etoneFebruary 24, 20112min2469
ဝက်ဖ်ဆိုက်တစ်ခုကို တွေ့လို့ ဝင်ကြည့်တာ ဒီသတင်းလေး တစ်ပုဒ်ဖတ်ခဲ့ရပါတယ် … ။ အမြီးအမောက်တည့်အောင် ဘာသာမပြန်တတ်ပေမဲ့ … နည်းနည်းလေး နားလည်အောင် ဘာသာပြန်ပေးထားတာပါ .. ။ အံ့ဩဖွယ် ကောင်းသော ကျောက်တုံးကြီး SAUDI ARAB နိုင်ငံရဲ့ Al-Hassa regionဒေသမှာ ရှိတဲ့ ရွာတစ်ရွာမှာ အလွန်ကြီးမားတဲ့ ထူးဆန်း အံ့ဩဖွယ်ရာ ကျောက်တုံးကြီးတစ်တုံးရှိနေခဲ့ပါတယ်…. ။ ၁၉၈၉ ခုနှစ်လောက်ကတည်းက ဒီထူးဆန်းတဲ့ ကျောက်တုံးကြီး ရှိခဲ့တာပါ ။ ဘယ်လို ထူးဆန်းတဲ့ ကျောက်တုံးမျိးလဲဆိုတော့……ကျောက်တုံးက သာမန်ကျောက်တုံးပါပဲ … မြေပြင်ကနေ ၁၁ စင်တီမီတာ ကြွတတ်ပြီး လေထဲမှာ နာရီဝက်ခန့် အကြာ တည်နေတဲ့ ကျောက်တုံး မို့ပါပဲ … ။ ဒီလိုဖြစ်စဉ်ဟာလည်း တစ်နှစ်လျှင် […]


etoneFebruary 23, 20111min1136
ဖေဖော်ဝါရီ လဆန်းပိုင်းတုန်းက ဖလားဝါးနယူး ဂျာနယ်ဖတ်ပါတယ် … စိတ်ထဲ သိပ်ဘဝင်မကျတာနဲ့ ဓါတ်ပုံလေးရိုက်ပြီး ပို့စ်တင်လိုက်တယ်…..။ မီးလောင်တဲ့ အကြောင်းလေးပါ .. ။ မီးစလောင်တဲ့ အချိန်က 11နာရီ 45 ပါတဲ့ … မီးသတ်ကားနဲ့ မီးသတ်ကလူရောက်လာပြီး ကူညီငြိမ်းသတ်တာ 11နာရီ50မှာပါတဲ့… အဲ… မီးငြိမ်းတဲ့ အချိန်လည်း ကျရော .. 11နာရီ 47မိနစ်ပါတဲ့.. ။ ဒါဆို မီးသတ်မလာခင်ကတည်းက မီးငြိမ်းသွားခဲ့တာလား …။ အချိန်တွေပဲ မှားရေးမိတာလား စဉ်းစားစရာဖြစ်နေလို့ .. ရွာသူရွာသားတွေရော ဘယ်လိုထင်လဲ ဆွေးနွေးကြပါဦး ။ အပေါ်မှာ ပုံတွေပါပါတယ်.. ဂျာနယ်ကရေးထားတာကို ဓါတ်ပုံရိုက်လာတာပါ … ။ မြင်ရလား မသိဘူးနော် … ။


etoneFebruary 23, 20114min630
喜欢去酒吧的男女 (严肃,要求看完)‏ For people who like to go to bars / clubbing s/disco/karaoke (Warnings, Please Read) 四川有一个大学女生去参加星期六晚上的庆祝。她觉得很快乐,喝了很多酒,这时有个年轻帅哥坐在了她的前面。在男孩的百般调情挑逗下,该女生终于答应与这个帅哥去了家附近酒店,并开了个豪华包间。 In Sichuan , there’s a case of a young girl, an undergrad university student who went for clubbing on a fine Saturday night. She was very happy and drank a lot of alcholic drinks… A young handsome man […]


