AKKONovember 9, 20101min25841
ကျမအိမ်ထောင်ကျတာ ၂နှစ်ရှိပါပြီ။ ဘာတားဆေးမှ မထိုးမသောက်ဘဲ ခုထိကလေးမရသေးပါဘူး။ ရာသီလဲပုံ မှန်လာပါတယ်။ ဘာဆေးသောက်ရင်ကောင်းမလဲ အကြံပေးပေးပါ။ —- သမီးရေ အိမ်ထောင်ကျတာဟာ ဘယ်နှနှစ်ရှိရှိ အဲ့ဒါဟာ အရေးမကြီးပါဘူးကွယ် ။ အဓိကက တော့ ယောကျာ်းမှာရော မိန်းမမှာပါ ။ ချို့ယွင်းချက်မရှိမှ ကလေးရနိုင်တာပါ ။ ချို့ယွင်းချက်မရှိပဲနဲ့ ကိုယ်ဝန်မရနိုင်တဲ့ကာလတွေမှာ ဆက်ဆံမိရင်တောင် ကလေးမရနိုင်ပါဘူး ။ ရာသီပုံမှန် လာတာကတော့ သမီးဘက်က ကလေးရနိုင်ချေရှိပါတယ် ။ ယောကျာင်္းမှာ ချို့ယွင်းချက်ရှိမရှိသိချင်ရင်တော့ လမ်း၃ဝ အထူးကု ဆေးခန်းကြီးမှာ ဆရာ့နာမည်ပြောပြီး senubak analysis test သွားစစ်လိုက်ပါ ။ ကလေးရဖို့အတွက်ဆေးသောက်စရာမလိုပါဘူး ။ သမီးရဲ့ ယောကျာင်္းနဲ့သာ ကလေးရနိုင်တဲ့ကာလမှာ အတူတူ နေပေးဖို့ပဲ လိုပါတယ် ။ ယောကျာင်္းက […]


AKKONovember 9, 20101min752
ဒီ‌နေ ့မနက် အသဲ‌ရောင်အသားဝါ ဘီ ပိုး ကာကွယ်‌ဆေးထိုးထားပါတယ်။ လက်‌မောင်း ကိုထိုးတာပါ။စထိုးတုန်းက သိပ်မနာ‌ပေမဲ့ အခု လက်ကို‌မြေ ှာက် လိုက်တာနဲ ့အ‌တော်ကို‌အောင့်သက်သက်နာပါတယ် ။‌ဆေးထိုးထားတဲ့ ‌နေရာကို မ‌ခြေပါနဲ ့လို ့‌ပြောလိုက်ပါ‌သေးတယ်။ဘာလို ့များပါလဲ?‌တော်ကြာ မ‌ခြေလို ့‌ဆေးခြဲပီး ခွဲထုတ်ရတယ်ဆိုတဲ့ ပြုံပင်‌တွေလြဲကားဖူးလို ့လန် ့‌နေရပါတယ်။‌ကျေးဇူး ပြြုပီး‌ဖြေ‌ကြား‌ပေးပါဦး ။ ———————- the girl ဆိုတဲ့မိန်းကလေးရေ ဘီပိုးကာကွယ်ဆေးထိုးတာ အင်မတန်မှ ကောင်းပါတယ် ။ ဆေးပတ်လည်အောင်တော့ထိုးနော် ။ ထိုးတဲ့နေရာမှာ အခုနာနေတာကတော့ သမီးရဲ့အသားထဲကို အပ်နဲ့ထိုးဆေးရည်ထည့်မှတော့ နည်းနည်းတော့နာမှာပေါ့ ။ ပြီးရင်သက်သာသွားပါလိမ့်မယ် ။ ဘာကြောင့်မချေနဲ့လို့မှာတာလဲ သိချင်ရင် တော့ အဲ့ဒီလိုမှာလိုက်တဲ့လူကိုပြန်မေးလို့ရပါတယ် ။ ပြောတဲ့လူက ဆရာဝန်ဖြစ်ဖို့တော့လိုတာပေါ့ ။ ဘာဖြစ်လု့ိလဲဆိုတော့ […]


