etoneSeptember 1, 20111min1557
“မမစိုး ..ကလေးမရအောင် ဘယ်လို ကာကွယ်ရမလဲဟင် … ခုနက ပြောတဲ့ ရက်တွေမှာပဲ ဆက်ဆံလို့ ရတယ်ဆိုတော့ အိမ်ထောင် သည်တွေကြတော့ ရက်ရှောင်ဖို့ မလွယ်ဘူးလေ… ” ” ဒီလို မိချိုရဲ့ … ဒီခေတ်မှာ ကာကွယ်ဖို့ နည်းလမ်းတွေ အများကြီးပါ … ရက်ခြားတာကတော့ ခုဏက ပြောသလိုပေါ့ … နောက်ပြီး အကာကွယ်သုံး ပြီး လိင် ဆက်ဆံမယ်ဆိုလည်း ကလေးမရနိုင်ဘူး … ကွန်ဒုံးလို့ ခေါ်တဲ့ ပစ္စည်းလေးကို အမျိုးသားက အသုံးပြုပြီး ဆက်ဆံရင်လည်း ကိုယ်ဝန်မရနိုင်ဘူး … ဒါပေမဲ့ အသုံးပြုမှူ မှန်ကန်ရမယ်နော် … မဟုတ်လျှင် ကွန်ဒုံးသုံးပေမဲ့ … ပေါက်ပြဲတဲ့ အခါ … အသုံးပြုပုံမမှန်ကန်တဲ့ အခါ […]


etoneSeptember 1, 20111min1385
(၁၁) ” ဟဲ့ မိချို ညည်းလည်း ငါတို့ အိမ်ရောက်ကတည်းက တမှိုင်မှိုင် တထွေထွေနဲ့ပါလား … ” “ဟုတ်တယ် မစိုးရယ် … ကိုယ်ဝန်ဖျက်ချထားတာ ဒီနေ့နဲ့ ဆို လေးရက်ရှိပြီ … သွေးဆင်းတာ ရပ်သွားပေမဲ့ ကိုက်ခဲနေတုန်းပဲ … ” “လူက အဖျားလည်း တတ်ချင်တယ် … ” “ဒါဆိုမဖြစ်ဘူးပဲ မိချိုရယ် နင့်အစ်မကိုခေါ်ပြီး ဆေးခန်းလေးဘာလေး ပြမှနော် … ငါ့သမီးတွေဆို .. ကိုယ်ပူတာနဲ့ ချက်ချင်း ငါဆေးခန်းသွားခိုင်းတာပဲ … ။ ” ” ရန်ကုန်မြို့မှာ ဆေးခန်းခက ဈေးကြီးပါတယ် မမစိုးရယ် ကျွန်မလုပ်ခနဲ့ ဆေးခန်းပြရလျှင် ကျန်မှာတောင် မဟုတ်တော့ဘူး … ဒါနဲ့ မမစိုးပြောသွားတဲ့ […]


etoneAugust 31, 20111min20314
အိမ်ကိုတော့ အမေနဲ့ အဖေ ပြန်မလာခင်စပ်ကြား ကျွန်မ တို့ ခဏပစ်ထားရဦးမှာလေ … ။ ကလေးတွေ ဘုန်းကြီးကျောင်းမှာ ငိုနေမလားမသိဘူး … ကျွန်မမြန်မြန် လိုက်သွားမှ ဖြစ်မယ် ….။ အိမ်တံခါး … ဟုတ်သားပဲ တံခါးပိတ်ရဦးမယ် … ကျွန်မယခုအရွယ်ထိ ဘယ်တုန်းကမှ အိမ်တံခါး ပိတ်မထားဖြစ်သောကြောင့် သော့ဟူ၍လည်း မရှိပေ ….ထို့ကြောင့် … ၊ သော့မရှိလည်း ဘာဖြစ်လဲဟယ် … မြက်ခြောက်ပင်လေးတွေနဲ့ ကောက်ချည်လိုက်မှာပေါ့ … တို့ရွာထဲ တအိမ်နဲ့ တအိမ်သိနေကြတာ ဘာမှ စိတ်ပူစရာမရှိပါဘူး … ငါတို့မှာလည်း ဘာမှ တန်ဖိုးရှိတဲ့ ပ စ္စည်းကျန်တာ မဟုတ် ဘူးလေ … ။ (၉) ပူပြင်းလှသော နေရောင်အောက် […]


