DEPARKO DEPARKONovember 10, 20161min830
မကြင်နာတမင်ခွာလို့စိမ်း လေယူရာယိမ်း မတိမ်းတတ်ပာဘူးခင် မြင်သည်ခဏ သည်ဘဝအတွက် တစ်သက်တာရည်စူး အချစ်ဦးမို့ပာဘဲ ရူူးတယ်လို့ဆိုချင်ဆို အပျိုမြင်တိုင်း မျက်လုံးရိုင်းနဲ့ကြည့် မရှိစေရပာဘူးသခင် သခင့်အလိုကျ ထားရာနေစေရာသွား ချစ်သူ့အပားမှာနေ ချစ်သူ့စကား မြေဝယ်မကျနားထောင် ဒာကိုေတောင်မှ အပြစ်ပေး အနေဝေးစေတဲ့ ချစ်သူအပြစ်မယူလိုပာဘူး ရူးတယ်လို့ဆိုချင်ဆို သက်ကြားအို မငိုတတ်တော့ပေမည့် ချစ်သူပေးတဲ့အပြစ် အချစ်များစွာနဲ့လက်ခံ နောက်ထပ်ဆက်ရန်မရှိတော့ပြီမို့ အနောက်တောင်ဆီမှာမိုးေေတွေညိုနေပြီခင်


DEPARKO DEPARKOJuly 24, 20161min1776
ပန်းခရေ နွမ်းကြေလို့ မြေမှာခ အလွမ်းပြေ နမ်းခြေဘို့စိတ်မကူး ရူးတယ်လို့ဆိုခြင်ဆို ညိုယောင်ဖန်မိုးတိမ်ပြိုမလား လွမ်းအောင်ဖန်ပြုရက်နိုင်အားတယ် ချစ်သူကြိုက်တဲ့ခရေနံ့ မိုးရနံနဲ့ရောယှက် လေပြေမှာသက်ဆင်း ပျိုမြစ်ခြင်းတွေစွန့်ခွာ ရင်ထဲမှာဗလာအသိနဲ့ စွဲညိတဲ့ချစ်သက်လျာ မျက်ဝန်းမှာခိုတွဲမိုးရေစက်လေလား အခြေမခိုင် မပိုင်လို့စွန့်ခွာ အပြစ်မမြင်နိုင်ရှာသူမောင့်ရင်မှာတော့ ခရေမြင်တိုင်းသတိရ ငယ်ရုပ်လွှာရင်မှာညိတွယ်ကာဖြင့် ပြုံးရယ်ကာရွှင်မြူးသံမည်တော့ ကျောင်းသွားသူ ပျိဖြူငယ်တသိုက်က ပဋေဟိအဖြေရှာ သက်ကြားအိုကြည့်ကာဖြင့် ရယ်လို့မဆုံး


DEPARKO DEPARKOJuly 24, 20161min1393
အနူတောမှာလူချော မောလည်းမမောနိုင် လက်ကိုင်ကာတစ်စူးထိုး တစ်နေ့တစ်မျိုးမရိုးအောင်က လုပ်သမျှအလွဲလွဲ အြငြိမ့်ပွဲထဲကဟာသ ကလိထိုးရယ်ရအောင် အော် ရှေ့ဘုန်းကြီးတစ်ချက်ခေါက်လို့ ကျောင်းပြောင်းဥပုတ်စောင့်ကာမှ နောက်ဘုန်းကြီးသုံးချက်ခေါက် အောင့်လို့သာခံပေနော့မောင်ရေ ယောင်ပေပေမလုပ်လေနဲ့ တောင်ခြေမှာလျော်ထုတ်ထမ်းသလိုပါ့ လွမ်းလိုက်လေခြင်း