AKKONovember 2, 20101min1185
char too lan said: On October 7, 2010 ဆရာ အဆစ်တွေကိုအမြဲချိုးနေရင် အန္တရာယ်ရှိပါလား ??? ကျနော်က လက်ချောင်းအဆစ်တွေ၊ လည်ပင်းဆစ်၊ တံတောင်ဆစ်၊ လက်ဖျံရိုးအဆစ်..စတာတွေကိုအမြဲလိုလို တဖျောက်ဖျောက်နဲ့ ချိုးနေတာတွေက ဘယ်လို အန္တရာယ်နဲ ့ရင်ဆိုင်ရနိုင်ပါလဲ ခင်ဗျာ…….. ————— အဆစ်တွေအမြဲချိုးနေရင်တော့ငယ်တုန်းမှာ အန္တရာယ်မရှိပါဘူး ချိုးလို့အဆစ်တွေကြီးလာတာပဲရှိတာပေါ့ ။ ချိုးတာမှန်နေရင် ဘာမှမဖြစ်ဘူးပေါ့ လွဲသွားရင်တော့ အရိုးကျိုးတာတို့ အရိုးတိမ်းလွဲတာတို့ ဖြစ်လာနိုင်တာပေါ့ ။ အဆစ်တွေက အရိုးတွေတစ်ခုနဲ့တစ်ခုဆက်ထားတာ ပုံမှန်ဆိုရင် ဘာမှချိုးစရာကိုမလိုပါဘူး ။ အဆစ်ချိုးလို့လည်း ဘာကောင်းကျိုးမှဖြစ်မလာပဲ စောစောကပြောခဲ့သလို လွဲတာတို့၊ ကျိုးတာတို့ဖြစ်လာနိုင်ပါတယ်။


AKKONovember 2, 20101min1281
ဆူး said: On October 20, 2010 ဆရာ.. ဒီတော့ပစ်နဲ့ တိုက်ရိုက်မသက်ဆိုင်ပေမဲ့ နီးစပ်တဲ့ မေးခွန်း မေးချင်တယ်။ အသက်အရွယ်ကြီးပိုင်း အမျိုးသမီးတွေက အရိုးပွ ရောဂါ ခံစားကြရတတ်တယ် ဆိုတော့ အရိုးပွ ရောဂါ မဖြစ်အောင် ဘယ်လို ဓါတ်စာမျိုးစားသင့်လဲ။ နို့နှင့် နို့ထွက်ပစ္စည်းများနှင့် ထုတ်လုပ်တဲ့ နို့မှုန့် နွားနို့ တို့ နေ့စဉ် သောက်သုံးသင့်ပါသလား။ နို့မှုန် ထဲမှာတော့ အသက် ၅ဝနှစ် အထက် လူကြီးပိုင်းသောက်တဲ့ Anlene 50+ နို့မှုန့်ကတော့ အရိုးပွ ရောဂါအတွက် ကာကွယ်တယ်လို့ ကြေညာတာတွေ့ပါတယ်။ တရုတ်က လာတဲ့ နို့မှုန့် ဖြစ်မှာ စိုးရိမ်တယ်.. ဆိုင်သမားကတော့ စင်္ကာပူလို့ ပြောတာဘဲ။ ထားလိုက်ပါတော့.. တကယ်လို့ နို့မှုန့် […]


AKKOOctober 27, 20101min1000
အိဇင်ကမေးထားတဲ့မေးခွန်းကိုပြန်ဖြေပေးမှာပါ ။ eizinbar@gmail.com October 9, 2010 at 3:59 am ဒေါက်တာ အိဇင် အစ်ကို ကငယ်ငယ် (ကိုးတန်း) ကတည်းက ဆေးလိပ်ကိုစွဲသောက်ခဲ့ပါတယ်။ အခုတော့ ဆေးလိပ်လုံးဝပျက်သွားပါပြီ၊ ဒါပေမယ့် အဲဒီနောက်ပိုင်းမှာ ခဏခဏ ပျို့ပျို့တက်နေတာကို တွေ့ရပါတယ်၊ အဲဒါ ဘာဖြစ်လို့ အဲဒီလိုဖြစ်ရတာလဲ သိချင်ပါတယ်၊ ပျောက်အောင်ရော ကုလို့ရပါ့မလား၊ နောက်ပြီး အဲဒီလိုမဖြစ်အောင် ဘယ်လိုနေရမလဲ၊ ဘာဆေးတွေသောက်ရမလဲ ဆိုတာ ကျေးဇူးပြုပြီး ညွှန်ကြားပေးစေလိုပါတယ်။ အစ်ကို ရဲ့ အသက်က ၃ဝ ပါ၊ %%%%%%%%%%%%%%%%%%%%%% ဆေးလိတ်သောက်တာ ဘယ်နှနှစ်ရှိပြီလဲ။16နှစ်လောက်ရှိပြီလား။ တနေ့ဘယ်နှစ်လိပ်လောက်သောက်လဲ။ ဖတ်ကြမ်းလား ။ဆေးပြင်းလိပ်လား ။ အခုဖြစ်နေတာနဲ့ဆေးလိပ်သောက်တာ ဒါရိုက်ပတ်သတ်ချင်မှပတ်သတ်မှာပါ ။ ခဏခဏပျို့တတ်တာ အကြောင်းရင်းအများကြီးရှိပါတယ်။ ဥပမာ-ဆေးတွေသောက်နေရလို့လား ။ […]


