chit layFebruary 3, 20121min29619
ကျွန်မတို့ ပြည်ထောင်စု မြန်မာနိုင်ငံကြီးဟာ အခုဆိုရင် တိုင်းတပါးယဉ်ကျေးမှုများရဲ့ လွှမ်းမိုးခြင်းကို ခံနေရပါတယ် …။ အထူးသဖြင့် ကိုရီးယားကားများရဲ့ လွှမ်းမိုးမှုက အဓိက အခန်းကဏ္ဍကနေ ပါဝင်နေသလိုပါပဲ … ဘယ်နေရာပဲ ကြည့်လိုက် ကြည့်လိုက် မိန်းကလေးတော်တော်များများရဲ့ ဝတ်ဆင်မှုဟာ မြန်မာ့ယဉ်ကျေးမှုနဲ့ ဘယ်လိုမှ မကိုက်ညီတာတွေ တွေ့ရပါတယ် … ကျွန်မလဲ လူငယ်တစ်ယောက်ပါပဲ ခေတ်မှီတာနဲ့ ခေတ်ဆန်တာကို လက်ခံလို့ရပေမယ့် ဝတ်စားဆင်ယဉ်မှုဟာ ခေတ်ရှေ့ကိုပြေးနေပြီးတော့ လျှပ်ပေါ်လော်လီတာကတော့ ဘယ်လိုမှ အမြင်မတင့်တယ်ပါဘူး … မြန်မာမိန်းကလေးတွေဟာ ဟီရိဩတပ္ပတရား ရှိသင့်ပါတယ် … ညစာစားပွဲတို့ တခြားဧည့်ခံပွဲတို့ ဘာတို့လို နေရာမျိုးကို ရင်ဖုံးအကျီ င်္၊ ချိတ်ထမီနဲ့ တက်လို့မရသလို ဘုရားပေါ်ကို ဘောင်းဘီတို၊ စကတ်တိုနဲ့ မတက်သင့်ပါဘူး … သူ့နေရာနဲ့ သူ […]


chit layDecember 1, 20111min19412
ကျွန်မနာမည်က ဒေါ်တင်ပါ … သားသမီးတွေကတော့ အမေလို့ခေါ်ကြတယ် … မြေးတွေကတော့ ဖွားတင်၊ ဖွားဖွားတင်၊ ဖွားဖွားကြီး အစရှိသဖြင့်ခေါ်ကြတယ် … အိမ်နားက ကလေးတွေကတော့ အမေတင်လို့ခေါ်တယ်လေ…။ ကျွန်မမှာက သားတစ်ယောက်၊ သမီးတစ်ယောက်ရှိတယ် .. မြေးကတော့ ၅ယောက် ရှိပါတယ်…။ အရင်တုန်းကတော့ ကျွန်မတို့အိမ်ကလေးက မိသားစုသိုက်သိုက်ဝန်းဝန်းနဲ့ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ သီရိဂေဟာလေးပေါ့ … သားနဲ့သမီးက အချိန်တန် အရွယ်ရောက်တော့ အိမ်ထောင်ကိုယ်စီကျပြီး အိမ်ကနေခွဲထွက်သွားကြတဲ့အခါ ကလေးတို့အဖေနဲ့ ကျွန်မ ၂ယောက်တည်း ခြောက်ခြောက်ကပ်ကပ်နဲ့ ကျန်ခဲ့ရတာပေါ့လေ … အခုကျတော့ ကလေးတို့အဖေကလည်း ကျွန်မကို တစ်ယောက်တည်း အထီးကျန်ဆန်စွာ ထားခဲ့ပြန်ပြီလေ …။ အိမ်မှာ ကျွန်မကို ကူလုပ်ပေးမယ့် ကလေးမလေးရယ် ကျွန်မရယ် ၂ ယောက်တည်းပေါ့ ..။ အသက်ကြီးလာပြီဆိုတော့ […]