DEPARKO DEPARKODecember 26, 20131min770
အမေ လှိုင်းကကြမ်းကြမ်း လေရမ်းရမ်းမှာ တိုင်းပြည်တာဝန်ထမ်း မရွံ့စတမ်းထမ်းဆောင်အမေ့သားမောင်တစ်ယောက် ဒီကောင်းကင်ပြာအောက်မှာ ခရီးတစ်ထောက်နား သင်တန်းသားတွေကိုစာပြလို့ နည်းပြဖြစ်နေခဲ့ပါပြီအမေ။ တချိန်က ပင်လယ်ပြင်ခရီးထွက်ရတိုင်း မှုန်မှိုင်းတဲ့မျက်နှာ ပုဝါစနဲ့မျက်ရည်သုတ် ဘုရားရှေ့ငုတ်တုတ်လေးထိုင် သစ္စာတိုင်တည်လို့ဆုတောင်း အမေ့မေတ္တာရေလောင်းခဲ့ရလို့ သင်္ဘောမီးလောင်လဲဘေးမဖြစ် မုန်တိုင်းနဲ့ စစ်ဖြစ်ခဲ့လည်း သစ္စာရဲ့တန်ခိုးနဲ့ အသက်ရှင် ပင်လယ်ပြင်ကိုစိုးမိုး ကွက်စိပ်ထိုးခဲ့ဘူးပါရဲ့။ ရောဂါဗယထူပြော ငှက်ဖျားတောမှာအသက်ရှင် ချမ်းတုန်နေရင်ဆေးတိုက် အမေ့ဆေးတသိုက်ကြောင့် ငှက်ဖျားဘယ်ဆီပြေး အသက်နဲ့ဝေးခဲ့ရတယ်။ ယူနီဖောင်းလေးကိုင်ကြည့် ပီတိမျက်နှာနဲ့အမေ ရာထူးတိုးလေတိုင်း မျက်လုံးဝိုင်းကြီးနဲ့ နေတဲ့အရပ်ဘေးမတွေ့ ဘယာမတွေ့ရအောင်ဆုတောင်း ဘုရားရှင်တောင် နားတွေညောင်းလောက်ရဲ့။ အခုတော့ ဆုတောင်းပေးမည့်အမေ သံသအရှည်ကြီးခရီးထွက် စိတ်မပျက်ရအောင် အမေပေးတဲ့အမွေ သားမောင်ဆက်ယူလေသမို့ ပီတိကိုစား အင်အားဖြစ်ရအောင် အမေမွေးတဲ့သား အမေ့သား အမေ့စကားနားထောင် တမလွန်မှာပျော်အောင်နေဘို့ ရေတပ်သားလေးတွေမွေးထုတ် နည်းပြလုပ်နေပြီမို့ အမေ့မျိုးဆက်ကပေါက်ဖွား အမျိုးကိုစောင့် ပြည်ကိုစောင့်ရှောက်မဲ့ရေတပ်သား အများကြီးပွားလာပြီမို့ […]


DEPARKO DEPARKOOctober 10, 20131min1543
မင်းလာခဲ့တဲ့လမ်း ပြန်လှမ်းကြည့်စမ်းပါ လမ်းပေါ်ကခလုပ်ကန်သင်း မင်းရှင်းခဲ့ဘူးရဲ့လား။ မင်းလျှောက်ခဲ့တဲ့လမ်း ပြန်မှန်းကြည့်စမ်းပါ လမ်းပေါ်ကနွံကွက် မင်းလက်နဲ့ဖို့ခဲ့ဘူးသလား။ အများလျှောက်ဘို့လမ်း ခင်းသူ့လက်မှာသွေးတွေလွှမ်းလို့ ချွေတွေမြေမှာဖြန်းသမို့ ရင်ထဲလဲပန်း နွမ်းချိနွမ်းလျှ လမ်းမပေါ်လျှောက်သူတသိုက် အမှိုက်တွေပစ်ဖွလို့ လမ်းပျက်အောင်ခလုပ်ကန်သင်း ခင်းသူကခင်းကြ စေတနာမလှတဲ့ည လမထွက်တာဘဲကောင်းပါတယ်။ ဒါပေမည့်လေ မကြင် နာ တမင် ခွါလို့ထွက်သူအတွက် လက်ပြလို့ဟန်လုပ် ငါအားမထုတ်တတ်ဘူး မုသားမပါ လင်္ကာမ ချော ပြောထွက်တဲ့နှုတ်ခမ်း သံသရာတစ်ဝှမ်းလုံး စကားမပြီ ရီလို့မရတဲ့မျက်နှာ နောက်ဘဝကိုမပါလိုဘူး။ အမှန်တရားအတွက် ငါ့သိက္ခာကိုစ တေး ဆုလာဘ်လေးရဖို့စွန့်လွှတ် ငါနောက်မတွန့်ခဲ့ဘူး။ ကဗျာရေးတဲ့သက်တန်း ငွေရတုလှမ်းကျော် ရွှေရတုကိုရည်မျှော်လို့ ငါရေးတဲ့ကဗျာပန်းခင်း အဆိပ်အ တောက်ကင်းကင်းနဲ့ ဖတ်တဲ့သူရင် တွင်း မွှေးရနံ့သင်းစေဘို့ အားထုတ်လိုု့ကြိုးပန်း လူသားတွေလန်းဆန်းစေရမယ်။


