တောင်မရောက် မြောက်မရောက်စီးရီးက တောတွင်းပျော် ဝါသနာအရလျှောက်ရိုက်ထားတဲ ့ပေါ ့ပေါ ့ပါးပါးပုံတွေ လျှောက်တင်နေတာ .. တနည်းဆို .. ရွာသဂျီးဆိုက်နဲ ့ စာဖတ်ပရိသ်သတ်တွေကို မျက်စိဒုက္ခလိုက်ပေးနေတာလေ :k: သည်းညီးခံကြပါကုန်။ ဘာရယ်လို ့မှ မဟုတ်ပါဘူးဗျာ .. ဘာတင်ရမှန်းမသိလို ့ တင်လိုက်တာ။ တောင်ရောက် မြောက်ရောက်ပိုစ်အတွက် ဓါတ်ပုံတွေစုနေတုန်းမို ့ ကြားဖြတ်တင်လိုက်တာ တောတွင်းပျော်


တောင်ရောက် မြောက်ရောက်သွားလိုက်တာမှ ပြီးခဲ ့တဲ ့ နွေတုန်းက ထို ့ကော်ကိုး ဆိုတဲ ့ရွာကို ၂ ကြိမ် ရောက်ဖြစ်တယ်။ တစ်ကြိမ်က ကျုံဒိုးမီးပုံပွဲကိုသွားရင်းရောက်ခဲ ့တာ။ ထို ့ကော်ကိုးရွာက ကရင်ပြည်နယ် ကျုံဒိုးမြို ့ကနေတဆင် ့ မြောက်ဖက်ကို တစ်နာရီလောက် မောင်းသွားရတဲ ့ခရီးမှာရှိတဲ ့ရွာပါ။ ကော ့ကရိတ်မြို ့နယ်ထဲမှာရှိပြီး ထို ့ကော်ကိုးရွာကနေ နောက်ထပ် မိုင်ဝက်လောက်ဆက်သွားရင် ဗိုလ်ချုပ်ထိန်မောင်တို ့ ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ ့နေတဲ ့ Nawtaya ကို ရောက်ပါတယ်။ ဒီနေရာဟာ ခရီးလမ်းအဆုံးပါ။ ဆက်သွားမယ်ဆိုရင်တော ့ သစ်ထုတ်လုပ်ရေးကားလမ်းများသာ ရှိပါတော ့တယ်။ ကျုံဒိုးမြို ့ကနေ ထို ့ကော်ကိုးရွာအထိ ကတ္တရာလမ်းခင်းထားပါတယ်။ ဒီဒေသဟာ […]


အတွေး။ ။ အတွေးက ကိုယ် ့ဘာသာခေါင်းထဲမှာပဲရှိနေရင်တော ့ ဘာပြသ်သနာမှမရှိ။ ကိုယ် ့ဘာသာတွေးချင်ရာတွေး တွေးချင်သလိုသာတွေး။ အပြင်မထွက်သေးသမျှ အမြင်မတူသူတွေနဲ ့ ထိပ်တိုက်မရင်ဆိုင်ရသေးသမျှ အေးချမ်းနေဆဲ။ ဒါပေမယ် ့ တွေးထားသမျှ တချို ့တလေကို တခါတလေကျတော ့လည်း အပြင်ထုတ်ချင်လာပြန်ရော .. တောတွင်းပျော် ပြီးခဲ ့နွေတုန်းက ဘုရားဖူးခရီးစဉ်တွေ လျှောက်လိုက်ပို ့နေခဲ ့ရတယ်။ တောတွင်းပျော်တို ့နိုင်ငံက သိကြတဲ ့အတိုင်း အပန်းဖြေလေ ့လာရေးခရီးတွေက ဘာသာရေးနဲ ့ ဆက်စပ်နေတဲ ့ နယ်မြေတွေကပိုများပါတယ်။ တောင်တွေရှိရင် ဘုရားရှိတယ်။ ဂူတွေရှိရင် ဘုရားရှိတယ်။ ထင်ရှားတဲ ့ ကျောက်ဂူကြီးတွေ ရေပူစမ်းတွေဟာလည်း ဒေသနယ်မြေခံတွေရဲ ့ ယုံကြည်ကိုးကွယ်မှုနဲ ့ပတ်သက်တဲ ့ […]


