cobraNovember 29, 20101min430
ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြတဲ့ နိုင်ငံရေးအကျဉ်းသား ကိုထင်ကျော်က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပြီး မြန်မာ့အရေးကိုဖြေရှင်းဖို့ အကျဉ်းထောင်ထဲကနေ မေတ္တာရပ်ခံ တိုက်တွန်းလိုက်ပါတယ်။ ကိုထင်ကျော်ဟာ ထောင်ဒဏ် ၁၂ နှစ်ခွဲ ချမှတ်ခံထားရပြီး လက်ရှိ စစ်ကိုင်းတိုင်း ခန္တီးထောင်မှာ အကျဉ်းကျခံနေရပါတယ်။ အခုလို တွေ့ဆုံဆွေးနွေးရေး တိုက်တွန်းချက်ကို ပြီးခဲ့တဲ့ရက်ပိုင်းက ထောင်ဝင်စာ သွားတွေ့ခဲ့တဲ့ ဇနီးဖြစ်သူ မသန်းသန်းမော်နဲ့ အမှာစကား ပါးလိုက်တာပါ။ ဒါ့အပြင် ကိုထင်ကျော်က ဒီမိုကရေစီရေး လှုပ်ရှားသူတွေအတွက် သတင်းစကား ပါးလိုက်တယ်လို့ ဇနီးသည် မသန်းသန်းမော်က ပြောပါတယ်။ “ကိုထင်ကျော့် သဘောထားလေးကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော် အကြီးအကဲတွေနဲ့ တွေ့ဆုံဆွေးနွေးကြမယ့် ကိစ္စကို သူ့အနေနဲ့လည်း ဝမ်းပမ်းတသာ တောင်းဆိုလိုက်တယ်ပေါ့။ သူ့ရဲ့ နိယာမလေး […]


cobraNovember 29, 20101min471
နအဖအလိုကျ ဟန်ပြဘိန်းပပျောက်ရေးအတွက် လူမှုထူးချွန်ဆုရရှိဖူးသူ ခွန်ဆာ့လူဟောင်း ဗိုလ်မွန်းဦးဆောင်သည့် သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် မန့်ပန်ဌာနေ ပြည်သူ့စစ် ထိန်းချုပ်နယ်မြေတွင် ယခုနှစ်ဘိန်းစိုက်ရာသီ အတွင်း ဘိန်းစိုက်ပျိုးမှုပြန်လည် စခန်းထလာသည်ဟု နယ်မြေခံသတင်းရပ်ကွက်က ပြောပါသည်။ ” လွန်ခဲ့တဲ့ ၃-၄ နှစ်ကဆိုရင် မန့်ပန်ပြည်သူ့စစ်နယ်မြေမှာ ဘိန်းခြံလုပ်ရတာ သိပ်မလွယ်ဘူး။ အခုမသိမသာပြန်စိုက်လာ တယ်။ တချို့ရွာဆိုစိုက်ကိုစိုက်ရမယ်လို့တောင်ပြောတယ်။ လမ်းမနဲ့နီးတဲ့နေရာနဲ့မြင်သာတဲ့ နေရာ တွေမှာတော့ ပေးမစိုက်ဘူး” ဟု တရုတ်နယ်စပ်ရောက် အမည်မဖော်လိုသည့် ဒေသခံတဦးကပြောပါသည်။ ယမန်နှစ် (၂၀၀၉- ၂၀၁၀) ဘိန်းထွက်ရာသီက မန့်ပန်နေပြည်သူ့စစ်ထိန်းချုပ်နယ်မြေများဖြစ်သည့် တန့်ယန်း၊ လာရှိုး၊ သိနီ္နမြို့နယ်များအတွင်း အချို့တောင်ပေါ်ဒေသများမှ ထွက်ရှိခဲ့သော ဘိန်းမည်းပိဿာချိန် စုစုပေါင်း ထောင်ချီရှိခဲ့သည်ဟု ပြည်သူကစစ်တပ်ဖွဲ့ဝင် တဦးက ပြောပြ၏။ ” ၂၀၀၅-၂၀၀၆ တုန်းကဆိုဘိန်းစိုက်၊ ဘိန်းရောင်းသူ တချို့ကိုတောင် […]


