chityimhtooMarch 16, 20121min15612
စိန် ့မာတင်အရေးမှသည်>>>>>>ထိုကျွန်းလေးကို အလေးပြုနှုတ်ဆက်ပြီးနောက်>>>>>ရွေမြန်မာ စိန် ့မာတင် ကျွန်းဆိုတာ မြန်မာနိုင်ငံ သမိုင်းဝင် ရှင်မဖြူ ကျွန်းဖြစ်ပါတယ်။ ဘင်္ဂလား ရဲ့လူဦးရေ စိမ့်ထွက်လာမှုနဲ ့ မြန်မာရေးဝင်စွက်ဖက် တဲ့ရိုးဟင်ဂျာ အမိမြေဟာ ဘင်္ဂလားပါ။သူတို ့တွေ နေထိုင်ကြတယ် ရခိုင်ကို သတ်တစ်ရွာလုံး မီးရှို ့ပြီးတော့ အဲ့ကျွန်းကို အပိုင်စီးတယ် ခုတော့တရားဝင်ဖြစ်သွားပြီ ပေ့ါ ဒါကြောင့် သူတို ့ပျော်နေတယ် မီဒီယာတွေ အော်လေတယ် မြန်မာကို နိုင်လေပြီလို ့။ ရှင်မဖြုကျွန်းဝယ် မဟာဗန္ဓုလ စစ်သူကြီးက အင်္ဂလိပ်အလံတော်ကိုချနင်း ခဲ့ တာ သမိုင်းဝင်ခဲ့တယ်။ဒီကျွန်းကို ရဖို ့မပေးနိုင်လို ့ စစ်မက်ဖြစ်ပွား ၁၈၂၄မှာ ပထမကျူးကျော်စစ်မှာ ဒို ့တွေ ရခိုင်တနသာင်္ရီ ကမ်းရိုးတန်းပေးလိုက်ရတာ။ နောက်တော့ တစ်ပြည်လုံးပေ့ါ […]


chityimhtooMarch 4, 20121min17015
ဒေါ်အောင်ဆန်းစုကြည်၏ကလောမြို့နယ်ခရီးစဉ်တွင်တပ်မတော်သားတစ်ဦးမှ ကြိုဆိုနှုတ်ဆက်ပုံကို NLD ပါတီထုတ်စာစောင်ဖြစ်သည့် ဒီလှိုင်းဂျာနယ် (ယခုအပတ်ထုတ်) တွင် ဖော်ပြထားသည်။ ယင်းတပ်မတော်သားမှာ ကလောမြို့ တပ်မ (၅၅) မှ တပ်သားကျော်ဇင်ဝင်းဆိုသူဖြစ်ကြောင်း ကလောမြို့ခံများထံမှ စုံစမ်းသိရှိရသည်။ ဒေါ်စုရဲ့ အောင်ပန်း-ကလော-ဟဲဟိုးခရီးစဉ်မှာ နှုတ်ဆက်ကြိုဆိုတဲ့ တပ်မတော်သားလေး ကျော်ဇင်ဝင်းတစ်ယောက် ထိုးကြိတ်ခံရပြီး တပ်ချုပ်ချထားခံရပါတယ်တဲ့။ ဒီတပ်မတော်သားလေးနာမည်..တပ်သားကျော်ဇင်ဝင်းလို ့ခေါ်ပါတယ်.. အောင်ပန်းGE…တပ်မှဖြစ်ပါတယ်..သူအခုအထိုးအကျိတ်ခံရပီးလူရုပ်မပေါ်တော ့ပါဘူး…. ကွာတား(တပ်အချုပ်ချခံထားရတယ်) ဒီသတင်းလေးကိုshareပေးကြပါ.. တိတိကျကျသိလိုပါကဖုန်း0949353386.ကိုဖိုးချိုထံမေးနိင်ပါတယ်။ http://www.thithtoolwin.com/2012/03/blog-post_8661.html facebook စာမျက်နှာများပေါ်မှာလည်းတွေ့ရပါတယ်