တောင်ရောက် မြောက်ရောက်ခရီးသွား ဓါတ်ပုံစီးရီးတင်နေတာကနေ ဘေးခဏထွက်ပြီး တခြား အဆက်အစပ်မရှိပုံတွေ ကြားညှပ်တင်လိုက်ပါအုံးမယ်။ ဒါတွေကလည်း ဝါသနာအရ ရိုက်မိရိုက်ရာတွေပါပဲ။ တစ်ချို ့ပုံတွေက မကျွမ်းကျင်ပေမယ် ့ အလှရိုက်ထားတဲ ့ပုံတွေဖြစ်ပြီး တစ်ချို ့ပုံတွေက ရိုးရာယဉ်ကျေးမှုနဲ ့ ဆက်စပ်တဲ ့ မှတ်တမ်းပုံလေးတွေပါ။ ဒီပုံတွေကို ကျနော် ့ facebook မှာ တင်ခဲ ့ပြီးသားတွေပါ။ အမှတ်စဉ်တော ့ လိုလိုမယ်မယ်တပပ်ထားလိုက်အုံးမယ်။ တောင်မရောက် မြောက်မရောက်ပုံတွေ နောက်ထပ်ရိုက်နိုင်ခဲ ့ရင်ပေါ ့။ မနှစ်က သံဖြူဇရပ်မြို ့နယ် ဘဲလမိုင်းရွာ ကရင်နှစ်သစ်ကူးညက ရိုက်ထားတာပါ။ အဟမ်း! ဒီပုံကို ဂဇက်ရွာသားကြီး ဆရာဂျစ်စူအတွက် ရည်စူးပါတယ်။ ဆရာဂျစ်စူရေ shake! :k: သထုံမြို ့နယ် ထောင်မှူးရွာ […]


တောတွင်းပျော် ငယ်ငယ်က အိမ်ခြေသိပ်မများလှတဲ ့ အထက်ကျောင်း တစ်ကျောင်းတည်းသာရှိတဲ ့ တောင်ပေါ်မြို ့ကလေးမှာ နေခဲ ့ရတယ်။ ကစားဖော်ဆိုတာက လက်ချိုးရေတွက်လို ့ရတဲ ့ ၆/ရ ယောက်လောက်သာ။ ဒီအုပ်စုတွေက အသက်အရွယ်စုံ အတန်းကြီးအတန်းငယ်တွေ။ မတည့်လည်း ဒီအုပ်စု တည် ့လည်းဒီအုပ်စု။ ဒီ ့အပြင် တခြားလူတွေကမှ မရှိတာပဲ။ သူငယ်ချင်း အများစုက ပညာရေးဝန်ထမ်းသားသမီးတွေ။ အဆော ့ကလည်းသန်ပါ ့။ စနေ တနင်္ဂနွေ ကျောင်းပိတ်ရက်များဆို တနေကုန် တနေခန်း။ သူငယ်ချင်းအဖေကျောင်းအုပ်ကြီး ကိုယ်တိုင် ပြူးတင်းပေါက်က ကြိမ်တုတ်နဲ ့ ကိုယ်ယောင်ပြမှ နားလိုက်ကြတာ။ ဒါတောင် မိုးစုံးစုံးချုပ် မမြင်မကန်းတဲ ့အထိ ဘောလုံးကန်လို ့ ကောင်းနေကြတုန်းကိုး။ ဆရာကြီးရဲ ့ […]


ပြီးခဲ ့တဲ ့ နွေတစ်တွင်းလုံးမှာ တောတွင်းပျော်ခြေရှည်လိုက်တာများ မြဝတီ ဘုရားသုံးဆူ ထီးခီး နယ်စပ်မြို ့ နယ်စပ်စခန်းတွေ အကုန်ရောက်ခဲ ့တယ်ဗျ။ ကိစ္စဝိစ္စနဲ ့ သွားလာခဲ ့တယ်ဆိုပေမယ် ့လည်း ကားမောင်းရင်းတဖက် နိုင်သလောက် မှတ်တမ်းတင် ဓါတ်ပုံတွေတော ့ရိုက်ခဲ ့ပါတယ်။ ရောက်ရာအရပ်ဒေသမှာလည်း ဒေသခံဆီ စပ်စုမေးမြန်း အချိန်ရရင် တကူးတကသွားပြီး ပုံတွေလျှောက်ရိုက်။ ဝါသနာကလည်း မငြိမ်ဘူးလေ .. ရိုက်ချင် စပ်စုချင်လို ့သာ လျှောက်ရိုက်ခဲ ့ပေမယ် ့ ခုလို ဂဇက်ပေပါ်တင်လိုက်ရင် မြင်ဖူး တွေ ့ဖူး ရောက်ဖူးပြီးသားသူတွေအတွက် အပိုတွေပါကွာ ဖြစ်နေပါအုံးလိမ် ့မယ်ဆိုရင် သည်းခံပေးကြပါ။ နာမည်ကြီးလှတဲ ့ နယ်စပ်မြို ့ကို သွားလာခွင် ့ကံမကြုံရသေးတဲ […]


