AngelJune 13, 20111min683
ရတနာပုံသတင်းစာစာဖတ်ရှုပရိတ်သတ်များခင်ဗျာ ပထမအကြိမ် အဖြစ်ရန်ကုန်တိုင်း မရမ်းကုန်းမြို ့နယ် အမှတ်(၆) ရပ်ကွက် ရဲ ့ဇာတ်လမ်းစုံအား အခြေအနေပေးရင်ပေးသလိ်ု တင်ပြသွားမှာဖြစ်ပါတယ်…. ကျွန်တော်ရေးသားတင်ပြနေသောဇာတ်လမ်းလေးမှာတကယ့်ဖြစ်ရပ်မှန်ဖြစ်တယ်ဆိုတာ တဆဆနဲ ့ပီပီပြင်ပြင်တွေ ့မြင်ဖတ်ရှုရမယ်ဆိုလို ့ ကတိပြု ပါတယ် ခင်ဗျာ… ကျွန်တော်တင်ပြခဲ့တဲ ့ရန်ကုန်တိုင်းမရမ်းကုန်းမြို ့နယ်(၆)ရပ်ကွက် ရဲ ့ရာဇဝင် ဟောင်းလေးကို တင်ပြရခြင်းနှင့်ပတ်သတ်၍အမှန်တကယ် ရင်နာဖွယ်ရာဖြစ်တယ်ဆိုတာတကယ်ပါပဲ… ဘာလို ့လဲဆိုတော့ အာဏာပိုင် အဖွဲ ့အစည်း ပေါင်းစုံနဲ ့ပူပေါင်းပြီးငွေရှိရင် ဘာမဆိုလုပ်လို ့ရတယ်ဆိုပြီ ဥပဒေကိုအလွှဲသုံးစားလုပ် အင်အားချို ့တဲ့နေသောမိသားစုပေါင်းများစွာကို နည်းလမ်းပေါင်းစုံနဲ ့အိုးမဲ့အိမ်မဲ့ ဒုက္ခပေါင်းစုံရောက်အောင်ပြုလုပ်ခဲ့ကြတဲ့ လူမဆန် တဲ ့လုပ်ရပ်များအမှန်တကယ် ရှိခဲ့တယ်ဆိုတာကို အသေးစိတ်တင်ပြသွားမှာပါ.. ဒီလိုနှစ်ပေါင်းများစွာကြာမှတင်ပြရလည်းဆိုရင် တင်ပြခွင့်ဟာအခုမှရလို ့ပဲဖြစ်ပါတယ်… နိုင်ထက်စီးနင်းပြုလုပ်ခြင်းခံခဲ့ရတယ်ဆိုတာစိတ်ဝင်စားသူများရှိခဲ့ရင်စုံစမ်းနိုင်ပါတယ်… ဒီဇာတ်လမ်းရဲ ့အဓိက ဇာတ်ကောင်ကြီးကတော့ နန်းထိုက်တော်ဝင် […]


AngelJune 10, 20111min614
ရန်ကုန်တိုင်း မရမ်းကုန်းမြို ့နယ် (၆)ရပ်ကွက်၏အုပ်ချုပ်ရေးမှူး ဦးခင်ဇော် မှာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ရုံးမှ ချမှတ်ပြဌာန်းထားသော နည်းဥပဒေ လုပ်ထုံးလုပ်နည်းစည်းကမ်းများနှင့်ကိုက်ညီမှုမရှိပါ။ အကြောင်းမှာ ရှေ ့နေ တဦး၏ဇနီး သားသမီး သုံးယောက်၏မိခင် နန်းထိုက်တော်ဝင်စားသောက်ဆိုင်နှင့် ဂရိတ်နို်င်း ဆောက်လုပ်ရေးကုမ္ပဏီတို ့၏ပိုင်ရှင် ဦးအိုက်လင်း၏ တပည့်ရင်း ဒေါ် ခင်သန်းဌေး ဆိုသူ နှင့် ပေါင်းသင်းနေထိုင်ခဲ့ရာ ၅နှစ် ကာလသို ့ရောက်ရှိခဲ့ပါသည်။ ၎င်းအုပ်ချုပ်ရေးမှူးဦးခင်ဇော်မှာ ရ.ယ.က ဥက္ကဌဟောင်းတဦးအဖြစ်မှ ယခုအုပ်ချုပ်ရေးမှူးအဖြစ်သို ့ ရောက်ရှိရန် တာဝန်ရှိသူများအား လာဘ်ငွေ ၃သိန်း ပေးကမ်းပြီးရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် ဆက်လက် လုပ်ကိုင်နေပါသည်။ ယင်းဖြစ်ရပ်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သစ်၏ဂုဏ်သရေ ကိုညှိုနွမ်း ထိခိုက်စေခြင်းအလို ့ ငှာမသင့်တော်ကြောင်း သက်ဆိုင်တာဝန်ရှိသူများသို ့တင်ပြအပ်ပါသည်ခင်ဗျာ။