cobraAugust 9, 20101min601
လွန်ခဲ့သည့် ၆၃ နှစ်က မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနှင့် မြန်မာနိုင်ငံ၏ အဓိကကျသည့် တိုင်းရင်းသား ခေါင်းဆောင်များက ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့တွင် စုဆုံကြ၍ သမိုင်းဝင် စာချုပ်တခုကို လက်မှတ် ရေးထိုးနိုင်ခဲ့ကြသည်။ ဗြိတိသျှထံမှ အကြွင်းမဲ့ လွတ်လပ်ရေး ရယူနိုင်ရန်နှင့် မြန်မာနိုင်ငံ၏ ရှေ့ အနာဂတ် အပေါ် ဆွေးနွေး သဘောတူ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။ ထိုအချိန်က ဘုရင်ခံ အမှုဆောင် ကောင်စီဟု လူသိများကြသည့် ဗဟိုအစိုးရ ကိုယ်စားလှယ်များက ရှမ်း၊ ချင်း၊ ကချင် တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံ၍ တိုင်းရင်းသားများ တန်းတူရေးကို အာမခံသည့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ မြန်မာနိုင်ငံကို အာဏာခွဲဝေမှုရှိသည့် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတခုအဖြစ် ဖွဲ့စည်းသွား […]


cobraAugust 9, 20101min2087
မြန်မာပြည်မှာ လူမျိုးဘာသာမရွေး တစ်ယောက်နဲ့ တစ်ယောက် လမ်းမှာ တွေ့ရင် ထမင်းစားပြီးပြီလားလို့ နှုတ်ဆက်လေ့ရှိပါတယ်။ မြန်မာလိုတော့  “ထမင်းစားပြီးပြီလား” ရှမ်းလိုတော့” ကျင်ခေါက်” ကရင်လိုတော့ “နင်အော်ရေဝေလီး” မွန်လိုတော့ “ရှပမ်းသော်တဟမ်း” စလုံလူမျိုးတွေကျတော့” ငါလီး မရမ်းကျော် “တဲ့။


cobraAugust 8, 20101min823
မြဝတီတွင် ဗုံးကွဲ ၂ ဦး သေဆုံး ကရင်ပြည်နယ် မြဝတီမြို ့ အမှတ် (၄) ရပ်ကွက် ဘုရင့်နောင် လမ်းမကြီးပေါ်၌ ယမန်နေ့ ညဦးပိုင်း ၈ နာရီ ကျော်တွင် ဗုံးပေါက်ကွဲမှု တခု ဖြစ်ပွားရာ လူ ၂ ဦး ပွဲချင်းပြီး သေဆုံး၍ ၄ ဦး အတွင်းလူနာ အဖြစ် ဆေးကုသမှု ခံယူနေရကြောင်း သတင်း ရရှိသည်။ အမည်မသိ လူငယ် ၂ ဦး စီးလာသော ဆိုင်ကယ် တစီးတွင် ပါလာသည့် ဗုံးတလုံး မြဝတီမြို့ ဘုရင်နောင် လမ်းမပေါ်ရှိ လူစည်ကားသော ညဈေးတန်း၏ ဆိုင်ကယ် ရပ်နားရာနေရာ အနီးတွင် ပြင်းထန်စွာ ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ ယင်း […]


cobraAugust 7, 20101min1084
သူငယ်ချင်းတစ်ယောက်နေတဲ့လမ်းထဲမှာနေတဲ့ … ပြည့်စုံဆိုတဲ့လူငယ်လေးတစ်ယောက်သူ ့ချစ်သူကို သတ်ပြီး … မိမိကိုယ်ကိုလည်း အဆုံးစီရင်သွားတယ်ဆိုသတင်းလေး သူငယ်ချင်းတစ်ယောက်ပြောပြလို့ သိလိုက်ရပါတယ် ….. ဘယ်လိုအကြောင်းကြောင့် သတ်လိုက်တယ်ဆိုတာကတော့ ကောလဟာလ နဲ့ အမျိုးမျိုးရှိနေပါတယ် .. ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်ပါသူ ့ကိုယ်သူလည်း အဆုံးစီရင်သွားတယ် ဆိုကတည်း က … သူ ဟာ မုန်းလို့သတ်လိုက်တာတော့မဖြစ်နိုင်ဘူး ထင်ပါရဲ ့ … သိရတာတော့ သူတို့တွဲလာတာ တော်တော်ကြာနေပြီလို့လည်း သိရတယ်။ အခုပြောချင်တာက ဘာလဲဆိုတော့…..သူတို့တွေ ချစ်လို့ မုန်းလို့ ခွဲခွါသွားကြတာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ် သူတို့ အမှတ်တရလေးတွေ …. Facebook မှာ ကျန်ခဲ့ပြီး ဘယ်သူမှ ဖျက်ဆီးလို့ မရအောင်အမှတ်တရကျန်ရစ်နေခဲ့တယ်ဆိုတာပါပဲ ….သူတို့ ရဲ ့ Profile တွေ မှာ အသုဘဆုတောင်းတွေ … […]