DEPARKO DEPARKOOctober 10, 20131min1001
လူ ဆိုတဲ့ လူ တမူထူးစေသမို့ လူကိုလူခြင်း စိတ်ခြင်းလည်းမတူ အနောက်ကလူတွေဆီကကူးစက် ဗိုင်းရပ်စ် တွေပုံဖျက်လို့ အတူနေနှောင်ကြိုးမလိုစကား သမိုင်းတစ်ခေတ်မှာ ကြားရလိုက်တဲ့အချိန် သက်ကြီးရွယ်အိုတွေကန့်ကွက်စကား အခုတော့ ရေပေါ်မှာအရုပ်ရေးသွားခဲ့။ လူကိုလူခြင်း စက်ရုပ်လိုသတ်မှတ်ခြင်းကြောင့် အပြင်းပြေဆော့ကစား ဝိဘစ္ဆရသမြောက်အောင် သံကြိုးတွေ တည်းနှောင် ရုပ်ကောင်ကိုတပိုင်းဆီလွှနဲ့မွ အသဲကိုအရှင်လတ်လတ်ထုတ် ပြရက်တဲ့ဇါတ်ရုပ်တွေကြောင့် နုနယ်တဲ့နှလုံးသား ညစ်ပေသွားခဲ့ရသတဲ့။ အနောက်ဆီကစီးဆင်း ယဉ်ကျေးမှု ပန်းတစ်ခင်းဟာ အဆိပ်ငွေ့တွေလျှံတက် ယဉ်ကျေးမှုတွေပျက်ခဲ့ရတော့ မြန်မာ ဆိုတဲ့ မြန်မာ တချိန်တခါဆီက သူ့ဗီဇလှလှကလေး အလွမ်းပြေတမ်းတမိနေသေး။


DEPARKO DEPARKOOctober 9, 20131min2148
ညီမ လေးရေ သူယုတ်မာတစ်ထောင် ရဲ့ ကဲ့ရဲ့သံစကား မတုန် လှုပ်သွားဘို့လေ့ကျင့် စိတ်အကျင့်ဖြူစင်စေဘို့ သူတော်ကောင်းတစ်ယောက်စကား နားဝမှာ မခါးမိစေ လေနဲ့။ ညီမ လေးရေ မင်းရဲ့ကိုယ်ကျင့်တရား သူမိုက်တွေချီးကျူးစကား သာယာမိမသွားစေနဲ့ ကိုယ်စောင့်နတ်မင်းအနား ခွါသွားမှာမင်းစိုးကြောက်လှည့်။ ညီမ လေးရေ ချီးမွန်းခွန်နှစ် ရက် ကဲ့ရဲ့ ခွန်နှစ် ရက် တစ်သက်လုံးအတွက်မဟုတ် မလိုသူတွေ အပနာမစကားကြား မင်းလျှောက်မဲ့လမ်ခြေလှမ်းမတွန့်စေနဲ့ညီမ လေး။ မိုးဆိုတာ တသက်လုံးမရွာ နေသာတဲ့နေမှာ မင်းခေါင်းမော့လို့ပြုံး အရှုံးမ ပေးနဲ့ညီမ လေး။


