countryboyDecember 23, 20111min1072
မစိုးရိမ်စာသင်သား ကလောင်အမည်ဖြင့် ဘာသာရေးစာအုပ်တွေကို တွေ့မိကြမည်ထင်ပါသည်။ သူက ဗုဒဘာသာဝင် မဟုတ်သူများကို လိုက်လံ ပြီး နှောင့်ယှက်နေသူဖြစ် ပါတယ်။ သူနှင့်မတူသူများကို မိစ္ဆာဒိဋ္ဌိ အမည်တပ်ပြီး တရားစွဲဖို့ တင်တော့တာပဲ။ အဲဒီလိုတင်လိုက်ရင် နောက်ပါ လပြည့်ဇင်နှင့်တကွ ဝရသာမိတို့ပါ လိုက်လံ လုပ်ဆောင် နေပါတယ်။ ဘာသာတရားကို နိုင်ငံတော်က အင်အားနှင့် ဖြေရှင်းပေးတာဟာ  ဘာသာတရားလွတ်လပ်ခွင့်နှင့် မကိုက်ပဲ ဖြစ်နေပါသည်။ ဘာသာတရားကို  လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ရှိသည်ကို တစ်ကမ္ဘာလုံးက သိရှိပြီးသားဖြစ်ပါသည်။ မဟန အဖွဲ့သည် မစိုးရိမ်စာသင်သား၏ လျှောက်ထားချက်တို့ကို မစဉ်းစားပဲ  ဆုံးဖြတ်ချက်ချတတ်ကြပါသည်။ ဆုံးဖြတ်ချက်များသည် ဘယ်လိုဖြစ်နေပါသနည်း။ “ငါတို့နှင့်မတူရင် အမှားပဲ လုပ်ကွာ” လို့ ဆုံးဖြတ်ကြပါသည်။ ယင်းအချက်ကို စဉ်းစား  မိကြသူတိုင်း ကိုယ်ကျိုးနည်းကြရမည်သာ ဖြစ်မည်။


countryboyAugust 13, 20111min27218
ကျနော်တို့ မိတ်ဆွေတစ်ပါးက နိုင်ငံတော်တက္ကသိုလ်တစ်ခုမှာ နောက်ဆုံးနှစ်ပေါ့။ သူတို့ရဲ့ စာသင်ချိန်တွင် ဖြစ်ပျက်တာလေးတစ်ခုကို ပြောပြလို့ ကျနော်က ဧဝံ မေ သုတံ ဖြစ်လာတယ်လေ။ မိတ်ဆွေပြောတာကတော့ ဒီလိုပါ။ သူတို့က နံနက် ရ နာရီမှာ အတန်းတက်ရတယ်ပေါ့၊ ဂနာရီမှာ အတန်းမရှိဘူးတဲ့၊ ဒါနဲ့ မြန်မာစာ(နာမည်ကြီး တရား ဟောဆရာတစ်ပါးကို ) ဆရာကို သွားပြီး နံနက်ပိုင်း ဂ နာရီဝင်ပေးပါလို့ လျှောက်တင်တယ်တဲ့ကွယ်။ အဲဒီ တရားဟောဆရာက ဘာပြောတယ်မှတ်တုံး မဝင်ဘူး ကွာ လို့ ပြောလိုက်ရောတဲ့ အတန်းသားတွေနှင့် ညှိနှိုင်းမရဖြစ်ပြီး ၉ နာရီမှာ ဝင်ရောက်လာတော့ အတန်းသားတွေက အချိန်မဟုတ်လို့ မလာဘူးလေ။ ဒါကို ဆရာက ရုံးကိုသွား ပြီး လျှောက်ထားတာပေါ့။ ရုံးကလည်း ဘယ်နေမလဲ […]


countryboyJuly 16, 20111min25921
လူသည် သတ္တဝါအားလုံးထဲတွင် အသိညဏ်အရှိဆုံး ဖြစ်သည်။ အသိညဏ်ရှိသလောက်လည်း လုပ်ဆောင်ကြရာ ယနေ့ကမ္ဘာလောကကြီးအထိ တိုးတက်လာသည်။ အသိညဏ်ကို တလွဲ အသုံးချမည်ဆိုလျှင် ကမ္ဘာလောကကြီးလည်း ပျက်သုဉ်းသွားမည်သာ ဖြစ်ပေသည်။ ဒီနေရာတွင် လူ့အသိရှိသူတို့သည် ကမ္ဘာလောကကြီးကို စောင့်ရှောက်ကြသည်။ လူ့အသိ မရှိသော ပုဂ္ဂိုလ်တို့မှာ ကမ္ဘာလောကကြီးနှင့် လူသားများကို ပျက်စီးစေရန် အမျိုးမျိုး လုပ်ဆောင်နေကြသည်။ လူ့အသိရှိလာစေရန် ပညာရှင်အသီးသီးဆီမှာ နည်းနာခံယူသင်ကြားကြရသည်။ `တပည့်မကောင်း ဆရာ့ခေါင်း´ ဆိုသလို ဆရာ့ဆီကို ရောက်လာကြသည်။ နည်းလမ်း လွှဲချော်နေလျင်လည်း အသိတရားမရှိနိုင်ပေ။ မန္တလေးဂေဇက်တွင် ဖတ်လိုက်ရသော စတီဖင် ဟော့ကင်း၏ စကြာဝဠာနှင့် ဖန်ဆင်းရှင် အကြောင်းသည် ဘာသာရေးပြဿနာ များစွာဖြစ်ပွားနိုင်ပေသည်။ သူ့ကို တိုက်ခိုက်လာသူများပေါများလာမည်ဟု ခန့်မှန်းမိပါသည်။ သို့သော် ပညာ ရှင် အများစုသည် မိမိ၏ စကားကို […]