cobraAugust 7, 20101min843
> > အရုဏ်ဦးမှာ ဖူးသည့်ကြာ” ၌ ပါဝင်သူများကို အင်္ဂလန်တွင် ဆန္ဒပြ > > <http://www.irrawaddy.org/bur/index.php/news/1-news/3755-2010-08-03-07...> > >  အင်္ဂလန်နိုင်ငံတွင် ရောက်ရှိ နေသော မြန်မာနိုင်ငံမှ နာမည်ကြီး ရုပ်ရှင် > > သရုပ်ဆောင် နေတိုးနှင့် အဖွဲ ့ကို လန်ဒန်နှင့် မန်ချက်စတာမြို့များရှိ > > မြန်မာများက ပြင်းထန်စွာကန့်ကွက် ် ဆန္ဒပြကြကြောင်း သိရသည်။ > > > [image: ENG-demostration] > > > “အရုဏ်ဦးမှာ ဖူးသည့်ကြာ”ရုပ်ရှင်နှင့် ပါဝင်သူများကို ဆန္ဒပြနေကြသည့် > > လန်ဒန်ရောက်မြန်မာများ(ဓာတ်ပုံ – ဧရာဝတီ) > > > စစ်အစိုးရ၏ […]


cobraAugust 7, 20101min1399
အချိန်ကား (၁၉၉၄) ခုနှစ်။ နေရာကား သန်လျင်တဘက်ကမ်း။ အကြော်သည် ဒေါ်အေးစိန်၏ အိမ်တွင် လူစည်ကားနေသည်။ ဖတဆိုးသားလေး ကျော်စွာမင်း ဆယ်တန်းကို နှစ်ဘာသာဂုဏ်ထူးဖြင့် အောင်သည်မို့ အခမ်းအနားလေးတခု ကျင်းပနေခြင်းဖြစ်သည်။ ရပ်ကွက်ထဲမှ လူအများကို မုန့်ဟင်းခါးပွဲလေးနှင့် ဧည့်ခံနေရင်း ဒေါ်အေးစိန်ရင်ထဲတွင် ဝမ်းနည်းဝမ်းသာခံစားနေရသည်။ ဝမ်းနည်းသည်က ခင်ပွန်းသည်အတွက်၊ ဝမ်းသာရသည်က ချစ်လှစွာသော သားလေးအတွက်။ ခင်ပွန်းသည်ဆုံးပါး သွားပြီနောက်မှာ ဘဝကို ပင်ပင်ပန်းပန်း ရုန်းကန်ရင်း သားလေးကို လူလားမြောက်အောင် တာဝန်ယူခဲ့ရသည်။ ခြောက်နှစ်ဆိုသောကာလမှာ ပင်ပန်းပါဘိခြင်း။ အခုတော့ ပင်ပန်းရကျိုးနပ်ပါသည်။ သားလေးဆယ်တန်းအောင်သွားပြီ။ အကြော်သည် မုဆိုးမသားလေး ဘွဲ့ရပညာတတ်ဖြစ်အောင် ဆက်ကြိုးပမ်းရဦးမည်။ ဘာပဲဖြစ်ဖြစ် အမေရဲ့သားလေး ဘယ်တော့မှ မျက်နှာမငယ်စေရ။ “အမေပျော်လိုက်တာသားရယ်၊ ငါ့သားလေးအတွက် အမေဂုဏ်ယူတယ်သိလား။ တက္ကသိုလ် ဆက်တက်နော်သား။ အမေထားပေးမယ်” “အမေလဲ […]


