comegyiJanuary 25, 20121min17410
ငါ့ရွာ  . . . ရွာအဝင်တံခါးဝမှာ ရွာအဝင် ဆိုင်းပုဒ်ဟာ အပြာရောင် အပြုံးတွေနဲ့ ကြိုဆိုနေတဲ့ရွာ. . .။   ကွန်ဆာဗတစ် ကားကြီးပေါ်က ခုန်ဆင်းလိုက်တော့ ငါတို့ ငယ်ငယ်ကလို ကလေးတွေ ကားဆီ ဒုန်းပြေးလာကြတာ မတွေ့ရတော့တဲ့ ငါ့ရွာ . . .။   ၁၅ နှစ်သားမှာ ရွာက ထွက်ခဲ့ပြီး ၁၅ နှစ်ကြာပြီးမှ ရွာပြန်ရောက်ဖြစ်တဲ့ အခါ . .  .။   င့ါရွာ အိုသွားတာလား  .  . . ခုမှ အပျိုဖြစ်လာတာလား . . . လူအမြင်ကတ်လောက်အောင် လည်လွန်းတဲ့ ကလေးပေါက်စန တစ်ယောက်လား ခေတ်စနစ်ကြီးမှာ ယောက်ယက်ခတ်နေပြီလား […]


comegyiJanuary 12, 20121min48216
အထိုင်အထ ပွင့်လင်းမှုဟာ နောက်ဆုံးပေါ် ဖက်ရှင်တစ်ခုလား အမြင်မှာ ဝဲနေတဲ့အလွင့် တိမ်တွေဟာ ခဏတစ်ဖြုတ် ပန်းပုရုပ်လို ဟန်ဆောင်နေတာ ဒီနေရာမှာ အားလုံးဟာ လိပ်ပြာလွှင့်ထားတာ သူမပက်လိုက်တာ ရေနဲ့ ရမ္မက်တစ်ခုခု လမ်းပေါ်မှာ အရိုင်းနဲ့အယဉ်ဟာ တစ်စစီ လာ ……ကိုယ်တို့ အိပ်မက်ထဲမှာလို နမ်းကြမယ် ရင်ဘတ်မှာ ချိတ်ဆွဲထားတဲ့ ကဒ်ဟာ လူတိုင်းသာယာသော ကိုယ်ပိုင်ရာသီဥတုတစ်ခု ရယူနိုင်ကြောင်းအဓိပ္ပါယ် ဒီနေ့အထိ လူတိုင်း ဘာမကောင်းမှုမှ မကျူးလွန်ရသေးလည်း ဒီအချိန်ထက် ဘာမှ အရေးမကြီးဘူးမဟုတ်လား အားလုံးဟာ အဝါရောင်မှာ လောင်ကျွမ်းနေပုံ….. ဆန္ဒတွေ  တောက်လောင်နေပုံ….. အနံ့အသက်တစ်မျိုးဟာ တစ္ဆေလို အပျိုရည်သိပ်သည်းဆမှာ မြူတွေလို ဝိုးတဝါး ကိုယ့်ကို ထပ်နမ်းပါလို့ ပြောမိသလား ဟိုနေရာ ….ဒီနေရာ ပေါက်ကွဲနေတဲ့အသံတွေကြား အပျော်ဟာ လေမှာတန်းလန်းဇောက်ထိုးရပ်လို့ ရေပိုက်ထဲကရေတွေ […]