cobraNovember 9, 20101min794
DKBA နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲပြင်းထန်၊ ဒုက္ခသည် သောင်းနဲ့ချီ ထိုင်းဘက်ထွက်ပြေး <http://8888newgenerations.blogspot.com/2010/11/dkba.html > <http://2.bp.blogspot.com/_Mv35AA2CUJ4/TNhBYqmpsRI/AAAAAAAAIDs/JsIzg9uTXdk/s1600/Myanmar+citizens+gather+while+waiting+for+food+at+the+Border+Patrol+Police+base+in+Thailand_Mae+Sot+town+Monday_Nov+8_2010-AP-480.jpg> *DKBA နှင့် စစ်အစိုးရတိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာကြသည့် မြန်မာဒုက္ခသည်များ။ နိုဝင်ဘာ ၈၊ ၂၀၁၀။* ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ ကရင်ပြည်နယ် မြဝတီမြို့မှာ နယ်ခြားစောင့်တပ်ကို လက်မခံတဲ့ DKBA တပ်သားတွေက ရွေးကောက်ပွဲကို လက်မခံကြောင်း ပြသတဲ့ အနေနဲ့ စစ်အစိုးရ ရုံးတွေကို မနေ့က ဝိုင်းခဲ့ကြပြီး ဒီမနက် စောစောမှာတော့ DKBA နဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့အတွက် သေဆုံး ဒဏ်ရာရသူတွေ ရှိခဲ့ကြပါတယ်။ အခုထိဆိုရင် အနည်းဆုံး အရပ်သား ၂ဝ သေဆုံးပြီး ဒဏ်ရာရသူ ဦးရေဟာလည်း ၅ဝ ကျော်သွားပြီ ဖြစ်ပါတယ်။ ဒါ့အပြင် […]


cobraNovember 9, 20101min470
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ဦးအောင်သိန်းလင်း (ရန်ကုန် မြို့တော်ဝန်) တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်း ပြည်သူ့လွှတ်တော်  ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ)  ဦးသိန်းစိန် (ဝန်ကြီးချုပ်) ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်ခရိုင် ပြည်သူ့လွှတ်တော်  ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ)  သူရ ဦးရွှေမန်း (ဗိုလ်ချုပ်ကြီးဟောင်း) ဇေယျာသီရိမြို့နယ်၊ နေပြည်တော်ခရိုင် ပြည်သူ့လွှတ်တော်  ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ)  ဦးမြင့်လှိုင် (ဒု ဗိုလ်ချုပ်ကြီးဟောင်း) ဒက္ခဏသီရိမြို့နယ်၊ နေပြည်တော်ခရိုင် ပြည်သူ့လွှတ်တော်  ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ)  ဦးမြင့်လှိုင် (ဒု ဗိုလ်ချုပ်ကြီးဟောင်း) ဒက္ခဏသီရိမြို့နယ်၊ နေပြည်တော်ခရိုင် ပြည်သူ့လွှတ်တော်  ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ)  ဦးမြင့်လှိုင် (ဒု […]


cobraNovember 9, 20101min1098
အစိုးရ ယုတ်မာပြီ ရွေးကောက်ပွဲရလဒ်ကို သိရှိရပြီဖြစ်ပေမယ့် ယမန့်နေ့ ဖြစ်ပွားသော ပြည်တွင်းစစ်ပွဲကြောင့် နအဖမှ လွှတ်တော်ခေါ်ယူခြင်းနဲ့ အစိုးရ အသစ် ဖွဲ့စည်းဖို့ကို အကန့်အသတ်မရှိ ရက်ရွေ့ဆိုင်းလိုက်ကြောင်း သိရှိရသည်။ မြဝတီ တိုက်ပွဲ သတင်းများ နံနက်(၁၁ နာရီ ၄၄ မိနစ် မြန်မာစံတော်ချိန် နေ့လည် ၁၂ နာရီတွင် မြဝတီမြို့တွင် တိုက်ပွဲများ ပြင်းထန်နိုင်တယ်လို့ ဒီကေဘီအေနဲ့ နီးစပ်သူတဦးက ပြောဆိုသည်။ ဒီကေဘီအေဘက်မှ ဦးဆောင်သူ ဗိုလ်မှူးစောလားဘွယ် ဆုတ်ခွာဖို့ အမိန့်မပေးမချင်း ဘယ်တော့မှ မြဝတီမြို့မှ ဆုတ်ခွာမဟုတ်ဘူးလို့ ဒီကေဘီအေ ဘက်မှပြောသည်။ နံနက်(၁၁ နာရီ ၃၃ မိနစ် း လတ်တလော အတည်မပြုနိုင်သေးသည့် သတင်းများအရ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နှင့်နီးသည့် ဝေါလေ ဘက်မှလည်း တိုက်ပွဲတွေဖြစ်ပေါ်နေကြောင်း […]