cobraAugust 5, 20101min975
အဆိုတော် ခင်ညွန့်ရည်၏ သမီး အိုပြည့်ရှင် စီးနင်း လာသော ယာဉ်နှင့်ဆီဘောက်ဆာ ယာဉ်တို့ လှည်းကူးမြို့ အဝင်တွင် ယာဉ်တိုက်မှုဖြစ် ရန်ကုန်တိုင်း လှည်းကူးမြို့ အဝင် ရဲမွန်တပ်ရှေ့တွင် ဇူလိုင် (၂၅)ရက်နေ့ ညနေ (၅)နာရီခန့်၌ အဆိုတော် အိုပြည့်ရှင်နှင့် ဆွေမျိုးများ၊ သူငယ်ချင်းများ စီးနင်းလာသော (၈ခ/၈၄၅၇) လိုက်အိတ်(စ်) ယာဉ်နှင့် ကျော်မင်းဦးစက်သုံးဆီ ရောင်းဝယ်ရေး ကုမ္ပဏီမှ ဆီဘောက်ဆာ (၉ခ/၃၆၇၅)တို့ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ယာဉ်တိုက်မှုဖြစ်ပွားရာတွင် ဒဏ်ရာရရှိခဲ့သည့်အိုပြည့်ရှင်၏ မိခင်ဖြစ်သူ အဆိုတော် ခင်ညွန့်ရည်က ပြောပြရာတွင် ”အဲဒီနေ့က အန်တီ့တူမသုံး ယောက်ရယ်၊ အန်တီ့သမီး အိုပြည့်ရှင်ရယ်၊ သူတို့ သူငယ်ချင်းတွေရယ် အားလုံးစုစုပေါင်း (၁၇)ယောက် ပဲခူးဘုရားဖူး သွားကြတယ်။ အန်တီက သူတို့နဲ့ ဘုရားဖူးပါမသွားဘူး။ […]


cobraAugust 5, 20101min814
ငွေမကုန်ဘဲ ထိန်းသိမ်းလို့ရတဲ့ အရေပြားအလှ။ တချို့က တော်ရုံလောက်ပဲ လှချင်တယ်။ တချို့ကျတော့ များများကြီး လှချင်တယ်။ လှချင်တာတော့ ဟုတ်ပါ ပြီ။ လှအောင်လုပ်ဖို့ နည်းလမ်း တွေကလည်း ခုလိုမော်ဒန်ခေတ်ကြီးထဲမှာများမှများ။ တချို့က ငွေများ များအကုန်ခံနိုင်မှ လှနိုင်မယ်လို့ ထင်ကြတယ်။ တကယ်တော့ငွေမကုန် ဘဲ အလှအပပြင်နိုင်မယ့် နည်းလမ်းတွေ လည်း အများကြီးရှိပါတယ်။ အထူး သဖြင့် မအားလို့ ဆိုင်သွားပြီး အလှမပြင်နိုင်တဲ့သူတွေ သဘာဝ ပစ္စည်းတွေ နဲ့ ကိုယ့်အိမ်ကိုယ့်ရာမှာပဲ အလှပဆုံး ဖြစ်အောင် ပြုပြင်နိုင် ပါတယ်။ ကဲ .. ဈေးလည်းမကြီးဘဲ အကျိုးသက်ရောက်မှုလည်း ရှိတဲ့ နည်းလမ်းကောင်းတွေထဲ ကတချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ပျက်စီးခြောက်သွေ့နေတဲ့အသားအရေအတွက် ငှက်ပျောသီးအနှစ် သင့်ရဲ့အသားအရေတွေ ပျက်စီးခြောက်သွေ့နေတယ်လို့ ခံစားနေရပါ သလား။ ငှက်ပျောသီး […]