comegyiJanuary 3, 20121min1128
ဆေးလိပ်မီးခိုးလို အဆုတ်ထဲက ပြန်ထွက်လာတော့ .. အကျင့်ပျက်သွားတယ်.. တစ္ဆေဆိုတာ ညအခါ နာမည်ကြီးရုံကလွဲလို့ ဘယ်တုန်းက ဂုဏ်သရေ ရှိလို့လဲ ဇန်နဝါရီရဲ့ တိုက်စစ်ဟာ ဒီဇင်ဘာကို ကျော်လို့မရဘူး အသက်အရွယ် အလိုက် မာနကို အမျိုးအစားခွဲကြည့်ရင် ဘာသာရပ်အလိုက် အရှက်အကြောက်ကင်းမဲ့တာပဲ ကောင်းပါပြီ………ဒီနေ့ကစပြီး…. လူတော တိုးတော့မယ်ရယ် အားခဲတယ် ရိုးရာတူမှ လက်ထပ်မလား တွေးတောမယ် စာအုပ်ထဲက ဥပမာတွေကို ဆက်စပ်မှတ်သားမယ် ကျန်းမာရေးကအစ၊ ဂရုတစိုက် နူးညံ့သိမ်မွေ့မယ် အားမနာတော့ဘူး ဆိုတဲ့ အရေးပါ ကတိကိုလည်း တည်ဦးမယ် ……….. ယုန်ကလေး တစ်ကောင်ရဲ့ စိတ်ကူးဟာ ခရေစေ့တွင်းကျ သပ်ရပ်၍ သုံးရာသီ အိပ်မက်က လန့်နိုးလာ……..။           ။


comegyiJanuary 1, 20121min20315
သူမက …… ကြယ်ကလေးတွေကို ကြည့်ပြီးတော့လည်း ရီ(ရယ်)တယ် ဆိုလိုတာက…… ညဉ့်သန်းခေါင်ယံတိတိအချိန်မျိုးမှာ ကျွန်တော့် အိပ်မက်ထဲကို ထိုးစိုက် ဆင်းလာဖို့ လမ်းစရှာနေတာပါ . . .။   စတက်ဆံပင် ပုံစံလေးကြောင့် လည်ပင်းလေး တည်နေရပြန်တော့ မျက်စောင်းလေးတွေကို ပိုပို သုံးဖြစ်လာတာလည်း ….သူကလေးပါပဲ . . .။   ကံကောင်းထောက်မစွာ မီးပျက်နေခဲ့ပြီး….. လရောင်အစစ်ရွာတဲ့ ညဦးလေးမှာ တယောထိုးနေတဲ့ ကြယ်တံခွန်လေးရေ့…….. မယုံနိုင်လောက်အောင် ရိုးစင်းစွာပဲ လုံလောက်သွားပါပြီ . . .။   ရင်ကွဲနာကျ ငှက်ဆိုးတစ်ကောင်ဖြစ်လာဖို့ ကဗျာပိုးတွေ အမဲလိုက်ရာသီ ရောက်ခဲ့ပြီကိုး……။       ။    


comegyiDecember 28, 20111min36223
(တစ်)…..။        ။ ကလောင်နယ်က အကောင်ငယ်ပေါက်စကလေး …..အင်္ဂါညို တို့လို ငတကလေးများဟာ သိပ်ပြီးတော့ စာရေးဆရာဂိုက်ဖမ်းချင်တတ်ကြတာကလား . . .။ မဂ္ဂဇင်းဂျာနယ် အချို့မှာ စာမူ(ဝတ္တု)ကလေး လေးငါးပုဒ်ခန့် ပါပြီးစအချိန်မျိုးဆိုတော့ .ဖင်ကလေး တမမ၊ ရင်ကလေး တကြွကြွ။ မျှော်လင့်ချက်ဆိုတာ မိုးထိအောင်လှေကားထောင်လို့။ ဘဝင်ပီတိ ဂွမ်းဆီထိ။ အရာဟူသမျှ စိတ်ကူးတိုင်းလှနေတာ . . .။ စတိတ်ကော်လံကတုံးနဲ့ ခပ်နွမ်းနွမ်းပုဆိုးကွက်ကျားအညိုမှိုင်းမှိုင်းအရောင်မျိုးတွေကို အမြဲတစေ ဝတ်ဆင်တာမျိုးသာမဟုတ်တာ။ စုတ်ဖွားဖွားဆံပင် ဘုတ်သိုက်ရယ်နဲ့ လန်ဒန်ဖိုး ၊ ဗီးဂက်စ်ဖိုး တတ်နိုင်လျက်နဲ့ ဆေးပေါ့လိပ် လက်ကြားညှပ်လို့။ စာမူဖိုင်တွဲတွေ ထည့်ထားတဲ့ လွယ်အိတ်ကလေးကို တစ်စောင်းလွယ်ကာ စာပေလောကသား တို့ကျင်လည်ရာ (၃၃)လမ်းတစ်ဝှိုက်မှာ ဘောက်ဆတ်ဘောက်ဆတ်နဲ့ ခဏခဏတွေ့ရတတ်တာ ဘယ်သူရှိရမလဲ . . .။ […]


