etoneSeptember 21, 20111min22017
ကိုတရုတ်ကြီးရဲ ့(နာမည်ထည့်မရေးရဲဘူး … သဂျီးက နာမည်မတပ်ရဘူးတဲ့လေ ဟီးဟီး 😀 နာမည်တပ်ရေးတဲ့လူက ကန့်ကွက်လျှင် အလကားနေရင်း ခက်ခက်ခဲခဲစုထားရတဲ့ ..ပွိုင့် တစ်ထောင် ပြုတ်ဦးမယ် 😛 )  …အိမ်နားမှာနေပါတယ် ပို့စ်ဖတ်ရပြီး ငယ်ငယ်က ကြုံဖူးခဲ့တဲ့ …ရယ်စရာ အဖြစ်ပျက်လေးတွေပြန်သတိရပြီး ….. ရွာသူရွာသားများ ရယ်မောနိုင်စေဖို့ အရင်းတိုင်း ဖောက်သည်ချလိုက်ပါတယ် … ။ ကျွန်မကိုယ်တိုင်ဖြစ်ပျက်ခဲ့တာမဟုတ်ပေမဲ့ … မျက်စိရှေ့တင် ဖြစ်ပျက်ခဲ့တဲ့ ရယ်စရာ အမှတ်တရများမို့ … ယနေ့ထိတိုင်မှတ်မိနေစဲပါပဲ … ။ ကျွန်မအစ်ကိုနဲ့ ကျွန်မက လေးနှစ်ပဲ ကွာတာမို့ … ရိုသေလေးစားမှူသိပ်မရှိပဲ ကစားဖော် ကစားဖက် ဖြစ်ခဲ့တယ် … ။ ဝန်ထမ်းမိဘဘဝက အပြင်လိုက်ပို့ချိန်နည်းတာမို့ … အိမ်တွင်းအောင်း မြောက်ရှုံးအောင် […]


etoneSeptember 19, 20116min23622
ဒီနေ့ ကျွန်မတို့ စက်ရုံကို ဌာနဆိုင်ရာက လူကြီးတွေ လာမယ်ဆိုလို့ မနက်ခင်းကတည်းက လုံခြုံရေးတွေချ ၊ ဝင်ထမ်းတွေကို ပါ အိတ်တွေ ခြင်းတွေ ဖွင့်စစ်ဆေးနဲ့ ပြာသလူးခါနေလေရဲ့လေ … ။ မနက်ကတည်းက ရှေ ့ပြေးတွေ ရောက်နေသော်လည်း … လူကြီးက နေ့ခင်းချိန်ထိအောင် မရောက်နိုင်သေးပါဘူး …  ကြက်တူးရွှေးက တော်တော် မယ်တော်က ကဲကဲ တွေက ဧည့်ခံပြင်ဆင်ဖို့  ဆိုင်းပြင်ရတာလည်း အမောပါပဲ …  ။ သူတို့ကိုကြည့်ပြီး ကျွန်မရဲ့ အူလည်လည်နိုင်တဲ့ အဖြစ်ပျက်လေးကို ပြန်သတိရမိတယ် …။ တွေးမိတိုင်း ရယ်ချင်တဲ့စိတ်ဖြစ်မိတာမို့ … ရွာသူရွာသားတွေလည်း စိတ်ရဲ့ ထွက်ပေါက်အနေနဲ့ ရယ်မောနိုင်စေဖို့ … ပြန်ပြောပြပါမယ်… ။ လွန်ခဲ့တဲ့ တနှစ်ခွဲလောက်ကအဖြစ်ပျက်လေးပါ … […]


