Linn HtetDecember 1, 20161min1256
“အမလေးလေး ငါ ဒီနေ့ထီထိုးရမယ့်ပုံပါလားဟယ်” “အွင် ဘာလို့လဲ မေမေရ” “ထူးထူးခြားခြား ဖုန်းဆက်တာနဲ့ တန်းကိုင်လို့လေ” “အာာ မေမေကလဲ” “ဟုတ်တယ်လေ … မေမေဖုန်းခေါ်တိုင်း ငါ့သားက ဂိမ်းဆော့နေတာပဲကို” “ခု မဆော့တော့ဘူး မေမေရ၊ ဂိမ်းဖြတ်ပလိုက်ပီ” “ကျိစမ်း လိမ်မာလိုက်တဲ့ ငါ့သားလေး၊ ဂိမ်းပြတ်သွားပီဆိုတော့ နောက်ဖြတ်စရာတခုပဲ ကျန်တော့တယ်နော်” “အင်းပါ မေမေရ၊ ဖြတ်တာတော့ ဖြတ်မှာပေါ့၊ မေမေလဲ မသိတာမဟုတ်ဘူး သိရဲ့သားနဲ့” “ဟဲ့ ဘာမှမဆိုင်ဘူး၊ ကြားကြားဖူးပေါင် ရုပ်ရင့်ချင်လို့ ဆေးလိပ်သောက်တာတောင် လာလုပ်နေသေးတယ်” “ဟုတ်တယ်လေ၊ သားက မှတ်ပုံတင်ထဲမှာလဲ ထင်ရှားတဲ့အမှတ်အသားက တော်တော်ချော တော်တော်နုလို့ ရေးထားဒါကို” “တော်စမ်း ပေါက်ကရတွေ၊ ငါပြောလိုက်ရမကောင်းရှိတော့မယ်၊ ဖြတ်တော့ အာ့ဆေးလိပ်လဲ” “ဟု ဖြတ်တာတော့ ဖြတ်မှာပေါ့၊ ဒါမယ့် […]