ဒီမိုကရေစီ ဆိုတာ ဘာလဲ ? ကျွန်တော်က မသိလို့ မေးကြည့်တာပါ ။ ကျွန်တော့် အပေါ်ကို ဖိနှိပ်ချုပ်ချယ် တာ ၊ ကျွန်တော် မတရားခံနေရတာကို ပြောတာက ဒီမိုကရေစီ မဟုတ်ပါဘူး ၊ အဲဒါက လူ့အခွင့်အရေးပါ။ ကျွန်တော်တို့တွေက လူ့အခွင့်အရေး ကိုတောင် သေသေချာချာ မသိသေးပါဘူး ။ မသိအောင်လည်း လုပ်ထားတယ်လေ ။ ကျွန်တော်တို့ အစိုးရ ကို ညံ့တယ် လို့ ဘယ်သူတွေက ပြောတာလဲ ။ တစ်ကယ်ကတော့ သူက အရမ်းတော်ပါတယ် ။ မညံ့ပါဘူး ။ ညံ့တာက ကျွန်တော် တို့ပါ ။ ( ကျွန်တော်က စာရေးဆရာ တစ်ယောက် မဟုတ်တော့ စကားလုံးတွေကို ဖွဲ့ဖွဲ့ […]


ဒီ စိတ်ကူးက ကျွန်တော် လွန်ခဲ့တဲ့ ၁၅ မိနစ်လောက်ကမှ ရခဲ့တာပါ၊ တခြားဆိုဒ်တွေမှာ ဆိုရင် မန်ဘာ အချင်းချင်း chat လို့ရပါတယ်၊ဒီ ဆိုဒ်မှာတော့ မတွေ့ရလို့ပါ၊ အဲဒါကြောင့်ကျွန်တော် တို့ ဂေဇက် မှာလဲ ချက်လို့ရအောင် လို့ပါ၊ မန်ဘာ အချင်းချင်း တိုင်ပင် လို့လဲ ရ၊ ဆွေးနွေးမယ်ဆိုရင်လဲ အဆင်ပြေ ပါတယ်၊ ဒါက ကျွန်တော့် စိတ်ကူးပါ၊ သူငယ်ချင်း၊ ကိုကို၊ မမ ၊ တို့တွေလဲ ကျွန်တော့် စိတ်ကူး ကိုသဘောကျ မယ်ဆိုရင် MandalayGazettemembers@im.partych.at  ကို invid လုပ်လိုက်ပါ၊ နာမည် ပြောင်းချင်ရင်တော့ /alias *         * ပါ၊ *  *အဲဒီ ကြားထဲမှာ ကိုယ် […]


ကျွန်တော် ရွာထဲကိုမရောက်ဖြစ်တာ ကြာပါပြီ၊ ဒီနေ့ ရောက်တုန်းမှာ kotun winlatt   ရေးထားတဲ့ ပရဟိတ ဆိုတာ ဆိုတဲ့ ပို့စ် ကိုတွေ့တာနဲ့ ကျွန်တော်တက်ရောက်ခဲ့ဖူးတဲ့ ပရဟိတ ကလေးများကို အာဟာရ ကျွေးပွဲ အကြောင်းလေး နဲနဲလောက်ပြောပြချင်လို့ပါ၊ နဲနဲတော့ကြာခဲ့ပါပြီ၊ ကျွန်တော်တို့မြို့မှာပါ၊ နဲနဲ လူကြီးပိုင်းက လူက မြို့နယ် ပရဟိတ ကျောင်းကို အာဟာရ ကျွေးတဲ့ အလျှူ တစ်ခုပြုလုပ်ပါတယ်၊ ကျွန်တော့်ကိုလဲ ဖိတ်တော့ ကျွန်တော်လဲ သွားရပါတယ်၊ ရောက်သွားတော့ မြို့က လူဂုဏ်တန် တွေကို သီးခြား ဧည့်ခံနေတာတွေ့ပါတယ်၊ ဝက်သား၊ ကြက်သား၊  စသည်ဖြင့်ပေါ့လေ (အရောမပါ) တဲ့ဟင်းများနဲ့ ဧည့်ခံနေတာတွေ့ရပါတယ်၊ ကျွန်တော် တောင် ဝမ်းသာပီတိ ဖြစ်မိပါတယ်၊ ကျွန်တော်ကတော့ မလျှူနိုင်တော့ သာဓု […]