etoneAugust 31, 20111min1529
” ကလေးရေ … မမတို့ မိသားစုက ဆင်းရဲတယ်လေ … မင်း မလာတာပဲ မင်းအတွက်ကောင်းပါတယ် … ။ ကောင်းရာ သုဂတိလားပါစေလို့ပဲ ဆုတောင်းပေးပါတယ် …. ” စန္ဒာတယောက် ကြေကွဲစွာ ကြိတ်ဝမ်းနည်းနေမိသည် … ။   (၆) ” မိချို ရေ … မချို … အဆင်သင့်ဖြစ်ပြီလားဟေ့ … ” လူမရောက် ခင် အသံအရင်ပေးကာ မဝေရောက်လာတော့သည် … ။ ” တိုးတိုးအော်ပါ မဝေရဲ့ အမွှာလေးတွေ အိပ်တုန်းပဲ … ” ” ဟဲ့ … နေဖင်ထိုးနေပြီ မထသေးဘူး လား …. ” ” […]


etoneAugust 30, 20113min25219
              အသီးမှာ သရက် ၊ အရွက်မှာ လ္ဘက်၊ အလှူမှာ ကထိန် ၊ ကျောင်းမှာ သိမ်ရယ် လို့ … ရှေးစာဆိုတွေ ပြောစမှတ်ပြုတာနဲ့ အညီ … အကျိုးကြောင်း ညီညွတ်စွာဖြင့် မထင်မှတ်ထားတဲ့ သိမ်အလှူလေး တစ်ခု ပြုလုပ်ခဲ့ပါတယ် … ။ အလှူဖြစ်ရန် နိဗ္ဗာန်ဆော်ကတော့ …ဆရာတော် ဦးဇဝနပါပဲ … ။လှိုင်သာယာ ပညာရံသီကျောင်းကပါ … ။ ကျွန်မတို့ ဆေးခန်းဖွင့်သည့်နေမှ … ယနေ့တိုင် ဘုန်းကြီး ၊ သီလရှင်များကို အခမဲ့ ဆေးဝါးထောက်ပံ့ခြင်း ၊ အခမဲ့ ဆေးကုသခြင်းများ ပြုလုပ်ပေးခဲ့သဖြင့် … ဆရာတော်များ […]


etoneAugust 30, 20111min24213
မိဘအိမ်မှာ နေစဉ် အသက်မွေးဝမ်းကြောင်းအတွက် မယ်မယ်ရရ အလုပ်မလုပ်ခဲ့ဖူးသောကြောင့် ပိုက်ဆံရှာရန် ဈေးရောင်းခြင်း တမျိုးသာ လုပ်တတ်သည် ။ ဈေးသည် မျိုးရိုး မရှိသူမို့ ဈေးရောင်းရမှာ မဝံ့မရဲဖြစ်နေခဲ့သည် … သို့သော် …ငါ့ဝမ်းပူဆာ မနေသာ မို့လား ၊ ကလေးတွေမျက်နှာငယ်ရမည့် အဖြစ်မို့ သမ္မအာဇီဝ အလုပ်ဟုသာ စိတ်ပိုင်းဖြတ်ပြီး ဈေးရောင်းခဲ့သည် ။ တတ်လို့ ရောင်းသည် မဟုတ်ပဲ ငတ်လို့ ရောင်းရသည့်အဖြစ်ကြောင့် ဈေးရောင်းကောင်းသော်လည်း အမြတ်စွန်း သိပ်မကျန်ခဲ့ပေ ။ တရိတ်ရိတ်တိုးတတ်လာသည့် အသုံးစရိတ်ကြောင့် ဝင်ငွေ နှင့် ထွက်ငွေ မမျှ ဖြစ်ကာ နွမ်းပါးသည်ထက် ပို နွမ်းပါးလာခဲ့သည် ။ ဒီအတိုင်း ဆက်သွားလျှင် ရှေ့လျှောက် ကျမတို့ မိသားစု ငတ်ပြတ်ကာ တောင်းစားရမယ့်ဘဝ […]