etoneSeptember 17, 20111min47840
အထူး ဆန်းတော့ မဟုတ်ပေမဲ့ အားလုံးသတိထားလို့ရအောင် ကိုယ်တွေ့အတွေ့ကြုံလေး ဝေမျှ ချင်ပါတယ် … ။ ပြီးခဲ့တဲ့ တပတ်စနေနေ့က လှည်းတန်း(စိန်ဂေဟာ)ကိုရောက်ခဲ့တယ် …… ။ မိုးတွင်းမို့ စီးနေကြ slipper လေးကဗွက်စင်လွန်းတဲ့ ဒဏ်မခံနိုင်တော့တာကြောင့် ဖိနပ်အသစ်တရံဝယ်ဖို့ သွားခဲ့တာပါ … ။ ခြေထောက်ကြီးပြီး နည်းနည်း ဂကျီဂကြောင်ကျတတ်တဲ့ ကျွန်မက စိတ်ကြိုက်ဖိနပ်ရဖို့ အတော်လေး ရွေးယူရပါတယ် .. ဖိနပ်လေးတွေ စင်ပေါ်မှာ ထောင်ထားလျှင် လှပေမဲ့ ချစီးကြည့်လိုက်တဲ့အခါ ကိုယ်နဲ့ မလိုက်တာမျိုးလည်း ရှိနေတတ်တယ် … တစ်ခါတစ်လေ ကိုယ်နဲ့ လိုက်ပေမဲ့ အရောင်မကြိုက်တာမျိုးလည်း ရှိနေတတ်တော့ .. ဖိနပ်ရွေးရတာ ခေါင်းစားပါတယ် … ။ စီးနေကြ SHOE GALLERY တံဆိပ်ထဲကလည်း ဖိနပ်အမြင့်တွေအများကြီးရှိပါလျှက် […]


etoneSeptember 15, 20111min24618
မနောဖြူရဲ့ ရန်ကုန်မြို့လည်က ရှုခင်းတွေကိုကြည့်ပြီး ပြီးခဲ့နှစ်ပတ်လောက်က ထရိတ်ဒါး ဟိုတယ်ရောက်တုန်း လက်သရမ်းထားတဲ့ ပုံလေးတွေ တင်ပေးလိုက်ပါတယ် … ။ပို့စ်တင်ဖို့ မရည်ရွယ်ထားပေမဲ့ … ဟိုတကွက်ဒီတကွက် အလှချင်းပြိုင်နေတဲ့ သွပ်မိုးတွေကို သဘောကျမိလို့ ရိုက်ထားခဲ့တာပါ … ။ အထပ်၂ဝ က အခန်းတစ်ခန်းရဲ့ … ဧည့်ခန်း မှန်ပြားဘေးက ရိုက်ထားတာပါ … ။ မြို့လည်ခေါင်က ရှူခင်းကို ကြည့်ပြီး သဘောကျနေတဲ့ ရွာသူရွာသားတွေအတွက် … ခေါင်မိုးရောင်စုံမြင်ကွင်းလေးကို နှိုင်းယှဉ်ကြည့်နိုင်အောင် တင်ပေးလိုက်ပါတယ် … ။ နာဂစ်ဒုက္ခပေးအပြီး သုံးနှစ်ကျော်ကြာသည့်တိုင်အောင် ခေါင်မိုးလေးတွေကတော့ … အဖာတစ်ရာနဲ့လေ … ။ အမှတ်တရ ပြယုဂ်တစ်ခုပါပဲ … ။       နောက်တာမဟုတ်ဘူးနော် […]


etoneSeptember 12, 20111min43255
ဒီနေ့မနက် ဂရုမေးလ် တစ်ခုကနေ ဝင်လာတဲ့ အကြောင်းရာလေး ဖတ်ပြီး သဘောကျမိတယ်… ။ စာပြန်ရေးလျှင် ပါ့ဘလစ် မေးလ်ဖြစ်မယ်ဆိုတာ သိပေမဲ့… ပြောချင်စိတ် မထိန်းနိုင်တဲ့ အတွက် စာရေးမိလိုက်ပြန်တယ် … ။ ဒီဆိုက်ထဲမှာလည်း အဲ့ဒါလေးနဲ့ ပတ်သတ်ပြီ းနည်းနည်းဆွေးနွေးကြည့်ရအောင်နော် …။ မူရင်း ရေးသားသူကတော့ … ယောကျာ်းလေးမို့ ယောကျာ်းလေးဘက်က အမြင်နဲ့ ရေးခဲ့တာပါပဲ … သူရေးထားတာ အကျဉ်းလေးကတော့ … သူနဲ့ ခင်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ စင်တာတစ်ခုမှာ အမှတ်မထင်ပြန်ဆုံမိတယ်… ဆုံရင်း ထိုအမျိုးသမီးရဲ့ အပြုမူက ရဲတင်းတယ်ပေါ့ .. ဘီယာမူးနေတာကြောင့်လည်းဖြစ်တယ်ပေါ့ … သူကပဲ မူးနေတဲ့အမျိုးသမီးကို ထိန်းကျောင်းပေးရင်း … အမျိုးသမီးနဲ့ ချိန်းထားတဲ့ သူငယ်ချင်းတွေကို စောင့်ပေးခဲ့တယ် … […]