cobraAugust 4, 20103min1857
အခြော်ရကောက် တဆော်ရကေ ဒီအခြောက် ဒီရက်ပိုင်းတော်တော်ခြောက်နေသည်။ ဟ.. အခြောက်ပါဆိုမှတော့ ခြောက်မှာပေါ့လို့ စောဒက တက်စရာ ရှိသည်။ အမှန်က ဒီလိုပါ အခြောက်တစ်ယောက် တစ္ဆေဖြစ်ပြီး လိုက်ခြောက်နေတာ။ ဖြစ်ပုံက ဒီလိုဗျ………….. တောင်ပြုံးပွဲ (သို့) မင်းနှစ်ပါး အကန်တော့ ခံတဲ့ ဝါခေါင်ပွဲ မြန်မာတပြည်လုံးက ခြိမ့်ခြိမ့်သဲ လာနွှဲကြသောပွဲ… ပျိုပျိုအိုအို ယောက်ျား မိန်းမ အခြောက် စုံတဲ့ပွဲပေ့ါ ဦးတုတ်ကြီးအိမ်က တောင်ပြုံးအသွား ကပိုင်ရွာ ကားလမ်းဘေးတွင်ရှိတော့ ပွဲသွား ပွဲပြန် ကားတွေနဲ့ စည်ကားလို့နေသပေါ့။ ဒီနေ့က ချိုးရေတော်သုံးတဲ့ရက်… အစည်ကားဆုံးနေ့ အဲဒီမှတင် မထင်မှတ်တာတစ်ခု ဖြစ်လာသည်။ ပိုက်ဆံကောက်သောကလေး တစ်စုကိုရှောင်ရင်း ကားတစ်စီး တိမ်းမှောက်သွားသည်။ ဝက်ဝက်ကွဲ အော်သံတွေကြောင့် ထွက်ကြည့်လိုက်တော့…… သွေးရဲရဲ သံရဲရဲ နဲ့ […]


cobraAugust 2, 20101min765
ကျွန်တော်ဒီစာကိုရေးတာ နိုင်ငံရေးလုပ်တာမဟုတ်ပါဘူး။လူေ တွသိသင့်တယ်ထင်လို့ရေးလိုက်တာပဲဖြစ်ပါတယ်။ကျွန်တော်လွန်ခဲ့တဲ့ (၁)ပတ်လောက်က ကျွန်တော့်ရဲ့ငယ်သူငယ်ချင်းတစ်ယောက်နဲ့တွေ့ဖြစ်ရာကနေ ဒီစာလေးကို ရေးဖြစ်သွားတာပါ.။ဆုံးအောင်ဖတ်ကြည့်ပါ။ပြီးတော့သေသေချာချာ လေးကျွန်တော်တင်ပြတာလေးကို စဉ်းစားပြီးတော့ နောင်လာမဲ့ အကျိုးဆက်လေးကို တွေးကြည့်ပါ..။ ကျွန်တော့်သူငယ်ချင်းက ငယ်ငယ်ကတည်းက စာသင်တာကိုအရမ်းဝါသနာပါတယ်..။ သူ့ရဲ့ဘဝအခြေအနေအရ နောက်ဆုံးမှာ သူက ကျူရှင်ကျောင်းလေးတစ်ကျောင်းဖွင့်ပြီး (၉)တန်း၊(၁၀)တန်းတွေကို စာသင်တယ်..။အဲ့ဒီလိုနဲ့ ရရာ စားစား ကျူရှင်ဆရာ ဘဝကို အစဉ်ပြေသလို ရပ်တည်နေခဲ့တယ်..။ရရာစားစားဆိုလိုက်တာကလည်း သူတို့မြို့ရဲ့အခြေအနေအရ ပေးနိုင်သူပေး မပေးနိုင်သူ အလကားသင်နဲ့ဆိုတော့ သူ့မှာ ကျောင်းလခဆိုပြီးပေးနိုင်တဲ့သူရှိသလို ၊ သူကိုယ်တိုင်က စာအုပ်ဝယ်ပေး စာအလကားသင်ပေးရတဲ့ကျောင်းသားကလည်း အများကြီးရှိနေတော့ စားလောက်ရုံ၊မိသားစုတစ်ခုရပ်တည်နိုင်လောက်ရုံလေးနဲ့ ကျူရှင်ဆရာ ဘဝကို မက်မောခုံမင်စွာ ရပ်တည်နေရတဲ့ ကျူရှင်ဆရာတစ်ယောက်ပေါ့..။ သူတို့မြို့မှာကလည်း(ပြောသာပြောရတယ် ကျွန်တော်တို့မြို့ပဲလေ) ဖြစ်ချင်တော့ ကျောင်းဆရာမတွေသာ ကျူရှင်မြေအောက်လောကကို အပိုင်စားထားကြတာပါ..။ကျောင်းသား/သူတွေကို လက်ဆင့်ကမ်း မဲဆွယ်အပိုင်စားထားကြတာလေ..။မူလတန်းအရွယ်ကျောင်းသား/သူကစပြီး အတန်းပိုင်ဆရာမက သူ့ကျူရှင်မတက်မနေရ အဓမ္မတက်ခိုင်း.၊အဲ့ဒီနှစ်လွန်ရင်နောက်တစ်တန်းကဆရာမလက်ထဲကို […]


