Don Juan RonaldDecember 3, 20112min14711
ပန် ကြား လွှာ~~ တ ရုတ် တ ယောက် ရေး သော ပို့စ် ကို ဖတ် ရှု ရာ တွင် က တစ် က အောင့် ဖြစ် နေ မည် ဆို ရင် ကျေး ဇူး ပြု ၍ ကိုယ့် နည်း ကိုယ့် ဟန် ဖြင့် ဗ မာ လို ဘာ သာ ပြန် ပြီး ဖတ် ရှု ကြ ပါ ရန် တောင်း ပန် အပ် ပါ သည် ။   မန်း တက္ကသိုလ် မှာအ […]


Don Juan RonaldNovember 27, 20113min15310
သတိ ! ! ! ဤပို့စ်ကိုကြောင်မျိုးရင်းဝင်များဖတ်ရှုခြင်းမသင့်။   တရုတ်ကြီးများ၏ခေါင်းဆောင်ဟောင်း၊ကွယ်လွန်သူ ဥက္ကဌကြီး ဦးမော်စီတုံး (Chairman Hair ဟုလည်းခေါ်ဆိုနိုင်ပါသည်)သည်၊ တရက်တ၌ဦးမော်စီတုံးသည်သူ၏လုပ်ဖော်ကိုင်ဘက်များနှင့်လေများကန်နေရာတွင် ဦးမော်စီတုံးက “ ကြောင်ကြီးတကောင်ကိုငရုတ်သီးစားအောင်ဘယ်လိုကျွေးရသလဲ၊သိလား? ပြောဆန်းပါဦး ” ဟုသူ့ရဲ့ comrades များကိုမေးလိုက်ပါသည်။ အင်မတန်စိတ်ရင်းကောင်းပြီးယဉ်ကျေးသိမ်မွေ့တဲ့ ဦးလျှိုရှောက်ချီက “ ကြောင်ကိုမေ့ဆေးပေး၍၊ငရုတ်သီးကိုကြေအောင်လုပ်ပြီးအရည်ဖျော်ကာပိုက်လုံးနှင့်သွင်းပေးလိုက် ” ဟုဖြေလိုက်သည်။ စေ့စပ်ဆွေးနွေးမှုမှာအလွန်ကျွမ်းကျင်သောနိုင်ငံရေးသမားကြီး ဦးဂျိုအင်လိုင်းက “ ငါးအသားထဲငရုတ်သီးညှပ်ပြီးကျွေးလိုက် ” ဟုဆို၏၊ ဦးမော်စီတုံးနီးနီးလောက်ယုတ်မာရက်ဆက်သော ဦးလင်ပြောင်းသည် “ ကြောင်ရဲ့ပါးစပ်ကိုအတင်းဟပ်စေပြီးငရုတ်သီးသွပ်ထည့်လိုက် ” ဟုဆို၏။ ဦးမော်စီတုံးသည်၊သူ၏ထိပ်ပြောင်ပြီး၊နုတ်ခမ်းမွေးနှင့်မုတ်ဆိတ်များမပေါက်တတ်သေါဦးခေါင်းအကြီးကြီးကိုခါရမ်းကာ၊လက်ညိုးကိုထောင်၍ဘယ်ညာရမ်းလိုက်သည်။ “ No ! no ! no! မင်းတို့အားလုံးမှားတယ် ” ဟု ဦးမော်စီတုံးကကောက်ကျစ်သောမချိပြုံးလေးနဲ့ပြောလိုက်ပြီး၊သူကဆက်လက်၍၊ (ကြောင်များရေ~~သတိထား၊လှန့်မသွားနဲ့) “ ကြောင်ကြီးကိုငရုတ်သီးစားအောင်လွယ်လွယ်လေးပါကွာ၊ဒီကောင်ရဲ့ Anusလို့ခေါ်တဲ့ဖင် ကိုငရုတ်သီးပွတ်ထားပေးလိုက်(ရက်ဆက်လှချည်လားဦးမော်ရယ်)၊ဒီကြောင်ကြီးဟာသူ့ဟာနဲ့သူ၊သူ့ရဲ့ Anusလို့ခေါ်တဲ့ဖင် […]


Don Juan RonaldNovember 26, 20115min34614