ကျွန်တော်က ဆရာချစ်ဦးညို ရဲ့ စကားလေးကိုကြိုက်လို့ ယူသုံးထားတာပါ၊ ကျွန်တော် ကလဲ ကျွန်တော် ခံစားမိသလို ပြောချင်လို့ပါ၊ ဒီလိုပါဗျာ – ကျွန်တော်တို့ မြန်မာလူမျိုးတွေက ခက်တယ်ဗျ အဲဒါကို ဆရာကြီး တွေကလဲ ပြောပြထားတာတွေ အများကြီးရှိပါတယ် ၊ မြန်မာလူမျိုးတွေက ဘာမှန်းမသိရင် ဓါတ် လို့ပြောလေ့ရှိကြပါတယ်၊ ဗူးတော့ဗူးပါပဲ ဒါပေမယ့် အထဲကို ရေနွေးထည့်ထားရင် တော်တော် နဲ့ မအေးတော့တာကြောင့် ဓါတ်ဗူး တဲ့၊ အထဲက ဟာကျတော့ ဓါတ်သား တဲ့၊ ထူးထူးဆန်းဆန်း နဲ့ အလင်းရောင်တွေထွက်နေတော့ ဓါတ်မီး တဲ့၊ ဓါတ်မီး ထဲကို ထည့်တာကျတော့ ဓါတ်ခဲ တဲ့၊ အမျိုးမျိုးပါပဲ ၊ ဓါတ် တို့ နတ် တို့ လေ၊ […]


ကျွန်တော် ငါးနှစ်သားအရွယ်ရောက်သောအခါ ညီကလေးတယောက် ရပါသည်။ ထိုနေ့ကို ကျွန်တော်မှတ်မိပါသေးသည်။ ကျွန်တော်သည် ခါတိုင်းညများတွင် မိခင်နှင့်အတူအိပ်ပြီးအိပ်ရာထဲ၌သေးပေါက်လေ့ရှိပါသည်။ ထိုညတွင်ကား ဖခင်နှင့်အတူအိပ်ပြီးဆီသွားလို သဖြင့်နိုးလာကာ “ဖေဖေ..သေးပေါက်ချင်တယ်…“ ဟုပြောရာ ဖခင်က “ထပေါက်“ဟုပြန်ပြောပါသသည်.. ထိုညမှစပြီး ကျွန်တော်သည် အိပ်ရာထဲတွင် သေးမပေါက်တော့ပါ။ ။ မိုးလင်းသောအခါ ဘန်းကြီးထဲ၌သိပ်ထားသော ညီကလေးကို မြင်သဖြင့် ကိုင်ကြည့်မည်ပြုရာ အစ်ကိုကြီး ( ဦးဘဝင်း) က“ ဟေ့..မကိုင်နဲ့ လက်ပြတ်တယ်“ ဟုပြောသဖြင့် မကိုင်ဘဲ ကျွန်တော်လက်ကိုပြန်ဆုတ်လိုက်ပါသည်။ အစ်ကိုကြီးကား ဟက်ဟက် ပက်ပက် ရယ်ပစ်လိုက်ပါသည်.။ သို့တစေလည်း ကျွန်တော်သသည် ညီကလေးကို မကိုင်ရဲပဲ ဘေးမှ လှည့်ပတ်ကြည့်ရုံသာ ကြည့်ဝံ့ပါသည်။ ။ ညီကလေး တစ်နှစ်ကျော် အရွယ်ရောက်လာသောအခါ နာမည်ပေးရန်စဉ်းစားကြပါသည်။ကျွန်တော်က “ကျုပ်က အောင်သန်းဆိုတော့ သူက အောင်ဆန်းပေါ့ဗျာ“ […]


