cobraSeptember 3, 20131min19410
ယမန်နေ့ညက ပျင်းလို့တိုက်အောက်မှာထိုင်နေတုန်း ဟိန္ဒူကုလားမတစ်ယောက်ကို ရဲသားတစ်ယောက်က မတော်မတရား လုပ်သွားတာမြင်လိုက်ရတယ်…………………..ဂယ်ပြောတာပါ…..ဂယ်ကြီးလုပ်သွားတာ………. ဖြစ်ပုံက………….ဒီလို………….. အဲ့အန်တီကုလားမ ရှင်းရှင်းပြောရရင်တော့လမ်းဘေး ဓာတ်ဆီသည်ပေါ့လေ ဓာတ်ဆီတစ်ဗူးကို မြန်မာငွေ၁၃၀ဝကျပ်နဲ ့ရောင်းပါတယ်  အရင်တုန်းကလဲ ပြည့်သူရဲတွေလာဝယ်နေတာတွေ ့ရတယ် ပုံမှန်ဈေးနဲ့ဝယ်တယ်ပဲထင်နေတာ အမှန်တော့ကျွန်တော်ထင်တာမဟုတ်ဘူး ၂ရစ်နဲ ့ရဲတစ်ယောက် ဆိုင်ကယ်စီးလာပြီး ဆီလာဝယ်တယ် “ကုလားမ ဆီတစ်ဗူးပေးစမ်းတဲ့” သူ့ကြည့်တော့အသက်ကဘယ်လောက်မှမရှိသေးဘူး သူ့အမေ အရွယ်လောက်ကို ခေါ်တာကမိုက်မိုက်ရိုင်းရိုင်း ပြီးတော့လည်း ပိုက်ဆံပေးတာက ၁၀၀ဝ တဲ့ ကျွန်တော်လည်းမနေနိုင်မထိုင်နိုင် သွားမေးလိုက်တော့ သူတို့ကိုက အရင်းတိုင်းပေးရတယ်ဆိုပဲ……. တယ်လည်းမိုက်တဲ့ ယူနီဖောင်းပါလား…………….. သိပ်မကြာခင်အချိန်မှာပဲ နောက်ရဲသားတစ်ယောက်ထပ်ရောက်လာတယ် အရပ်ဝတ်နဲ ့တစ်ယောက်ပါတယ် သူလည်းထုံးစံအတိုင်းပေါ့ ဆီတစ်ဗူးထည့်ပေးဆိုပြီးပြောတယ် ပြီးတော့ သကောင့်သားက ပိုက်ဆံမပေးဘူးဗျာ………. ဒီနေ့ယာဉ်စစ်ရှိတယ်တဲ့ အဲ့ကိုသွားမလို့ဆိုပြီးပြောတယ် ဘာဆိုင်လို့လဲ သူ့ဟာသူ တာဝန်ရှိလို့သွားစစ်တာပဲ ဓာတ်ဆီအလကားထည့်တာနဲ ့ဘာဆိုဘာမှမဆိုင်ပါဘူး အဲ့ဒါတင်မကသေးဘူး […]


cobraFebruary 3, 20131min16112
ကျွန်တော့်ရဲ ့ခေါင်းစဉ်နဲ့ညီအောင်မပျင်းတော့ဘူးလို့ဆုံးဖြတ်ထားပင်မယ့် ဒီစာကိုအကြမ်းရေးနေတဲ့ပုံစံကိုကခုတင်ပေါ်မှာမှောက်လျက်လေးခွေခေါက်ပြီးအကြမ်းရေးနေတာပါ။အဲ့လောက်ပျင်းတဲ့ကျွန်တော်ပါ။ အရင်ကလိုစာပြန်ရေးပြန်တင်တော့မယ်လို့စိတ်ကူးလိုက်ရတဲ့အချက်ကတော့မနေ့ညနေကတိုက်ဆိုင်မှုနဲ့အားပေးမှုတွေကြောင့်ပါပဲ။ မနေ့ညနေကပေါ့…….. ကျွန်တော့်သူငယ်ချင်းကလည်းလခလေးထုတ်ခါစငွေလေးရွှင်နေတော့ဘူတာရုံလမ်း ဝင်းမှာ တိုက်မယ်ဆိုပြီး အိမ်လာခေါ်ရော အဲ့ဒါနဲ့ပဲ၂ယောက်သားသွားကြတာပေါ့လေ။ဝင်းဘီယာဆိုင်ထဲလဲဝင်ရော…..