ထိုင်ဝမ်းနိုင်ငံတွင် ၂ လတကြိမ်၊ မ ဂဏန်းဖြစ်တဲ့လ၊ဥပမာ၊ဇန္နဝါရီ၊မတ်ချ်၊မေ၊စသဖြင့်လတွေရဲ့၂၅ရက်နေ့ မှာ မီလီယံနာများအလိုအလျောက်ပေါ်ထွက်စေသောရွေးခြယ်ပွဲရှိပါသည်။ မယုံမရှိနဲ့။ ထိုင်ဝမ်းတွင်ကုန်ပစ္စည်းအရောင်းအဝယ်များပြုလုပ်ရာတွင်များသောအားဖြင့် Invoice ဖွင့်ရပါသည်၊ဗမာပြည်မှာဘောက်ချာ (Voucher)လို့ခေါ်တာနဲ့တူတယ်၊အဲဒီ Invoice စာရွက်လေးပေါ်မှာ Serial number ၈လုံးရှိတယ်၊ ဆိုခဲ့တဲ့အတိုင်းအဲဒီ၂၅ရက်နေ့မှာဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်ရှိသည့်၊အခွန်ဦးစီးရုံးကထုတ်ပြန်တဲ့မဲပေါက်ဂဏန်းစုများနှင့်ထပ်တူထပ်မျှတူညီမယ်ဆိုရင်၊ဆုပေါက်ပြီတာမှတ်ပေတော့။ Rules တော့အောက်ပါအတိုင်းဖြစ်၏။ ဥပမာ၊လွန်ခဲ့သောစက်တင်ဘာနှင့်အောက်တိုဘာလအတွက်ဆုပေါက်ဂဏန်းကို၊ဒီနိုဝင်ဘာလ၂၅ရက်နေ့ဖြစ်တဲ့ယမန်နေ့ကတွင်ထုတ်ပြန်လိုက်ပါသည်၊ ၁။   71524465 သည်အထူးစပယ်လ်ရှယ်ဆုဖြစ်ပြီး၊၎င်းနံပါတ်များနှင့်ကိုက်ညီသော  Invoice စာရွက်ပိုင်ရှင်သည်နေ့ချင်းညချင်း သန်း၁ဝ ( 10 million New Taiwan dollar )ပိုင်သူဌေးဖြစ်သွားသည်၊အခွန်တော်၂ဝရာနှုံးနုတ်ပြီးရင်အသားသင် ၈ သန်းတိတိကျန်ရှိမှာဖြစ်ပြီး၊ US$ ၂သိန်းခြောက်သောင်းကျော်နှင့်ညီမျှသည်၊ဤကဲ့သို့သောသူဌေးများခန့်မှန်ချေတကြိမ်လျှင် ၈ ယောက်ကနေ ၁၂ ယောက်ထိထွက်ပေါ်လာနိုင်သည်။  ၂။ 57659487 သည်စပယ်လ်ရှယ်ဆုဖြစ်ပြီး၊၎င်းနံပါတ်များနှင့်ကိုက်ညီသော  Invoice စာရွက်ပိုင်ရှင်သည်နေ့ချင်းညချင်း ၂သန်း ( 2 million New Taiwan dollar )ပိုင်သူဌေးဖြစ်သွားနိုင်သည်၊အခွန်တော်၂ဝရာနှုံးနုတ်ပြီးရင်အသားသင် ၁၆သိန်းတိတိကျန်ရှိပြီး၊ US$ ၅သောင်း၃ထောင်ကျော်နှင့်ညီမျှသည်၊ဤကဲ့သို့သေသူဌေးများခန့်မှန်ချေ […]


Don Juan RonaldNovember 19, 20112min16411
 Subic Bay မှ ကိုကိုးကျွန်းသို့ဘာကြေင့်ပြောင်းမလာခဲ့တာလဲ ? သဂျီးမင်းထံပန်ကြားချက်၊ လေးစားအပ်သော၊ရုပ်ရည်ခန့်ချော၍ဉာဏ်ပညာဖြင့်ပြည်စုံနေသော သဂျီးမင်းခင်ဗျား(ဒီအတွက် point သတ်သတ်ပေးရန်မလို) မာမာနဲ့မွှေးတဲ့ဆရာကြောင်ကြီး၏အဆိုအရ၊သဂျီးသည်စီအိုင်အေ(အပျော်တမ်း)ဖြစ်သည့်အတွက်၊ကျနော်မျိုး၏စိတ်ထည်း၌နှစ်ပေါင်း၂ဝကျော်ခန့်ကိန်းအောင်းနေတဲ့၊ဒီမေးခွန်းလေးရဲ့အဖြေကိုပေးနိုင်လိမ့်မည်ဟုယုံကြည်ပါသည်။ ဒီအကြောင်းအရင်းကအောက်ပါအတိုင်းဖြစ်ပါသည်၊ အများသိတဲ့အတိုင်း၊ဖိလစ်ပိုင်နိုင်ငံ၏ Subic Bay ဟာ ၁၉၉၁ခုနှစ်အထိ U.S.Naval Base ဖြစ်ခဲ့ဘူးသည်။ ၈ လေးလုံးမတိုင်ခင်၁ နှစ်လား၂ နှစ်လားသိပ်မသေချာ၊ ကျနော်တို့အရပ်မှာပြန့်နေသည့်သတင်းလေးတခုကား၊ဖိလစ်ပိုင်သည်၁၉၉၁ ပြီးရင် U.S.ကိုဆက်လက်ပြီးမငှားရန်းပေးတော့ပါ၊သည့်အတွက် U.S.