယ်နဲ့တဲ့။ ဘာပဲဖြစ် ဖြစ် ဒါကတော့ သတိထားစရာပါပဲ။ ဒါပေမယ့် လ အနားက ကြယ်က သောကြာကြယ်လား ဘာလားဆိုတာ ကျွန်တော်ကိုယ်တိုင်တောင် မသိပါ။ “ ကြယ်ကို လဖေါက်၊    ဘာပျောက်”ဆိုလား ပဲ ပြောနေကြသေးတယ်။ GMA […]


chitkayMay 12, 20101min884
People Daily online သတင်းဝက်ဆိုဒ် တစ်ခုတွင် အပူချိန်လွန်ကဲမှုကြောင့် ရန်ကုန်တွင် လူ ၂ဥိးသေဆုံးဟု ဖေါ်ပြထားပါသည်။ သေဆုံးသူ ၂ဦးမှာ ဆိုက်ကားဆရာများဖြစ်သည်ဟုလည်း ဖေါ်ပြထားပြီး မွန်းတည့်ချိန်တွင် ဆိုက်ကားစီးသူအား လိုက်ပို့ပြီး သေဆုံးသည်ဟု ဖေါ်ပြထားပါသည်။ ဒီဖြစ်ရပ်ကြောင့် မွန်းတည့်ချိန်မှာ တခြားသောသူများကလည်း ပင်ပင်ပန်းပန်းလုပ်ဆောင်ခြင်းမှ ရှောင်ကြဉ်လာကြတယ် ဟုလည်း ဆိုပါသည်။ မြန်မာနိုင်ငံ၏ နွေရာသီမှာ March မှ May လ အထိဖြစ်ပြီး April နှင့် May လများတွင် အပူဆုံးလများဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အမြင့်ဆုံးအပူချိန်မှာ ၄၃ နှင့် ၄၅ ဒီဂရီ  စင်တီဂရိတ်ထိ ရှိပြီး ယခင်နွေရာသီ အပူချိန်ရလဒ်များနှင့် နှိုင်းယှဉ်လျှင် ၅ ဒီဂရီ စင်တီဂရိတ်ခန့် ပိုများနေကြောင်းကို လည်း ဖေါ်ပြထားပါသည်။ […]


chitkayMay 11, 20101min1193
အက်မင်ခင်ဗျား ကျွန်တော် ပို့စ်တွေဖတ်ပြီးရင် ကွန်မက်ရေးလို့ မရတော့ပါဘူး ခင်ဗျား။ member must loggin ဆိုပြီး ပေါ်ပေါ်လာပါတယ်။ ဘယ်လိုလုပ်ရမည်ကို ဖြေပေးစေလိုပါတယ်။ လေးစားစွာဖြင့်


chitkayMay 11, 20101min1116
မနေ့က ရန်ကုန်မြို့ စိမ်းလဲ့ကန်သာတွင် ဒေါ်အောင်ဆန်းစုကြည် နှင့် U.S. Assistant Secretary of State Kurt Campbell တို့ တွေ့ဆုံခဲ့ကြသည်ဟု သတင်းရရှိပါသည်။


chitkayMay 7, 20101min1344
1-2 ကိုနာဂစ် 3-4 လွတ်အော်ပြေး 5-6 ရေထဲရောက် 7-8 မသာဖြစ် 9-10ဝဋ်ကျွတ်တယ် 11-12 လူပြန်ဖြစ် 13-14 ယောင်္ကျားလေး.. 15-16 အရွယ်ရောက် 17-18 ရန်ကုန်လစ် 19-20 ဗုံးပေါက်တယ်… သူငယ်ချင်း တစ်ယောက်ပို့လိုက်တဲ့ ကဗျာ တစ်ပုဒ်ပါ။