အဲ့ဒီမှာစတွေ ့တာပဲ ခပ်လှမ်းလှမ်းကနေစတွေ ့လိုက်တာကတော့လေးမိုက်(ခေါ်)ကြီးမိုက်ပါပဲ၊လေးမိုက်ဘေးမှာထိုင်နေတာကတော့အသားညိုညိုရုပ်ခန့်ခန့်နဲ ့ လူကိုတော့ကျွန်တော်မသိသေးပါ။ကျွန်တော့်ကိုကျောပေးထိုင်နေတာကတော့သေချာတယ်ကြောင်ဝတုတ်(ခေါ်)ဖက်တီးကတ်ပါ။လေးမိုက်ကနှုတ်ဆက်တာနဲ ့ ဝင်ထိုင်မိလိုက်ပါတယ်။အဲ့တော့မှဘေးကတစ်ယောက်ကိုလေးမိုက်မိတ်ဆက်ပေးလိ့သိလိုက်ရပါတယ်။လေးဘလက်(ခေါ်)ဘလက်ချောပါတဲ့၊ တွေ ့ဆုံပွဲတုန်းကတောင်မတွေ ့လိုက်ရတဲ့သူကိုတိုက်တိုက်ဆိုင်ဆိုင်ဘီယာဆိုင်မှာလာတွေ့နေပါတယ်။ကျွန်တော့်အဖေအရွယ်၊ကျွန်တော့်ဦးလေးအရွယ်တွေနဲ ့တစ်ဝိုင်း ထဲထိုင်ပြီးတူတူသောက်ဖို့ဆိုတာကျွန်တော်ဝန်လေးနေမိပါတယ်။လေးဘလက်က အားပေးစကားပြောတော့မှကျွန်တော်သောက်ရဲတာ “မင်းပုံစံကြည့်ရတာငါတို့ကိုအသက်ကြီးလို့မင်းကတစ်ခုခုဖြစ်နေသလိုပဲ၊ငါတို့ကအသက်တွေသာကြီးတာစိတ်တွေကငယ်သေးတယ်လွတ်လွတ်လပ်လပ်သာချပါ” တဲ့အဲ့တော့မှဒီကကောင်ကလည်းသောက်လိုက်တယ်၂ခွက်၊ပျော်ဖို့ကောင်းပါတယ်မှတ်သားစရာစကားတွေလည်းရလိုက်ပါတယ်။ကျွန်တော့်ကိုလည်းစာရေးဖို့ တင်ဖို့တိုက်တွန်းအားပေးကြပါတယ်။ကျွန်တော်အိမ်ရောက်တော့ပြန်စဉ်းစားလိုက်တယ်ငါလည်းပျင်းမနေတော့ဘူး စာပြန်ရေးတော့မယ်လို့….။ ကျွန်တော်စာမတင်ဘူးဆိုတာကလည်း ကျွန်တော်ကတင်ချင်တာပဲသိတာလေစာရေးတတ်တာမှမဟုတ်တာ၊အဲ့တော့စာကဖတ်နေရင်းနဲ့ဟိုရောက်လိုက်ဒီရောက်လိုက် ဖြစ်နေတာဆိုတော့ဖတ်ပေးတဲ့သူတွေကိုလည်းအားနာတယ်၊အရင်တုန်းကသိပ်မရှက်ပင်မယ့်နောက်ပိုင်းကျတော့ တကယ့်အရေးအသားရောဖတ်လို့ကောင်းအောင်ဆွဲဆောင်မှုရှိအောင်ရေးနိုင်တဲ့သူတွေရွာထဲမှာများလာတော့ကျွန်တော်လည်းရှက်လာတယ်အဲ့ဒါကြောင့်မရေးတော့ပဲ သူများရေးတာဖတ်တယ်၊ပညာယူတယ်၊commentပေးတယ်။ကျွန်တော်ကအသက်ငယ်တော့ပညာနုသေးတယ်လေ အသက်လေးကခုမှ ၂ဝ ရယ်၊ဘေးမှာကလည်း ထိန်းကျောင်းပေးမယ့်ချစ်သူ၊ရည်းစားကလဲမရှိသေးဘူးဖြစ်နေတော့…………………………….. တစ်ချို့လူတွေရဲ ့အကြောင်းလေးတွေနည်းနည်းတော့သိလိုက်ရတယ် ကျွန်တော်လည်းဖောက်သည်ပြန်ချ ချင်လို့ပါ။ red label4.5clကိုတစ်ညထဲနဲ့ကုန်အောင်သောက်တယ်ဆိုပဲ၊ဘယ်သူတွေလဲတော့မသိတော့ပါဘူး။green label လည်းထောင်သေးတယ်တဲ့။ နောက်ဆိုအဲ့လိုပွဲမျိုးတွေရှိရင်လက်တို့လိုက်ကြပါဦး။ သားလည်းသောက်တတ်တယ်ဗျ………။နော်…………နော်လို့………………။                   […]


cobraOctober 9, 20121min23511