chit layOctober 6, 20111min1145
ရွာသူ/သားတွေကို ကျွန်မဖိုးဖိုးနဲ့သူ့မြေးအငယ်ဆုံးလေးအကြောင်း ပြောပြရအုံးမယ် … နောက်အလျင်းသင့်ရင်လဲ ကြုံရင်ကြုံသလို ဖိုးဖိုးနဲ့ဖွားဖွားအကြောင်းကို ဖွ(အဲလေ ယောင်လို့) ရေးပါအုံးမယ် .. ဖိုးဖိုးမှာသားသမီး(၄)ယောက်ရှိတယ် မြေးက(၁၀)ယောက်ရှိတယ် … ဖေဖေကသားအကြီးဆုံးမို့လို့ မြေး(၁၀)ယောက်ထဲမှာမှ ကျွန်မက မြေးအကြီးဆုံးပေါ့ … အငယ်ဆုံးမြေးလေးက အဒေါ်အငယ်ဆုံးကမွေးတာမို့လို့ ဖိုးဖိုးက သူ့မြေးအငယ်ဆုံးလေးကို အချစ်ဆုံးပေါ့ … ညီမလေးနာမည်က “ နေခြည်လင်း ” တဲ့ … အခုတော့ ညီမလေးက (၄)တန်းတက်နေပါတယ် .. အဲဒီ့တုန်းကတော့ သူက (၂)တန်းပေါ့ .. နာမည်နဲ့လိုက်အောင် ဖြတ်ထိုးဉာဏ်ကလဲ လင်းလက်တောက်ပနေပြီး သွက်လက်ချက်ချာတာကြောင့် မောင်နှမဝမ်းကွဲတွေထဲမှာ သူ့ကို အချစ်ပိုရပါတယ် … စကားအရာမှာလည်း မည်သည့်စကားလာလျှင် မည်ကဲ့သို့ ပြန်လည်ချေပ ပြောဆိုရမည်ကိုသိပြီး ချက်ချင်းပင် ထိမိအောင် ဒက်ခနဲ […]


chit laySeptember 28, 20111min20414
(၂) အဲဒီ့လို စိတ်ဝင်စားနေတုန်း သဘောကောင်းတဲ့ စာရေးကြီးက အဖိုးလက်ကိုလာဆွဲတယ် …။ “ လာပါဗျာ .. ဒါ အရူးတွေ အပြေးလေ့ကျင့်နေတာ “ လို့ပြောပြီး ဆက်ထွက်လာခဲ့ကြတယ် …။ အတော်လှမ်းလှမ်းရောက်တော့ မိန်းမတစ်ယောက်နဲ့တွေ့တယ် …။ အရူးမဖြစ်မှာပါပဲ … အဲဒီ့မိန်းမက အဖိုးဆီက ပိုက်ဆံတောင်းလို့ (အဲဒီ့တုန်းက) ပိုက်ဆံ(၁၀)ပြားပေးလိုက်တယ် …။ နောက် မိန်းမတစ်ယောက်နဲ့ ထပ်တွေ့တယ် … သူကလည်း တောင်းလို့ (၁၀)ပြားထပ်ပေးလိုက်တယ် …။ ဒီတော့ စာရေးကြီးက “ နောင်ကြီး .. ဒီလိုသာ တောင်းတိုင်းပေးလို့ကတော့ ဆုံးမှာမဟုတ်တော့ဘူး .. မပေးပါနဲ့ “ လို့တားတယ် …။ အဲ … နောက်တစ်ယောက်ကျတော့ အဖိုးက မပေးတော့ဘူးပေါ့ … […]