chityimhtooFebruary 24, 20121min17820
connection မကောင်းလို ့ complaint တင်ဖို ့MPT ကို ဖုံးနဲ ့ဆက်တော့ ကိုင်မဲ့သူမရှိလို ့ ” MPT က လူတွေဆီက မတန်တဆဈေးတွေယူထားတာတောင် complaint ဖုံးကိုင်မဲ့သူမထားနိုင်ရလောင်အောင် ချီးထုတ်ကျလား ” ဆိုတာကို message ပို ့လိုက်တာကို ဖုံးလှိုင်းဖြတ်လိုက်ပါတယ် ။ အခုဖြတ်ထားတာ (၂)လ ရှိနေပါပြီ ! ဖုံးရုံးသွားမေးတော့လည်း ဘောလီဘောပုတ်ခံရတယ် ။ နောက်ဆုံးအပေါ်ကစကား အတိုင်း ကိုယ့်ရဲ ့ customer ရဲ ့ဖုံးကို ဖြတ်ထားတာတောင် ဘာဖြစ်လို ့လည်းဆိုတာ မသိရလောက်အောင် MPT ညံ့ဖျင်းနေလား ? လို ့ပြောလိုက်တော့မှ ဟုတ်တယ်ဖြတ်ထားတယ် ။ သူတို ့ကို တောင်းပန်စာ ပြန်ရေးမှ […]


chityimhtooFebruary 23, 20121min27034
” ကန်တော်ကြီး ဥယျာဉ်အတွင်း ရေခဲအပန်းဖြေကမ္ဘာကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ဖွင့်မည် ” ရန်ကုန်မြို့ ကန်တော်ကြီး အပန်းဖြေဥယျာဉ် အတွင်း ရေခဲအပန်းဖြေ ကမ္ဘာကို ဖေဖော်ဝါရီလ ၂၅ ရက် နေ့တွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။ “ ဒီထဲမှာက အပူချိန်အနုတ် ၁ဝ ဒီဂရီ စင်တီဂရိတ်လောက် ရှိပြီး အရမ်းအေးတဲ့အတွက် အထဲကို ဝင်နိုင်မယ့် အဝတ်အစားနဲ့ ဖိနပ်တွေကို စီစဉ်ပေးထားပါတယ်။ အထဲဝင်မယ့် သူတွေအနေနဲ့ အပြင် နေပူထဲကနေ လာတာဖြစ်တဲ့ အတွက် အပူရှပ်တာမျိုး မဖြစ်စေဖို့အတွက် ခန္ဓာကိုယ် အပူချိန်ညှိတဲ့ အခန်းထဲကို အရင်ဝင်ပြီးမှ ရေခဲကမ္ဘာ အခန်းထဲကို ဝင်ရမှာ ဖြစ်ပါတယ်”ဟု Asia Myanmar Consortium Development […]


chityimhtooFebruary 22, 20121min11210
မြစိမ်းရောင်ရင်ခွင်သို့ ဒေါင်းမိခင်အိမ်ပြန်ခရီး သခင်မျိုး “အလို… ကြည့်စမ်းပ၊ ငါတို့ရဲ့ မြောင်းမြ၊ တပေါင်းအစ ကောင်းကြဖို့ အခါညီ ဒေါင်းကြွလို့လာပြီ… ။” သဲသဲရုတ်ရုတ်၊ ရဲရဲလှုပ်နေတဲ့ ဒေါင်းအုပ်ကြီးတွေ၊ ဟိုနေရာ သည်နေရာ ဘယ်နေရာမှမလပ်၊ ပြည့်ကြပ်လို့နေပုံ မြေကြီးတောင်တုန်မလားတွေးမိ…။ ရှေးကဝိတွေ ကဗျာတပိုင်းတစ လှိုင်းထပြီးရင်ထဲဝင် ဘိုးတော်ရဲ့ရင်သွေးတဲ့ ‘ဒါးလွယ်ရွှေကွပ်လို့ ပြေညွတ်အောင်လာမည့်အရေး ဘိုးတော့်ရင်သွေး’ ဘိုးဘိုးအောင့်ရင်သွေး၊ သမိုင်းကိုသူရေးတော့ ပြေးကြိုတဲ့ဥဒေါင်းတွေ… ‘ကောင်းကျိုးအထွေထွေ ချွန်စေမြစေသောဝ် ဒေါင်းအိုးဝေတို့ တွန်စေကစေသောဝ်’။ မြင်ကွင်း(၁) Scene (1) ‘ဒိန်းဒေါင်း..ဒိန်းဒေါင်းနဲ့ ဗိန်းမောင်းတိုက်ပြီး လာလိုက်ကြတဲ့ လူတွေ..။ လွမ်းလောက်စရာ လမ်းလျှောက်လာသူတွေအကြောင်း ပန်းကောက်ကဗျာ ရေးဖို့ကောင်းမှကောင်း ဆိုင်ကယ်တွေ တဝီဝီ၊ ပဲ့ထောင်တွေစီလို့၊ ကားဟွန်းသံ တတီတီနဲ့၊ ရယ်(ရီ)နေတဲ့ မြောင်းမြသား၊ ပုသိမ်တောင် သွားကြိုကြဆို…။ အိမ်မဲ၊ […]