ယနေ ့ညရး၁၅အချိန်လောက်တွင်ကောင်းကင်မှထူးဆန်းသောအလင်းတန်းများထွက်ပေါ်နေပါသည်။ ထိုအလင်းတန်းများသည်ရး၃ဝလောက်တွင်ပိုနီးလာသည်ဟုထင်ရလောက်အောင်ပင်ဖြစ်လာပါသည်။ ဘာအလင်းတွေမှန်းမသိရတော့ ကြည့်နေသောလူတော်တော်များများ ပြောကြသည်မှာစလိုက်မီးထိုးနေတာသည်ကောက်ချက်ချနေကြသည်။ စလိုက်မီးသည် ကောင်းကင်မှာထင်ရလောက်အောင်ပင် အဝေးသို့ရောက်နိုင်သလား ရွှေတိဂုံစေတီနှင့်လှည်းတန်းကုန်းကျော်တံတားတည်ဆောက်နေရာတွင်သုံးသော စလိုက်မီးကြီးများသည်တောင် ကောင်းကင်တွင်အထင်းသားမပေါ်ပါ။သိသောပညာရှင်များ ပြောပြပေးစေလိုပါတယ်။ အလင်းများက၁ခုတည်းမဟုတ်ပါ ၃၊၄ခုလောက်ရှိသည်။အလင်းများသည်ငြိမ်နေခြင်းလည်းမဟုတ်ပါ စက်ဝိုင်းပုံရွေ ့လျားနေခြင်းဖြစ်သည်။


cobraSeptember 2, 20111min20115
ကျွန်တော်ဒီပိုစ့်ကိုတင်တာကတော့ အဖော်စောင်ထားစို့ နဲ ့ပက်သတ်ပြီး ဘာလို့ဒီလိုပိုစ့်တွေတင်နေရတာလည်းဆိုတာနားမလည်ပဲထင်ကြေးနဲ ့ကျွန်တော့်မိဘကိုပါပုတ်ခတ် ပြီးပြောတဲ့သူကြောင့်ပါ။ ကျွန်တော့်မှာအကိုဝမ်းခွဲတစ်ယောက်ရှိခဲ့တယ်…အရမ်းလည်းချစ်တယ်အကိုအရင်းထက်တောင်ချစ်တယ်။ သူ့နာမည်က ရဲမြတ်ခိုင် ကျွန်တော်ကတော့ အကိုကြီးကိုရဲလို့ခေါ်တယ်။ ကျွန်တော့်နဲ့ဆို၁ရနှစ်လောက်ကွာတယ်…သူလည်းကျွန်တော့်ကိုအရမ်းချစ်တယ်။ သူ့ပုံစံကအရပ်က၆ပေကျော်တယ်….ဗလတောင့်တယ်..မျက်လုံးအကြည့်ကစူးတယ်။ တော်ရုံတန်ရုံမိန်းမလောက်ကတော့မျက်လုံးနဲ့တောင်ကြွေတယ်။ စော်လည်းအရမ်းကြည်တယ်…အဲဒါကြောင့်လည်းသေခဲ့ရတာပေါ့။ သူအမြဲပြောတဲ့စကားကိုမှတ်မိသေးတယ်….. မင်းအမေမွေးထားတာယောက်ျားလေးတဲ့ မူးယစ်ဆေးဝါးကလွဲရင်ကျန်တာမလုပ်ဖူးတာမရှိစေနဲ ့ ဒါပေမယ့် အလွန်အကျွံမဖြစ်စေနဲ့တဲ ့။ သူပြောတဲ့စကားကိုအရမ်းကြိုက်တယ် အခုထိလည်းလိုက်နာနေတုန်းပါပဲ။ ကျွန်တော်ကိုမကောင်းတာတွေမလုပ်ဖို့လည်းအမြဲဆုံးမတယ်။ ကလေးတုန်းကဆိုသူပဲကျွန်တော့်ကိုထိန်းခဲ့တာလေ။သူ့လက်ပေါ်မှာကြီးခဲ့တာပေါ့။ ကျွန်တော့်ကိုအဖေရိုက်ရင်လည်းသူပဲအမြဲခံပေးနေကျ။ KTV ဆိုတာလည်းကျွန်တော်၉တန်းလောက်မှာသူခေါ်သွားဖူးတယ်။ မင်းတစ်ခေါက်ရောက်ပြီးပြီနောက်မသွားနဲ့တော့တဲ့။ ကျွန်တော်သွားတာသိသွားတော့ကျွန်တော့်ကိုထိုးပါလေရော….။ နေရာတော်တော်များများလည်းခေါ်သွားဖူးတယ်။သူ့ကြောင့်လည်းလိုင်းစုံခဲ့တယ်။ တစ်ခုမှတော့မဆွဲခဲ့ဘူး။မူးယစ်ဆေးဝါးတော့မသုံးခိုင်းဘူး။သူကိုယ်တိုင်လည်းမသုံးဘူး။ လိင်ကိစ္စကျတော့မင်းငယ်သေးတယ်မင်းကိုမခေါ်သွားဘူးတဲ့။သူတစ်ယောက်တည်းသွားတယ်။ မာဆွတ်လို့ခေါ်တဲ့အပြီးပေါက်တွေပေါ့။သူအဲဒီမှာစပြီးရောဂါပါလာတယ်။ HIV/AIDS တဲ့ သူဖြစ်နေတဲ့အချိန်မှာကျွန်တော့်ကိုအရင်ပြောပြတယ်။ သူဆုံးသွားတော့ အသက်က၃၃နှစ်ပဲရှိသေးတယ်။ ငယ်သေးတယ်လို့ပြောရမှာပေါ့။ဒီရောဂါနဲ ့သေတယ်ဆိုရင်ထုံးစံအတိုင်းပေါ့ ပတ်ဝန်းကျင်…စောက်သုံးမကျတဲ့ပတ်ဝန်းကျင်ကကဲ့ရဲ ့ကြတယ်။ ကျွန်တော်တို့လမ်းထဲမှာကအမျိုးတွေများတယ်။ သူ ့တိုက်ကကျွန်တော်တို့အိမ်ရဲ ့မျက်စောင်းထိုးမှာရှိတယ်။ဝရံတာထွက်ပြီးဂစ်တာတီးတာခုထိမျက်လုံးထဲမြင်နေတုန်းပဲ။ ဒီလောက်ပဲပြောပြတော့မယ်ဗျာ….. 🙁 ကျွန်တောအရမ်းချစ်တဲ့အကိုတစ်ယောက်ဒီလိုရောဂါနဲ ့သေသွားရတယ်ဝမ်းနည်းလို့မှ မဆုံးသေးဘူး ဘေးပတ်ဝတ်းကျင်ကအပြောတွေခံရတယ်… […]


cobraSeptember 2, 20111min41120
ကဲ…..ဒုတိယတစ်ယောက်အလှည့် သူ့အကြောင်းရေးဖို့သူ့ဆီကခွင့်ပြုချက်တောင်းတာသူကပထမတော့မပေးဘူး။ ကျွန်တော်လည်းချုပ်ကတာပေါ့။မင်းအကြောင်းကိုဥပမာပေးပြီးကျန်တဲ့လူငယ်တွေဆင်ခြင်အောင်လို့ပေါ့ မင်းလည်းကူညီရာရောက်တယ်ပေါ့လို့ပြောမှသူကလက်ခံတယ်။အေးရေးကွာတဲ့.. ဒါပေမယ့်နာမည်တော့ထည့်မရေးနဲ့တဲ့….(အေးလေသူလည်းရှက်မှာပေါ့။) သူကကျတော့တစ်မျိုးဗျ………. ကျွန်တော်တို့ကမူးရင်ကလပ်မှာသွားကချင်တယ်။သူကမဟုတ်ဘူး မူးရင်အောက်သွေးတက်တယ်(လိင်ဆက်ဆံလိုခြင်း)။ သူသွားတိုင်းလည်းကွန်ဒုံးသုံးပါတယ်။အဲကျွန်တော်တို့အဖွဲ ့ထဲမှာအသက်(၃၀)ဝန်းကျင် လောက်အကိုတစ်ယောက်ရှိတယ်။သူ့အကြောင်းလည်းဆက်ရေးပေးမှာပါသူ့ခွင့်ပြုချက်မရသေးလို့ပါ။ အဲဒီအကိုရဲ ့အတွေးတွေကလူငယ်တွေကိုလမ်းမှားရောက်စေတယ်။ သူ့ကြောင့်လည်းကျွန်တော့်သူငယ်ချင်းစိတ်ရူးပေါက်ပြီးမလုပ်သင့်တာလုပ်လိုက်တာပေါ့။ ကျွန်တော့်သူငယ်ချင်းလို့ပြောပင်မယ့်သူ့အသက်က(၂၅)ပါကျွန်တော့်ထက်ကြီးတယ်။ အဲ…ခုနကပြောခဲ့သလိုပေါ့ သူသွားပြီးစိတ်ဖြေတိုင်းကွန်ဒုံးသုံးတယ်။ဒါပေမယ့်တစ်ညကျတော့ သူသွားတယ်….. ပြီးတော့ကွန်ဒုံးသုံးပြီးအမြဲနေနေရတာများနေပြီတဲ့ ဒီတစ်ခါတော့မသုံးပဲနေရင်ဘယ်လိုအရသာလည်းဆိုတာသိချင်တယ်ဆိုပြီး သူကွန်ဒုံးမသုံးလိုက်ပါဘူး။ မှတ်ထားကြပါ…..။ ဒါလုံးဝမလုပ်သင့်တဲ့အချက်ပါလုံးဝကိုမလုပ်သင့်ပါဘူး။ မစမ်းသပ်သင့်တဲ့အလုပ်လို့လည်းမပြောလိုပါဘူး။ကိုယ့်အိမ်ထာင်ဘက်ဆိုရင်တစ်မျိုးပေါ့။ အခုဟာပြည့်တန်ဆာလေ…..သူသုံးနေကျပြည့်တန်ဆာမလေးပေါ့….။ သူအခုတော့လန့်နေပြီလေ….