VictorySeptember 10, 20121min18916
ကိုယ့်စာကိုတော့မနှမြောပါဘူး။ ဗစ်ထရီရေးပေးတဲ့ ကော်မန့်လေးကိုနှမြောတယ်ဆိုတဲ့အစ်မရဲ့ မြှားတစင်းဟာ ပစ်မှတ် ဗဟိုကို ထိသွားပါတယ်ဗျာ။ (ဪ ~~ဒါ့ကြောင့်လဲ ကျော်ကြားပေတာကိုး) အကုန်တော့ …သည်၊၏ မလွဲဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ကျနော်ပြောထားတဲ့ မူရင်းအကြောင်းအရာတွေကတော့အဲဒီဟာတွေပါဘဲ။ နှလုံးသားထဲရောက်သွားတဲ့ စာတပုဒ်မလို့ စိတ်နှလုံးကလဲကိုယ်ရေးလိုက်တာပြန်မှတ်မိနေတာလို့ ဆိုပါရစေ။ ပြန်ပြီးရေးပေးလိုက်ပါတယ်။   လေးစားခင်မင်ရသောအစ်မဒေါက်တာပဒုမ္မ္မာခင်ဗျား သည်စာလေးကိုဖတ်လိုက်ရတဲ့အချိန်မှာ ပထမတော့ အခုလိုဘဲတွေးပါတယ်။ (စာအရ တကယ့်ဖြစ်ရပ်လို့ယူဆပေမဲ့ ဒီနေရာမှာဇာတ်လမ်းလို့ရေးပါရစေ) သည်စာဟာ လိုက်နာအပ်တဲ့လူတို့ရဲ့ကျင့်ဝတ်တွေနဲ့ ဇာတ်လမ်းဆင်ထားတယ်။ လိုအပ်လို့ဆုံးမစကားဆိုသူနှင့် ဆုံးမခြင်းကိုနာခံလွယ်သူ နဲ့ဇာတ်လမ်းဆင်ထားတယ်။ မိမိကျရာတာဝန်ကိုကျေပွန်တတ်တဲ့စိတ်နဲ့ ကျေးဇူးတရားကိုအသိအမှတ်ပြုတတ်သူကိုဇာတ်လမ်းဆင်ထားတယ်။ ကိုယ့်စေတနာကိုယ့်အကျိုးပေးဆိုတဲ့စကားလေးကို လက်တွေ့ကျကျဖော်ထုတ်ပြပြီးဇာတ်လမ်းဆင်ထားတယ်။ ပြီးတော့မှ သည်စာထဲမှာ တလုံးမှရေးမထားပါဘဲ ထင်ထင်ရှားရှားကြီးကိုမြင်လိုက်ရတဲ့ စကားတခွန်းရှိတာကိုသတိထားမိသွားတယ်။ အဲဒါကတော့ “မေတ္တာ” ပါဘဲ။ “မေတ္တာ” ပါဘဲ။ “မေတ္တာ” ပါဘဲ။ “မေတ္တာ” ပါဘဲ။ “မေတ္တာ” ပါဘဲ။ […]


VictoryJuly 18, 201225min35317
အားလုံးသိလိုသူများအတွက်တစုတဝေးတည်းဖတ်နိုင်ရန် စေတနာသန့်သန့် ဖြင့်စုဆောင်းဖော်ပြပေးခြင်းသာဖြစ်ပါသည်။ ~~ ~~ ~~   သမိုင်းတကွေ့မှ ဂဠုန်ဦးစော  သန်းဝင်းလှိုင် ဧပြီ ၃၀၊ ၂၀၁၁  မြန်မာနိုင်ငံ လွတ်လပ်ရေးရအံ့ဆဲဆဲတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလ ခေါင်းဆောင်ကြီးများအား  ဂဠုန်ဦးစောနှင့် သူ၏ နောက်လိုက်လူသတ်သမားတစုက လုပ်ကြံသတ်ဖြတ်မှုကြောင့် ကျဆုံးသွားခဲ့ရရှာသည်။ ထို့ကြောင့် ဇူလိုင်လ ၁၉ ရက်နေ့ရောက်တိုင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရသည့်နေ့ ို ကိုအမှတ်တရရှိစေခြင်းငှာ ‘အာဇာနည်နေ့’ အဖြစ်ကျင်းပလာခဲ့သည်မှာ ၂၀၁၁ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ် ၆၄ နှစ်တင်းတင်း ပြည့်ခဲ့ပြီဖြစ်သည်။ ‘သေသောသူ ကြာလျှင်မေ့’ ဆိုရိုးစကားရှိသော်လည်း ယနေ့တိုင် ပြည်သူတရပ်လုံးက ဗိုလ်ချုပ်နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို ယနေ့တိုင် တအောက်မေ့မေ့၊ တတမ်းတတနှင့် လွမ်းရှိန်မပျောက်၊ တသွေ့သောင်းသောင်း၊ […]