တောတွင်းပျော်ရဲ ့ တောင်ရောက် မြောက်ရောက် ခရီးသွားဓါတ်ပုံ မှတ်တမ်းတွေ တင်နေတာကနေ တလှဲ ့ ခရီးသွားလာရင်း မတော်တဆ ခလုတ်တိုက်မိပြီး နှိပ်မိတဲ ့ပုံတွေ ပြောင်းတင်ကြည် ့လိုက်အုံးမယ်။ ကျနော်တောတွင်းပျော်က ဓါတ်ပုံရိုက် ဝါသနာသာပါတာ .. ပညာနဲ ့ ပတ်သက်လို ့ကတော ့ ခလုတ်နှိပ်တတ်တာတစ်ခုပဲရှိတယ်။ အလင်းအမှောင် အသွေးအရောင်ဆိုတာလည်း နားလည်တာမဟုတ်။ ပုံတစ်ခုမှာ အဝါ အနီ အနက် မျှတမယ်ဆို ကြိုက်မိတော ့တာပဲ။ အစိမ်း အပြာ အဖြူ ပြေပြစ်တယ်ဆိုလည်း လှတယ်လို ့ လူပြိန်းအတွေးနဲ ့ လက်ခံမိတော ့တာ။ ရှုခင်းအလှပုံတွေကို ပြောပါတယ်။ အခုလည်း သွားရင်းလာရင်း ရိုက်မိခဲ ့သမျှထဲက စိတ်ထဲက ကြိုက်တဲ ့ပုံတွေ […]


ဗျတ်ဝိသားရွာနဲ ့ ကျောက်ပြားတောင် အကြောင်းဆက်လိုက်အုံးမယ်။ ကျောက်ပြားတောင်က ဗျတ်ဝိသားရွာအရှေ ့ဖက် သဲချောင်းကြီးကိုကျော်ပြီး မိုင်ဝက်လောက်အကွာမှာ ရှိတဲ ့ ပင်လယ်ရေမျက်နှာပြင် ၇၀ဝ လောက်မြင် ့တဲ ့တောင်ကုန်းတန်းရှည်တစ်ခုပါ။ သဲချောင်းကြီးလို ့ခေါ်ကြပေမယ် ့ တစ်နွေလုံးရေမပြတ်တဲ ့ ကျောက်ချောင်းကြီးပါ။ ကျောက်ပြားတောင်ပေါ်မှာ ကျောက်တုံးကြီးတွေ တစ်လုံးပေါ် တစ်လုံးဆင် ့ပြီးတည်နေတာ ထူးထူးခြားခြားတွေ ့ရပါတယ်။ မြန်မာပြည်က ကျော်ကြားတဲ ့ ကျိုက်ထီးရိုးကျောက်တုံးလိုမျိုး .. ဒီမှာက နယ်မြေ ဧရိယာကျဉ်းကျဉ်းမှာ ဒီလိုကျောက်တုံးကြီးတွေ သဘာဝအတိုင်း ဆင် ့နေတာ ၃ ခု တွေ ့ခဲ ့တယ်။ ဒေသခံတွေ အဆိုအရ စစ်ကြီးမတိုင်ခင်က ဒီနေရာတွေမှာ ဘုရားတွေတည်ခဲ ့ကြပြီး စည်ကားခဲ ့ပုံ ရတယ်။ […]


မိုးကျလာလို ့ ခရီးအသွားအလာပါးသွားတော ့ … တနွေတွင်းလုံး ဆိုင်ကယ်တစ်စီးနဲ ့ သွားလာခဲ ့တဲ ့နေရာတွေက ရိုက်ထားခဲ ့သမျှတွေ ပြန်တင်မယ် ဗျာနော်။ တစ်ချို ့နေရာတွေက စိတ်ဝင်စားစရာကောင်းတဲ ့ ဒေသတွေဖြစ်ပြီး လူသူအသွားနည်းတဲ ့ အရောက် နည်းတဲ ့ နေရာတွေဖြစ်လိမ် ့မယ်ထင်တယ်။ ပုံတွေကတော ့ taw twin pyaw facebookမှာတင်ခဲ ့ပြီးသားပုံတွေပါ။