cobraOctober 26, 20101min490
မြန်မာနိုင်ငံရေးပါတီ ၅ ပါတီထက်မနည်း အင်တာနက် လူမှုကွန်ယက် Facebook နှင့် ဝက်ဘ်ဆိုဒ်များ ဖွင့်ကာ မီဒီယာအသစ်ဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေကြကြောင်း သိရသည်။ ရွေးကောက်ပွဲဝင် ၃ရ ပါတီထဲမှ အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ၊ ညီညွတ်သော ဒီမိုကရက်တစ် ပါတီ (မြန်မာပြည်) UDP ၊ ကြံ့ဖွံ့ပါတီ USDP ၊ ကရင် ပြည်သူ့ပါတီ KPP ၊  မတူ ကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ DPP တို့ ပါတီ မူဝါဒ ရေးရာများနှင့် လှုပ်ရှားမှုများကို Facebook နှင့် ပါတီ ဝက်ဘ်ဆိုဒ်များတွင် တင်ပြ မဲဆွယ်နေကြသည်။ “Facebook ဝင်ကြည့်တဲ့သူက အများကြီး ဖြစ်နေတယ်။ […]


cobraOctober 26, 20101min791
ရွေးကောက်ပွဲကို  ဆန့်ကျင်ရှုတ်ချပွဲ  အခမ်းအနား ဖိတ်ကြားလွှာ ( Siangpore ) ကျွနူ်ပ်တို့ နိူင်ငံသည် အားလုံးသိရှိပြီး ဖြစ်သည့် အတိုင်း  လက်ရှိအာဏာရှင် အစိုးရမှ မတရားမှုကို အခြေခံထားသည့်  ဥပဒေကို အတည်ပြုကာ နိူဝင်ဘာလ ( ရ )ရက်နေ့တွင် ရွေးကောက်ပွဲ အယောင်ဆောင် အရေခွံလဲပွဲကို ကျင်းပတော့မည် ဖြစ်ပါသည် ။ မတရားမှုကို ခေါင်းငုံ့ခံလေ့ မရှိသည့် ကျွနူ်ပ်တို့နိူင်ငံသားများ အနေဖြင့်  အဆိုပါ ရွေးကောက်ပွဲကို  ကျရာ အခန်းဂဏ္ဍမှ  နိူင်ရာတာဝန်ထမ်း၍ ဆန့်ကျင်ဆောင်ရွက်သင့်ပေသည် ။  ကျွနူ်ပ်တို့သည် တိုင်းတပါးတွင် ခတ္တခဏ နေထိုင်ကာ အသက်မွေးဝမ်းကြောင်း နေကြရသော်လည်း တိုင်းပြည် အပေါ်ကို ထားရှိသည့် ကောင်းစားစေချင်သည့် စေတနာများကား  ပြောင်းလဲမှု မရှိပါ ။ မြန်မာနိူင်ငံတွင် […]


cobraOctober 22, 20101min826
လာမည့်စနေနေ့၊ သီတင်းကျွတ်လပြည့်နေ့တွင် တိုင်းတခွင်လုံး၌ အထွေထွေသပိတ်ကြီး ဆင်နွဲမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အထွေထွေ သပိတ်ကော်မတီမှ တိုက်တွန်း နှိုးဆော်လိုက်သည်။ “၂၀၁ဝ ရွေးကောက်ပွဲဟာ တရားမမျှတလို့ပါ၊ အခြေခံဥပဒေကိုလည်း မကြိုက်လို့ပါ။ လူ့အခွင့်အရေးလည်း လုံးဝမရှိတဲ့အတွက်ကြောင့်ပါ၊ ဒါကို ပြည်သူလူထုကလည်း သိပြီးသား ဖြစ်တဲ့အတွက်ကြောင့် အခုလို တက်ညီလက်ညီနဲ့ သပိတ်မှောက်ရခြင်း ဖြစ်ပါတယ်” ဟု ရန်ကုန်မြို့နေ မြန်မာနိုင်ငံလုံးဆိုင်ရာ အထွေထွေသပိတ် ကော်မတီဝင်တဦးက ခေတ်ပြိုင်သို့ ပြောသည်။ အဆိုပါ အထွေထွေသပိတ်ကော်မတီအား ယခုလ အောက်တိုဘာလ (၁၅) ရက်နေ့တွင် မြန်မာပြည်ရှိ တိုင်း (၆) တိုင်း၊ ပြည်နယ် (၄) ခုတို့မှ ကိုယ်စားလှယ်ပေါင်း (၂၁) ဦးတို့က ဦးဆောင်ကာ ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။ အထွေထွေ သပိတ်ကော်မတီကို ပြည်သူလူထုတရပ်လုံး၏ စိတ်ဆန္ဒကို ဖြည့်ဆည်းရန်အလို့ဌာ […]