chit laySeptember 28, 20111min1217
(၁) ကျွန်မပြောပြတဲ့ စိတ္တဇဆေးရုံက ဟာသများကို နားထောင်ပြီး ကျွန်မဖိုးဖိုးကလည်း သူတွေ့ကြုံခဲ့ရတဲ့ အကြောင်းလေးကို ဖောက်သည်ချလို့ ကျွန်မကလည်း ရွာသူ/သားများသိအောင် တစ်ဆင့်ဖောက်သည်ပြန်ချလိုက်ရပါတယ် ….   စိတ္တဇဆေးရုံ(အဲဒီ့တုန်းက မရမ်းကုန်း) မှာဖြစ်တယ် … အဖိုးကမိတ်ဆွေနဲ့ အဖော်လိုက်သွားတာ… အဖိုးမိတ်ဆွေရဲ့ညီက စိတ်သိပ်မမှန်ဘူး …။ သူက ဒုရဲအုပ် .. သူတာဝန်ကျနေတုန်း အချုပ်သားတွေ ထွက်ပြေးသွားတဲ့ အချိန်ကစပြီး စိတ်ဖောက်တော့တာ …။ အခုတော့ စိတ္တဇဆေးရုံဝင်းထဲ ရောက်နေပြီ…။ ဆရာဝန်နဲ့ပြဖို့က ဆရာဝန်မလာသေးတာနဲ့ ခုံတန်းရှည်မှာ ထိုင်စောင့်နေကြတယ် …။   ၁၅ မိနစ်လောက်ကြာတော့ တိုက်ပုံအင်္ကျ ီနဲ့ သားသားနားနားဝတ်ထားတဲ့ လူတစ်ယောက်ဝင်လာတယ် …။ အသက်က (၄၀)ဝန်းကျင်လောက်ရှိမယ် …။ ဆရာဝန်အခန်းထဲ ဝင်သွားပြီး လူနာမှတ်ပုံတင်စာအုပ်ယူပြီး ပြန်ထွက်လာတယ် […]


chit laySeptember 9, 20111min1386
ဒီနေ့မနက် ကျွန်မအလုပ်သွားဖို့ ဘတ်စ်ကားစီးတော့ ကားပေါ်မှာ ကြုံတွေ့ခဲ့ရတဲ့ မြင်ကွင်းလေးပါ … တော်တော်လေးကို ကြည်နူးဖို့ကောင်းပါတယ် … ကျွန်မကားပေါ်တက်ပြီး ရှေ့တစ်မှတ်တိုင်မှာ ဆွမ်းခံကြွပြီး ပြန်လာတဲ့ သပိတ်ပိုက်ထားတဲ့ဦးဇင်းကြီးတစ်ပါးနှင့် ဆွမ်းချိုင့်ဆွဲလာတဲ့ ကိုရင်လေးတစ်ပါး ကားပေါ်တက်လာပါတယ် … သံဃာတော်ခုံမှာကလည်း ဦးဇင်းလေးတစ်ပါး ထိုင်နေပါတယ် … သံဃာတော်ခုံအနောက်မှာ ခေတ်လူငယ်စတိုင်အပြည့်နဲ့ ခပ်လန်းလန်းကောင်လေးတစ်ယောက် ထိုင်နေပါတယ် … သံဃာတော်ခုံရဲ့ ဒီဘက်အခြမ်းမှာတော့ ဦးလေးကြီးနှစ်ယောက်ထိုင်နေပါတယ် …   သပိတ်ပိုက်ထားတဲ့ ဦးဇင်းကြီးကိုတော့ ဒီဘက်အခြမ်းမှာထိုင်နေတဲ့ ဦးလေးကြီးနှစ်ယောက်ထဲက တစ်ယောက်က နေရာဖယ်ပေးလိုက်ပါတယ်။ တစ်ယောက်ကတော့ ဖုန်းပြောလက်စနဲ့မို့ ဆက်ထိုင်နေပါတယ်။  ဆွမ်းချိုင့်ဆွဲလာတဲ့ ကိုရင်လေးကိုတော့ သံဃာခုံမှာထိုင်နေတဲ့ ဦးဇင်းလေးက ဆင်းရတော့မယ်ဆိုပြီး နေရာဖယ်ပေးလိုက်ပါတယ်။ ဦးဇင်းလေးဆင်းမှာကိုမသိတဲ့ အနောက်မှာထိုင်နေတဲ့ ခပ်လန်းလန်းကောင်လေးကလဲ ဦးဇင်းလေးကို နေရာဖယ်ပေးပြန်ရော … ဦးဇင်းလေးကလဲ […]