etoneAugust 29, 20111min15811
(၁) ကျမတို့ရွာမှာ ဒီနှစ်မိုးခေါင်လွန်းလို့ ဘာပင်မှကို စိုက်ပျိုးလို့မရခဲ့ပါဘူး …. ခြံစည်းရိုး သီးပင်စားပင် အနည်းငယ်လောက်သာ ဖြစ်ထွန်းတာမို့ စားသောက်ရရုံလေးအဆင်ပြေပြီး ရောင်းကုန်လုပ်လို့မရတာကြောင့် မနှစ်ကတည်းက တင်ထားတဲ့ အကြွေးတွေ ဒီနှစ်လည်း ဆပ်နိုင်မယ်မထင်ဘူး … ။ ယောကျာ်းဖြစ် သူ မြို့ တက် အလုပ်လုပ်ရာက ရွာကို ခြောက်လ တစ်ခါလောက်ပြန်လာတတ်ပေမဲ့ စုမိဆောင်းမိ ဘာမှ မရှိဘူး … ။ သူ့ကိုယ်သူတောင် စားလောက်ယုံဆိုတော့ ကျွန်မကလည်း တဖက်တလှမ်းကနေ လယ်လုပ်ရင်း … ၊ ရာသီပေါ် သီးနှံလေး ရောင်းရင်း ကလေးတွေ စရိတ် ရသမျှ ရှာရတာပေါ့ … ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလိုပါပဲ … ခြစ်ကုတ်ပြီး စုတာတောင် ကလေးတွေကို ကျောင်းဆက်ထားနိုင်အောင် မနည်း […]


etoneAugust 26, 20111min1818
ရွာသူရွာသားတို့ရေ… အလုပ်အကိုင် အခွင့်လမ်း ရှားပါးလာချိန် … ကြောငြာတဲ့ အလုပ်တွေကို ဝင်လျှောက်ရင်း အချိန်ကုန်လူပင်ပန်းဖြစ်ခဲ့ပြီး … နောက်ဆုံး လက်လှမ်းမှီရာ ၊ နီးစပ်ရာကိုပဲ ရွေးချယ်သွားခဲ့လို့ … အလုပ်မရှိပဲ .. စိတ်ညစ်နေတဲ့များရှိနေသလား … ? ဒီခေတ်မှာ လစာ တစ်သိန်းနဲ့ အထက်ရတဲ့အလုပ် .. .. ဝင်ဝင်ခြင်း မျက်နှာသစ်တွေကို သိပ်မပေးတတ်တာမို့ ကိုရီးယားဘာသာစကားလေးတစ်ခုတက်ထားရုံနဲ့ … ပထမဝင်ဝင်ခြင်း လစာ တစ်သိန်းကျော်ရမယ့်အခွင့်ရေး ရယူလိုပါသလား … ? နယ်ကလူတွေ ရန်ကုန်မှာ အလုပ်လုပ်ချင်သော်လည်း နေစရိတ် ထောင်းနေမှာ တွေးပူနေရပါသလား ။ ? ပင်ပင်ပန်းပန်း ဦးနှောက်မစားရတဲ့ သူဌေးရဲ့လက်စွဲတော် … ဘာသာပြန်အလုပ်မျိုး လုပ်ချင်တဲ့လူတွေ ရှိပါသလား … ? […]