ဆိုင်းဘုတ်တွေသာ ယိမ်းထိုးကခုန်နေကြတဲ ့ မြို ့ကလေးက ရောဂါအစုံစုံကို ဆေးတစ်ဖုံနဲ ့ ပျောက်စေမတဲ ့လေ … အကျရည်တစ်ခွက်နဲ ့ လွတ်လပ်စွာ အနည်ထိုင်တတ်ခဲ ့သူတွေ ခုတော ့လည်း … Ready made တွေကြား အိပ်မက်တွေက ယက်ကန်ယက်ကန် … အောက်ဈေးမိခဲ ့သတဲ ့ … လူရွှင်တော်တစ်ချို ့ဟာ ပြက်လုံးဟောင်းတွေ ပြန်လည်ဆန်းသစ်ဖို ့ သချင်္ာဘုတ်အုပ်ကိုင်ရင်း ငိုက်မြည်းနေကြပြန်ရော … စီးကရက်ငွေ ့နဲ ့အတူ ဖောင်းပွစကားလုံးတွေ ရောယှက်မိတော ့ ဟို … ဂျော်ကာကြီးခမျာ ဟန်ဆောင်ကလေးမှ မလုပ်တတ် သံလွင်ခက်ကို ဘေးချ ငုတ်တုတ် ထိုင်မေ ့သွားရှာတယ် … ဒါနဲ […]


မနက်စောစော လေထန်ကျောင်းဆရာတော်ဆီက ဖုန်းဝင်လာတယ်။ “ တောတွင်းပျော်၊ မင်းအားရင် ငါ ့ကားကို မောင်းပေးအုံး၊ တဖက်ရွာက လူမမာကို ဆေးရုံပို ့မလို ့” ဆရာတော်ကျောင်းမှာ ကျောင်းသားကပ္ပိယမရှိ။ ကားမောင်းတတ်တဲ ့ ဦးဇင်းတွေရှိပေမယ် ့ ဝိနည်းနဲ ့ မတော်လို ့ ခုလို အရေးအကြောင်းရှိရင် တောတွင်းပျော်ကို ခေါ်နေကျ။ လူမမာရဲ ့ အခြေအနေ ဘယ်လိုရှိသလဲ ဘုရား ပြန်မေးတော ့ “ သိပ်ဟန်ပုံ မရဘူး” ဒါနဲ ့ တောတွင်းပျော် ဆရာတော်ကျောင်းကို သွားပြီး ကားကို လိုအပ်တာတွေ စစ်ဆေးလုပ်နေလိုက်တယ်။ သွားရမယ် ့ ခရီးကလည်း ဝေးတာကိုး။ ကား စစ်ဆေးလုပ်နေချိန်မှာပဲ ဆရာတော် တောတွင်းပျော်ဆီ ရောက်လာပြီး […]


တစ်ခါက ပိုစ်တစ်ခုရဲ ့အောက်မှာ လူတွေသေတဲ ့အခါ မှတ်ဉာဏ် မင်မိုရီ ပို ့လွှတ် လက်ခံတယ်ဆိုတဲ ့ အယူအဆတစ်ခု သဂျီးက ကော်မန် ့နဲ ့ ချပြခဲ ့ဖူးတယ်။ ဒီအယူအဆနဲ ့ ပတ်သက်ပြီး တူညီတယ်ထင်ရတဲ ့ အဖြစ်အပျက်တစ်ခုကို ကျနော် တောတွင်းပျော် ပြောပြချင်ပါတယ်။ ရွာသူားတွေ အတွေးပွားဖို ့ မီးတစ်စ တောတွင်းပျော် တို ့ပါတော ့မယ်။ _ _ _ _ _ _ _ _ _ _ _ _ _ တောတွင်းပျော်တို ့ အမေ ့ရွာကို ပြောင်းလာကာစပါ။ တောတွင်းပျော်တို ့အိမ်တောင်ဖက် […]


ကောင်းကင်ကလ ကွေးကောက်ကောက် လဆန်းပိုင်း တစ်ရက်မှာ တောတွင်းပျော်တို ့ မြေသယ်ကားကြီး ၅စီးနဲ ့ လူ၅ယောက်ပါတဲ ့အုပ်စု kelantan ပြည်နယ်နဲ ့ pahan ပြည်နယ် နယ်စပ်မျဉ်းပေါ်က လော်ကယ်ရထားဆိုက်တဲ ့ Sungai Timau ဆိုတဲ ့ရွာရဲ ့ အနောက်မြောက် ၄ ကီလိုမီတာအကွာလောက်က သံသတ္တုရိုင်းထုတ်တဲ ့ mine စခန်းကို ရှေ ့ပြေးအနေနဲ ့ ရောက်လာခဲ ့ကြတယ်။ ဒီဒေသက မလေးရှားနိုင်ငံရဲ ့ နာမည်ကြီး Taman Negara သစ်တောကြိုးဝိုင်းရဲ ့အစွန်ဒေသတစ်ခုပေါ ့။ တောတွင်းပျော်တို ့အုပ်စုမှာက မြန်မာ ၄ယောက်နဲ ့ ကားအုံနာသူဋ္ဌေးရဲ ့ ယောက်ဖတော် တရုတ်တစ်ယောက်။ သူ […]