VictoryJuly 7, 20121min20219
      အပိုင်း တစ် မြို့ငယ်လေး၏မီးရထားဘူတာရုံမှ ထွက်လာတော့ အသင့်စောင့်နေသော ရွာမှ မြင်းလှည်းကိုတွေ့ရသည်။ မွေးရပ်မြေကိုမရောက်တာကြာပြီဖြစ်၍မြင်းလှည်းမောင်းသူက မသိသူဖြစ်ပေမဲ့ မေတ္တာရှင်ဟူသော မြင်းလှည်းဘေးတွင်ရေးထားသော စာလုံးကြီးများ၏ အရွယ်အစား၊အရောင်နှင့် ဒီဇိုင်းတို့က အရင် အတိုင်းသာ ရှိနေသဖြင့် ရွာကမြင်းလှည်းမှန်း တန်းကနဲ သိလိုက်ရသည်က အဆန်းတော့မဟုတ်။ ရွာနီးချုပ်စပ်မှ ဈေးလာဝယ်ပြီးပြန်မည့် ဈေးဝယ်ပြန်သူများ၊ ရွာထွက်ရောင်းကုန်များ လာရောင်းပြီးပြန်ကြမည့် ဈေးရောင်းပြန်သူများ ကိုအဓိကထားပြီးတင်ဆောင်ခေါ်လေ့ရှိသော ဤမြင်းလှည်းကို ဈေးကြိုမြင်းလှည်းဟု အရပ်ခေါ် ခေါ်ကြလေသည်။ မြင်းလှည်းပေါ်တွင် လူတော်တော်များများရှိနေပြီဖြစ်၍ မြင်းလှည်းနောက်ပိုင်းတနေရာတွင်ဝင်ထိုင်ရန်ပြင် နေစဉ်ကြာပွတ်ကိုင်ထားသောမြင်းလှည်းဆရာလေး အနားကိုကပ်လာပြီး တရင်းတနှီးနှုတ်ဆက်လာသည်။ သူက ကိုယ့်ကိုသိသည်။ ဒီလိုနဲ့ သူဖိတ်ခေါ်ရာ သူ့မြင်းလှည်းရှေ့ပိုင်း မြင်းလှည်းမောင်းသူ သူ့နဘေးတွင်နေရာ ရသည်ပေါ့။ တခဏအကြာမြင်းလှည်းထွက်ချိန်တန်တော့ မြင်းလှည်းထွက်သည်။ တလမ်းလုံး ဟိုမေးဒီမေး မေးလာသော မြင်းလှည်းဆရာ၏စကားများကို […]


VictoryJune 23, 20121min50219
နှမ်းဖြူးတဲ့သဘောလို့တော့မထင်ကြစေချင်ပါဘူး။ စိတ်ထဲတော်တော်ပြောချင်လာလို့ပါခင်ဗျ။ (ဟော့ အစ်ရှူးတွေကိုထပ်ဆင့်ပြောဆို ရေးသားခြင်းမျိုးဆိုပြီးထင်သွားမှာကိုလဲ နဲနဲရှက်မိလို့ပါနော်) ဒီမိုဝေယံမှာတွေ့တဲ့ ဓာတ်ပုံလေးတွေက စကားပြောတာကိုပြောချင်လို့ပါ။ ယူကေဆိုတာ အင်အားကြီးနိုင်ငံ၊သမိုင်းကြီးခဲ့တဲ့နိုင်ငံ၊ရာဇမာန်ပြင်းထန်ခဲ့တဲ့၊ စည်းကမ်းစနစ်ကြီးတဲ့ ဗြိတိသျှ တို့ရဲ့နိုင်ငံ၊ အဆင့်အတန်းရှိရှိ သိုးဆောင်းဘာသာစကားကိုပြောကြတဲ့ နိုင်ငံ ဆိုတဲ့ ကိန်းခန်းတွေကြီးလှပါပေရဲ့ဗျနော်။ ခုတော့ အဲဒီနိုင်ငံက ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွမ်းက ကိုင်းနဲ့ထီးရွက်ပြုတ်ထွက်နေတဲ့ထီးမျိုး ရှိနေသတဲ့ဗျာ။ သူ့ကိုယ်ပိုင်ထီးဘဲထင်ပါရဲ့။ ဝန်ကြီးချုပ်နဲ့အမေစုထီးကိုသတိထားမိတော့ ပြုံးပြီးကြည့်ကြတာလေးကလဲမာန်မာနကင်းကြောင်း ပြနေတာပါဘဲ။ အဲဒီဟာမျိုး ကိုလိုက်ပြီး ဂရုစိုက်လိုက်ကြည့်ပေးနေတတ်တဲ့ (ကိုယ်ရံတော်ခေါ်မလား)အချွေအရံ မရှိနေတာကလဲ အာရှနဲ့တော့ ကွာပ။ ကွာပ။ ပေါ့ဗျာ။ အမေစုက ဒါကိုပြောတာပေါ့။(ဝက်မင်နစ်စတာပါလီမန် မိန့်ခွန်းမှာ) ဒီမှာ ပုံမှန်ရနေတဲ့ လူ့အခွင့်အရေးဆိုတာ ကျမတို့နိုင်ငံမှာတော့ အသက်သွေးချွေးနဲ့တိုက်ယူ၊ တောင်းယူရတာမျိုးပါတဲ့။ ~~ နောက်တပုံမှာတော့ ဝန်ကြီးချုပ်က လက်ဘက်ရည်လားကော်ဖီလား မသိ လာချပေးသူကို တလေးတစားယူနေပုံပါ။ ဝန်ကြီးချုပ်နော်၊ […]