countryboyJune 24, 20111min810
လောကကို ပုံစံအမျိုးမျိုးဖြင့် ပုံဖေါ်ကြပါသည်။ ထိုသို့ပုံဖေါ်ရာတွင် အမြင်အမျိုးမျိုးကွဲပြားကြပါတယ်။ အမြင်ကွဲသလို လုပ်ငန်းများလဲကွဲပြားသွားပါတယ်။ မှန်ပေ့ဆိုသော အရာကား ပုံပေါ် မလာကြသေးပေ။ မိမိတွေးသလောက်ဖြင့်သာ ပုံဖေါ်ကြသည့်အတွက် လူများ ဝါဒအမျိုးမျိုး ကွဲပြားသွားရသည်။  


countryboyMay 7, 20111min690
လောက ဆိုသော စကားလုံးသည် ဘာသာရေး၊ လူမှုရေး၊ စီးပွားရေးစသည့်နယ်ပယ်အသီးသီးတွင် အလွန်သုံးစွဲသော စကားလုံးဖြစ်ပါသည်။ သို့ပေမယ့် ဘာကိုရည်ညွှန်းသည်ကိုကား သိရှိဖို့ရန် ခက်ခဲမည် ဖြစ်ပါသည်။ လောကအကြောင်းကို မြတ်စွာဘုရားက လူအများ ဟု သတ်မှတ်ပြခြင်းဖြစ်ပါသည်။ လောကကို ဒုက္ခ ဟု စက်ဝိုင်းများ၊ ဟောစဉ်များတွင် ကြားနာရ ပါသည်။ လောကကို စောင့်ရှောက်ကြဟု ရဟန်းတော်များအား ပြောကြားခဲ့သည်ဟု လေ့လာတွေ့ရှိရပါသည်။ အဘယ်ကဲ့သို့ကောက်ယူမည်နည်း ။ လောက ကို တစ်နက်တည်းသာ ကောက်ယူသုံးစွဲသင့်လှပါသည်။ အမြင်ကန်းသူကို လောကမမြင်သူဟု ခေါ်မည်သာဖြစ်ပေသည်။ အမြင် ကန်းခြင်းဆိုသည်မှာ လူကို လူဟု မမှတ်ယူခြင်း၊ သစ်ပင်ကို သစ်ပင်ဟု မမှတ် ယူခြင်း၊ ဇာတ်ကားကို ဇာတ်ကားဟု မသတ်မှတ်ခြင်း ဖြစ်ပါသည်။ အချို့သော ပုဂ္ဂိုလ်များမှာ ဇာတ်ကားကြည့်ပြီး […]


countryboyMay 2, 20111min590
မြစ်ထဲမှာ ရေရှိသည်လို့ပြောနေခြင်းဟာ လူတွေအတွက် အကျိုးမများသလို အလုပ်လည်းမဟုတ်ပါဘူး၊ မြစ်ဆိုတာလည်း အရှိမဟုတ်၊ ရေဆိုတာလည်း အရှိမဟုတ်လို့ပြောဆိုနေခြင်း ဟာလည်း အကျိုးမများပါ၊ အလုပ်မဟုတ်ပါ၊ မြစ်ထဲက ရေတွေဘယ်လိုအသုံးဝင်တယ်၊ ဘယ်လိုအကျိုးရှိတယ်လို့ ပြောခြင်းကသာ အလုပ်ဖြစ်ပါတယ်။


countryboyMay 2, 20111min26033
တရားရိပ်သာ အသီးသီး၊ ကျမ်းစာတတ်သူများက တရားနှင့်နေသူဆိုတာ ဝိပသ်သနာကမ်မဋ္ဌန်းကို အားထုတ်မှရမည် ဟု ပြောဆိုနေကြပါသည်။ တရားရိပ်သာသမားကလည်း စာပေသင်ယူသူများကို နွားကျောင်းပြီး နွားနို့မသောက်ရသူပမာ ပြောကြပါသည်။ စာပေသမားကလည်း စာပေအခြေခံရှိမှ တရားအားထုတ်နိုင်မည်ဟု ပြောကြပါသည်။ ဘယ်လို ဖြစ်လို့ လုပ်နည်းကွဲနေရပါသနည်း…လုပ်ရင်လုပ်သလောက်ပြီးမြောက်ရမည်သာ မဟုတ်လော…ရူပဗေဒဘာသာတွင် “အရွေ့မပါသော အလုပ်သည် ပြီးမြောက်အလုပ်မဟုတ်” ဟုပြောပါ သည်။ တရားနှင့်နေသူဆိုတာ ဘာလဲ…..