comegyiDecember 24, 20111min22823
ပီကာဆိုကြီးကတော့ သေခြင်းတရားကို မိန်းမတစ်ယောက်လိုပဲ သဘောထားသည်ဟု ဆိုသည်။ ဘဇာ ကြောင့် ထိုသို့ ဆိုလေသည်ကို ကျွန်တော်မပြောတတ်ချေ။ သူ့အလိုအရဆိုလျှင်တော့ ကျွန်တော် လည်း သေခြင်းတရားကို ကြုံခဲ့ပြီးပြီဟု ထင်သည်။ လူကိုယ်တိုင် လုံးလုံးလျားလျား မသေသွားသော်လည်း စိတ်သေသွားခဲ့သည်မှာ ကြာခဲ့ပါပြီ။ ထို့ကြောင့် ပီကာဆိုကြီး တော်သည်ဟု ကျွန်တော့်အယူအဆနှင့် ကျွန်တော် ထောက်ခံပါသည်။   အထက်တန်းကျောင်းသားဘဝကတည်းက ကျွန်တော့်မှာ မီးမကင်ရသေးသော ပေါင်မုန့် လုံးလုံးဝိုင်းဝိုင်းလေး တစ်လုံးရှိပါသည်။ ထိုပေါင်မုန့်ကလေးသည် စားချင်စရာကောင်းလှအောင် ကျွန်တော်မစားရက်သော ပေါင်မုန့်ကလေးလည်း ဖြစ်သည်။ ရဲရင့်သန္တာကို ကျွန်တော်ခိုးခေါ်သော နာမည်မှာ ပေါင်မုန့်ကလေးဖြစ်ပါ၏။ ထိုစဉ်ကတည်းက ပေါင်မုန့် ကလေးအား ကျွန်တော်ရည်းစားစကား ပြောလိုလှနေပြီ။ သို့သော်လည်း မပြောဖြစ်ခဲ့ပါ။ အရသာရှိမည်ဟု မထင်သေး၍ ဖြစ်ပါသည်။ ချစ်တယ် ဟူသော […]


comegyiDecember 21, 20111min1159
လေထဲမှာ အလုပ်လက်မဲ့ ရိုင်းပျနေပုံက စိတ်ကူးယဉ်အခန်းတွေကို ကျော်ဖတ်လို့မရဘူး လိပ်ပြာဟာ ခေတ်စနစ်ထဲမှာ ပုံလျက်သား ရင့်ရော်ကြမ်းတမ်းလို့…. အခန်းတံခါးပိတ်လိုက်မှ အဆိပ်ဟာ …..အချစ်နဲ့အတူဝင်လာပြီးစူးတယ် . . .။   ကားမီးရောင်ကို မျက်နှာချင်းဆိုင်ခဲ့တဲ့ ဘဝလောက်မှ အနုပညာ မဆန်ဘူးဆိုရင် ဘယ်လိုနိဗာန်ဘုံမှ ငါမလိုချင် ရေကုန်ရေခမ်း ဆန်တက်နေရတဲ့ ငါးရံ့တစ်ကောင်ရဲ့ နွေရာသီမှာ ရောက်ရာ အရပ်က အမြန်ပြန်လာဖို့ကိုပဲ ညှို့မိတယ် . . .။   ထွက်သက်ဝင်သက် တင်းခံထားရ လမ်းတွေ မင်းအကြောင်းများနဲ့ ငယ်ဘဝဝတ္ထုတွေ ဘယ်မှာရှာဖတ်ရမလဲ တောင်တန်းကြီးရဲ့ နောက်ကွယ်မှာ ဘာရွှေမြို့တော်မှ မရှိဘူး . . .။   မိသားစုဆီက တရားမဝင်ခိုးထုတ်သွားတော့ မျက်နှာစုံညီ ထမင်းဝိုင်းလည်း အေးစက်ခြောက်ခြားခဲ့ပြီပဲ . […]


