chityimhtooJanuary 21, 20121min1515
ဒေါ်အောင်ဆန်း စုကြည် ပြောတဲ့မိန့်ခွန်း…. ဒီနေ့ပဲ အဖွဲ့ချုပ်ရုံးမှာကျင်းပတဲ့ အဲဒီအခမ်းအနားမှာ NLD အထွေထွေအ တွင်းရေးမှူးက ရှေ့လုပ်ငန်းစဉ်ဆိုင်ရာ လမ်းညွှန် ပေါ်လစီမိန့်ခွန်းကို သူ့ အဖွဲ့ချုပ်ဝင်တွေဆီကတဆင့် တပြည်လုံးက ဒီမိုကရေစီရေးလိုလား သူတွေကို ချပြသွားတာ ဖြစ်တယ်။ ဒီမိန့်ခွန်းထဲမှာ ကျနော်သတိထားမိဆုံးအချက်က . . . အခုဆိုရင် ကျမတို့နိုင်ငံဟာ အပြောင်းအလဲဖြစ်နိုင်တဲ့ အခြေအနေမှာ ရောက်နေပါတယ်။ အပြောင်းအလဲဖြစ်ပြီလို့လည်း ကျမ မပြောချင်ပါဘူး။ ဒါပေမယ့် ဒါ ကျမကလည်း လူသိရှင်ကြားပြောပြီးသား ဖြစ်ပါတယ်။ “အပြောင်းအလဲဖြစ်နိုင်မယ့်အခြေအနေ ရောက်နေပြီလို့ ကျမယုံကြည်တယ်။ အပြောင်းအလဲဖြစ်နိုင်မယ့် အခြေအနေမှာ ရောက်နေပြီဆိုရင် ဒီအပြောင်းအလဲဟာ ပြည်သူအတွက်အကောင်းဆုံး၊ တိုင်းပြည်အတွက် အကောင်း ဆုံးဖြစ်အောင်လို့ ဘယ်ပုံဘယ်နည်းလုပ်မလဲဆိုတာ လူတိုင်းက တာဝန်သိသိနဲ့ လေးလေးနက်နက်စဉ်းစားရမှာဖြစ်ပါတယ်။ တချို့ကျတော့ ပုံစံ မပြောင်းနိုင်ဘူး၊ […]


chityimhtooJanuary 20, 20121min15517
ယနေ့ည ၁၂ကျော်ခန့်က ရန်ကုန်မြို့ အလုံဆင်မင်းဈေးမှတ်တိုင် အောက်ကြည်မြင်တိုင်လမ်းမကြီးပေါ်ရှိ CCG contruction မှဆောက်လုပ်သော မြကန်သာစားသောက်ဆိုင်ဘေးရှိ ၈ထပ်တိုက်မှာ အောက်ဘက်သို့မြေနိမ့်ဆင်းသွားတဲ့အတွက် နေအိမ်မှလူများရွှေ့ပြောင်းပေးခဲ့ရပါသည်။ တာဝန်ရှိသူများ မီးမောင်းများထိုးပြီးစောင့်ကြည့်နေခဲ့ရသည်။