chitkayMay 7, 20101min680
နယူးဇီလန် မြောက်ပိုင်း ဝှန်ဂါရီမြို့အနီး မားစ်ဒဲန်ပွိုင့် ဆိပ်ကမ်းတွင် ဆိုက်ကပ်ပြီး ကျွန်းသစ်လုံး များ ချလျက်ရှိသော ပနားမားမှတ်ပုံတင် သင်္ဘောတစ်စီးပေါ်မှ မြန်မာသင်္ဘောသား တစ်ဦး ဖြစ်သူ ကိုသီဟအောင်သည် မေလ ၃ ရက်နေ့ ညနေပိုင်းက လေအလုံအလောက် မရရှိသဖြင့် အသက်ရှူ ကြပ် သေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။ ယင်းသင်္ဘောပေါ်တွင် မြန်မာသင်္ဘော သား ဆယ်ဦး အလုပ်လုပ်ကိုင်လျက်ရှိပြီး ယခုဖြစ်ရပ် ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံသို့ ပြန်ကြမည်ဟု သိရသည်။ ကိုသီဟအောင်သည် ကိုရီးယား သင်္ဘောအရာရှိ တစ်ဦးနှင့်အတူ ယင်းတို့ အလုပ်လုပ်ရာ တီပီစီဝယ်လင်တန် သင်္ဘောဝမ်းကုန်ခန်းအတွင်း ရေဝင်အောင်ခြင်း ရှိ မရှိ သွားရောက်စစ်ဆေးစဉ် အခိုးအငွေ့များအကြား အောင်စီဂျင် အလုံအလောက်မရပဲ သေဆုံး သွားခြင်း ဖြစ်ပြီး အသေးစိတ် ကို […]


chitkayMay 7, 20101min1354
မြန်မာနိုင်ငံတွင် သင်္ကြန်ကာလ အတွင်း ဧပြီလ ၁၅ ရက်နေ့က ဖြစ်ပွား ခဲ့သော ဗုံးပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖော်ထုတ်ရရှိမှု အခြေ အနေများနှင့် ပတ်သက်သော သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကို မေလ ၆ ရက်နေ့က နေပြည်တော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ရုံးတွင် ကျင်းပ ခဲ့ရာ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက သံတမန်များနှင့် သတင်းစာ ဆရာများကို ရှင်းလင်း ပြောဆိုရာ၌ ဗုံးဖေါက်မှုကို ကျူးလွန်သော တရားခံ လေးဦးအနက် တစ်ဦးကို ဖမ်းဆီး ရမိထားပြီး ဖြစ်ပြီး ကျူးလွန်သည့်အဖွဲ့မှာ စွမ်းအားမြင့် မြန်မာကျောင်းသား စစ်သည်တော်များအဖွဲ့ (VBSW-Vigorous Burmese Students Worriors) မှ အဖွဲ့ဝင် များဖြစ်ကြောင်း၊ ခေါင်းဆောင်သူ […]


chitkayApril 30, 20101min17312
life style & IT 2010 ကုန်စည်ပြပွဲကို ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် 28.4.2010 နေ. ကတည်းက စတင်ကျင်းပနေသော်လည်း ကုန်စည်ပြပွဲ ဖွင့်ပွဲနေ့တွင် လာရောက်ကြည့်ရှုသူ အနည်းငယ်သာ ရှိခဲ့ပြီး ယခုနှစ်အတွင်း ကျင်းပခဲ့သည့် ကုန်စည်ပြပွဲများနှင့် နှိုင်းယှဉ်ပါက ပရိသတ် အဆမတန် ကျဆင်းသွားခဲ့ကြောင်း သိရှိရပါတယ်။ ပြပွဲတွင် အိုင်တီပြခန်းများ၊ လျှပ်စစ်ပစ္စည်းများ၊ ပရိဘောဂ၊ အဝတ်အထည်၊ အစားအသောက်နှင့် အခြား လူသုံးကုန်ပစ္စည်းများကို ကုမ္ပဏီပေါင်း ၅ဝ ကျော်က ပြခန်း ၁ဝဝ ကျော် ပြသရောင်းချခဲ့သည်။ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုဗိုလ်ချုပ်ကြီးမြင့်ဆွေနှင့် ရန်ကုန်တိုင်းစစ်တိုင်းမှူးဗိုလ်ချုပ်ဝင်းမြင့် တို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သော Lifestyle & IT 2010 အမည်ရှိ ၄ ရက်ကြာ ကျင်းပမည့် ပြပွဲဖွင့်ပွဲရက်ဖြစ်သည့်    ယမန်နေ့က   […]