etoneAugust 25, 20111min26613
ဝူးးးးးးးးးးးးးးးးးး ပင်ပန်းနွမ်းနယ်မှူ ၊စိတ်ဖိစီးမှူတို့ကို …သက်ပြင်းတစ်ချက်ဖြင့် …ခပ်ကြမ်းကြမ်း …. မှုတ်ထုတ်လိုက်ပြီး ….. ထိုင်ခုံပေါ်တွင် ပစ်ထိုင်ချလိုက်သည် … ။ စက္ကန့်အနည်းငယ်ကြာအောင် မလှုပ်မယှက် ငြိမ်သက်စွာ ထိုင်နေမိသည် … ။ စိတ်ဖိစီးမှူတို့ ခဏတွင်းဖြေလျှော့လိုက်သောအခါ …. အနည်းငယ်လန်းဆန်းလာသလို ခံစားရသည် … ။ ရည်ရွယ်ကြံစည်ထားသော ကိစ္စတစ်ခု အောင်မြင်စွာပြီးဆုံးသွားပြီဖြစ်၍ ကျေနပ်အားရစွာ ပြုံးမိလိုက်သည ်…. ။ ကျေနပ်အားရစွာ ပြုံးလိုက်မိခြင်းသည ် ကျွန်မအတွက်တော့ နောက်ကိစ္စတစ်ခု စလုပ်ရန် အားအင်ပင်ဖြစ်ပေတော့သည်… ။ ထွက်ခွာသွားသော ကွန်တင်နာကားကြီးကို မျက်စိထဲ မြင်ယောက်ပြီး … ကျေနပ်မိပြန်သည် … ။ %%%%%%%%% အထည်ချုပ်စက်ရုံတစ်ခုတွင် TTMY ရာထူးဖြင့် အလုပ်ကျွေးပြုနေရသော ကျွန်မရဲ့ အခန်းကဏ္ဍက […]


etoneAugust 23, 20111min26520
အလုပ်ပိတ်ရက် ၊နားရက်တွေမှာ … မိမိရဲ့ အားလပ်ချိန်လေးများကို ဘာစိတ်ဖိစီးမှူမှ မရှိပဲ …ပေါ့ပေါ့ပါးပါး ဖြတ်သန်းချင်ကြတာမို့  ကျွန်မအပါဝင် နေ့စဉ်နေ့တိုင်း အလုပ်လုပ်နေရတဲ့ လူအများစုက အလုပ်ပိတ်ရက်ကိုမျှော်လင့်နေကြတာပေါ့ ….. ။ မျှော်လွန်းလို့လား မသိဘူး …. အလုပ်ပိတ်ရက်ကလည်း ရှားရှားပါးပါး …. တနင်္ဂနွေ တစ်ရက်တည်း …. 😀 စနေနေ့တစ်ဝက်ပိတ်တယ်ဆိုပေမဲ့ …  မနက်ပိုင်း ဖုတ်ကူမီးတိုက် ရုံး ပြေး အလုပ်လုပ်ရသေးတယ် …. တစ်ပတ်လုံး အင်တိုက်အားတိုက် အလုပ်လုပ်ပေးထားတာတောင် စနေနေ့ နေ့တစ်ဝက် အလုပ်တက်ခိုင်းတဲ့ အလုပ်ရှင်ကို မေတ္တာပို့မိတာ … အကြိမ်ကြိမ်ပါပဲ …  😛 လိုလိုလားလား တည်ဆောက်ထားတဲ့ ဘဝမဟုတ်ပေမဲ့ … စက်ရုပ်လို အချိန်နဲ့ တပြေးညီလှုပ်ရှားနေရတဲ့ဘဝထဲ ကျင်လည်နေခဲ့တာ … […]