chityimhtooJanuary 2, 20121min12312
ဒေါက်တာနေဝင်းမောင် သေဆုံးမှုဟာ မြန်မာပြည်က ဆေးလောက ချွတ်ခြုံကျနေပုံကိုမီးမောင်းထိုးပြလိုက်တာဖြစ်ပါတယ်။ နှစ်သစ်ကူးနေမှာသူဟာ ရင်ပတ်အောင့်လာတယ်။ နှစ်သစ်ကူးပါတီကို မိတ်ဆွေတွေနဲ ့ မဆင်နွဲနိင်ပဲ သူကိုယ်တိုင်ကားမောင်းပြီး တေဇပိုင် ဝိဒူရိယ ဆေးရုံးကို သွားရတယ်လို ့သိရတယ်။ ဒီဆေးရုံက ကိုးမိုင်တရုပ်သငြိုင်းကို စစ်တပ်ကသိမ်းပြီးတေဇကို ရောင်းထားတာဖြစ်တယ်။ ဟိုရောက်တော့ ဆေးရုံးမှာဆရာဝန်တွေမရှိပဲ နစ်သစ်ကူးပါတီ ဆင်နွဲနေကြတယ်လို ့သိရတယ်။ ဒါနဲ ့သူဟာ ရန်ကုန်ဆေးရုံကြီးကို ဆက်ပြီးကားမောင်းသွားရတယ်။ ရောက်ရောက်ချင်း ပဲသေဆုံးသွားတယ်လို ့ဆိုပါတယ်။ ဒါဟာမြန်မာ ပြည်က ပြည်သူကျမ်းမာရေးစနစ် ပြိုကျနေပုံကို ကွက်ကွက်ကွင်းကွင်း ဖေါ်ပြလိုက်တာဖြစ်တယ်။ သူလို ့ပြည်စုံပြီး ပေါက်ရောက်တဲ့ လူတယောက်တောင် အဖြစ်ဆိုးနဲ ့ကြုံရတဲ့အတွက် အောက်ခြေဆင်းရဲ သားပြည်သူတွေဟာ နေစဉ် နှလုံးရောဂါနဲ ့ဘယ်လောက်သေနေကြမလဲဆိုတာ မစဉ်းစားဝံအောင်ဖြစ်ပါတယ်။ သူဟာ နှလုံးရောဂါရှိသူဖြစ်တယ်။ ဒါဟာဒုတိယအကြိမ် နှလုံးရောဂါဖေါက်ခြင်း […]


chityimhtooDecember 31, 20111min13310
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှစတုတ္တအကြိမ်ပင့်ဆောင်လာသော ဗုဒ္ဓမြတ်စွယ်တော်သည် မန္တလေးမြို့ မဟာအတုလဝေယံ(အတုမရှိ)ကျောင်းမှာ ၁၆ရက်ယာယီအပူဇော်ခံပြီးဒီဇင်ဘာ ၂၄ရက်နံနက် ရနာရီ တွင် မန္တလေးလေဆိပ်မှတရုတ်လေကြောင်းအထူးလေယဉ်ဖြင့် ပြန်လည်ပင့်ဆောင်သွားပါသည်။တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဗုဒ္ဓမြတ်စွယ်တော်အားရည်စူး လှူတန်းသောအလှူငွေနှင့်လက်ဝတ်ရတနာများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ စွယ်တော်တိုက်ဆရာတော် အားလွှဲပြောင်းပေးအပ်ခဲ့သည်။ လှူဒါန်းမှူ့အစုစုမှာ အမေရိကန်ဒေါ်လာ 39သိန်း နှစ်သောင်းကျော်၊ နိုင်ငံတကာသုံးငွေ ကြေး၆၂မျိုး ၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၉၅၈၂၆၁၆၂ဝ တန်ဖိုးရှိရွှေထည် စိန်ထည် ပတ္တမြားထည်နှင့်အဖိုးတန်ရတနာများ၊ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၆၉၅၉၂၉၈ဝ တန်ဖိုးရှိမိုးကုတ်ကျောင်များ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၅၀၀၀ဝ တန်ဖိုးရှိ စကျင်ကျောက်ဘုရားဆင်းတုတော်၊ ရတနာပန်းပင်၊ရတနာပန်းအိုး၊ သလင်းစိန်ဖူးတော် အဲဗားဝင်းနားကုမ္ပဏီမှလှူဒါန်းသော စွယ်တော်ကျောင်းတိုက် ဗုဒ္ဓရုပ်ပွားတော် ထုလုပ်ပူဇော်ရန်တန်ဖိုးငွေ ယူရို၃သန်းတန် အလေး ချိန် ၈၄၅ကီလိုရှိ ကျောက်စိမ်းအရိုင်းတစ်တုံး၊ကျော်စိမ်းပလ္လင်ထုလုပ်ပူဇော်ရန် ယူရို ၂သိန်းတန် အလေးချိန် ကီလို ၂၇၀ဝရှိကျော်စိမ်းတစ်တုံး၊ ကျောင်းဆောင်ဆောက်လုပ်မှူ့ကုန် ကျငွေနှင့် ဆင်းတုတော်ထုလုပ်မှူ့ကုန်ကျငွေမားအား လွှဲပြောင်းပေးအပ်လှူဒါန်း ခဲ့ကြောင်း […]