chitkayApril 30, 20101min600
၂၀၁ဝ ဇွန်လ ၁၁ ရက်နေ့မှာ စတင်ကျင်းပပေးတော့မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအား Lolane အလှကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချပေးနေတဲ့ Yangon Entertainment ကနေ မြန်မာပြည်သူ ပြည်သား ဘောလုံး အားကစားမြတ်နိုးသူတိုင်း Live ကြည့်ရှုခွင့်ရအောင် အပြည်ပြည်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ် (မီဖာ) ထံမှာ တစ်ဦးတည်း မူပိုင်ခွင့်ပြုချက်နဲ့ ရုပ်သံအစီအစဉ်များက ထုတ်လွှင့်ပေးသွားတော့မယ်လို့ သိရပါတယ်။ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ထုတ်လွှင့်ပြသပေးသွားမယ့် အစီအစဉ်များနဲ့ တစ်ဦးတည်းမူပိုင်ခွင့် ရရှိခဲ့ပုံများကို ရှင်းလင်းတင်ပြတဲ့ အခမ်း အနားကို ဧပြီလ ၈ ရက်နေ့ ည ရ နာရီက ရန်ကုန်မြို့ ကန်တော်ကြီးရှိ ချက်ထရီယန်ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ အစီအစဉ်များအား ရှင်းလင်းတင်ပြတဲ့ပွဲမှာ သရုပ်ဆောင် ဆွေဇင်ထိုက်နဲ့ နန္ဒတို့က အစီအစဉ်တင်ဆက်သူများအဖြစ် ဆောင်ရွက်ပြီး ပထမဦးစွာ Yangon Entertainment […]


chitkayApril 30, 20101min792
ဒီဇာတ်လမ်းလေးကို သင်္ကြန်မတိုင်ခင်က ရေးထားတာပါ….. ကွန်နက်ရှင်တွေ မကောင်းလို့ မတင်လိုက်ရဘူး… အခုမှ တင်ဖြစ်တာပါ….. ဘာပဲဖြစ်ဖြစ် အားပေးတာကို ကျေးဇူးတင်ပါတယ်။ အင်း…. သင်္ကြန်နားနီးပြီဆိုတော့ ကိုသားစိုးက အမွှေ သံသရာ တစ်စခန်း ထလာပြန်ပြီ။ မန္တလေးမှာ တချို့နေရာတွေ မဏ္ဍပ်တွေတောင် ဆောက်ကုန်ကြပြီ…. ငါကကော….။ တို့နှစ်ယောက် သူငယ်ချင်းဘဝကနေ စခဲ့ကြတာပါ… ရင်မှာကိုယ်စီရှိတဲ့ သံယောဇဉ်ကို စိုင်းစိုင်းခမ်းလှိုင်မွေးနေ့ မရောက်ခင်တစ်ရက်မှာပဲ အပြင်းဆုံး မီးရှို့ ရင်ခုန်သံကို တံခါးဖွင့်ခဲ့ကြတယ်…..။ စိုင်းစိုင်းက သူ့မွေးနေ့မှာ ဘုရားသွားခဲ့တယ်… ကျွန်တော်လည်း သူ့မွေးနေ့မတိုင်ခင်မှာ ဘုရားသွားခဲ့တယ်… အိုး.. အရူးအမူးပဲ… ရူးရုံတင် မကပါဘူး… နတ်တွေတောင် ဝင်ပူးနေခဲ့တာ… မေ့မရနိုင်တဲ့ နေ့လေးပါချစ်သူ….. ရင်ထဲမှာအမြဲရှိနေမယ့်နေ့လေးပေါ့…. အလုပ်က မဏ္ဍပ်ထိုးမယ်ဆိုပြီး နှစ်ယောက်လုံးရဲ့ သူငယ်ချင်းတစ်ယောက်အိမ်မှာ သင်္ကြန်ရက်လေးကို ချစ်သူနှစ်ယောက်ပုံဖေါ်…. […]