ခ်စ္ရင္ထူး IINovember 23, 20111min25917
နိုဝင်ဘာ၂၂ရက်၊ည ၉နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာဒုံမြို့နယ်၊ ဝါယာလတ် ပေါက်ကုန်းရပ်ကွက် အပိုင်(၁၀)မဥူသက လမ်း၊ အိမ်နံပါတ်(၂၀၁) ကိုထွန်းလှ+မဘိုမတို့၏နေအိမ်တွင် နံနက်ခင်း၁ဝနာရီခွဲခန့်က နေပြည်တော်မှ ရန်ကုန်မြို့သို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ပင့်ဆောင်လာသော ဂေါတမဗုဒ၏စွယ်တော်မြတ်ပုံတော် ထူးဆန်းစွာ ပေါ်ပေါက်လာကြောင်းသိရှိရ သည်။ ဖြစ်ပျက်ပုံမှာ အဆိုပါအိမ်ပိုင်ရှင် မဘိုမသည် ည(၈)နာရီတွင် MRTV-4မှထုတ်လွှင့်ရာတွင် တရုတ်ပြည်မှပင့်ဆောင်လာသည့် ဗုဒစွယ်တော်အား တီဗွီဖန်သားပြင်မှ ဖူးမျှော်ရစဉ် ကိုယ်တိုင်အနီးကပ်ဖူးမျှော်ချင်သည့်ဟု စိတ်ထဲမှ ဆုတောင်းခဲ့သည်ဟု ဆိုသည်။ ထိုသို့ ဆုတောင်းပြီးခဲ့ပြီးနောက် နေအိမ်ရှိ ဘုရားစင်မှ ပန်း၊ဆီမီး၊အမွှေးတိုင်၊ ရေချမ်း စသည်တို့အားလုံး အသစ်လဲလှယ်ခဲ့ကြောင်း၊ ထိုသို့လဲလှယ်အပြီးတွင် မီးခဏပျက်သွားခဲ့သည်။ မီးပြန်လာချိန်၊ ည(၉)နာရီခန့်တွင် ဘုရားစင်အားရုတ် တရတ်အမှတ်မထင် ကြည့်မိရာ သူမကပ်ထားသည့် သောက်တော်ရေခွက်ထဲတွင် ဗုဒစွယ်တော်နှင့် တထေရာတည်း တူနေသည့် စွယ်တော်ပုံ ထူးဆန်းစွာ ပေါ်ပေါက်နေသည်ကို […]


ခ်စ္ရင္ထူး IINovember 12, 20111min14715
ဒီနေ့မနက် ကျွန်တော် မြို့အပြင်ဖက်သွားတော့ လူစုစု တွေ့တာနဲ့ ရပ်ကြည့်မိပါတယ်။ ဘာများလဲ လို့ပေါ့။ မရောက်ခင်မှာပဲ အော်သံတွေကို ကြားနေရပါပြီ ဝက်အော်သံတွေပါ၊ ကျွန်တော်က ဘာလုပ်နေကြတာလဲ လို့မေးကြည့်လိုက်တော့ … ဝက်ရောင်းတာတဲ့၊ ဝက်ကို ထော်လာဂျီ ပေါ်ဘယ်လိုတင်လဲဆိုတော့ ၊ လွယ်လွယ်လေးရယ်တဲ့ ၊ ဝက်ကိုကြိုးနဲ့တုပ်ပြီး ရှေ့ကတစ်ယောက်ကဆွဲတင်၊ နောက်ကတစ်ယောက်က မတက်ရင်ရိုက်တဲ့။ ကောင်းရောဗျာ ၊ လွယ်လိုက်တဲ့နည်းလမ်း။ ကျွန်တော် စဉ်းစားကြည့်မိပါတယ် ။ ဒီလူတွေ ဝက်နေရာမှာသူတို့ဆိုရင်ဘယ်လိုလုပ်မလဲ လို့ပေါ့။ ကျွန်တော်တို့ လူတွေမှာရော အဲလို လုပ်တာမျိုးတွေမရှိဘူးထင်လို့လား။ သိပ်ရှိတာပေါ့၊ ဒါပေမယ့် လူကတော့ အသိဉာဏ်ရှိတယ်လေ ၊ အရိုက်မခံ ဘဲနဲ့ ကိုယ့်ဟာကို တက်တာပေါ့၊ ဝက်ကတော့ ဘယ်သိမလဲ လွတ်လို့လွတ်ညား ရုန်းကြည့်တာပေါ့။ ရုန်းလေ အရိုက်ခံရလေပဲ […]