chityimhtooDecember 26, 20111min713
ပည်တွင်းဘဏ် လေးခုကို ထိုင်း၊ မလေးရှား၊ စင်္ကာပူနိုင်ငံတို့ကနေ ပြည်တွင်းငွေ လွှဲပို့မှု လုပ်ကိုင်ခွင့် လိုင်စင်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ခွင့်ပြုလိုက်ပါတယ်။ နိုင်ငံခြားမှာ အလုပ်လုပ်နေသူတွေဆီက အခွန်မကောက်တော့ဘူး ဆိုပြီး အစိုးရက ကြေညာပြီးနောက် အခုလို ဘဏ်တွေကနေ ငွေလွှဲလို့ ရလာမယ်ဆိုတဲ့အတွက် ပြည်ပ ထွက်ခွာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေ ပြည်တွင်း ငွေလွှဲပို့တဲ့အခါ ပိုပြီး လွယ်ကူလာနိုင်မလား ဆိုတာကိုတော့ မသိင်္ဂီထိုက်က ပြည်ပမှာ အလုပ်လုပ်ကိုင် နေကြသူတွေနဲ့ မေးမြန်းထားပါတယ်။ ပြည်တွင်းပုဂ္ဂလိက ဘဏ်လေးခုကို ပြည်ပကနေ ပြည်တွင်းငွေလွှဲ လုပ်ကိုင်ခွင့် ဗဟိုဘဏ်က ချထားပေး လိုက်တဲ့အကြောင်း နိုင်ငံပိုင် သတင်းစာကနေ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ကြေညာပါတယ်။ မြန်မာနိုင်ငံသား သန်းနဲ့ချီ အလုပ်လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံ၊ မလေးရှားနဲ့ […]


chityimhtooDecember 23, 20112min1021
တစ်ခါက . . . တောနေ ဒေသရှိ မြို့ရိပ်မြို့ရာ ဝေးလံခေါင်းပါးတဲ့ ဒေသ တစ်ခုမှ ” တောသားလူကြီး ” တစ်ယောက် ကြုံကြိုက်လို့ မြို့ပြကို ရောက်လာသတဲ့။ သူ တစ်ယောက်တည်း ရောက်လာတာ မဟုတ်ပေဘူး။ သူ့ကို လူကြုံ ခေါ်လာတာက သူတို့ ရွာက ” ရွာသူကြီး ” ပါပဲ။ မြို့မှာ နေထိုင်ဖို့ ဆိုတာ အသိ ရှိမှ အဆင်ပြေမယ် မဟုတ်လား။ အခုလည်း ရွာသူကြီးနဲ့ ထိုတောသား လူကြီးက ရွာသူကြီးရဲ့ စီမံမှုကြောင့် မြို့ပေါ်မှာ အခြေကျ နေထိုင်နေတဲ့ ” ပညာတတ် လူကြီး ” တစ်ယောက်ဆီမှာ ခေတ္တ တည်းခိုတယ်။ အဆင်ပြေပါတယ်။ မပြေစရာလည်း […]


chityimhtooDecember 23, 20111min551
(အမျိုးသားများ လည်းသိသင့်ပါတယ်) မိမိတို့၏အတွင်းခံ ေ…ဘာ်လီများကို မဝတ်ခင်လျှော်ဖွတ်ကြပါရန်…. အခုအချိန်မှ စရျ်အမျိုးသမီးများ ခင်ဗျား မိမိတို့၏အတွင်းခံအကျီ င်္များကိုယခုပင် ဝယ်လာသော အသစ်ဖြစ်ပါစေ လျှော်ပီးမှသာ ဝတ်ဆင်သောအကျင့် ကိုမွေးမြူကြပါရန်…. အင်မတန်မှအရေးကြီးပါကြောင်း တင်ပြပါရစေ…. ယဉ်ကျေးမှု သိပံပညာရှင် Susan McKinley ဆိုသူ တောင်အာဖရိကခရီးစဉ်မှ ပြန်လာစဉ် သူမ စတင်သတိထားမိတာကတော့ သူမရဲ့ ညာဖက်ရင်သားပေါ်တွင် အလွန်ကြီးမားသော အစင်းကြောင်းကြီးတခုပင်… ဘယ် သူမှမသိ သူမကိုယ်တိုင်ကလည်း ဒါဟာမကြာခင်ပြန် ပျောက်သွားမယ်လို့လဲ ယုံကြည်လိုက်မိသည့်အခါ…. ဒါပေမဲ့ နာလာတဲ့အခါမှာတော့ သူမဟာဆရာဝန် ပြဖို့ဆုံးဖြတ်ရတော့တာပေါ့။ ရောဂါ အခြေအနေကို သေချာမသိတဲ့အခါကတော့ လည်းဆရာဝန်က ပဋိဇီဝဆေးတွေနဲ့ လိမ်းဆေးတွေသာ ပေးလိုက်ပါတယ်။ အချိ်န်ကြာလာ တာနဲ့အမျှ နာတာဟာ မသက်သာတဲ့အပြင် ပိုယောင်ရမ်းကာ သွေးပင်ထွက်တဲ့အခြေအနေကို ရောက်ခဲ့ပါတယ်… သူမဟာအနာကိုပါတ်တီးစ […]