DEPARKO DEPARKOOctober 7, 20131min1918
မိုးကျရွှေကိုများ ဒီနေ့ တပ်မတော်ခေါင်းဆောင်တွေကိုပုတ်ခတ် ပြောဆိုနေသူတွေသုံးတဲ့အသုံးအနှုန်းပါ။ အမှန်မြင်အောင်ကြည့်တတ်ဘို့လည်းလိုပါတယ်။ ကျွန်တော်ဟာ တပ်မတော်သား အခြားအဆင့်ပါ အရာရှိမဟုတ်ပါဘူး ။တပ်မတော်ထဲမှာ ကောင်းတဲ့အရာရှိ တွေ ရှိသလို မတစ်ထောင်သားတွေနဲ့ ဖွဲ့စည်းထားလေတော့ ဆိုးတဲ့အရာရှိတွေလည်းရှိကြပါတယ်။ အားလုံးတော့ ဘယ်အရာမဆို စင်းလုံးမချောနိုင်ပါဘူး အများစု အနည်းစု ဆိုတာနဲ့ဘဲ တိုင်းတာပြီး ခြုံငုံပြောမှရနိုင်ပါမယ်။ ကျွန်တော်တာဝန်ထမ်းဆောင်တဲ့ တပ်မတော်(ရေ)မှာလည်း ထိုနည်းတူပါဘဲ။ တပ်မတော်မှ အငြိမ်းစားသွားတဲ့အရာရှိကြီးများကို ဖက်ရမ်းနှုတ်ဆက် ငိုယိုပြီး ရဲဘော်တွေရဲ့ မေတ္တာခံယူသွားသူ အရာရှိကြီးတွေအများကြီးပါ။ ဗိုလ်ချုပ်တွေလည်းပါပါတယ်။ မောရဝတီ ရေတပ်စခန်းဌာနချုပ်မှူးနဲ့ အမှတ်(၂) ဗျူဟာ စစ်ရေယာဉ်မှူးကြီးတွေတပ်မတော်က အနားယူ စဉ်က ရဲဘော်တွေမျက်ရည်လည်ရွဲနဲ့ နှုတ်ဆက်ခြင်းခံရသူတွေမို့ ကျွန်တော် တစ်သက်မမေ့နိုင်တဲ့မြင်ကွင်းတွေပါ။ အများစုကတော့ စစ်ပညာသင်ကြားတဲ့ကျောင်းမှန်သမျှဟာ ယောက်ကျားကောင်း ယောက်ကျားမြတ်ဖြစ်အောင် တာဝန်သိ မျိုးချစ်စိတ်ရှိပြီး တိုင်းပြည်ကိုကာကွယ်နိုင်မည့် ကြံ့ခိုင်တဲ့ စစ်သားကောင်းတစ်ယောက်ဖြစ်အောင် […]


DEPARKO DEPARKOOctober 4, 20131min1878
ဒီနေ့ တပ်မ တော်ဆိုတာဟာ ရန်သူနဲ့ တိုက်ပွဲ ဝင်နေတဲ့အချိန် မိုင်းကွင်းကိုလည်း လိုအပ် လာရင် နင်းရဲရမယ် သတ်ကွင်းမှာလည်း ရင် ဖွင့်တက် ရဲရမယ် အမိန့်နာခံမှုဆိုတာ ရဲဘော် တက် ဆိုတဲ့အချိန် ဟာဆရာကြီးကလည်း ရှေ့မှာမိုင်းကွင်းတက် ရင်ပြတ်သွားမှာပေါ့ ဆိုတဲ့စစ်သည်မျိုး ရင် ဆိုင် ကုန်းမှာ ရဲဘော်တက် ဟာဗိုလ်ကြီးကလည်း ရှေ့မှာပစ်နေတာ တက် ရင်သေမှာပေါ့ ဆိုတဲ့စစ်သည်တွေ နဲ့ စစ်တိုက်လို့ မရပါဘူး တိုက်ပွဲအောင်နိုင် ဘို့ လိုအပ် ရင် စ တေးရပါတယ် ဒီလိုစ တေးလိုက်ရလို့ အနိုင် ရတဲ့အ ပေါ် ပျော်မြူးနေမယ်လို့ ထင် ရင် မှားလိမ့်မ ပေါ့ ဆုံးရှုံးသွားရသူတွေ အတွက် ရင် နဲ့အမျှ အမိန့်ပေးသူတွေ […]