chit layAugust 11, 20111min1586
“ အာရောဂျံ ပရမံ လာဘံ “ ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးတဲ့… ကျန်းမာမှ အလုပ်လုပ်နိုင်မည်။ အလုပ်လုပ်နိုင်မှ စားဝတ်နေရေး ပြေလည်နိုင်မည်။ ကျန်းမာစဉ်က စိတ်သွားတိုင်း ကိုယ်ပါပြီး အလုပ်လုပ်နိုင်ခဲ့သမျှ မကျန်းမာသောအခါမှ ကျန်းမာခြင်း၏တန်ဖိုးကို သိမည်ဖြစ်သည်။ ကျွန်မတို့နေ့စဉ် အသား၊ငါး၊ဟင်းသီးဟင်းရွက်များကို စားချင်စဖွယ်ဖြစ်အောင် ပြင်ဆင်ချက်ပြုတ်၍ စားသောက်ကြပါတယ်။ အစာလဲဆေး ဆေးလဲအစာဆိုသကဲ့သို့ ကျွန်မတို့စားသောက်နေသော ဟင်းသီးဟင်းရွက်များတွင် ကင်ဆာဆန့်ကျင်သော ဝတ္ထုပစ္စည်းများဖြစ်သည့် ဗီတာမင်ဓာတ်၊ ကလိုရိုဖီးလ်ဓာတ်၊ ဘီတာကယ်ရိုတင်းဓာတ်၊ အမျှင်ဓာတ်၊ ထုံးဓာတ်၊ မလေဘီနွိုက်ဓာတ်၊ သတ္တုဓာတ်တို့ ပါဝင်ပေသည်။ သက်စောင့်ဓာတ်ဖြစ်သော ဗီတာမင် (A) ဓာတ်သည် မျက်စိအမြင်အားကောင်းစေရုံမက အသားအရေကိုလဲ စိုပြည်လှပစေသည်။ (A) ဓာတ် ချို့တဲ့လျှင် ကြက်မျက်သင့်ခြင်း၊ ကြာဆူးအဖုထွက်ခြင်းတို့ ဖြစ်တတ်သည်။ ထို့ကြောင့် ဗီတာမင် (A) ဓာတ်များပါဝင်သော […]


chit layAugust 4, 20111min986
မဆုံနိုင်တဲ့စည်းတွေခြားထားလဲ သတိရနေတုန်းပဲ မောင် မဖြစ်နိုင်မှန်းသိပေမယ့်လဲ တမ်းတနေတုန်းပဲ မောင် ညညမက်တဲ့ အိပ်မက်တွေထဲမှာ ထည့်မက်နေတုန်းပဲ မောင် မောင် ကြိုက်တဲ့သီချင်းတွေ ခပ်တိုးတိုးညည်းနေတုန်းပဲ မောင် မောင့်ကိုယ်သင်းနံ့လေးတွေကို မှတ်မိနေတုန်းပဲ မောင် မောင့်ပုံရိပ်တွေကို မြင်ယောင်နေတုန်းပဲ မောင် ကျွန်မကို ရူးအောင်ပြုစားခဲ့တဲ့ မောင် တစ်နယ်စီရပ်ခြားမှာ ပျော်နေရဲ့လား ကျန်းမာရေးမှကောင်းရဲ့လားလို့ တွေးပူမိနေသေးတယ် မောင် နောက်ဘဝမှာ ပြန်ဆုံခွင့်ဆိုတာ ရှိခဲ့ရင် ပေါင်းစည်းခြင်းတွေနဲ့ပဲ ဆုံဆည်းချင်သေးတယ် မောင်ရယ် လွမ်းနေပေးပါလို့ မတောင်းဆိုချင်ပေမယ့် တိုက်ဆိုင်မှုရှိတိုင်း သတိရပေးပါ မောင်ရယ် အလွမ်းတွေက ခါးသက်တယ်ဆိုပေမယ့် ချိုမြိန်တဲ့ သတိရစရာတွေကို မေ့မပစ်ပါနဲ့ မောင်ရယ် နော် ပြန်ဆုံနိုင်ခွင့်ရှိခဲ့မယ်ဆိုရင် မောင် လို့ခေါ်ခွင့် ရချင်ပါသေးတယ် ချစ်လားလို့ အကြိမ်တစ်ရာမက မေးခဲ့ပေမယ့် ချစ်တယ်လို့ တစ်ခွန်းဖြေဖို့ […]