comegyiDecember 20, 20111min1127
ဟိုး……ရှေးရှေးက ပုံဝတ္ထုတစ်ပုဒ်လို ငြိမ်ငြိမ်သက်သက်အခန်းကလေးတစ်ခုပေါ့….. နေ့၊ ည၊ အသွေးအရောင်စုံလင်သော လူမှုရေး ဟွန်းသံများဆူပွက်ခဲ့ရာ….. အလွန်ကျယ်ပြောသာယာလှသော ကမ္ဘာကြီးထဲ မိတ်ဆွေတို့နဲ့အတူတကွ ရေပက်မဝင်သော၊ ယဉ်ကျေးဖွယ်ရာသော၊ အခါမလပ်သော လောကဝတ်ပျူငှါသော……. အစည်းအဝေးများ၊ အရေးကိစ္စများနဲ့၊ ညစာစားပွဲများ၊ အရေးပါပုံများ….. ကောက်ကျစ်မှုအသစ်အဆန်းတွေ အချိန်ရှိသရွေ့ အမှန်အမှားကို မသိနိုင်သရွေ့….. အိပ်မက်တွေကို ဆိတ်ကွယ်ရာမှာ ဖွက်ထားတာလား မကောင်းမှု ဒုစရိုက်ဟာ ဆိတ်ကွယ်ရာမရှိဘူးဆိုတာလား ….. တစ်ကနေ တစ်ဆယ်ထိရေတွက်မိတိုင်း အမာရွတ်တွေပဲ အဖတ်တင် နေ့ရှိသရွေ့ အသက်ရှူပြွန်ဟင်းလင်းပေါက်ထဲ အရိုးနင်တာပဲ အဖတ်တင်….. တောအုပ်ဟာ လူကိုညှို့တဲ့နေရာမှာ အထွပ်အထိတ်ဖြစ်သလို ရုပ်ရှင်မှာ အဓိကဇာတ်ဆောင်ဟာ ဆတ်ကော့လတ်ကော့ အရောင်းစာရေးမလေးလို ထီမထင် ကိုယ့်ကျမှ ဝါကျတွေ သိုးသွားတောင် မိုးမလင်းနိုင်သေးတဲ့ အဖြစ်မို့ ဇာတိပုည ဂုဏ်မာနကို ခြေကားရားလက်ကားရား အိပ်မွေ့ချထားသည့်အတိုင်း […]


comegyiDecember 18, 20111min18030
နင်နဲ့ငါ ကမ္ဘာတစ်ရာလောက် ဝေးနေပြီ နင်ပြောပြောနေတဲ့ ပန်းသီးကို တစ်ဖဲ့နှစ်ဖဲ့ ကိုက်စားရုံနဲ့ ပြီးမလား ဆိတ်ငြိမ်ရာ တောအုပ်ကိုကျွမ်းကျင်ရုံနဲ့ လှောင်ရယ်လိုတဲ့ အကျင့်ကိုဖျောက်ပါ ငါပြောပြောနေတဲ့ ကမ်းနဖူးလေးကို ရောက်ဖူးစေချင်တာလည်း သဘောမပေါက်ဘူး တကယ့်စာခြောက်ရုပ်ကလေးအတိုင်း လည်လိုက်တာ …. ရောင်စုံခြယ်တောအုပ်လေးတစ်ခု တိတ်ဆိတ်နေတာဟာ နင့်ကိုငါ ဖွက်ထားတဲ့ အိပ်မက်လေးပါ အခြားလူတွေ စကားတတ်တိုင်း ငါ့ကိုမုန်းနေရင် နင့်ပါးကလေးကို ပြန်မပေးလိုက်ပါဘူး ခြေဖျားကအစ စိတ်အဆုံး (သိပ်ပံ)နည်းကျတည်ဆောက်နေကြတဲ့ခေတ်မှာ သွေးရိုးသားရိုးလွမ်းရမှာတောင် ဂုဏ်ငယ်သလိုပေါ့ ………။         ။   သိပ်ပံ ဆိုတဲ့စာလုံးကို ရိုက်လို့မရလို့ဗျာ….  