။ ကျွန်တော်တို့တစ်ဖွဲ ့လုံးမှာတူတာတစ်ခုကတော့ဘယ်သွားသွား အိတ်ထဲမှာတော့ကွန်ဒုံးအမြဲဆောင်တယ်ဒါကရှက်ရမယ့်ဟာမှမဟုတ်တာပြီးတော့ အကုန်အသက်ပြည့်ပြီးသား။စာဖတ်ပရိသတ်ကြီးလဲအိမ်ထောင်ရှိရှိမရှိရှိအပြင်သွားရင်အမြဲဆောင်ထားပါ။ အိမ်ထောင်ရှင်မမများကလည်းကိုယ့်အိမ်ထောင်ဘက်ကိုနားလည်ပေးကြပါ။ ဆောင်ထားခိုင်းပါ။ဘာလို့လဲဆိုတော့ သူတို့ကယောက်ျားတွေလေယောက်ျားတွေဖြစ်နေလို့ပေါ့။ မိန်းကလေးတွေရဲ ့အထိအတွေ ့ကိုဘယ်ယောက်ျားမှကြာရှည်တောင့်ခံနိုင်စွမ်းမရှိသလို ယောက်ျားလေးတွေရဲ ့အထိအတွေ ့ကိုလည်းဘယ်မိန်ကလေးမှတောင့်မခံနိုင်ပါဘူး။ ကိုယ်ချင်းစာပေးကြပါ…။ ယောက်ျားလေးဆိုတာကြီးကြီးငယ်ငယ်သူငယ်ချင်းတွေနဲ ့တွေ ့ရင်အပျော်အပါးဘက်ကိုရောက်ကြတာများပါတယ်။ သောက်မယ်စားမယ။်ပြီးရင်မူးကြမယ်။မူးပြီးရင်မှားကြမယ်။ဒါကြောင့်အိတ်ထဲမှာကွန်ဒုံးအသင့်ရှိနေတော့ အန္တရာယ်မဖြစ်နိုင်တော့ဘူးပေါ့။ကိုယ့်ယောက်ျားကိုမယုံရင်ကွန်ဒုံးမှာEXP date ပါတယ်မှတ်ထားပေါ့ ဒါမှသူလဲယူလာလို့မရမှာ။ ဒီလိုမှမမှတ်ထားရင်ညဘက်တုန်းကသုံးပြီးမနက်မှအသစ်ဝယ်လာလိမ့်မယ်။ ကဲကိုကိုများကဆောင်ထားကြပါ။မမများကနားလည်ပေးကြပါ။ ခုလိုမိုးရာသီမှာဆိုပိုတောင်အသုံးဝင်သေးတယ်။ ဘာလို့ဆို ဟန်းဖုန်းလေးတွေကိုင်ပြီးမိုးရွာတဲ့အခါမှာဒုက္ခရောက်ကြပါတယ်။ ဒါ့ကြောင့်ကွန်ဒုံးကိုဟန်းဖုန်းရဲ ့အိတ်အဖြစ်လည်းအသုံးပြုနိုင်ပါတယ်ရေမစိုတော့ဘူးပေါ့….။ […]


cobraSeptember 1, 20111min20625
ခေါင်းစဉ်ကြီးကိုဖတ်ပြီးတော့ကြေညာလို့တော့မထင်နဲ့နော်….။ ဒီခေတ်လူငယ်တွေနဲ့အဖော်(ကွန်ဒုံး)ကိစ္စလေးနည်းနည်းလောက်ပြောပြချင်လို့ပါ။ကျွန်တော်လည်းလူငယ်တစ်ယောက်ပါပဲ။အပေါင်းအသင်းများတဲ့လူငယ်ပေါ့။ သူတို့အကြောင်းလေးတွေဖောက်သည်ချရင်းနဲ ့ဆောင်ရန်၊ရှောင်ရန်လေးတွေပါမှတ်ထားကြပေါ့။ ရောဂါတွေများပါတယ်ဆိုတဲ့ခေတ်ထဲမှာတာင်လူငယ်တော်တော်များများကအကြောက်အလန့်မရှိကြသလိုပါပဲ။ လူငယ်တွေအတွက်အပျော်အပါးနေရာတွေကလည်းအများကြီးရယ်..။ နိုက်ကလပ်တွေ၊မာဆတ်တွေ၊မာဆွတ်(အပြီးပေါက်)တွေ၊KTV တွေပေါ့။ ဒီထဲမှာမှနိုက်ကလပ်ကအဆိုးဆုံးပါပဲ………. မြို့နယ်ပေါင်းစုံကလူငယ်တွေကိုတွေ ့နိုင်တာလည်းဒီနေရာမှာပါပဲ။ ကလပ်လာကြတယ်ပြီးရင်အတွဲလေးတွေနဲ ့သွားအိပ်ကြတယ်။ ပြည့်တန်ဆာမလေးတွေကလည်းချောသကိုးဗျ…။ အသက်အငယ်ဆုံးက၁၅၊၁၆လေးတွေသနားဖို့တော့ကောင်းပါတယ်။ ကဲထားပါ။ကျွန်တော့်သူငယ်ချင်းတစ်ယောက်ဖြစ်ပုံကိုပြောပြမယ်။ ကလပ်မှာကောင်မလေးတစ်ယောက်နဲ့တွေ ့တယ်သူကကလပ်ကပြည့်တန်ဆာတော့မဟုတ်ပါဘူး။ အပြင်ကလာတာ ကျွန်တော်သူ့ငယ်ချင်းနဲ့ချိတ်မိကြပါလေရော….