chityimhtooDecember 10, 20111min30013
ကျွန်တော့်သူငယ်ချင်းနေတဲ့ စမ်းချောင်းမြို့နယ်ရဲ့ အကြီးဆုံး crown နာမည်နဲ့ မာဆက်လုပ်ငန်းတွေလုပ်ကိုင်နေတဲ့ မကြည်ဆိုတာအမျိုးသမီးရေးရာရဲ့ဥက္ကဌကြီးပါဗျာ၊ဝတ်စုံကြီးနဲ့မိန့်မိန့်ကြီးပေါ့။ မသိရင်အမျိုးသမီးရေးရာကဘဲ မာဆက်ဖွင့်စားနေသလားတောင်ထင်မိပါတယ်။ အင်မတန်မှလည်းရှက်ဘို့ကောင်းပါတယ်။တာဝန်ရှိတဲ့လူတွေအနေနဲ့မသိလို့ခွင့်ပြုထားတာလား သိသိနဲ့ခွင့်ပြုထားတာလား။မသိရအောင်လည်းလူတွေဘဲ တိရိစာ္ဆန်တွေမှမဟုတ်တာ။ ဒီမနက်လည်းဒီလောက်ကားတွေ ဂျမ်းဖြစ်နေတဲ့ လမ်းမှာ မာဆက်မိခင်ကြီးနဲ့ မာဆက်ကကောင်မလေးတွေ အကုန်ဖိုးယိုးဖါးယား စကတ်တိုတွေ နီကြောင်ကြောင်တွေနဲ့ လမ်းပိတ်ပြီးထုတ်စီးထိုးနေတာကို ရပ်ကွက်လူကြီးတွေကစောင့်တောင်ပေးနေပါတယ်ဗျာ။ရပ်ကွက်တွေထဲမှာဧည့်စာရင်းစစ်ရင် မာဆက်တွေကိုလုံးဝမစစ်ဘူး ရိုးရိုးအိမ်တွေကိုလိုက်စစ်ကျတယ်။ဒီလို လူ့တိရိစာ္ဆန်ရပ်ကွက်လူကြီးတွေကိုသေချာစီစစ်ပြီး တရုတ်ပြည်လိုသေဒဏ်ပေးသင့်ပါတယ်။