chit layAugust 4, 20111min1205
‘   ဗျို့ သဂျီးရေ… ကျွန်မ စာတွေတင်တဲ့အခါ ပို့စ်ကို အက်ဒစ်လုပ်လို့မရတာဘာကြောင့်လဲ ပြောပြပေးပါ…လော့အင်လည်း လုပ်ထားရက်နဲ့ … ကော့မန့်လည်း ပိတ်နေတယ်..ပို့စ်လည်း အက်ဒစ်လုပ်လို့မရဘူး … နောက်ပြီး ပုံတင်တဲ့အခါ …အရင်က FLASH နဲ့လည်း တင်လို့ ရတယ်… အခုတော့ BASICနဲ ့ချည်းတင်နေရတာ … COMPLETE%မမြင်ရဘူးဖြစ်နေတယ် .. ဘယ်လိုလုပ်ရမလဲ ပြောပြပေးပါ ။ ကျေးဇူးတင်ပါတယ် ။


chit layMay 30, 20111min55
<“ ကျွတ် … ဒုက္ခပါပဲ တက္ကစီကလည်း ငှားလို့မရပါလား ” စိတ်ပျက်စွာဖြင့် ရင်ထဲမှ ညည်းတွားမိသည်။ ဒီနေ့ကျမှ မိုးကလည်း သည်းလွန်းလှသည်။ ကျွန်မကလည်း ဒီနေ့ကျမှ နီးနီးနားနား ရွှေတိဂုံဘုရားသို့ မသွားချင်ဘဲ ဆူးလေဘုရားသို့ သွားချင်နေသောစိတ်ကြောင့် မိုးရွာနေတဲ့ကြားထဲက အိမ်မှ ထွက်လာခဲ့ခြင်းဖြစ်သည်။ “ အင်း .. ဒီပုံစံအတိုင်းဆိုရင်တော့ လာတဲ့အထူးကားကို စောင့်စီးသွားမှဖြစ်တော့မယ် ” ဒီလိုနှင့် ကျွန်မ၏ခြေလှမ်းများက ဘတ်စ်ကားမှတ်တိုင်ဆီသို့ ဦးတည်လိုက်မိပါသည်။ “ ဟော … အထူးကားလာပြီ ” ကားပေါ်သို့တက်လိုက်သည်။ မနက်အစောကြီးမို့ ကားပေါ်တွင် လူသိပ်မပါချေ။ ထိုင်လို့အဆင်ပြေမယ့်နေရာကို မျက်လုံးဝေ့ဝိုက်ကြည့်မိစဉ် “ ဟင် .. သူပါလား ” ကျွန်မ၏ရင်အစုံသည် မခုန်စဖူးခုန်သွားမိ၏။ မေ့ထားခဲ့တာ ကြာပြီဖြစ်သော်လည်း အခုလို […]