etoneSeptember 9, 20111min33726
(၂၁) ” သမီး …လူဆိုတာ သေတစ်နေ့ မွေးတစ်နေ့ ဆိုပေမဲ့ … အသက်ရှင်စဉ်အတွင်းမှာ ကိုယ်လုပ်ခဲ့တဲ့ ကိစ္စတွေကြောင့် သေတဲ့အခါ ကျန်ခဲ့တဲ့ က ိုယ်နာမည်အပေါ် ညစ်နွမ်းစေတာပဲ သမီး …  အန်တီစိုးပြောရလျှင် ဒီမှာ လူသားအားလုံး လက်ခံထားတဲ့ ကုရာနတ္တိ ဆေးမရှိဆိုတဲ့ ရောဂါဆိုးကြီးရှိတယ် … ။ အရင်ကလူတွေ ပြောကြတာ … ကုရာနတ္တိတဲ့လေ… ဟိုးတုန်းကပြောကြတာပါ … ရောဂါက တကယ်ဖြစ်လျှင် … သေတာများတာကိုး ……………..တကယ်တော့ ဒီခေတ်မှာ မကုနိုင်လျှင်တောင် ထိန်းပြီး လူတန်းစေ့ နေနိုင်နေပါပြီ …. ” ” ဟင် ဟုတ်လား အဲ့ဒီလောက် ကြောက်စရာကောင်းတဲ့ ရောဂါစိုးကြီး ရှိတယ်ပေါ့ … သမီးကိုပြောပြပါနော် အန်တီစိုး […]


etoneSeptember 8, 20111min904
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းရဲ့ CDMA 800MHz ဖုန်းတွေ ငါးသိန်းနဲ့ ချပေးတုန်းက ဆယ့်ငါးသိန်းပေးရတဲ့ GSM ထက် ဈေးနည်းတာရယ် …၊ GSM ,WCDMA ,CDMA 400 ဖုန်းတွေထက်ပိုပြီး …ရန်ကုန်မြို့တွင်း လိုင်းဆွဲအား အတော်ကောင်းပြီး ခေါ်ဆိုရ လွယ်တာရယ် ၊ ဟမ်းဆက်တွေ ဈေးကွက်ထဲ တန်ဖိုးနိမ့် ၊မြင့် ကြိုက်သလို ရွေးဝယ်လို့ရတာတွေရယ်ကြောင့် လူကြိုက်များခဲ့ပါတယ် … ။ ဖုန်းချခါစက နယ်မြေဧရိယာသတ်မှတ်ခဲ့သော်လည်း နောက်ပိုင်း ရန်ကုန်တမျို့လုံး လိုရာ သယ်သွားလို့ရတာကြောင့် (နယ်သယ်သွားချင်ပါက ဟမ်းဆက်လဲလိုက်တာနဲ့ အဆင်ပြေပြေ သုံးလို့ရတယ်)  … ရောင်းအား အကောင်းဆုံး ဖြစ်လာခဲ့ပြန်တယ် … ။ ထိုမှ တဆင့် နည်းပညာဆင့်ကဲ တိုးတက်လာပြီး အင်တာနက်ပါ အသုံးပြုခွင့်ရသောအခါ […]