comegyiNovember 14, 20111min793
ဘာမဆို တွေးတောပြီး ထိတ်လန့်ရတယ် …. သူ့အပေါ်မှာ(များ) မိုးပြိုလေမလား . .။   ကိုယ့်အပေါ် တိုက်ခတ်လေသမျှ မုန်တိုင်းများ သူ့အပေါ် ကွင်းအောင်ပဲ လိမ္မာရေးခြားရှိရ . .။   ကုသိုလ်ကောင်းမှုဟာ သံသရာကို တိုစေတယ် ငါ့ ကုသိုလ်ကောင်းမှုဟာ မဆုံးနိုင်တဲ့ သံသရာ…..။        ။  


comegyiNovember 1, 20111min936
ကိုယ်ရေရေလည်လည် အပျင်းထူထားတဲ့ ကဗျာတစ်ပုဒ် မင်းဖတ်ကြည့်မလား စကားလုံးတွေ နောက်လိုက်ရူးရတဲ့အလုပ်ဟာ ဆိတ်ငြိမ်တောအုပ်ရဲ့ တစ်ဘက်ကမ်းကတောင်ယာလား မိသားစုဓါတ်ပုံကို ဆယ်ဆတိတိ စိတ်ကူးယဉ်ကြသူတို့ အသက်ဓာတ်များ ပါးလှပ်ကြုံလှီ ခိုတွေ တစ်အုပ်ပြီးတစ်အုပ် ဓါတ်ကြိုးတွေပေါ်ကနေ လမ်းပေါ်ကို ငါ့ညီလေးနဲ့ သူ့သူငယ်ချင်းတွေကလည်း အဲဒီလို မင်းညီမလေးလည်း အဲဒီလိုပဲလား ထောင်ချောက်တွေဟာ တစ်ချက်သမ်းဝေလိုက်တာနဲ့ သစ်ပင်ကလည်း အမြစ်အထိရူးသွားဖို့စောင့်နေတယ် အမေက ခြင်္သေ့လို့ ချစ်စနိုးခေါ်တဲ့ ငယ်နာမည်ကလည်း ဒီမှာတော့ ဝံပုလွေဖြစ်လိုဖြစ် ရင်ထဲက ကျောက်ပေါက်မာတွေလည်း ပခုံးတွေ လက်မောင်းတွေပေါ်ကို ရောက်လာကြတယ် ဝတ်ကောင်းစားလှ ကြယ်တံခွန်နဲ့ ဥက္ကာပျံတွေ မိုးခါးရေ သောက်တဲ့မြို့မှာ ငါ့ညီလေး ဂစ်တာတီးတာ ရီ(ရယ်)စရာလား အရေးထဲ ရွက်ဆုတ်ပြက္ခဒိန်မှာ မင်းပုံတွေ မှားဆုတ်သွားတဲ့ကောင်မလေးအကြောင်း စဉ်းစားမနေပါနဲ့ကွာ ပွဲတော်တွေကလည်း အမဲလိုက်မလွတ်တဲ့တောအုပ်လို စိတ်အသားအရောင်မတူတဲ့ လူတွေကို ဂိမ်းထဲ […]