။ ပြန်တော့သူတို့သွားအိပ်ကြတယ်လေ။ အခန်းထဲရောက်တော့နှစ်ယောက်တည်းရယ်……..။ ဒီလိုပဲပေါ့ချစ်ခန်းဝင်ဖို့အစပျိုးနေကြတဲ့အချိန်မှာဟိုကောင်ကအဖော်(ကွန်ဒုံး)ကိုဖောက်လိုက်ရော… ကောင်မလေးကဖောက်တာကိုသိသွားတော့ဘာပြောတယ်မှတ်လဲ………။ အဲဒါသုံးရင်သူနဲ့မနေနဲ့တဲ့ကြည့်ပါဦးဗျာ…..ဘယ်လိုမိန်ကလေးပါလိမ့်။ဒီနေ ့မှတွေ ့တဲ့ယောက်ျားတစ်ယောက်ကိုသန့်လားမသိ မသန့်လားမသိနဲ့အကာအကွယ်မသုံးခိုင်းဘူး။ဒါကိုဟိုကောင်ကလည်းရယ်တော့ရယ်ရတယ်ဗျ။ ဟိုကပြောတာတစ်မျိုး သူကတွေးတာတစ်မျိုးကွန်ဒုံးကိုအဖော်တံဆိပ်သုံးလို့သူနဲ့မနေနဲ့ပြောတာထင်လို့တဲ့။နိုင်ငံခြားဖြစ်သွားဝယ်လေရဲ ့။ အဖော်ကဈေးပေါတယ်လေ။ ပြန်လည်းရောက်ရောတန်းမေးပါလေရော….. “နင့်ကငါ့ကိုမယုံလို့လားတဲ့” ဘုရားရေ…..ဟိုကောင်ကယုံရရဲ ့လား၊မယုံရဘူးလားတော့သူ မစဉ်းစားပဲနဲ ့ သူကတောင်ပြန်မေးလိုက်သေးတယ်။ ကျွန်တော့်သူငယ်ချင်းလည်းဘာလုပ်ရမှန်းမသိဖြစ်သွားတာပေါ့……။ ဘာဆက်ဖြစ်မယ်ထင်လဲ….. ဟိုကောင်ကမူးနေတယ်၊ကောင်မလေးကဖြူတယ်၊လှတယ်။ တဏှာရာဂမီးကခေါင်းထဲကဖောက်ထွက်တော့မယ်အချိန်ဆိုတော့ကွန်ဒုံးမသုံးဘဲနေလိုက်ပါလေရော။ သူအခုအရမ်းလန့်နေပီပေါ့…………………..။ (ကိုရီးယားကားကိုကြိုက်တဲ့သူတွေအတွက်ကျွန်တော်လည်းကိုရီးယားကားလို အပိုင်းလေးတွေခွဲပြီးဆက်လက်တင်ပြပါမည်။)ကျွန်တော်တင်ပြသည်ကိုမြင်ကဆွဲမစိတ်ရ…. 😛 စာအရေးအသားကြမ်းရင်ခွင့်လွှတ်ပါ။  


cobraJune 14, 20111min18611
လူအတော်များများပြောနေကြတဲ့တောက်တဲ့အကြောင်းလေးသိချင်ပါတယ်။ ဘာအကြောင်းကြောင့်တောက်တဲ့ကိုဈေးကောင်းပေးဝယ်နေကြပါသလဲ။ ရန်ကုန်မှစီးပွားရေးသမားကြီးများတောင်နယ်ဘက်အထိဆင်း ကာတောက်တဲ့များအား အမိအရဝယ်ယူနေကြပါတယ်။ ကျွန်တော်အဒေါ်တောင်ငူမှပြောပြချက်အရ ရန်ကုန်ကလူတွေလာတာများတယ်တဲ့ လာရင်လည်းတောက်တဲ့အကြောင်းပဲပြောနေကြတယ်တဲ့ တောက်တဲ့ဈေးကောင်းရနေတာဘာကြောင့်ပါလဲ….။ သိတဲ့အကို၊အမများဖြေပေးစေချင်ပါတယ်..။


cobraMay 18, 20111min56