cobraOctober 22, 20101min772
ရဲရွာဆည် ကို မနေ့က spillway ကနေ ရေ လွှတ်တာ အခု အိ လိုက် လာပြီ။ မီတာ ၂၈ဝ ရှိတဲ့ ရေထုဖိအားနဲ့ ကြိုးသွားနိုင်တဲ့အခြေအနေရှိတယ်။ သူ့အောက်မှာ ကြွက်နဖား။ စဉ့်ကိုင်၊ အမရပူရ၊ အင်းဝ၊ မန္တလေးပါ။ ဟိုကလူတွေသိရင်လဲ အချိန်မှီ ရှောင်လို့ရနိုင်အောင် ဟိုကောင်တွေက တော့သတင်းထုတ်ပြန်မှာမဟုတ်ဘူး နီးစပ်ရာ အသိပေးလို့ရအောင်ပါ…… online ပေါ်ကသူငယ်ချင်းတယောက်ပြောတာပါ..။


cobraOctober 22, 20101min901
လက်ရှိ အသုံးပြုနေသော နိုင်ငံတော်အလံကို ယနေ့ မီးရှို့ဖျက်ဆီးမည် ဖြစ်ပြီး ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပါရှိသော နိုင်ငံတော် အလံသစ်ဖြင့် ယတြာ သဘောအရ စတင် အစားထိုးပြောင်းလဲ အသုံးပြုမည်ဖြစ်ကြောင်း နေပြည်တော် စစ်အရာရှိ အသိုင်းအဝန်းက ဆိုသည်။အလံဟောင်းများကို တပြိုင်နက်တည်း မီးရှို့ဖျက်ဆီးကာ မြေမြှုပ်မည် ဖြစ်သည် အဆိုပါ နိုင်ငံတော်အလံသစ်တွင် အဝါရောင်၊ အစိမ်းရင့်ရောင်၊ အနီရောင်ခြယ်ထားပြီး အလယ်တွင် အဖြူရောင် ကြယ်ကြီး တလုံးပါရှိသည်။ ယနေ့ မွန်းလွဲပိုင်း ၃ နာရီတွင် နေပြည်တော်ရှိ အစိုးရ ဝန်ကြီးဌာနများ အပါအဝင် နိုင်ငံတဝန်းလုံး၌ သုံးရောင်ခြယ် အလံသစ် လွှင့်ထူသည့် အခမ်းအနားများကို တပြိုင်နက်တည်း ကျင်းပမည်ဖြစ်ပြီး နေပြည်တော် မြို့တော်ခန်းမတွင် အလံသစ် လွှင့်တင်ပွဲကို ခမ်းနားစွာ […]