တွေကနေရာအသစ်လိုက်ရှာတဲ့အခါ၊ဗမာပြည်ကြီး၏ကိုကိုးကျွန်းကိုမျက်စိကျနေသည် (တချို့လည်းဗမာပြည်ကသွားရောက်ကမ်းလှမ်းခဲ့သည်ဟုဆို၏)၊ များမကြာမည်ထိုအချိန်တုံးကနိုင်ငံတော်ကောင်စီအတွင်းရေးမှူး(ဗမာ့သမိုင်းတွင်တဦးတည်းသော ရ ရက်သမတ)သည် U.S သို့သွားရောက်ခဲ့ပါသည်၊အဲဒီ Deal ကြီးဟာ၊အပေးအယူမတည့်လို့လား? ၈လေးလုံးကြောင့်ပျက်စီးသွားတာလာ? အစွန်းအစရှာရခက်သည်။ ကွန်မြူနစ်များ၏လေသံဖြစ်တဲ့ Yankee go home ! ဆိုသလိုပေါ့ ၊နောက်ဆုံးတော့၊ကုလားဖြူသည် Guam ကိုပြန်သွားရလေတော့သည်။ အဲဒီ Deal ကြီးသာတည့်သွားခဲ့ရင်၊ယခုကမာ္ဘ့အခြေအနေသည်မည်ကဲ့သို့ဖြစ်နေမည်နည်း? အဲဒီ Deal ကြီးသာတည့်သွားခဲ့ရင်၊တရုတ်ပြည်ကြီးယခုကဲ့သို့ထောင်နိုင်ဦးမည်လော? အဲဒီ Deal ကြီးသာတည့်သွားခဲ့ရင်၊တရုတ်ပြည်ကြီးသည်ဗမာပြည်ကိုချမ်းသာပေးပါ့မလား? ဘာဘဲဖြစ်ဖြစ်တရုတ်ပြည်ကြီးသည်ကံကောင်းသွားသာတော့သေချာသွားသည်။ […]


Don Juan RonaldNovember 5, 20111min1254
စတုတ္ထ ပန်းသီး Net ပေါ်မှာ ကမာ္ဘကိုပြောင်းလဲသွားစေသောပန်းသီး သုံးလုံးအကြောင်းကိုအများကဖတ်ဘူးကြမှာပေါ့။ Eden ခြံ မှာမစားသင့်ဘဲ Adam နှင့် Eve တို့နှစ်ယောက်သားကခိုးစားမိလိုက်တဲ့ ပန်းသီး။ ကမာ္ဘ့ဆွဲအားကိုသိသွားစေသော Sir Issac Newton ၏ခေါင်းပေါ်သို့ကျလာသော ပန်းသီး။ အဆင့်မြင့်အီလက်ထရွန်းပစ္စည်းကို၊လူအများတကာအသုံးပြုတတ်အောင်းလုပ်ပေးတဲ့ Steve Jobs ရဲ့ပန်းသီး။ ယခုကျနော်ပြောတဲ့စတုတ္ထ ပန်းသီး ကဘာမှအရေးမကြီးတဲ့ပန်းသီးပါ၊အထင်ကြီးအောင် ပန်းသီးသုံးလုံးနဲ့အစချီလိုက်ခြင်းဖြစ်သည်။ ကျနော်ငယ်ငယ်တုံးကကြားဘူးတဲ့ပုံပြင်လေးတပုဒ်ကိုတင်ပြချင်လို့ပါ။ ပုံပြင်ကတော့ မိမိကိုယ်ကိုအလွန်ပညာရှိပြီးဗဟသုတနှင့်ကြွယ်ဝနေသောဆိတ်ကြီးတကောင်သည်၊အရာခပ်သိမ်းများကိုဝေဖန်သုံးသပ်လေ့ရှိပါသည်၊ ၎င်းဆိတ်ကြီးကိုအင်မတန်မှအထင်ကြီးပြီး၊ဆိတ်ကြီး၏နောက်မှတကောက်ကောက်လိုက်၍ပညာဆည်းပူးမှတ်သားလျက်ရှိသော ယုံဖြူ လေးတကောင်ရှိသည်။ တရက်တ၌၊ဆရာတပည့်နှစ်ယောက်သားသည်၊မြက်နုလေးများရွေးချယ်စားသုံးရင်းနှင့်၊ဖရဲသီးခြံတခုနားသို့ရောက်ရှိလာရာ၊ဖရဲခြံ၏ဘေးတွင်ပန်းသီးပင်တပင်ပေါက်လျက်ရှိပါသည်၊ ဆိတ်ကြီးသည်ကျောကုန်းယားယံ၍ပန်းသီးပင်၏ပင်စည်နှင့်သူ့ကျောကိုပွတ်ပြီးဇိမ်ခံနေသည်၊တဖက်မှလည်းသူ၏ဝေဖန်သုံးသပ်မှုစလေတော့သည်။ “ဒီမှာငါ့တပည့် ယုံဖြူ ဘုရားသခင်ကအရာခပ်သိမ်းကိုဖန်ဆင်းတဲ့နေရာမှာ perfect မဖြစ်ဘူး၊အနည်းနှင့်အများဆိုသလိုချို့ယွင်းချက်တွေတော့ရှိတတ်သည်၊ ဥပမာ၊ဒီဖရဲသီးနွယ်ပင်ကိုကြည့်လိုက်၊ပင်စည်ကသေးပြီးအသီးကအဆမတန်ကြီးနေတယ်၊ပန်းသီးကြပြန်တော့လည်းပင်စည်ကအဆမတန်ကြီးပြီးအသီးကသေးနေတယ်၊ အချိုးမကျလိုက်တာနော်၊ကြီးတဲ့အပင်ကကြီးတဲ့အသီး၊သီးသင့်ပြီး၊ငယ်တဲ့အပင်ကငယ်တဲ့အသီး၊သီးသင့်တာပေါ့၊ဟုတ်တယ်ဟုတ်? မင်းဘယ်လိုသဘောရသလဲ?”