etoneSeptember 7, 20111min1734
  “ရက်လည်လည်း လုပ်ပြီး ပြီဆိုတော့ … ငါလည်း ပြန်ဦးမယ် စန္ဒာရေ … အငယ်နှစ်ယောက်ကို ငါခေါ်ပြီး ညည်းတို့ အဖွားအိမ်ပို့ပေးရလျှင် ကောင်းမလား .. ” ” အာ… နေပါစေ အန်တီဝေရယ် … မေမေတောင် ကိုယ့်မာနနဲ့ ကိုယ်မို့ … ကျွန်မကပဲ ကလေးတွေ အတွက် ရှာကျွေးဖို့ အလုပ်လုပ်မှာပါ … လောလောဆယ်တော့ ဘုန်းကြီးကျောင်းမှာပဲ နေဦးမယ် …. မေမေပြန်လာလျှင် အတူပြန်နေမဲ့ အိမ်လေးကိုလည်း ပြန်မသွားချင်သေးဘူး …အ ရာရာတိုင်း မေ့မေ့အရိပ်တွေပဲမို့ … ဒီမှာနေတာ အကောင်းဆုံးဖြစ်မယ် အန်တီဝေရယ်… ဒါနဲ့ … မေမေဆုံးပြီဆိုတော့ … မေမေအလုပ်လုပ်တဲ့ အိမ်က လူလိုမှာပေါ့ … တခြားလူတော့ […]


etoneSeptember 7, 20111min19611
မျှော်လင့်ချက် … ယုံကြည်ချက်ဆိုတာ လူတိုင်းမှာ ရှိတတ်ကြပါတယ် .. အသေးဖွဲ ကိစ္စကစလို့ … ဘဝရည်မှန်းချက် ပန်းတိုင်ထိအောင်ပဲ ယုံကြည်ချက် မျှော်လင့်ချက်တွေနဲ့ အားတင်း မောင်းနှင်နေကြရတာပါ … ။ စိတ်ထဲ ပြင်းပြင်းပျပျ ရည်ရွယ် ကြံစည်ထားလျှင် … မျှော်လင့်သလို ဖြစ်လာဖို့ ကြိုးစားအားထုတ်လုပ်ကိုင်ဖို့ အားတွေ ဖြစ်လာသလိုပါပဲ … လူတိုင်း ကြုံဖူးကြမှာပါ … ။ မျှော်လင့်ချက်နဲ့ ပတ်သတ်လို့ … ရယ်စရာ အဖြစ်ပျက်လေး ရွာသူရွာသားတွေကို ပြောပြရဦးမယ် … ။ ကျွန်မက ညဘက် အိမ်ပြန်လာတိုင်း ရေခဲရေ အေးစက်စက်ကို တကိုယ်လုံး ထုံကျင်သွားလောက်အောင် … နှစ်နှစ်ခြိုက်ခြိုက် သောက်သုံးတတ်တဲ့ အကျင့် ရှိတာမို့ … 1.5 […]


etoneSeptember 5, 20111min17710
(၁၇) “ဟဲ့မိချို မိချို … ခေါ်လို့လည်း မကြားပါလား … နေမြင့်နေပြီ မထသေးဘူးလား … ” “ဦးဇော်ရေ လာပါဦး ဒီမှာ မိချို ခေါ်လို့ မရလို့ …. ” သူခေါ်တာမရသဖြင့် မမစိုးက ယောကျာ်းဖြစ်သူကိုပါ အကူညီပေးရန် လှမ်းခေါ်လိုက်ခြင်းဖြစ်သည် … ။ ” ဟဲ့ကောင်မလေး မိချို … မိချို ….. ” ဝုန်း… ဒိုင်း … ဝုန်း … ဒိုင်း …. ” တံခါးဖျက်မှ ရမယ်ထင်တယ် အစိုးရေ … ” “အင်း ဒါဆိုလည်း မြန်မြန်လုပ်ပါ … အထဲမှာ ဘာများဖြစ်နေလဲ မသိဘူး … ” […]