chityimhtooDecember 4, 20111min1536
ညစ်တယ်ညစ်တယ်ညစ်တယ်….လူတွေအားလုံးပါးစပ်ဖျားမှာပြောနေကျတာ….အဆင်မပြေဘူး အဆင်မပြေဘူး အဆင်မပြေဘူး…… အဆင်မပြေရအောင် တစ်ကမ္ဘာလုံးကိုသူတစ်ယောက်ထဲ ကယ်တင်ထားတာလည်း……..မဟုတ် တစ်ကမ္ဘာလုံးကို သူတစ်ယောက်တည်းဒုက္ခခံပြီးရှာကြွေးနေရတာလည်း…………………….မဟုတ် ကိုယ်ပိုင်ဆိုင်ထားတဲ့မိသားစုအဝန်းအဝိုင်းလေးကိုဘဲရှာကျွေးနေရတာပါ….. လူတိုင်းလူတိုင်းမှာမိသားစုဆိုတာရှိပါတယ်…..သူငယ်ချင်း လူတိုင်းလူတိုင်းမှာ သူ့နေရာနဲ့သူအခက်အခဲတွေ ဒုက္ခတွေရှိပါတယ်…. မင်းကသာ ဒီခဲလုံးကြီးမှငါ့ခေါင်းပေါ်ကျလာတယ်…ငါသာလျှင်ကံအဆိုးဆုံးလို့ထင်နေတာပါ…. တစ်ချိန်ထဲမှာဘဲ ဆေးရုံမှာအသက်လုနေတဲ့ လူတွေ …သေရေးရှင်ရေး ပင်လယ်ထဲမှာလက်ပစ်ကူး နေတဲ့လူတွေတစ်ပုံကြီးပါ…… ပစ္စုပ္ပာန်တွင် ကြုံနေသောဒုက္ခများမှာအနာဂတ်တွင် ရီစရာတွေပါသူငယ်ချင်း… မယုံရင် ဆန်းစစ်ကြည့်ပါငယ်စဉ်က ဒုက္ခတွေလည်း ခုတော့တွေးတွေးပြီးရီစရာလေးတွေတောင် ဖြစ်ကုန်ပါပြီ။ မြန်မာပြည်မှာနေတော့လည်းအဆင်မပြေဘူး…နိုင်ငံခြားရောက်ပြန်တော့လည်း အဆင်မပြေဘူး ဒါဆိုရင်မင်းကဘယ်မှာနေမှအဆင်ပြေမှာလည်းသူငယ်ချင်း။ နတ်ပြည် …ဗြဟ္မာပြည်ရောက်တော့ကောအဆင်ပြေပါ့မလားသူငယ်ချင်း…. သေချာတာတစ်ခုကတော့ အဆင်ပြေခြင်း အဆင်မပြေခြင်းဖြစ်နေတဲ့မင်းရဲ့စိတ်ကိုသာ အမြန်ဆုံးပြုပြင်ပြောင်းလဲလိုက်ပါ….. #အမေရိကားကသူငယ်ချင်းတစ်ယောက် မနက်စောစောစီးစီးညဉ်းလို့ ပေါက်ကွဲပြီးရေးလိုက်တာပါ


chityimhtooDecember 3, 20111min1469
အရာရှိထဲကအသိမိတ်ဆွေတစ်ယောက်ပြောသွားတာလေးကိုတော်တော်လေးကိုသဘောကျမိပါတယ်။ဟီလာရီကလင်တန် လာတုန်းက နိုင်ငံခြားကထိုင်ခုံတွေတစ်ခါထဲ ဟီလာရီ ထိုင်ဘို့အတွက် ယူလာပါတယ်။နောက်ဟီလာရီ ကလင်တန် ပြန်တော့ ဒေါ်အောင်ဆန်းစုကြည်ထိုင်ဘို့အတွက် သံရုံးကလက်ဆောင်ပေးတဲ့ အခါ အမေစုက ကျွန်မထိုင်ခုံလိုချင်လို့မဟုတ်ပါဘူး…တိုင်းပြည်အတွက်ဘဲအလုပ်လုပ်ချင်တာပါဆိုပြီး ပြန်ပေးလိုက်ပါတယ်….အင်မတန်သဘောကျစရာကောင်း တဲ့စကားလေးပါ…….


chityimhtooNovember 24, 20111min914
နိုဝင်ဘာ  ၁၇  ရက် ။  ။ နိုဝင်ဘာလ ၁၄ ရက်နေ့  နေ့လည် ၁၁ နာရီ မိနစ် ၄ဝ အချိန်က ကျောက်တန်းမြို့နယ်၊ အလယ်ပိုင်း ရပ်ကွက် မင်းလမ်းမှာရှိတဲ့ စာတိုက်ဝင်း အတွင်းမှာ ရတနာပုံတယ်လီပို့ ကုမ္ပဏီ အစီအစဉ်နဲ့  (အင်တီဂရေးလ် ကုမ္ပဏီ) က တာဝန်ယူ ဆောက်လုပ်မယ့် GSM တယ်လီဖုန်း တာဝါတိုင် စိုက်ထူရန် မြေများ တူးဖေါ်စဉ် ပျူခေတ် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များနဲ့ ရတနာပစ္စည်း အချို့ကို တူးဖေါ်တွေ့ရှိတယ်လို့ သိရပါတယ်။ အဲဒီ GSM တာဝါတိုင် စိုက်ထူရန်အတွက် (အင်တီဂရေးလ် ကုမ္ပဏီ) က လုပ်သား (၆)ဦးနဲ့ ခေါင်းဆောင် (၁)ဦး တို့ကို တာဝန်ပေး ခိုင်းစေခဲ့ရာမှာ နိုဝင်ဘာလ […]