ဟုမေးလိုက်သည်၊ထိုအချိန်ပန်းသီးတလုံးသည် vibration နှင့် gravity ကိုမလွန်ဆန်နိုင်တော့၍၊အပင်နှင့်ခွဲခွာ၍ မုတ်ဆိတ်ကြီး၏နဖူးတည့်တည့်ပေါ်သို့ကျလာသည်၊အာကာသသို့ရောက်သွားသလိုဘဲမုတ်ဆိတ်ကြီး၏မျက်စိထဲတွင်ကြယ်တွေလတွေနှင့်ဝေဆာလျက်၊ နဖူးမှာလည်ပန်းသီးကဲ့သို့သောအနီရောင်အဖုကြီးပေါ်ထွက်လာသည်၊ တဆက်တည်း ယုံဖြူကဝေဖန်သုံးသပ်လိုက်သည်ကား “အာစရိရေ၊ယခုကျလာသောပန်းသီးသည်၊ဖရဲသီးသာဖြစ်ခဲ့ရင်၊အာစရိသည် အာလာထံသော်၎င်း၊ဘုရားသခင်ထံသော်၎င်း၊နိဗ္ဗာန်သို့သော်၎င်း၊ ဒါမှမဟုတ်ငရဲ […]


Don Juan RonaldOctober 22, 20111min600
ထိုင်ဝမ် လို့လဲခေါ်သည့်တရုတ်သမ္မတနိုင်ငံ သည်ပြည်မကြီး ဖြစ်တဲ့တရုတ်ပြည်သူ့သမ္မတနိုင်ငံ တို့ဟာအချင်းချင်းမဟာရန်သူကြီးများဖြစ်ကြပါသည်၊စီးပွါးရေးကြောင့်လွန်ခဲ့ကောသုံးနှစ်လောက်ကစ၍မိတ်ဆွေများဖြစ်သွားပါပြီ။ ဒီနှစ်နိုင်ငံကိုတချိန်ကကျနော်တို့လွယ်လွယ်နဲ့ဘဲတရုတ်သမ္မတနိုင်ငံကို တရုတ်ဖြူ ဟုခေါ်၍၊ပြည်မကြီးတရုတ်ပြည်သူ့သမ္မတနိုင်ငံကိုတော့ တရုတ်နီ လို့ခေါ်ကြပါသည်။ ဗမာပြည်မှာ “ ပိပြား ” အစိုးရတက်လာတဲ့အခါ၊တံခါးဖွင့်စီးပွါးရေးလုပ်မည်ဆိုသည်ကိုကြား၍ ထိုင်ဝမ် စီးပွါးရေးအဖွဲ့သည်စိတ်အားထက်သန်စွာ၊ပျော်ရွင်စွာ၊မျှော်လင့်ချက်ကြီးစွာနဲ့ဗမာပြည်ကြီးကိုရောက်လာသည်၊ဗမာအစိုးရကို အော်တိုမက်တစ် စက်မှုများယူမလား စီမီအော်တိုဟာယူမလား၊ကူညီပေးမည်ဟုကမ်းလှမ်းခဲ့ဘူးသည်။အဲဒီတုံးကစီးပွါးရေးဝန်ကြီးက ဗိုလ်မှူးကြီးအေဘယ်လ်(ဂျူးအနွယ်ဝင်)၊ကျနော်ကောင်းကောင်းကြီးမှတ်မိတာကတော့ဆွေးနွေးပွဲအပြီးမှာ၊ ဗမာသတင်းထောက်တဦးက ထိုင်ဝမ် ကိုလ်စားလှယ်အဖွဲ့ခေါင်းဆောင်ကိုမေးတဲ့မေခွန်းတခုသည်  “ နိုင်ငံတော်တော်များများက၊ခင်ဗျားတို့နိုင်ငံရဲ့အတုခိုးလေ့ရှိတာသိပ်မကျေနှပ်ကြဘူး၊အဲဒီကိစ္စကိုဘယ်လိုမြင်ပါသလဲ ? ” ဟုအင်မတန်မှယဉ်ကျေးတဲ့မေးခွန်းလေးကိုဗမာဆန်ဆန်မေးလိုက်သည်၊ငနဲ တရုတ်လည်းမခေဘူး၊ဖြေလိုက်တာကတော့  “ လူဖြစ်စဉ်လာကတည်းက၊လူတွေအချင်းချင်းအတုခိုးမှုရှိ၍သာယနေ့ထိတိုးတက်လာနေကြသည်မဟုတ်ပါလား ? ဂျပန်နိုင်ငံလည်းနာမည်ကျော်အတုခိုးနိုင်ငံကနေစ၍တဖြေးဖြေးနဲ့ယခုလိုကမာ္ဘစီးပွါးရေးနိုင်ငံကြီးဖြစ်ခဲ့တာဘဲမဟုတ်ပါလား ? ” အဲဒီသတင်းထောက်လည်းတခါတည်းနှုတ်ပိတ်သွားသည်(အမှန်တော့အဲဒီခေတ်မှာဗမာတွေအတုခိုးတာလည်းလက်မရွံ့ပါ)။ အဲဒီအချိန်တုံးကအာရှမှာဂျပန်ပြီးရင် ထိုင်ဝမ် ရဲ့စီးပွါးရေးဟာအကောင်းဆုံးဘဲ၊တောင် ကိုးရီးယား၊ဟောင်ကောင်၊စင်ကာပူတွေထက်သာသည်၊ကြည့်ရတာထိုင်ဝမ်းကတကယ်စေတနာနဲ့ကူညီဖို့လာခဲ့ခြင်းဖြစ်သည်၊ဗမာတွေကဘာကြောင့်လက်မခံတာကိုစဉ်းစားရခက်တယ်၊အဲလေ ဘထွေးတရုတ်ကြီးတွေကိုကြောက်နေတာလည်းဖြစ်နိုင်တယ်၊တချို့ chance တွေဆိုရင်လွတ်သွားရင်တသက်လုံးယူကျုံးမရဖြစ်တတ်သည်။ ထိုင်ဝမ်း မှာဗမာရပ်ကွက်တခုရှိတယ်၊သင်္ကြန်ကြရင်ပျော်ပွဲရွှင်ပွဲတွေလုပ်လေ့ရှိသည်၊ဗမာပြည်ကနေနာမည်ကြီးအဆိုတော်တွေဖိတ်ခေါ်ပြီးဖျော်ဖြေကြသည်(ရန်အောင်တို့၊ချောစုခင်တို့ ပေါ့)၊ ဒေသခံ မြို့တော်ဝန် တို့ ပြည်သူ့လွတ်တော်ကိုလ်စားလှယ်များ တို့လည်းအတူတူလာရောက်ပြီးဗမာပြန်တွေများနှင့်ရေပက်ကစားကြသည်၊အထူးသဖြင့် ရွေးကောက်ပွဲရှိတဲ့နှစ်ဆိုရင်ပိုအရေးကြီးသည်၊ဗမာပြန်တွေရဲ့မဲဟာသုံးလေးသောင်းလောက်ရှိတယ်၊ဒီမဲအရေအတွက်ဖြင့်ဒီလူကြီးများရဲ့အနိုင်အရှုံးကိုတခါတလေဆုံးဖြတ်လို့ရနိုင်ပါသည်၊ဒါကြောင့်လာမဖား၍မဖြစ်ပါ။ ဗမာပြည်ကြီးကအာရှမှာအချမ်းသာဆုံးနိုင်ငံဖြစ်နေသည့်အချိန် ထိုင်ဝမ်း […]


Don Juan RonaldOctober 15, 20111min1076
ပြီးခဲ့တဲ့တနင်္လာနေ့၊ ကျနော်တို့ရဲ့မြို့တော်ထိုင်ပေ ( Taipei )တွင်၊တရုတ်သမတနိုင်ငံ ( Republic of China ,also known as Taiwan )၏နှစ်၁၀ဝပြည့်အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲနှင့်စစ်ရေးပြပွဲ့များ စည်စည်ကားကားသိုက်သိုက်မြိုက်မြိုက်ကျင်းပခဲ့ပါသည်။ ၎င်းပွဲသို့တက်ရောက်လာသောနို င်ငံခြားရောက်တရုတ်(Oversea Chinese )၂၀၀၀ဝကျော်ထဲမှာဗမာပြည်မှအယောက်၆၀ဝကျော်ပါဝင်ကြောင်းသိရှိရပါသည်။ နှစ်ပေါင်း၁၀ဝကျော်တုံးကတရုတ်သမတနိုင်ငံသည်အာရှတွင်ပထမဦးဆုံးသော ဒီမိုဂရေစီနိုင်ငံကြီးဖြစ်ခဲ့ပေမဲ့၊တရုတ်လူမျိုး အများစုမှာနှစ်ပေါင်း၁၀ဝကျော်အတွင်းဒီမိုဂရေစီကိုလုံးဝခံစားခွင့်မရှိခဲ့ပါ၊ လွန်ခဲ့သည့်နှစ်၂ဝမှစ၍ထိုင်ဝမ်ကျွန်းမှာ သာဒီမိုဂရေစီအပြည့်အဝခံစားခွင့်ရှိလာကြသည်။ net ပေါ်မှာဒီလိုဟာသတခုရှိတယ်၊ တရုတ်တွေအများဆုံးနေထိုင်တဲ့အရပ်ဒေသ၄ခုရှိတယ်။ ပထမ-ဟောင်ကောင်မှာနေတဲ့တရုတ်တွေဆိုရင်၊ ဥပဒေကန့်သတ်ထားတာကနေလွဲရင်ဘာမဆိုလုပ်၍ရသည်။ ဒုတိယ-စင်ကာပူမှာနေတဲ့တရုတ်တွေဆိုရင်ဥပဒေဘောင်တွင်း၊ ခွင့်ပြုထားသည်မှလွဲရင်ဘာမှမလုပ်ရဘူး။ တတိယ-ထိုင်ဝမ်မှာနေတဲ့တရုတ်တွေဟာ ဥပဒေဘောင်အတွင်း၊ဘောင်အပြင်အကုန်လုပ်လို့ရတယ်။ စတုတ္ထ-တရုတ်ပြည်မကြီးမှာနေတဲ့တရုတ်တွေဆိုရင် ဥပဒေဘောင်အတွင်းဘောင်အပြင်အကုန်ဘာမှမလုပ်ရဘူး။   တရုတ်သမတနိုင်ငံတည်ပြီးခါစ၊မန်ချူးမင်းဆက်၏လက်ကျန်စစ်အာဏာရှင်များသည် နယ်ချဲ့များ၏ထောက်ခံမှုဖြင့်နှစ်ပေါင်း၂ဝနီးပါးအချင်းချင်းတိုက်ခိုက်သတ်ဖြတ်ခဲ့သည်။ စစ်အာဏာရှင်ကြီးလည်းဟုတ်၊မျိုးချစ်သူရဲကောင်းလည်းဖြစ်တဲ့ခေါင်းဆောင်ကြီး ချန်ကေရှိတ််သည်ကူမင်တန်အစိုးရကိုဦးဆောင်၍တရုတ်ပြည်ကြီးကို united ဖြစ်အောင်လုပ်နိုင်ခဲ့သော်လည်း၊များမကြာခင်တရုတ်ကွန်မြူနစ်၏ ဆူပူသောင်းကျန်းမှုကြောင့်ပြည်တွင်းစစ်ပြန်ဖြစ်လာသည်၊ ကွန်မြူနစ်များကိုအပြီးသတ်သုတ်သင်ပြီးခါနီးအချိန်မှာဖက်ဆစ်ဂျပန်များအလုံးအရင်းနှင့်ကျူးကျော်ဝင်ရောက်လာ၍၊ချန်ကေရှိတ်သည်ကွန်မြူနစ်များနှင့် peace လုပ်လိုက်ရသည်။ ချန်ကေရှိတ်သည်ရှိသမျှအင်အားဖြင်ရှေ့တန်းတွင် ဂျပန်တွေနှင့်စစ်တိုက်နေတဲ့အခါကွန်မြူနစ်များသည်နောက်ကွယ်မှာအင်အားစုစည်းနေသည်။ နဂိုမှညံ့ဖျင်းချည့်နဲ့ချူချာနေတဲ့တရုတ်တွေဟာဂျပန်တွေကို အရှုံးကြီးဘဲရှုံးနေပြီးပင်လယ်ကမ်းခြေတခုလုံးဂျပန်တွေက သိမ်းပိုက်သွားလိုက်တော့သည်။ နောက်ဆုံး US ကလူအင်အားရောငွေအင်အားရောအလုံးအရင်းနှင့် တရုတ်ကိုထောက်ပံကူညီပြီး၊ဖက်ဆစ်ဂျပန်များကို ၁၉၄၅ခုနှစ်တွင်အောင်မြင်စွာတိုက်ထုတ်ခဲ့သည်။ ထို့နောက်၁၉၄၉ခုနှစ်တွင်အင်အားချည့်နဲ့ပြီးလက်ပမ်းကျနေသော […]


Don Juan RonaldOctober 7, 20111min651
နိုင်ငံရေးဟာသ ပြည်ထောင်စုဆိုဗီယက်ဆိုရှယ်လစ်သမတနိုင်ငံတော်ကြီးမပြိုကွဲခင်တုံးက၊အမေရီကန် tourist တဦးသည် Moscow မြို့တော်တွင်လျှောက်လည်ရင်းနှင့်အလွန်ထူးဆန်းသောဖြစ်ရပ်တခုကိုတွေ့လိုက်ရသည်၊၎င်းတွေ့ရသောဖြစ်ရပ်မှာလမ်းဘေးတွင်ထူးခြားစွာအလုပ်လုပ်နေသောမြူနီစပါယ်အလုပ်သမားနှစ်ယောက်ရှိပါသည်၊အလုပ်သမားတယေါက်သည်ရှေ့မှာမြေကျင်းကိုတူး၍နောက်အလုပ်သမားသည်နောက်ကနေလိုက်ပြီးတူးပြီးသောကျင်းများကိုမြေဖြင့်ပြန်ဖို့လိုက်သည်၊ဤကဲ့သို့တူးလိုက်ဖို့လိုက်ဖြင့်လမ်ဘေးတလျှောက်လုံးဆက်တိုက်အလုပ်လုပ်သွားနေသည်တွေ့မြင်ရသည့်အဲဒီအမေရီကန်သည်နောက်ဆုံးမနေနိုင်လို့မြေဖို့နေသောအလုပ်သမားကိုအကျိုးအကြောင်းမေးကြည့်လေတော့သည်၊ထိုအခါအလုပ်သမားဖြေလိုက်သောအဖြေကား “ ကျနော်တို့ရဲ့အလုပ်ကသုံးယောက်တဖွဲ့ဖြစ်ပြီးရှေ့ကတယောက်သည်မြေကျင်းတူး၊ဒုတိယလူကအပင်စိုက်၊ပြီးရင်ကျနော်ကမြေပြန်ဖို့ရပါသည်၊ဒီနေ့ဒုတိယလူကခွင့်ယူထားတော့ယခုလိုသူကကျင်းတူးကျနော်ကမြေဖို့ဖြစ်သွားတာပေါ့ ”ဟူသတည်း။ အော်~~~ဆိုရှယ်လစ်~~~ဆိုရှယ်လစ်~~~မပြိုကွဲဘဲနဲ့ဘယ်ခံနိုင်ပါ့မလဲ၊အဲ~~ပြောရင်းနဲ့ဗမာပြည်ကြီးကိုသတိရလာပြန်ပြီ။   လူကြီးများအတွက်သီးသန့် လူကြီးများဟုဆိုရာ၌ဗိုလ်များသော်၎င်း၊အရပ်သားများကိုအနိုင်ကျင့်လေ့ရှိသောအရာရှိကြီးများအတွက်သော်၎င်းမဟုတ်ပါ Adult များကိုဆိုလိုပါ၏။ သတိ~ဂျပန်ဟာသဖြစ်သည့်အတွက်အနည်းငယ်ကြမ်းသည်။ ဂျပန်ပြည်ဆိုင်ရာအမေရိကန်သံရုံး၌အထက်တန်းစာရေးမရာထူးကိုရရှိထားသောအပျိုကြီး(၃၂နှစ်)မစ်စ် ခီမီုးဂျီးနှေး သည်၊အလုပ်တွင်အဆင်ပြေပြီးအိမ်ထောင်မပြုဖို့ရည်ရွယ်ထားသည်၊တိုကျိုမြို့ပေါ်၌တိုက်ခန်းတခန်းလည်းပိုင်ဆိုင်ထားသည်၊ရွာမှာနေသောဖခင်လည်းသူမကိုမကြာခဏလာရောက်ကြည့်ရှုလေ့ရှိသည်၊လာသည့်အခါတိုင်းလည်း၊မအသက်ကြီးရင့်လာသောအချိန်အဖော်လိုကြောင်း၊သူမကိုအိမ်ထောင်ပြုဖို့တိုက်တွန်းသည်၊သူမလည်းအကြောင်းအမျိုးမျိုးနှင့်ဆင်ချေပေး၍လွဲရှောင်နေသည်။ ဒီတကြိမ် မစ်စ် ခီမီုးဂျီးနှေး ၏ဖခင်သည်သမီးစီမှာအနည်းငယ်ကြာကြာနေဖို့ဆုံးဖြတ်လိုက်သည်၊ဒီလိုနှင့်နေခဲ့သည်မှာအဖိုးကြီးသည်ညညအိပ်မပျော်သောအခါ၊သမီး၏အခန်းမှထူးဆန်းသောအသံ Electric shaver ၏အသံလိုလို တဇိဇိနဲ့မြည်နေသည်ကိုအမြဲကြားနေရသည်။တရက်ကြတော့အဖိုးကြီးလဲမနေနိုင်တော့ဘဲ၊စပ်စုသောစိတ်ဖြင့်သမီး၏အခန်းထဲဝင်ကြည့်လေသည်၊သမီးရဲ့ခေါင်းရင်း၌အမျိုးသားများ၏ဟိုဟာနဲ့တူအောင်ပြုလုပ်ထားသော Vibrator တခုကိုတွေ့ရှိ၍ခလုတ်ကိုနှိပ်လိုက်သောအခါ၊ညညကြားရသောအသံသွားဖြစ်နေသည်၊ထိုနေ့ညနေပိုင်း မစ်စ် ခီမီုးဂျီးနှေး အလုပ်မှပြန်လာသောအချိန်တွင်သူမ၏အဖေသည်စက်တီစားပွဲပေါ်၌သူမဝယ်ပေးထားသော ဂျော်နီလမ်းလျှောက် ကိုဖန်ခွက်ထဲထည့်ပြီး၊  Vibrator လေးကိုဖွင့်၍၊အဲဒီ Vibrator လေးကလည်းခေါင်းလေးကိုရမ်းပြီးတဇိဇိနဲ့မြည်နေသည်ကိုတွေ့ရသည်။ ထိုအခါသမီးသည်အလွန်စိတ်ဆိုး၍ “ ဒီမှာအဖေလွန်လာပြီနော်၊ကျမရဲ့ privacy ကိုကျူးလွန်လာပြီနော် ” သူမ၏အဖေလည်းအရက်လေးမမူးတမူးနဲ့ “ သမီးကလည်းကွယ် ဖေဖေကပျင်းနေလို့ဖေဖေ့သားမက်နဲ့ဂျော်နီလေးမော့နေတာကိုလွန်တယ်လို့ထင်သလားကွယ် ”ဟူသတည်း။  


Don Juan RonaldOctober 1, 20111min1226