အမည်-လှမင်းထွန်း မိဘအမည်-ဦးလှသွင် +ဒေါ်နီနီလွင် မှတ်ပုံတင်အမှတ် – ၁၂/တဒဂ (နိုင်) ဝ၅၃၂၇၀ အသက်    – ၂၆ နှစ် မွေးနေ့   – ၃ဝ . ၁၀.၁၉၈၅ ပညာအရည်အချင်း – B.SC <http://b.sc/> <http://b.sc/> (Geology) အလုပ်အကိုင် – အငယ်တန်းစာရေး ( ဧရာဝတီဘဏ်) နေရပ်လိပ်စာ – အမှတ်( ၂၅၆၃ (က) ၊ ဗညားဒလလမ်း၊(၇၁)ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်။ Phone Number    – 01 707914/ 0973125734 ပထမဆုံး ဒီလူရဲ့ biography ကို အရင်ပြောပြထားတာပါ။ ဒီကောင် အရင်က မြေတိုင်းအလုပ်သမား အလုပ်ကမရှိတာ များတယ်။ […]


cobraMay 18, 20111min48
ဒီနေ့ ပြန်လွတ်လာတဲ့ အကျဉ်းသား ၁၄,၆၀ဝ ထဲမှာ နိုင်ငံရေး အကျဉ်းသား ၃ဝ ကျော် ပါဝင်လာပါတယ်။ အဲဒီအထဲမှာ ၂၀၀၈ ခုနှစ်တုန်းက အဖမ်းခံခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသား၊ ဟစ်ပ်ဟော့ပ် (Hip Hop) အဆိုတော် ဇေယျာသော်လည်း ပါပါတယ်။ ဇေယျာသော်ဟာ ကော့သောင်းထောင်က ဒီနေ့ပဲ ပြန်လွတ်လာတာပါ။ ကော့သောင်းထောင်မှာ ကျန်းမာရေး စောင့်ရှောက်မှု သိပ်ပြီး ညံ့ဖျင်းနေတယ်လို့ ဆိုပါတယ်။ ဇေယျာသော်ဟာ Generation Wave လို့ခေါ်တဲ့ မျိုးဆက်သစ် လူငယ်များ အစည်းအရုံးက ခေါင်းဆောင်တဦးဖြစ်ပြီး သူ့ကို နိုင်ငံခြားငွေ ကိုင်ဆောင်မှု၊ တရားမဝင် အသင်းဖွဲ့စည်းမှုတွေနဲ့ ဖမ်းဆီးခဲ့တာပါ။ အကျဉ်းထောင်အတွင်း ဘယ်လိုအခြေအနေတွေ ကြုံခဲ့ရသလဲ ဆိုတာနဲ့ အဆိုတော် ဇေယျာသော် ပြန်လွတ်လာပြီးတဲ့နောက် ဘာတွေ ဆက်လုပ်မလဲ […]


cobraMay 17, 20111min64
အမည်-လှမင်းထွန်း မိဘအမည်-ဦးလှသွင် +ဒေါ်နီနီလွင် မှတ်ပုံတင်အမှတ် – ၁၂/တဒဂ (နိုင်) ဝ၅၃၂၇၀ အသက်    – ၂၆ နှစ် မွေးနေ့   – ၃ဝ . ၁၀.၁၉၈၅ ပညာအရည်အချင်း – B.SC <http://b.sc/> <http://b.sc/> (Geology) အလုပ်အကိုင် – အငယ်တန်းစာရေး ( ဧရာဝတီဘဏ်) နေရပ်လိပ်စာ – အမှတ်( ၂၅၆၃ (က) ၊ ဗညားဒလလမ်း၊(၇၁)ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်။ Phone Number    – 01 707914/ 0973125734 ပထမဆုံး ဒီလူရဲ့ biography ကို အရင်ပြောပြထားတာပါ။ ဒီကောင် အရင်က မြေတိုင်းအလုပ်သမား အလုပ်ကမရှိတာ များတယ်။ […]


cobraMay 13, 20111min57
ပျောက်ကွယ်နေသည်မှာ ကြာပြီဖြစ်သည့် ကြက်ဥအတုများသည် ယခုနှစ်တွင် ဈေးကွက်အတွင်းသို့ တစ်ကျော့ပြန် ဝင်ရောက်လာပြီဖြစ်ကြောင်း ကိုယ်တွေ့ကြုံသူများ က ပြောသည်။ ကြက်ဥအစစ်နှင့်ယှဉ်လျှင် ကြက်ဥအရောင်ဖျော့ကာ အရွယ်အစားလည်း ပိုကြီးကြောင်း၊ အလေးချိန်မှာ လည်း သာမန်ကြက်ဥထက် အနည်းငယ်ပေါ့နေပြီး လှုပ်ကြည့်သည့်အခ%