etoneSeptember 5, 20111min33040
မြင်တော့မှ သိ ၊ ကြုံဖူးမှ ယုံဆိုတာ တကယ်ပါပဲ … ကျွန်မတစ်သက်နဲ့တစ်ကိုယ် အဖြစ်ပျက်တော်တော်များများ  ကြားဖူးနားဝနဲ့တင် ယုံခဲ့တာမျိုးရှိသလို … တချို့ကြားဖူးသော်လည်း လက်ခံနားလည်ရန် ခက်ခဲတဲ့အခါ ကိုယ်တိုင် ကြုံတွေ့မှသာ လက်ခံယုံတာမို့ … တစ်ခါတစ်ခါ ကျွန်မက အလွန် ကန့်လန့် တိုက်တဲ့ လူမျိုးလို့ ….. သတ်မှတ်ခံရပါတယ် … ။ ဒီတစ်ခါလည်း ကြားဖူးနားဝ အတွေ့ကြုံမျိုးရှိပေမဲ့… ကိုယ်တိုင် ကြုံတွေ့တဲ့အခါ … အတော်လေး အံ့အားသင့်မိပါတယ် … ။ စိတ်ထဲမှာလည်း တစ်ခုခု သိသိသာသာ ပြောလိုက်ချင်ပေမဲ့… တကယ်တမ်း ကျွန်မက ပွဲကြည့်ပရိတ်သတ်အဖြစ်သာ နှုတ်ဆိတ်နေမိခဲ့တာပါ … ။ ဒီပိတ်ရက် စနေနေ့က … မြို့ထဲမှာ သူငယ်ချင်းတွေနဲ့ စားသောက်ပြီး […]


etoneSeptember 2, 20111min15212
ဪ လူတွေ စိတ်တွေ … မာယာများလိုက်တာ … ကောင်းချင်ပြန်တော့လည်း သူတို့ပဲ .. မကောင်းချင်တော့ဘူးဆိုလည်း သူတို့ပဲ … မျက်နှာကို မချိုမချဉ်လုပ် ၊ ဆယ့်နှစ်မျိုး ဂျင်းသုတ်နဲ့ ငါ့အနားလာလာရှုပ်တယ် … စိတ်တွေ ကုန်ခမ်း ၊ ဟန်ဆောင်ရယ်ပြရတာ မုန်းလွန်းတယ် ။   တကယ်ပါကွာ ဘာကိုမှ မမက်မောပါဘူး … မဖြစ်စလောက်လေးနဲ့ … လာစည်းရုံးမနေပါနဲ့ ရိုးသားခြင်းကလွဲပြီး … လိုချင်တာတွေ ခွာယူသွားပါတော့ … တစ်ယောက်တည်းပဲ အေးဆေးနေချင်တော့တယ် … ။   ဝင်လာလိုက် ၊ ပြန်ထွက်ပြေးလိုက်နဲ့ … အာရုံတွေလာမနောက်ပါနဲ့ … စိတ်ထဲရှိတဲ့ အတိုင်း ဆက်ဆံမိလျှင် … အတော်အပေါက်ဆိုးတယ်လု့ိ ဝေဖန်ချင်ဦးမယ် […]


etoneSeptember 2, 20111min14510
” အယ် မမစိုးရေ … ကျွန်မတို့ဆီမှာ အဲ့ဒါမျိုးမသိလို့ မွေးလိုက်ကြတာ ဟောတယောက် ၊ ဟောတယောက်နဲ့ …. ” “ဒါပေါ့မိချိုရယ် မသိတော့လည်း သားဆက်ခြားရမယ်ဆိုတာ နားမလည်ဘူးပေါ့ … ။ ဒါကြောင့်လည်း မမစိုးက သမီးတွေကို ရှင်းပြပေးနိုင်အောင် ဟောပြောပွဲတွေ လိုက်နားထောင်ထားရတယ်လေ … ။ ” ” နောက်တမျိုးနည်းနဲ့ သားဆက်ခြားလို့လည်း ရသေးတယ် မိချိုရဲ့ … ” “ဟုတ်လား မမစိုး အဲ့ဒါဘယ်လိုလဲဟင် … ” ” လက်မောင်းထဲကို ဆေးလုံးလေး မြှုပ်တာ ပါ … တခြား သားဆက်ခြားနည်းတွေထက် ဈေးလည်း ကြီးလို့ … ပိုက်ဆံရှိတဲ့လူတွေ လောက်သာ လုပ်ကြတာပါ … လက်မောင်းထဲမှာ […]