cobraOctober 21, 20101min1294
ယခုရက်ပိုင်းအတွင်း မန္တလေးမြို့၌ မဲဆွယ်စည်းရုံးမှုများ ပြုလုပ်နေကြရာတွင် အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) ပါတီက ဦးဆောင်နေကြောင်း မြို့ခံများထံမှ သိရသည်။ မန္တလေးမြို့ခံ စာပေသမားတဦးက “မန္တလေးကနေ ပြိုင်မယ့်ပါတီ အတော်များများ ရှိတယ်။ ကြံ့ဖွံ့၊ တစည၊ အန်ဒီအက်ဖ်၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) အစရှိသဖြင့်ပေါ့။ ဒါပေမယ့် ရွေးကောက်ပွဲ မဲဆွယ်တာနဲ့ ပတ်သက်လို့ကတော့ လူတွေကြားထဲမှာ အန်ဒီအက်ဖ် ပါတီကိုပဲ မြင်ရတယ်။ သူတို့က ဆိုင်ကယ်တွေနဲ့ လက်ဖက်ရည်ဆိုင်တကာ လျှောက်သွားတယ်။ လူတွေကို ပါတီ စည်းရုံးရေး လက်ကမ်းစာစောင်တွေ ဝေတယ်။ နောက် ဘယ်မြို့နယ်မှာ နေသလဲ မေးပြီး အဲဒီ မြို့နယ်ကနေ ဝင်ပြိုင်မယ့် အန်ဒီအက်ဖ် အမတ်လောင်းတွေရဲ့ ကိုယ်ရေးရာဇဝင်ပါတဲ့ လက်ကမ်းစာစောင်လေးတွေ လိုက်ဝေတယ်။ အခြားပါတီတွေ လှုပ်ရှားတာကို သိပ်မတွေ့ရဘူး” ဟု […]


cobraOctober 21, 20101min955
စစ်တွေမြို့တွင် မတရား ဖမ်းဆီး လူဝတ်လဲခံရပြီး တရား ရင်ဆိုင်နေရသည့် ဆရာတော် အရှင် ပညာစာရ လွတ်မြောက်ရေး အတွက် ရခိုင်ပြည်နယ် တခုလုံး အတိုင်းအတာဖြင့် သံဃာတော်များ စုပေါင်း လက်မှတ်ရေးထိုး တောင်းဆိုသွားမည်ဟု သတင်း ရရှိသည်။ ဦးဆောင်ရာတွင် ပါဝင်သည့် ရဟန်းတော် တပါးက “ အခု အစီအစဉ်ကို စာသင်သား ရဟန်းတော် တွေက ဦးဆောင်လုပ်ကိုင်တာ ဖြစ်ပါတယ်။ ဆရာတော် ပညာစာရမှာ အပြစ်မရှိတဲ့ အတွက် တရား ဥပဒေအတိုင်း ဖြစ်စေလိုတဲ့ အတွက် ခုလို စီစဉ်ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု ပြောသည်။ အဆိုပါ လှုပ်ရှားမှုကို ယခုအခါ မြောက်ဦး၊ ကျောက်တော်၊ စစ်တွေ၊ ရမ်းဗြဲ၊ မာန်အောင်၊ ပုဏ္ဍားကျွန်းနှင့် မင်းပြား […]


cobraOctober 21, 20101min530
မြန်မာစစ်အစိုးရနဲ့ ဖက်စပ်လုပ်နေတဲ့ တိုယိုတာ ဆူးရှိုး ကော်ပိုရေးရှင်း (Toyota Tsusho Corp.) ကြီးက မြန်မာပြည်ထဲမှာ ရင်းနှီးထားတဲ့ သူတို့ရဲ့ အစုရှယ်ယာတွေကို ထုတ်ရောင်းခဲ့ပါတယ်။ မြန်မာနိုင်ငံထဲမှာ ရင်းနှီးမြှုပ်နှံနေတာဟာ မြန်မာပြည်သူတွေကို အကျိုးမဖြစ်စေဘဲ အစိုးရကိုသာ တိုက်ရိုက် အကျိုးရှိစေတဲ့အတွက် တိုယိုတာ ကုမ္ပဏီကို မြန်မာနိုင်ငံထဲမှာ ရင်းနှီးမှုတွေ ရုပ်သွားအောင် တိုက်တွန်းခဲ့တယ်လို့ ဦးဆောင် တိုက်တွန်းခဲ့သူ တဦးက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ မော်တော်ကားတွေ၊ မော်တော်ဆိုင်ကယ်တွေ မြန်မာစစ်အစိုးရနဲ့ ဖက်စပ် ထုတ်လုပ်ခဲ့တဲ့ တိုယိုတာ ဆူးရှိုး ကော်ပိုရေးရှင်း မြန်မာနိုင်ငံနဲ့ ဆက်ပြီး စီးပွားရေး မလုပ်တော့တဲ့ အကြောင်းကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။ မြန်မာစစ်အစိုးရနဲ့ ပူးတွဲ တည်ထောင်ထားတဲ့ မြန်မာ ဆူဇူကီး ကားထုတ်လုပ်ရေး […]