cobraMay 13, 20111min86
ပတ်ဝန်းကျင်ညစ်ညမ်းမှု ထိန်းသိမ်းနိုင်ရေးအတွက် ကြွပ်ကြွပ်အိတ်များ သုံးစွဲခြင်းနှင့် လက်ဝယ်ထားရှိ ခြင်းများကို ၂ဝ၁၁ ခုနှစ် မေလ ၁၄ ရက်မှစ၍ ခွင့်ပြုတော့မည် မဟုတ်ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ တာဝန်ရှသူတစ်ဦးက ပြောသည်။ မိမိလက်ဝယ်တွင်ရှိသော ကြွပ်ကြွပ်အိတ်များအား မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးများသို့ အပ် နှံသွားရန်နှင့် ဆက်လက်သုံးစွဲမှုမပြုရေး လိုက်နာဆောင်ရွက်ကြရန် ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီမှ အသိပေးနှိုးဆော်ထားကြောင်း သိရသည်။ ”မြို့တော်စည်ပင်ကနေ ဧပြီ ၂၁ ရက်နေ့က ပလတ်စတစ်စက်ရုံ ပိုင်ရှင်တွေကို ခေါ်ယူဆွေးနွေးပြီးတဲ့ နေ့ကတည်းက ကျွန်မတို့ဆိုင်မှာရှိတဲ့ ကြွပ်ကြွပ်အိတ်လက်ကျန်တွေကို အကုန်လုံးပေးလိုက်ရပြီ။ ကျွန်မ တို့လက်ထဲမှာရှိတဲ့ ကြွပ်ကြွပ်အိတ် တန်ဖိုးအလိုက် ပလတ်စတစ်အိတ်တွေကို စက်ရုံကပေးသွားပါတယ်” ဟု ကုန်ဈေးတန်း ပလတ်စတစ် အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။ ကြွပ်ကြွပ်အိတ်များ […]


cobraMay 12, 20111min75
မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်နိုင်ငံ နယ်စပ်တွင် သစ်တောပြုန်းတီးမှု တိုးလာနေပြီး ယခင်က သစ်ထုတ်လုပ်ခြင်းသာ ရှိခဲ့ရာမှ ယခုအခါ တစ်ဖက်နိုင်ငံသို့ သစ်ပင်လိုက်ပြောင်းရွှေ့သည့် သစ်တော ပြောင်းရွှေ့မှုရှိလာကြောင်း သတင်းရရှိပါသည်။ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်သည် ယခင်က စိမ်းစိုသော သစ်တောများ ပေါများစွာ တည်ရှိခဲ့ပြီး သစ်ပင်သစ်တော အပါအဝင် သဘာဝသယံဇာတများကြောင့် ထင်ရှားသော သဘာဝနယ်မြေ တစ်ခုဖြစ်ခဲ့သည်။ သဘာဝသယံဇာတများကြောင့် ထင်ရှားသော သဘာဝနယ်မြေတစ်ခု ဖြစ်ခဲ့သည်။ “သစ်တောက သိသိသာသာ ပြုန်းလာတယ်။ အရင်ကတော့ သစ်ထုတ်တာ၊ သစ်ခုတ်တာရှိပြီးသား။ တစ်ဖက်ကို သယ်နေတာ။ အခုနောက်ပိုင်းတော့ သစ်ခုတ်တာ မဟုတ်တော့ဘူး။ သစ်ပင်လိုက် အမြစ်ပါအောင် သယ်ပြီး ဟိုဘက်မှာ ပြန်စိုက်နေတာ။ သစ်တောရွှေ့တဲ့ သဘောပေါ့။ နောက်ပိုင်းဆို တရုတ်ဘက်မှာတော့ သစ်ပင်တွေ စိမ်းလန်းနေပြီး ဒီဘက်မှာတော့ သစ်တောမရှိတော့ […]