AKKOOctober 20, 20101min650
ဉာဏ်ရည်နိမ့်သောကလေးများ ရဲ့ လက္ခဏာအကြောင်းရေးခဲ့ပေမဲ့ ကာကွယ်နည်းမရေးလိုက်မိဘူး အခု တင်ပေးမှာကတော့ မိမိရဲ့ကလေးလူတန်းစေ့ဉာဏ်ရေရဖို့အတွက် ကာကွယ်နည်းလေးတွေပါ ကာကွယ်နည်း- (က) ကိုယ်ဝန်ဆောင်မိခင်အား ပြုစုစောက်ရှောက်ခြင်း၊ (ခ) ကာကွယ်ဆေးထိုးခြင်း၊ (ဂ) ကူးစက်ရောဂါမဖြစ်အောင် ကာကွယ်ခြင်း၊ (ဃ) ကလေးငယ်အား အာဟာရပြည့်အောင် ကျွေးမွေးခြင်းနှင့် ကြင်နာယုယမှုပေးခြင်း၊ (င) အတက်ရောဂါကို စောစီးစွာ ကုသပေးခြင်း။


AKKOOctober 20, 20101min450
အတက်ရောဂါ၏ လက္ခဏာများ (က) သတိလစ်ခြင်း (ခ) ကိုယ်လက်တောင့်တင်းပြီးနောက် ဆန် ့ငင် ဆန် ့ငင်ဖြစ်ရျ် တက်ခြင်း၊ (ဂ) ကျ်သို ့တက်သဖြင့်ဒါဏ်ရာ အနာတရ ရခြင်း၊ (ဃ) အချိန်မရွေးတက်နိုင်ခြင်း၊ (င) ပါးစပ်မှ အမြုပ်ထွက်ခြင်း ဆီးဝမ်းမထိန်းနိုင်ခြင်း။ အတက်ရောဂါ ဝေဒနာသည်အား ပြုစုနည်း- (က) အတက်ရောဂါသည် ကူးစက်တတ်သော ရောဂါမဟုတ်ပါ၊ (ခ) အရေးပေါ် ပြုစုနည်း၊ – အသက်ရှူလမ်းကြောင်းမပိတ်ပါစေနှင့်၊ – လူနာကို တစ်ဖက်သို ့စောင်းပါ၊ – မာကျောသောဝတ်ထုများ ပါးစပ်ထဲမထည့်ရ၊ – အတက်မရပါက ဆေးရုံသို ့ပို ့ပါ၊ (ဂ) နောက်ဆုံးတက်သည့်နေ ့မှ နောက်ထပ် (၂)နှစ်ကြာအောင် ဆေးတိုက်ပါ၊ (ဃ) လူနာအားကြင်နာဖေးမမှုပေးပါ။


AKKOOctober 20, 20101min540
ဒီတစ်ခါတော့..နျူရိုးဆစ်ဆိုတဲ့ရောဂါလေးအကြောင်းတစေ့တစောင်းပြောရမယ်။ နျူရိုးဆစ်ရောဂါ၏ လက္ခဏာများ (က) ခြေဖျား လက်ဖျားအေးခြင်း ရင်တုန်ခြင်း ဇက်ထိုး ခေါင်းကိုက်ခြင်း၊ အကြောတက်ခြင်း၊ (ခ) စိုးရိမ်လွန်ကဲခြင်း၊ (ဂ) အာရုံစူးစိုက်မှု အားနည်းခြင်း၊ (ဃ) မိမိကိုယ်ကို ရောဂါရှိသည်ဟုယူဆရျ် ဆေးရုံသို ့မကြာခဏပြသရခြင်း။ နျူရိုးဆစ်ရောဂါတွေ ့လျှင် – (က) လူနာ၏အခက်အခဲကို စိတ်ရှည်စွာနားထောင်ခြင်းဖြင့် ရောဂါသက်သာစေနိုင်သည်၊ (ခ) ဒိုင်ယာစီပင်ဆေးဝါးများ  အလွယ်တကူ မပေးပါနှင့်၊ (ဂ) ယင်းလက်ခဏာရှိသူများကို ပုံမှန်လုပ်ငန်းများ လုပ်ခိုင်းပါ၊ မလိုအပ်ဘဲ အနားမယူပါစေနှင့်။