cobraAugust 2, 20101min510
တလောကပေါ့ လူက စိတ်ဓါတ်တွေကကျ ဘာမှ လုပ်ချင်ကိုင်ချင်စိတ်မရှိ ဖြစ်နေတာ။ လုပ်ငန်းကလဲရပ် အလုပ်လက်မဲ့ပုံစံနဲ့ မနက်လင်းရင် ဘာလုပ်ရမလဲ စဉ်းစားနေရတာ ပျင်းလာတယ်။ ကိုယ့်ဘာသာကိုယ်လဲ တော်တော် သောက်သုံးမကျတဲ့ ကောင်ဆိုပြီး စိတ်ညစ်လာပြန်ရော။ သေရင် အေးမယ် ဆိုပြီး တွေးမိတာလဲ အကြိမ်ကြိမ်။ ခံနိုင်ရည်က မဲ့လာတယ်။ ငါဘာအတွက် အသက်ရှင်နေတာလဲ စဉ်းစားလို့ကို မရဘူး ဖြစ်နေပြန်တယ်။ ခက်တယ်ဗျာ ခက်တယ်။ သို့ပေမယ့် သို့ပေမယ့်ပေါ့လေ . . . . . တနေ့က အဖေနဲ့ အပျင်းပြေ လိုက်သွားလိုက်တယ်။ သူကလဲ ပွဲစားတန်းဘက် သွားရအောင်တဲ့ သွားလေဆိုပြီး ပေါ့ပေါ့ပါးပါးပဲ လိုက်သွားတယ် ဟိုရောက်တော့ အဖေက သူ့သူငယ်ချင်းတွေနဲ့ စကားပြောနေတယ် ကားကိစ္စ ဘာညာပေါ့။ ကျွန်တော်လဲ […]


cobraAugust 2, 20101min500
(၁) ၁၉၂၄ ခုနှစ်မှာ ဗြိတိသျှတို.က  ၆၂ ဒီဂရီဖာရင်ဟိုက်မှာရှိတဲ့ ရေ ၁ဝ ပေါင် နှင့်ညီမျှသော ပမာဏ အလေးချိန်ကို  ” ဂါလံ ” လို. သတ်မှတ်ခဲ့ပါတယ် ။ (၂)   ဟိုးအရင်က စစ်ပွဲတွေမှာ တပ်ဖွဲ ့တွေ မပျက်မစီး မဆုံးရှုံးပဲ ကိုယ့်ရပ်ရွာကိုပြန်လာနိုင်ရင် ” 0 killed” လို့ရေးပြီးပြန်လာကြပါတယ်တဲ့… အဲဒီကနေ ယခုကျွန်တော်တို့တွေ ပြောနေတဲ့  “OK “ဆိုတဲ့ စကားဖြစ်လာခဲ့ပါတယ် …. (၃) Cupid ဆိုတာ ဂရိ ပုံပြင်များမှ အချစ်နတ်သမီး Venus ရဲ့သားတော် ဖြစ်ပါတယ် ။ ပျော်ပျော်နေတတ်ပြီး သူ.ရဲ့ မြားချက်ထိမှန်ခံရသူဟာ ပထမဦးဆုံးတွေ.တဲ့ သူ ကို ချစ်မိသွားတယ်လို. ယုံကြည်ကြပါတယ် […]