၈လေးလုံးအပြီး “ ပိ ပြား ”အစိုးရတက်လာတဲ့အခါဆိုင်းပုဒ်တွေအများဆိုက်ထူ slogan သောင်းခြောက်ထောင်နှင့်တန်ဆာဆင်ထားလျက်ပေါ့၊အဲဒီထဲမှာအထူးခြားဆုံးကတော့ လ ဝ က ရုံးရှေ့တွင်စာလုံးအကြီးကြီးနှင့် “ လာဘ်ပေးလာဘ်ယူဒို့ရန်သူ ” ဆိုင်းပုဒ်ကြီးပါဘဲ။ “ လ္ဘက်ရည်ဖိုး ”ဆိုသည်မှာကုလားတွေစီကလာတာဖြစ်ကြောင်း၊ဟိုတလော net ပေါ်မှာတွေ့လိုက်သည်၊အကယ်၍မှန်ခဲ့မည်ဆိုရင် it must be very very funny matter ဘဲ၊ကုလားတွေဖေါ်စပ်လိုက်တဲ့အဲဒီ “ လ္ဘက်ရည်ဖိုး ” ဆေးကြီးကို တရုတ်တွေကယူပြီးဗမာတွေကိုကြွေးလိုက်တော့အရမ်းအစွမ်းထက်ပြီးအကျိုးများစွာဖြစ်ထွန်းလာနိုင်သည်ကိုတွေ့ရပါသည်၊တရုတ်တွေကစစချင်းတော့ရပ်တည်ရှင်သန်ဖို့အတွက်ဤဆေးကိုသုံး၏အောင်မြင်သည်၊နောက်တဆင့်တက်၍စီးပွားရေးအတွက်သုံး၏အောင်မြင်သည်၊နောက်တဆင့်တက်၍ လောဘ အတွက်သုံး၏အောင်မြင်သည်။ ကမာ္ဘပေါ်မှာလာဘ်ပေးလာဘ်ယူအလုပ်တတ်ဆုံးလူမျိုးများထဲတွင် ကျနော်တို့တရုတ်တွေကထိပ်မှာရှိတယ်၊အဲဒီတော့ကုလားတွေထွင်ထားတဲ့ လ္ဘက်ရေဖိုးရဲ့ယူနစ်သည့် one tea , two teas, many teas,to ……..infinity teas ကိုတော့ကော်ဖီဆိုင်မှာမသောက်ခြင်တော့ဘူး၊တရုတ်ဟန်ပါသောယူနစ်ဖြစ်တဲ့ one table, two tables, many tables to……… infinty tables […]


Don Juan RonaldSeptember 25, 20111min2447
နိုင်ငံရေးဟာသ ဦးနှောက်နှစ်ခြမ်း တရက်တ၌အမေရိကန်သမ္မတဟောင်းဂျော့ချ်ဘုရှ်သည်ခေါင်းကိုက်၍၊ ဆရာဝန်ထံသွားပြသည်၊ ဆရာဝန်မလေးကသူ့၏ဦးခေါင်းကို brain scan လုပ်ပေးလိုက်သည်၊ နောက်နေ့ဂျော့ချ်ဘုရှ်သူ၏ result ကိုသွားကြည့်သောအခါ၊ ဆရာဝန်မလေးက “သမ္မတကြီးကိုစိတ်မချမ်သာစရာတခုကိုပြောရဦးမယ်၊ သမ္မတကြီးရှင့်လူသားများ၏ဦးနှောက်သည်နှစ်ခြမ်းရှိပြီးဘယ်ဘက်ခြမ်းနှင့်ညာဘက်ခြမ်းဟူ၍ရှိသည်……” ထိုအခါဘုရှ်ကစိတ်မရှည်စွာဖြင့်ကြာဖြတ်ပြိး “ ဒါကတော့လူတိုင်းသိပါတယ်ကွာ၊ လိုရင်းကိုတာပြောဆန်းပါ ” ဆရာဝန်မလေးကဆက်၍ “ That’s true, Mr. President. But your brain is very unusual because  on the right side there is nothing left , while on the left side there is nothing right.” (သမ္မတကြီ၏ညာဘက်ဦးနှောက်သည်ဘာမှမကျန်တော့ဘူး၊ ဘယ်ဘက်ဦးနှောက်သည်ဘာမှမကောင်းတော့ဘူးတနည်းအားဖြင့်ဆိုသော်ညာဘက် ဦးနှောက်သည်ကောင်းတာဘာမှမကျန်တော့ဘူး၊ ကျန်တဲ့ဟာလည်းဘာမှမကောင်းတော့ဘူး) ဆရာဝန်မလေးကဆက်ပြီး […]