VictoryJune 1, 20121min813
ဆွစ်ဇာလန်နိုင်ငံဒါးဗို့စ်မြို့မှာနှစ်ပါတ်လည်ညီလာခံတွေကိုကျင်းပလေ့ရှိလို့ ဒါးဗို့စ်ဖိုရမ်လို့လဲ ခေါ်ကြတ ဲ့ ကမ္ဘာ့စီးပွါးရေးဖိုရမ်ရဲ့ (ရီဂျင်နယ်)ဒေသဆိုင်ရာညီလာခံတခုကိုအာရှဒေသဆိုင်ရာညီလာခံအဖြစ် မေ ၃၀  ရက်ကနေ ဇွန်၁ ရက်နေ့အထိ ဘန်ကောက်မြို့က ရှန်ဂရီလာဟော်တယ်မှာ Association of South East Asian Nations (ASEAN) ရဲ့ (အော်ဂနိုက်ဇာ) အစီအစဉ်နဲ့ကျင်းပခဲ့တာပါ။  English ပြောတာကို နားမလည်ရင် နားထောင်လို့ရအောင်(ဘာသာပြန်နားကျပ်ကနေ) ဘာသာပြန်ပေးတဲ့ ဘာသာစကား၃မျိုးရှိပါတယ်။Thai, Japanese, Mandarin(တရုတ်)ဘာသာတွေပါ။  SessionA, SessionB, SessionC ဆိုပြီးအဓိက ကဏ္ဍကြီး ၃မျိုး ခွဲပြီးဆွေးနွေးကြပါတယ်။ ကဏ္ဍကြီး ၃မျိုး (သို့)ခေါင်းစဉ်ကြီး ၃မျိုးရဲ့အောက်မှာမှ ခေါင်းစဉ်ငယ်လေးတွေနဲ့မိမိဆွေးနွေးလိုရာ ကိုသက်ဆိုင် ရာခေါင်းစဉ်အရတင်ပြဆွေးနွေးကြရပါတယ်။ SessionA,ရဲ့ Rethinking RegionalModels for a New Global Context ဆိုတဲ့ခေါင်းစဉ်ကြီးရဲ့အောက်မှာ ဇွန် ၁ရက် […]


VictoryOctober 12, 20111min25014
စည်းကမ်းနဲ့ညိလို့ပွိုင်ရှော့ပါ။ဝမ်းသာလွန်းလို့တင်တာပါ၊လေးစားပါတယ်။ မြစ်ကြီးနား အကျဉ်းထောင်မှ ကိုသူရ(ခ) ဇာဂနာ ပြန်လည် လွတ်မြောက်လာကြောင်း ကိုဇဂနာက ခယ်မဖြစ်သူ မငြိမ်းက Eleven Media Group သို့ အတည်ပြု ပြောကြားခဲ့ပါသည်။ “လွတ်လာတာတော့ သေချာပါပြီ။ ကိုသူရနဲ့ တိုက်ရိုက်  အဆက်အသွယ်တော့ မရသေးပါဘူး။ အဆက်အသွယ်ရဖို့ လုပ်နေပါတယ်။ ထောင်က  တာဝန်ရှိသူတွေနဲ့ စကားပြောပြီးပါပြီ။ အခုပဲ ထောင်ဗူးဝ ရောက်နေပြီလို့  ပြောပါတယ်” ဟု ယနေ့နံနက် ၈ နာရီ အချိန်တွင် မငြိမ်းက ပြောကြားခဲ့ပါသည်။ မြစ်ကြီးနားတွင်ရှိနေသော  ဒေသခံတစ်ဦးကလည်း ဇာဂနာ လွတ်မြောက်လာသည့် အဆိုပါ သတင်းကို အတည်ပြု  ပြောကြားပေးခဲ့ပါသည်။ မြစ်ကြီးနား အကျဉ်းထောင် အကျဉ်းသား ၈ဝကျော် ပြန်လည်  လွတ်မြောက်လာခြင်းဖြစ်ကြောင်း အဆိုပါဒေသခံက ပြောပြပါသည်။ “မြစ်ကြီးနားကနေ  […]