DEPARKO DEPARKOOctober 3, 20131min1584
အာဏာဆိုတဲ့အရာ မြန်မာတွေလက်စောင်းထက်စဉ်ကပေါ့ အယုဒ္ဒယကိုသိမ်း ဝါးရင်းဒုတ်ယိမ်းအကနဲ့ တစ်မြို့လုံးကိုချေ တစ်ပြည်လုံးကိုသိမ်း စစ်ဦးဘီလူးပေါ့ ဘယ်သူတွေမှားလို့ ဘယ်သူမှန် သူ့မြို့တော်ရန်အေးရအောင် အရှေ့ဘက်ကိုရှောင်လို့ ဘန်ကောက်လို့ အမည်တွင်ပြန်သတဲ့။ အာဏာဆိုတဲ့အရာ မြန်မာတွေဘုန်းမီးတောက်စဉ်က ပန်းဝါ မဏိပူရ လက်ဆောင်ပဏ္ဍာခစေသမို့ ကညာပျိုမဆက်သေး ခပ်ဝေးဝေးနေရင်လ မြို့တွေပြာကျရအောင် ဘုရင့်နာင်ကြံသေး။ အာဏာကိုမက် ရိုင်းလိုက်တဲ့အမည်းစက် ပြည်မပျက်ရုံပ ကနောင်ကိုလုပ်ကြံညမှာ မြန်မာ့သွေးတွေရေလိုဖြန်းတာပါ့ နန်းရင်ပြင်ဆေးနီသုတ်တဲ့ဘေး။ အာဏာအတွက် သွေးမထွက်တဲ့နန်းမျိုးဆက် ဝါးရင်းဒုတ်နဲ့ချော့သိပ်ညမှာ သီပေါမင်းသား ဘုရင်ရအောင်ပေါ့ မျိုးဆက်ပြတ်ဆေး။ အာဏာတဲ့ အာဏာ ပန်းကွက်သားမှာမို့ လူသတ်ရတယ် မြန်မာတွေထီးဘုံနန်းပျောက်စဉ်ကလည်း ကုလားဖြူဘုရား အတွင်တွင်ခေါ်လို့ နေရာယူအုပ်ချုပ်သူရာထူး သူရူးအသွင် အလိုတော်ရိများရယ်က နှိပ်စက်ခံပြည်သူတွေထကြွ တော်လှန်ကာ နိုင်ငံလွတ်လပ်ပြန်လည်း အယူမမှန်တယူသန်များရန်ကြောင့် နိုင်ငံမှာချွတ်ချုံကျရတယ် သေနတ်သံမဆဲနီုင်သေး။ အာဏာတဲ့ အာဏာ သူ့ပါဝါမသေးတာမို့ လူ့အလိုနတ်မလိုက်နိုင်ဘု အာဏာလိုသူ […]


DEPARKO DEPARKOSeptember 26, 20131min25614
အဲဒါ မြန်မာ နိမ့်ပါးတဲ့သူအပေါ်မှာ ဂရုဏာတွေထားလို့ မေတ္တာလည်းပွါး သဒ္ဒါတရားထက်သန် လျှံကျအောင်လှူလိုက်မဟဲ့။ အဲဒါမြန်မာ နာကြင်ဝေဒနာခံနေသူအား အကြင်နာတရားထားလို့ အနားကိုတိုးကပ် ရင်ခွင်ထဲဖက်လို့ထား မေတ္တာတရားနဲ့ဆေးတစ်ခွက်ပေးလို့ ဝေဒနာဘေးကသက်သာစေမဟဲ့။ အဲဒါမြန်မာ ကိုယ်ထက်လည်းသူမြင့် တင့်တင့်တယ်တယ် ချမ်းသာသူတွေအပေါ်မတော့ မုဒိတာလည်းမပွါးနိုင် မေတ္တာလည်းမထားနိုင်သမို့ ခရိုနီခရိုနက် လော်ဘီလော်ဘက် တံဆိပ်တွေကပ်လို့ ပြိုင်ကားတွေတဝီဝီစီး အိမ်ယာတွေထိန်ထိန်ညီးသမို့ မစ္ဆရိယ စိတ်ပြင်းလွန်းသမို့ ဟဲ့ ကားမှောက် ရေသောက်ရင်လည်းရေသီး ငရဲမီးတွေတောက် ချမ်းသာသမျှစည်းစိမ်ပျောက် သင်္ဘောမှောက်လိုက်စမ်း အဲဒါမြန်မာ့ စိတ်ဝမ်းအမှန်ပါပ။