chityimhtooFebruary 17, 20121min21518
အမျိုးသား – ကျွန်တော်ကအိမ်ထောင်ရှိပါတယ်။ ဒါပေမဲ့ အခြားမိန်းကလေးတစ်ယောက်ကို ရူးရူးမူးမူး ချစ်မိနေတယ်။ အဲဒါဘယ်လို လုပ်ရမလဲ။ အတိုင်ပင်ခံ – ဒီမိန်းကလေးဟာ သင့်ဘဝအတွက် နောက်ဆုံး ချစ်နိုင်တဲ့ မိန်းကလေးဆိုတာ သင်သေချာလား။ အမျိုးသား – ဟုတ်ပါတယ်။ အတိုင်ပင်ခံ – ကွာရှင်းပြီး ခုမင်းချစ်နေတဲ့ တစ်ယောက်ကို ယူလိုက်။ အမျိုးသား – ဒါပေမဲ့ ခုလက်ရှိမိန်းမက နားလည်ပေးတယ် သည်းခံတယ် တော်တယ်။ ကျွန်တော်ဒီလို လုပ်ရင် သူ့အတွက် ရက်စက်ရာ ကျမလား။ အတိုင်ပင်ခံ – အိမ်ထောင်ရေးဆိုတာ တရားတယ် ရက်စက်တယ်လို့ ဆိုတာတွေ မရှိပါဘူး။ ခု မင်းချစ်နေတာက တခြားမိန်းကလေးဖြစ်နေပြီ။ အမျိုးသား – ဒါပေမဲ့ ကျွန်တော့် မိန်းမက ကျွန်တော့်ကို အရမ်းချစ်တာ။ […]


chityimhtooFebruary 17, 20121min3365
သခင်မျိုး ‘ ဗိုလ်ချုပ်အောင်ဆန်းက တကယ်မသေဘူးကွ’ ဘ ပြောစကားကြောင့် ကျွန်တော် ထိတ်လန့်အံ့ဩသွားသည်။ ‘ဗျာ….ဟုတ်ရဲ့လား’ ‘အေးကွတကယ်သေတာမဟုတ်ဘူး’ ဘကအတည်ပြုသည်။ ဘ အမည်က ဘကျော်ရေး။ ထိုင်လိုက်လျှင် ဒူးနှစ်လုံးကြား ခေါင်းဝင်သွားအောင်ခါးက ကိုင်းနေရာ ခေါင်း (၃)လုံးနှင့် အဘိုးအိုဟု ပြေရပေမည်။ ဘနေရပ်က နတ်မောက်မြို့၊ တောင်ရွာကြီး ယခုသော် အောင်ဆန်းရပ်။ ဘအသက်က အမေစု (ဗိုလ်ချုပ်မိခင်) တို့နှင့် မတိမ်းမယိမ်းဖြစ်မည်။ ကျွန်တော်က ‘ဦး’ ဟုခေါ်သော ဦးတော်အောင်၏ဖခင်။ ဦးတော်အောင် ဇနီးက ဒေါ်ရွှေဆင် ကျွန်တော်ကအမဟုခေါ်သည်။ သူတို့အိမ် က ဗိုလ်ချုပ်အောင်ဆန်းဝိုင်း (ယခုပြတိုက်) ၏တောင်ဘက်ကပ်လျက်မှာနေသော တောင်သူကြီးများ။ အမ၏အကိုကဦးကြီးဟံဟု ခေါ်သော ကျောင်းအုပ်ဆရာကြီး ဦးဟံသ။ဗိုလ်ချုပ်နှင့် ကျောင်းနေဘက် သူငယ်ချင်း။ ဘကျော်ရေးထိုစကားပြောတော့ ဗိုလ်ချုပ်တို့ကျဆုံးပြီးအနှစ်၂ဝခန့်အကြာ။ ကျွန်တော်ကကျောင်း […]