ကင်မရာ အကြောင်းဆိုလို့ သိသလောက်ရေးပေးမလို့ မဟုတ်ဘူးနော်။ ကျွန်တော် တစ်ကယ့်ကို သေသေချာချာ မသိလို့ပါ။ ရွာထဲမှာ ကင်မရာအကြောင်းကို ဂဃနဏ သိမယ့်သူရှိနေရင် ကျွန်တော့်ကို နားလည်လွယ်မယ့်နည်းတွေနဲ့ ရှင်းပြပေးစေချင်ပါတယ်။ ကျွန်တော် ကင်မရာ ဝယ်မလို့စုံစမ်းကြည့်လိုက်တော့  ဆိုင်က ဘယ်လိုကင်မရာမျိုးလဲတဲ့၊ နောက်ပြီးတော့ ဘယ်နေရာမှာရိုက်ဖို့လဲတဲ့၊ ကျွန်တော်က အပျော်တမ်းရိုက်ဖို့ပါ။ Nikon ကိုကြိုက်ပါတယ်။ ဈေးနှုန်းကလည်း အသင့်အတင့်နဲ့ပေါ့ဗျာ။ မိသားစုပုံ ရိုက်ချင်တယ်။ သူငယ်ချင်းတွေနဲ့ ရိုက်မယ်။ ပန်းတွေ၊ ဘုရား၊ ယာဉ်၊ သဘာဝရှုခင်းတွေ ရိုက်ချင်တယ်။ အဲဒါကို ဘယ် မော်ဒယ် ဝယ်ရင်ကောင်းမယ်၊ ဘယ်ကင်မရာက ဘာတွေပါမယ်၊ ဘာတွေပိုကောင်းမယ်၊ ဘာကတော့ မကောင်းဘူး……. စသည်ဖြင့်ပေါ့ဗျာ။ ကျွန်တော့်ကို သေသေချာချာ ရှင်းပြပေးစေချင်ပါတယ်။ နောက်ပြီးတော့ အဆစ် အနေနဲ့ ဓါတ်ပုံရိုက်နည်းလေးလဲ သိသလောက်ပြောပြပေးစေချင်ပါတယ်။ […]


     အတွင်း(၃၇) နတ်မင်းများ နတ်ကြီး(၄)ပါး ၁။    ဓတရဋ္ဌ နတ်ကြီး ဂန္ဓဗ္ဗနတ်မျိုးနွယ်ဖြစ်တယ်လို့ဆိုတယ်။ နတ်ဝတ်တန်ဆာ ဆင်ယင်ပြီး လက်တစ်ဖက်က သန်လျှက်ကိုကိုင်တယ်၊ ဒူးကို တစ်ဖက်ထောင်၊ တစ်ဖက်လှဲပြီး ရွှေစည်းခုံစေတည် တော်ကြီးရဲ့ အရှေ့ဘက်မုခ်ကနေ စောင့်ရှောက်တယ်။ ၂။    ဝိရုဠက နတ်ကြီး ကုမ္ဘဏ်နတ်မျိုးနွယ်ဖြစ်တယ်။ နတ်ဝတ်တန်ဆာ ကိုဆင်ယင်ပြီး လက်တစ်ဖက်ကသံလျက် ကိုကိုင်တယ်။ ဒူးတစ်ဖက်ထောင် တစ်ဖက်လှဲပုံစံဖြင့် ရွှေစည်းခုံစေတည်တော်ကြီးရဲ့ တောင်ဖက်မုခ်ကနေ စောင့်ရှောက်နေတယ်။ ၃။     ဝိရှုပက္ခ နတ်ကြီး နတ်နဂါးမျိုးနွယ်ဖြစ်တယ်။ နတ်ဝတ်တန်ဆာကိုဆင်ယင်တယ်။ လက်တစ်ဖက်က သံလျက်ကို ကိုင်ထားတယ်။ ရွှေစည်းခုံ စေတီတော်ကြီးရဲ့ အနောက်ဘက်မုခ်ကနေ စောင့်ရှောက်တယ်။ ၄။    ကုဝေရ နတ်ကြီး နတ်ဘီလူးမျိုးနွယ်ဖြစ်တယ်။ နတ်ဝတ်တန်ဆာကိုဆင်ယင်တယ်။ ဒူးယင် သုံးဆင့်၊  ခြေသုံးချောင်း၊အစွယ်(၈)ချောင်း၊ပါရှိတယ်။ သံတင်းပုတ်ကို ကိုင်ထားပြီ်းရွှေစည်းခုံစေတီတော်ကြီးကို မြောက်ဖက်မုခ်ကနေ […]