DEPARKO DEPARKOSeptember 19, 20131min19012
ပြောင်ပြောင်လျှောက်တဲ့လမ်းမှာ ငရဲပန်းကိုနတ်ပန်းထင် ခေါင်းပေါ်ဆင်ယင်နေသူတွေက ပြောင့်ရင်ထဲကစကား သူတို့နားမှာခါး ငရဲသားတွေမို့ ခွင့်လွှတ်လှည့်စမ်းပါ။ ပြောင်ပြောင်လျှောက်တဲ့ခရီးမှာ အနီးကလဲမလိုက် လူ့ဗာလ လူမိုက်တွေက အချီးနှီးသောစကား မုဒိတာမပွါးနိုင်သမို့ ဂရုဏာထား သနားလိုက်စမ်းပါ။ ပြောင်ပြောင်ဖေါက်တဲ့လမ်း ကြမ်းတမ်းဆဲဘဲမို့ လမ်းလျှောက်ရင်းခရီးတစ်ထောက် အမောဖေါက်တဲ့အခါ ဂရုဓမ္မကိုပွါးလို့ လူသားတွေအပေါ်မေတ္တာထား ပစ်မထားပါနဲ့နော်။ မလိုသူတွေတီးတိုးစကား နိုင်ငံတကာမှာကြားရပြီး ကြိုဆိုမည့်သူနထ္ထိ အသိစိတ်မရှိသူတွေ အရာရာကိုအဆိုးမြင် စိတ်ကြီးဝင်နေသူတွေက ဘပြောင်ကိုပုတ်ခတ် စိတ်မပျက်လိုက်ပါနဲ့နော်။ တစ်ချို့သူတွေစကား ကြားရတဲ့သူခံစား မျက်ရည်များတောင်ကျရသတဲ့။ တစ်ချို့သူတွေရဲ့ ဂရုဏာတရား ဆုတံဆိပ်တွေပွါးသထက်ပွါးလို့ မေတ္တာရှင်ဂရုဏာတရား သိပ်ကိုများသတဲ့။ တစ်ချို့သူတွေလျှောက်တဲ့လမ်း လက်ခုပ်သံလွှမ်းလို့ စင်္ကြာဝဋာရဲ့အပြင်ဘက် ပေါက်ထွက်မတတ်ဘဲ။ တစ်ချို့သူတွေခင်းတဲ့လမ်း ကတ္တီပါလွှမ်းလို့ ပန်းတွေလည်းခင်းနောက်လိုက်နောက်ပါတသင်းနဲ့။ တစ်ချို့သူတွေရဲ့အပြုံး လူသားတွေရဲ့နှလုံးသားကိုယူငင် သီချင်းရှင်တောင်ဆိုမရတော့ဘူးဆိုဘဲ။ ဘပြောင်ရေ ဘပြောင်လျှောက်တဲ့လမ်း လက်ခုပ်သံတွေမလွှမ်းလဲ ဘပြောင်နှလုံးသား လဲပြိုမသွားစေဘို့ ဘပြောင်ရဲ့အနောက် ကျွန်တော်တို့ရှိနေမယ်။ […]


DEPARKO DEPARKOAugust 11, 20131min1573
သံကြောင်နဲ့ဆဲ မျက်နှာမဲပေါင်ချိန်တောင်မတတ်နိုင် အထဲဝင်ပြီးကန်တတ်သလားဆိုတော့ နထ္ထိ အသိစိတ်ကနဲနဲ ကြက်ပွဲလားအောင့်မေ့ရ နှုတ်ကြမ်းတေ့အမိယုတ် ကိုယ်လက်ကြမ်းတော့ အဖယုတ် မိဘကိုသူယုတ်ဖြစ်စေတဲ့သကောင့်သား အမယ် သကောင့်သမီးပါ ပါသေး မျက်ချေးလည်းမစင် မြင်ရတာဘဝင်မကျ မြန်မာ့အလှကိုအကျည်းတန် မဟန်လိုက်တဲ့ဘောပွဲ အာဆီယံနယ်ထဲမှာ အရှက်ကွဲခဲ့တာအမြဲ။ ကိုယ်လဲမတတ် အရည်အချင်းတွက်ကြည့်တော့ ဘောကောက်လောက်တောင်အရည်အချင်းမရှိ ပွဲကြည့်ပရိတ်သတ်ရယ်က စပါးလုံးတစ်ထောက်အသိနဲ့ ဒိုင်လူကြီးကိုဆဲ သဲသဲလှုပ် အာဇာနီသူယုတ်တို့ဟဲ့ အဲဒါမြန်မာ့ဘောပွဲ။