AKKOOctober 20, 20101min460
အရိုးကျည်းပေါင်းရောဂါအတွက်(ဒူး) လေ့ကျင့်ခန်းလုပ်နိုင် ဒူးလေ့ကျင့်ခန်း ၁။ စားပွဲခြေထောက်တစ်ချောင်းကို အမာခံအဖြစ် အသုံးပြုပါ။ ထိုင်ခုံပေါ် တွင်ထိုင်ပြီး ခြေဖျားနှင့် တိုင် ကို အားစိုက်တွန်းပါ။ ခြေထောက်အတွင်းစောင်းနှင့် တိုင်ကို ချိတ်ဆွဲပါ။ ခြေထောက်အပြ်င်စောင်းနှင့် တိုင်ကို တွန်းပါ။ တစ်ခါလုပ်လျှင် ၁ဝ ကြိမ်စီ တစ်နေ ့၃ ခါလုပ်ပါ။ ၂။ ၅ပေါင်အလေးချိန်ရှိ သဲအိတ်ကို ခြေကျငိးဝတ်ပေါ်တင်ရျ် ဒူးကိုဆန် ့တင်ပါ။ တစ်ခါလုပ်လျှင် ၁ဝ ကြိမ်စီ တစ်နေ ့၃ခါလုပ်ပါ။ မှတ်ချက် –       အက်ိုက်အခဲပျောက်ဆေးကို အစာနှင့် ကပ်ရျ်စားပါ။ သုံးစွဲနေစဉ် ဗိုက်နာလျှင် ဝမ်းမဲမဲသွား လျှင် ဆရာဝန်ကို အမြန်အကြောင်းကြားပါ။ –       ဒူးထဲသို ့ဆေးထိုးခြင်းသည် ပထမတစ်ခါ နှစ်ခါသာကောင်းသည် ။ အပေါင်းအဖော်ဆွယ် တိုင်းမလုပ်ပါနှင့်။ […]


AKKOOctober 20, 20101min631
ကုသမှုနည်းလမ်းများ (၁) အကိုက်အခဲပျောက်ဆေးစားခြင်း(NSAID) လောလောဆယ်နာနေသော ဒုက်ခကို ပယ်ရှားပေးပါသည်။သို ့သော် အစာအိမ်လေနာရှိသူ များ အစာအိမ်သွေးယိုဖူးသူများအနေဖြငိ့ ဆရာဝန်နှင့် ကိုယ်တိုင်တိုင်ပင်ပြီး သောက်သင့်ပါသည်။ ယခုအခါ အစာအိမ်ကို ထိခိုက်မှု နည်းစေသော အကိုက်အခဲပျောက်ဆေးသစ်များပေါ်လာပြီ ဖြစ်သဖြင့် ရေရှည်အတွက် သုံးစွဲသင့်ပါသည်။ (ဥပမာ- Meloxicam, rofecoxid) (၂) ရောဂါဟန် ့တားဆေးစားခြင်း အဓိကပြသာနာမှာ အရိုးနုပါးပြီူး အဆစ်ရိုးတွင်အက်ကြောင်းထင်ကာ ကျည်းပေါင်းပြန်တက် ရာမှ မျက်နှာပြင် မညီမညာဖြစ်ပြီး အရိုးခြင်းပွတ်ကာ နာခြင်းဖြစ်သည်။ ယခုအခါ အရိုးနုကိုပြန်ထူစေ သော ဆေးပေါ် လာပြီဖြစ်သဖြင့် ရောဂါကို ဟန် ့တားနိုင်ပြီး အကိုက်အခဲပျောက်ဆေးရည်များ ရေရှည် သုံးစွဲနေရမှုကို ကာကွယ်နိုင်ပါပြီ။ (ဥပမာ- Glucosamine, 750-1500mg/dayx2လ) (၃) ခွဲစိပ်ကုသခြင်း အရိုးကိုပြန်တည့်ပေးခြင်း၊ အဆစ်အစားထိုးခြင်းဖြင့် […]