comegyiOctober 30, 20111min792
နွေးတဲ့ပင်လယ်နဲ့ လှုပ်ရှားမှု မရှိတဲ့လေငြိမ်တွေကြောင့် ပြင်းထန်တဲ့ မုန်တိုင်းဟာ အစပျိုးပါတော့မယ် အမှောင်ကမ္ဘာမှာ လောင်နေတဲ့အရေးအခင်းဟာ အခု လူရှေ့သူရှေ့ကိုဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပြီးနောက် လူတော မတိုးတဲ့အန္ဓတို့ရဲ့ ခေတ်ကုန်ဆုံးလွန်မြောက်ခဲ့ပြီးတဲ့နောက် သေရာပါ ပြာနှမ်းနေတဲ့အရေခွံကို အပြီးအပိုင်ဝတ်ဆင်ခဲ့ပြီးတဲ့နောက် အနားတို မျဉ်းသေအမှတ်အသားတစ်ခုမှာ ဉာဏ်ပညာခုံဖိနပ်ကြီးတကားကားနဲ့ကိုယ့်ကောင်ကြီး ဟောပြောနေပုံကလည်း သားသားနားနားသိမ်သိမ်မွေ့မွေ့နဲ့ သိပ်ကြောက်မက်ဖွယ် ငြိမ်းချမ်းရေး ……ကိုယ့်လူတွေ …….ငြိမ်းချမ်းရေး ဆိုတဲ့ .. ဝတ်ပြုဆုတောင်းတဲ့ တနင်္ဂနွေမှာ တူညီဝတ်စုံနဲ့ အသားအရောင်ခွဲခြားရေး အစီအစဉ်တွေကို ကျက်မှန်သင်အံလိုက သင်အံ အနာရောဂါမထူပြောရေး အတွက် ကိုယ်ပိုင်မီတာ တစ်လုံးစီတပ်ဆင်သင့်နေပြီဖြစ်တဲ့မြို့တော်ရဲ့ ဇာတိပုည ဂုဏ်မာနကို သင်နားလည်လက်ခံပြီးတဲ့အခါ ဧည့်ဂေဟာ တစ်ဆောင်ရဲ့ အဝင်ဝက မိကောင်းဖခင် သမီးလေး တစ်ယောက်ရဲ့ ရှက်သွေးလို ဝါလကင်းလွတ် သီတင်းကျွတ်တဲ့အခါ ကျော်ကြားသူများ ရပ်ကွက်ထဲ ခေတ်စားနေတဲ့ မှန်မှန်ကန်ကန်ကောလဟာလ […]


comegyiOctober 29, 20111min15112
တစ်နေသ၌ ကျွန်ုပ်သည် အလျင်စလို  ပြုမူဆောင်ရွက်ဖွယ် ကိစ္စတစ်ခကြောင့် နေရာဌာနတစ်ခုသို့ အလျင်အမြန် သွားရောက်လိုသဖြင့် ထိုးဆိုက်လာသော မော်တော်ဘတ်စ် တစ်စီးပေါ်သို့ ဒရောသောပါး တက်လိုက်မိချေသည် တမုံ ……….။   ကျွန်ုပ်စီးလို်က်မိချေသော မော်တော်ယာဉ်တော်ကြီး၏ အနွတ္တသညာ လိုင်းအမည်မှာ အထူးယာဉ်တော်ကြီးဟူ၍  ဖြစ်ချေတော်မူပြီးသကာလ ယာဉ်တော်ကြီး၏ အတွင်းပိုင်း နံရံများမှာ ပုံသေ (၂၀၀) ကျပ် ၊မတ်တပ်ရပ် ခရီးသည်မတင်ပါ၊ ကျေနပ်မှုမရှိပါက တိုင်ကြားရန်ဖုန်း (၀၀၀၀၀၀)  ဟူသောစာတမ်းများကို နေရာအနှံ့အပြား၌ ကမ္ဗည်းမှတ်ကျောက်တင်ထားပါပေသည်။ ကျွန်ုပ်သည် မော်တော်ဘတ်စ်ပေါ်သို့ ခြေနှစ်လှမ်းမျှတက်ရောက်ရန် အားထုတ်မိစဉ်မှာပင် ကျွန်ုပ်၏လက်မောင်းအစုံမှာ ပြုတ်တူနှင့်ညှပ်ကာ ဆွဲမြှောက်ခံရသကဲ့သို့ စွဲကနဲ မြောက်ပါသွားကာ ယာဉ်အတွင်းသို့ မူးတူးမန်းတန်း ဖြင့် ရောက်ရှိသွားလေသည်။ ထိုစဉ်မှာပင် ယာဉ်၏ ပြောရေးဆိုခွင့်ရတော်မူသော ကျေးဇူးတော်ရှင် လက်မှတ် ရောင်း […]