၂။ နတ်မင်းကြီး(၉)ပါးနှင့် နတ်စစ်သည် (၂၈) ပါး နတ်မင်းကြီး (၉)ပါး ၁။ ဣန္ဒနတ် (သိကြားမင်း) ၂။  သောမနတ် ၃။ ဝရုဏနတ် ၄။ ဘာရဒွါဇနတ် ၅။  ပဇာပတိနတ် ၆။  စန္ဒာနနတ် ၇။ ကာမသေဋ္ဌနတ် ၈။ ကိန္ဒုဃဏ္ဍုနတ် ၉။ နိဃဏ္ဍုနတ်  တို့ဖြစ်ကြပါတယ်။   မှတ်ချက်။         ။  ၁၂၁၉    ခု၊ ပြာသိုလပြည့်ကျော်(၈)ရက်။ 1859 ခု January လ(1)ရက် ဗုဒ္ဓဟူးနေ့ မှာ ရတနာပုံ မြို့ရဲ့ ထောင့်လေးထောင့်မှာ အုတ်ဂူတည်ပြီး နတ်ရုပ်များထည့်သွင်းခဲ့ပါတယ်။ – ပဇာပတိနတ်ရုပ် – စန္ဒာနနတ်ရုပ် – ကိန္ဒုဃဏ္ဍုနတ်ရုပ် တို့ကို  သွန်းလုပ်ထည့်သွင်းထားခဲ့ခြင်းဖြစ်ပါတယ်။    မြို့စောင့်နတ်များ အဖြစ် နတ်လိပ်ပြာ […]


၁။ ဗြဟ္မာဏဝါဒဆိုင်ရာနတ်များ (၁) ဗြဟ္မာ (၂) ဗိဿနိုး (၃) သီဝ (၄)သူရဿတီ (၅)လက်ချ်မီးဒေဝီ (၆) စန္ဒီ (သို့) ကာလီမယ်တော် (၇) မဟာပိန္နဲ (၈) ခဒဲ (ခေါ်) သကန္တ နတ် (၉) ကိတ္တိမုခ (ခေါ်) ရာဟု နတ် (၁၀) နတ်ကြီး (၁၅ )ပါး ဟူ၍ ဗြဟ္မာဏဝါဒ ဆိုင်ရာနတ် (ဟိန္ဒူ)နတ် ( ၂၄ )ပါးရှိပါသည်။


မြန်မာနိုင်ငံရဲ့ အစောဆုံးကာလတွေမှာ ကိုးကွယ်ခဲ့ကြတဲ့ နတ်တွေကတော့ ဗြဟ္မဏဝါဒီတွေ ကိုးကွယ်တဲ့ နတ်ဒေဝတာတွေဖြစ်ပါတယ်။ အေဒီ ၃ ရာစုမှာ ဟိန္ဒူလူမျိုးတွေက မြန်မာနိုင်ငံထဲကို လမ်းအသွယ်သွယ်ကနေတစ်ဆင့် ရောက်ရှိလာကြရာမှ အယူဝါဒတွေ ကူးစက်ပျံ့နှံ့လာခဲ့တယ်။    အေဒီ(၄)ရာစု ပုဂံခောတ်မှာတော့ ဗုဒ္ဓသာသနာစည်ပင် ထွန်းကားလာခဲ့ပါတယ်။ ဒါပေမယ့် နတ်ကိုးကွယ်မှုကတော့ ပပျောက်မသွားဘဲ မင်းမဟာဂီရိလို ပျူနတ်တွေ၊တောင်ပြုံးမင်းနှစ်ပါးလို ကုလားနတ်တွေ ၊ မောင်ပိုးတူလို မြန်မာနတ်တွေ၊ တိုးချဲ့ကိုးကွယ်ခဲ့ကြပြန်ပါတယ်။ အဲဒီကမှ ဒေသဆိုင်ရာနတ်တွေ ပေါ်ထွန်းလာပြန်တော့ မြင်းဖြူရှင်၊ နဲကရိုင်းမယ်တော် ၊အလုံဘိုးဘိုးကြီး၊ ဦးရှင်ကြီး စတဲ့နတ်တွေကို ကိုးကွယ်လာကြပြန်ပါတယ်။ ဒါကြောင့်နတ်များအကြောင်းကို တစ်စုတစ်စည်းတည်း လေ့လာနိုင်ခွင့်ရစေရန်နှင့် မန္တလေးဂေဇက်မှ သူငယ်ချင်းမိတ်ဆွေကို ဗဟုသုတ ရစေရန်ရည်ရွယ်၍စိတ်ကူးချိုချိုစာပေမှထုတ်စေသော “နတ်အကြောင်းသိကောင်းဇွယ်ရာ”  စာအုပ်မှထုပ်နှုတ်တင်ပြခြင်းဖြစ်ပါသည်။ နတ်စာရင်းကိုခွဲခြားဖော်ပြပေးချင်ပါတယ် ၁။ ဗြဟ္မဏဝါဒဆိုင်ရာ နတ်များ၊ ၂။ နတ်မင်းကြီး(၉)ပါးနှင့် နတ်စစ်သည် […]