chityimhtooFebruary 4, 20121min883
ဟူးမနေ့ညကဘာမှန်းမသိကွန်နက်ရှင်များပြတ်တောက်သွားခဲ့သည်။တော်သေးတယ်ဒီမနက် ၈နာရီဝန်းကျင်ပြန်ရလို့ ။ဘာဖြစ်တာလည်းမသိဘူး သိရင်ပြောကျပါလားဂျာ….


chityimhtooJanuary 23, 20121min712
အောင်သွယ်တော်ဖိုးရွှေလမင်းရယ်တိမ်ထဲကိုဝင်ကာမပြေးနဲ့…ခုခောတ်မှာ အောင်သွယ်တော်က ဖိုးရွှေလမင်းမဟုတ်တော့ပါဘူး…ခုခောတ်အောင်သွယ်တော်ကတော့ gmail ..gtalk skype ….ခောတ်ကိုပြောင်းလဲသွားခဲ့ပါပြီ…ယခုတစ်ပတ်ပေါ်ပြူလာဂျာနယ်မှာ ဖတ်ရှူ့လိုက်ရတဲ့ အတွက်ရွာသားတွေ ဖတ်စေချင်တဲ့ ဆန္ဒနဲ့ပေထက်အက္ခရာတင်ပေးလိုက်ရပါတယ်။ လမင်းနဲ့မိတ်ဖွဲ့ပေးချင်တယ် ဦးမျိုးတင့်ကြည် “နေမှိန်မှိန် ဆင်ပေါ်တော် ရွှေပုသိမ်က မောင်လာချိန်နီး…….” နေလုံးနီနီ ညနေစောင်းကတည်းက မျှော်သော်လည်း ပေါ်မလာခဲ့။ အိမ်အပြင်ထွက်၍ ကုလားထိုင်လေးတလုံးမှာ ထိုင်ပြီးစောင့်သည်။ ချုပ်ရည်ဆည်းဆာချိ်န်ရောက်မှ မြေးတော်လေး ပေါ်လာသည်။ မလှမ်းမကမ်းရှိ သူ့အိမ်မှ ဘက်ထရီဖြင့် မောင်းသောကလေးစီး မော်တော်ဆိုင်ကယ် စီးပြီး ရောက်လာသည်။ သူ့အမေက ဘေးမှလမ်းလျှောက်လိုက်လာသည်။ “သားက ကျောင်းပြန်တာနောက်ကျလို့ ခုမှ လာနိုင်တာအဖေရေ” ဟု ဆင်ခြေပေးသည်။ မြေးကလေး မျက်နှာကို မြင်လိုက်ရတော့ ရင်ထဲမှာ ကြည်နူးရွှင်လန်းသွားသည်။ သင်းကလေးမျက်နှာကို ကြည့်လိုက်တော့ တနေကုန်ကျောင်းတက်နေ၍ နွမ်းနယ်နေပုံရသော်လည်း ဘက်ထရီဖြင့်မောင်းရသော ဆိုင်ကယ်အသစ်လေးကို စီးရ၍ ရွှင်ပြနေပုံရပါသည်။ […]