etoneAugust 18, 20111min18715
၂၀၁၁ ခုနှစ် ၊ဩဂုတ်လ (၁၆) ရက်နေ့တွင် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်ရှိ ရပ်ကွက်အချို့၌ နေ့လည်ခင်းအချိန်မှစ၍ လျှပ်စစ်မီး ပျက်တောက်လျှက်ရှိပြီး ည (၇)နာရီခွဲခန့်အချိန်တွင် မီးပြန်လာခဲ့ရာ … အဝင်ဗို့အား ၃၀ဝကျော် ထိ နာဝက်ကျော်ကြာချိန်တိုင်အောင် မြင့်တက်ခဲ့ကြောင်း သိရသည် …. ။ အဆိုပါ ဗို့အားမြင့်တက်မှူကြောင့် လူနေအိမ်နှင့် ဆိုင်ခန်းအချို့တွင် မီးချောင်းများပျက်ဆီးခြင်း ၊ မီးကြိုးနဲ့ မီးပလပ်ပေါက်များ ဝါယာရှော့ဖြစ်ခြင်း နှင့် .. အချို့သော လျှပ်စစ်အသုံးဆောင်ပစ္စည်းများ ပျက်ဆီးခြင်းတို့ ဖြစ်ပေါ်ခဲ့သည် … ။တချိန်တည်းမီးလာသော အချို့ ရပ်ကွက်များတွင်တော့ မီးအားအလွန်ကျဆင်းလျှက်ရှိပြီး  100ဗို့ထက်ပင် လျှော့နည်းခဲ့ကြောင်း သိရသည် … ။   %%%%%%%%   အဲ့ဒီအချိန်က ကျွန်မလည်း မီးအားမြင့်တဲ့ ရပ်ကွက်ထဲရောက်နေခဲ့တာပါ […]


etoneAugust 16, 20111min24719
ဒီရက်ပိုင်းအတွင်း စိတ်နည်းနည်းလေနေလို့ … စာတွေမရေးဖြစ်ဘူး … … ။ စာတွေရေးလျှင် စိတ်ထဲနှစ် ၊ ရင်နဲ့ ခံစားပြီးမှ ရေးတာမို့ … စိတ်လေနေတဲ့အ ချိန် အာရုံတွေ ပြန့်လွင့်နေတာ … ဝေလေလေစိတ်ကလွဲလို့ ဘာစိတ်ခံစားချက်မှ ရင်ထဲရောက်မလာခဲ့ဘူး ။ ဒါပေမဲ့ ခေါင်းထဲပေါ်လာတဲ့ အကြောင်းရာလေးတစ်ခုနဲ့ … မြင်နေတွေ့နေရတဲ့ အကြောင်းရာလေးတွေ ဆက်စပ်ပြီး … ပြောပြချင်စိတ်ပြင်းပျလာတာကြောင့် … ဒီစာလေးကို ကောက်ခါ ငင်ကာ ရေးဖြစ်ခဲ့ပါတယ် … ။ %%%%%%%%%%%%%%% ယနေ့ မျက်မှောက်ခေတ်မှာ ပြည်ပ ခေတ်ရေစီးကြောင်းတွေ အားကောင်းလာတာနဲ ့အမျှ ဆယ်ကျော်သက် အရွယ် အပါဝင် လူလတ်ပိုင်း အရွယ်ထိ ခေတ်ရေစီးကြောင်းထဲ အစစ အရာရာ ပျော်ဝင်စီးမျောခဲ့ကြတယ် […]


etoneAugust 11, 20113min29416
                မနက်က မဝေရဲ့ ရေညှိ김 밥 အကြောင်းလေး ဖတ်ပြီး ရုံးက ကိုရီးယားမ သူ့အမျိုးတွေကို လက်ဆောင်ပေးဖို့ …  김치 လုပ်နေတာတွေ့လို့ …  ဓါတ်ပုံရိုက်ပြီး … မှတ်တမ်းတင်ထားလိုက်ပါတယ် … ။ ရွာထဲမှာ ဖောက်သည်ပြန်ချဖို့ .. ကော်နက်ရှင်က ဗလောင်းဗလဲ လုပ်နေတာနဲ့ …  နှစ်ရာရီလောက် အချိန်ယူပြီး ပုံတွေ စောင့်တင်လိုက်ရတယ် .. ။ ပါဝင်တဲ့ ပစ္စည်းတွေကတော့ … မုန်ညင်းထုတ် ၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ၊ မုန်လာဥ အဖြူ ၊ မုန်လာဥ အနီ ၊ ဂျင်း […]