chityimhtooNovember 21, 20111min1132
ဘုရားကိုစေတီကွယ်တယ်တဲ့။ တရားကိုပိဋကတ်ကွယ်တယ်တဲ့။ သံဃာကိုဘုန်းကြီးကွယ်တယ်တဲ့။ ရှေးဆရာတော်ကြီးများမိန့်ကြားခဲ့တဲ့စကားတွေပါဘဲ။ အလွန်ကိုလေးနက်တာမို့သေသေချာချာစဉ်းစားဖို့ကောင်းပါတယ်။ ကျွန်တော်တို့တွေဘုရားမသွားကြဘူးလား၊သွားကြတာပါဘဲ။ရွှေတိဂုံကိုမဖူးကြဘူးလား။ဖူးကြတာပါပဲ။ကျွန်တော်တို့ဘုရား ရှင်ရဲ့ဂုဏ်တော်၊ကျေးဇူးတော်ကိုရည်မှန်းမိသလား၊ ပြန်ပြီးစဉ်းစားကြည့်ပါလား။ရွှေရောင်တစ်ဝင်းဝင်းဖြစ်နေတဲ့ စေတီတော် ကြီးကိုသာအာရုံပြုနေတာပဲ။ဘုရားဆီကိုရောက်မသွားမိဘူး။ဘုရားပေါ်တက်လိုက်ရင်ကောင်မလေးတွေကိုပါလိုက်ကြည့် မိနေတော့ ဘုရားကိုစေတီကွယ်တာမကတော့ဘဲ ကောင်မလေးတွေပါကွယ်သွားတယ်လို့ဆိုရမယ်ထင်တယ်။ ပဓာနထားပြီးပြောချင်တာကတော့ကျွန်တော်တို့တွေဟာလုပ်နေရင်းကိုင်နေရင်းကကိုပဲကိုယ်ဘာလုပ်နေတယ်၊ဘာကြောင့်လုပ်နေတယ်ဆိုတာ မျက်ခြည်ပြတ်လာတဲ့သဘောကိုရှေးဆရာတော်ကြီးများကထောက်ပြလိုက်တာလို့ပဲဆိုရမှာပေါ့။ တရားကိုပိဋကတ်ကွယ်တယ်ဆိုတာကတော့ ဘုရားဟောဒေသနာ ပိဋကတ်တွေကိုကျတ်မှတ်ရွတ်အံနေပြီးပိဋကတ်နှံ့စပ်တာလောက်နဲ့ ကျေနပ်နှစ်သေိမ့်နေလို့တရားတော်အတိုင်းမဂ်ပေါက် ဖိုလ်ပေါက်ဖြစ်အောင်အားထုတ်ဖို့မေ့နေတာမျိုးကိုပြောတာပါ။အက္ခရာများပေါ် မှာပျော်မွေ့မိန်မူးနေတာမျိုးလို့ပဲဆိုကြပါစို့။ သံဃာကိုဘုန်းကြီးကွယ်တယ်ဆိုတာတော့ သံဃာဆိုတာဟာဘုရားတပည့်သားတော်များ၊ဘုရားရှင်ရဲ့အဆုံးအမကိုလိုက်နာပြီး တရားအားထုတ်ခြင်း တရားပြခြင်းစတဲ့လုပ်ငန်းဆောင်တာတွေကိုလုပ်နေတဲ့ ရဟန်းတော်အားလုံးကိုခြုံပြီးပြောတာ။သို့သော်လည်း ကိုယ့်ဘုန်းကြီး၊သူ့ဘုန်းကြီး ဆိုတာမျိုးတွေဘယ်ဘုန်းကြီးကအဆောင်ပေးလိုက်တယ် ဘယ်ဘုန်းကြီးကချဲနံပါတ်ပေးတာကောင်းတယ် ဆိုတာမျိုးတွေဖြစ်လာတတ်တာကိုအားလုံးသိကြတဲ့အတိုင်းပဲ။ဗေဒင်အဟောကောင်းတဲ့ဘုန်းကြီး၊ယတြာအပေးတောင်းတဲ့ဘုန်းကြီး စသည်အားဖြင့်မူလသဘောကြီးပျောက်သွားတတ်တာကိုပြောတာပါ။