AKKOOctober 20, 20101min1567
ဒူးနာခြင်းသည် အရိုးကျည်းပေါင်းတက်ခြင်းကြောင့်ဟုတ်/မဟုတ်ဘယ်လိုသိမလဲ အောက်ပါမေးခွန်းများအတွက် အဖြေအားလုံး သင့်အတွက် မှန်လျှင်သေချာသည်။ ၁နှစ်အတွင်း တစ်လဆက်တိုက် ဒူးနာဖူးပါသလား။ ၂ လှေခါးအတက်အဆင်း အခက်အခဲ ရှိပါသလား။ ၃ အခြားအဆစ်များမနာဘဲ ဒူးတစ်ဖက် (သို ့) နှစ်ဖက် ကသာ အဓိကနာပါသလား။ ရောဂါသေချာအောင် ဘာလုပ်နိုင်သေးသလဲ ဒူးကိုဓါတ်မှန်ရိုက်ကြည့်ခြင်းဖြစ် အဆစ်အတွင်း အကွာအဝေး လျှော့ကျသွားခြင်း အရိုးများပိုဖြူ လာခြင်း အရိုးအတက်ထွက်ခြင်း စသည့် သွင်ပြင်များကိုသိရှနိုင်ပါသည်။ သို ့သော် ဓါတ်မှန်တွင် ကျည်းပေါင်းတက်သွင်ပြင်ရှိသော သူတိုင်းနာကျင်မှုမရှိပါ။ ရောဂါလက်ခဏာနှင့်ဓါတ်မှန်တွေ ့ရှိချက် ကို်ညီမှသာ အလေးထားကုသရန် လိုသည်။ ရောဂါလက်ခဏာများ ဒူးနာ ခါးနာ ဇက်ကြောနာခြင်း မနက်အိပ်ယာထစတွင် သိပ်မနာသေးဘဲ  အဆစ်ကို အသုံးများပြီးသောအချိန် ညနေစောင်းတို ့တွင် ပိုနာခြင်း ကြာလာလျှင် အဆစ်၏ […]


AKKOOctober 20, 20101min570
OA(အရိုးကျည်းပေါင်းတက်ရောဂါ) အရိုးကျည်းပေါင်းတက်ရောဂါ (အို-အေ) သည် မူရင်းရောဂါအဖြစ်၎င်း၊ အခြားအဆစ်ရောင် ရောဂါ၊ အာရုံကြောရောဂါ၊ ထိခိုက်ဒါဏ်ရာတို ့၏နောက်ဆက်တွဲအဖြစ်၎င်း၊ ဖြစ်ပေါ်တတ်ပါသည်။ ဒူးနာခြင်းဖြင့်အများဆုံးဒုက်ခပေးတတ်ပြီး ဇက်ကြောထိုးခြင်း ခါးနာခြင်းများြဖြင့် လည်းရောဂါ လက်ခနာပေါ် တတ်ပါသည်။ မည်သူတွင် ဖြစ်သနည်း။ အသက် ၄ဝကျော်လျှင် လှုပ်ရှားမှုအများဆုံး အလေးဒဏ်အခံရဆုံး အရိုးအဆစ်များတွင် ပွန်းစားသွားပြီး အရိုးအတက်ထွက်ကာ အဆစ်မှနာခြင်း ရောင်ခြင်းဖြစ်ပါ သည်။ အသက် ၆၅နှစ်ကျော်လျှင် ဒူး လည်ပင်း ခါးဆစ်တို ့ကို ဓါတ်မှန်ရိုက်ကြည့်ပါက  ၈၀%နှုန်းတွင် အရိုး ကျီးပေါင်းတက်မှုကို တွေ ့ရသည်။ သို ့သော်ရောဂါရှိသူ၏ ၂၅% သာ နာကျင် ကိုက်ခဲမှုဒုက်ခကို ခံစားကြရသည်။ အထူးသဖြင့်ဝသောသူများနျင့် မျိုးရိုးရှိသူများတွင် ပိုဖြစ်သည်။


AKKOOctober 20, 20101min420
ဉာဏ်ရည်နိမ့်ကလေးများ၏ ရောဂါ လက်က္ခဏာများ (က) ဖွံ ့ဖြိုးမှု နှေးကွေးခြင်း ဥပမာ-(၁) အထိုင်အထနောက်ကျခြင်း (၂) လမ်းလျှောက်နောက်ကျခြင်း (၃) စကားပြော နောက်ကျခြင်း (ခ) စာမလိုက်နိုင်ခြင်း၊ စာသင်ကြားရန်ခက်ခဲခြင်း (ဂ) အရွယ်အလိုက် လူမှုဆက်ဆံရေးများဠ် အခက်အခဲရှိခြင်း။ ဉာဏ်ရည်နိမ့်ကလေးများတွေ ့ရှိပါက- (က) မိမိ ကိုယ်ကို စောင့်ရှောက်နိုင်ရန် လေ့ကျင့်ပေးခြင်းသည် အရေးပါသည်၊ (ခ) လူနာကို လေ့ကျင့်ရာ၌စိတ်ရှည်ရမည်။