etoneFebruary 22, 20111min1153
ကျမအချစ်ဆုံးသူငယ်ချင်းတစ်ယောက်ရှိပါတယ်… ငယ်ငယ်လေးကတည်းက အတူတူ ကျောင်းတက်လာတာပေါ့ … အိမ်ကလည်း မနီးဘူးဆိုပေမဲ့ မဝေးလွန်းတာကြောင့် အမြဲလိုလို အဆက်သွယ်ရှိခဲ့ပါတယ်…။ ကျမသူငယ်ချင်းက အေးပါတယ်… ။ ရိုးအတဲ့လူစားမျိုးပါ… သူ့မှာ အမြဲ သူများ အနိုင်ကျင့်ခံနေရတာ များပြီလေ … ။ ကျမကပဲ သူ့ဘဝမှာ တိုင်ပင်ဖော်တိုင်ပင်ဖတ်ပေါ့… မူလတန်းကတည်းက အပေါင်းသင်းဖြစ်ခဲ့ပြီး နှစ်တွေကြာလာတော့ … သံယောဇဉ်လည်းဖြစ်ခဲ့ရတာပေါ့… ။ နောက်ကြုံမှ ပဲ သူနဲ့ ပတ်သတ်တဲ့ အူလည်လည် ဇာတ်လမ်းတွေ ရောင်တောင် ပေါင်တောင်လေးတွေ ထည့်ရေးရပါဦးမယ ်.. အဖြစ်ပျက်တွေက အမှတ်တရနဲ့ ရယ်စရာလေးတွေ ကျန်ခဲ့တာကြောင့်ပါ… ။ ကျမသူငယ်ချင်း နဲ့ ကျမနဲ့ ငယ်ငယ်ကတည်းက အတူ ကျောင်းတက်လာတာဆိုပေမဲ့ ဆယ်တန်းအောင်လို့ လိုင်းခွဲပြီး တက္ကသိုလ်ရွေးတော့ ကျမနဲ့ […]


etoneFebruary 21, 20111min17814
ဖေဖော်ဝါရီလ 9 ရက်နေ့က ကျမချစ်သူ operation အသေးစား တစ်ခုအတွက် ဆေးရုံ တတ်ရပါသည် ။ ပေါင်တွင် soft tissue ဟု အမည်တွင်သော အလုံးငယ်တစ်လုံးစမ်းမိရာမှ စစ်ဆေးကြည့်ရာ တိတိကျကျ မပြောနိုင်သဖြင့် အန္တရာယ်မပေး ၊ မနာမကျင်သော်လည်း ခွဲထုတ်ရန်စီစဉ်ခဲ့ကြသည် ။ ပါမောက္ခကြီး ဒေါက်တာ သိန်းလွင်က လုပ်ဖော်ကိုင်ဖက် တပည့်ဖြစ်သူလည်းဖြစ် ၊ လက်ရှိ ဆေးရုံကြီးတွင် AS ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်နေသော သ့ ူကို များစွာ အကူညီပေးပြီး ဆေးရုံတက်ရန် အကြံပြုရာမှ ကျမတို့ ရက်ရွေးပြီး အော်ပရေးရှင်း ပြုလုပ်ခဲ့ပါသည် ။ ဆရာကြီးကိုယ်တိုင်ပင် 55 မိနစ်ခန့် ကိုယ်တိုင် ခွဲစိတ်ပေးခဲ့ပြီး အော်ပရေးရှင်း အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည် ။ […]


etoneFebruary 21, 20111min22818
ယနေ့မနက် ကျမရုံးသို့အလာ ထုံးစံအတိုင်း နောက်ကျသဖြင့် ဖယ်ရီကလည်း မမှီပြန်ပေ… ထို့ကြောင့် ..လူ ကြပ်ပိတ်သိပ်အောင် တင်သော အထူးကား အမည်ခံ ချွေးထုတ် ကားကြီး ကို စီးပြီး အလုပ်ဆင်းဖို့လာခဲ့ပါသည် …။ ကားဂိတ်မှ ဆင်းဆင်းခြင်း စက်ရုံ သို့ ရောက်ရန် ဆိုက်ကား တစ်ဆင့် ထပ်စီးရပါတယ်… ။ တစ်ပတ်မှာ လေးရက်လောက်က ဖယ်ရီမမှီ တတ်တာမို့ ဒီလိုပဲ ချွေးထုတ်ကား စီးပြီး လာခဲ့ရသည် … ။ တစ်ခါတစ်လေ .. အရမ်း အရေးကြီးသည့် အလုပ်မျိုး ရှိနေလျှင် ၊ ရုံး နောက်ကျ၍ မရသည့် အခြေနေမျိုးတွင်တော့ ကိုယ့်စရိတ်ကိုယ်ထုတ်ပြီး ကားငှားစိးရပြန်သည် … ။ မည်သို့ပင်ဖြစ်စေ ဖယ်ရီမမှီသည့်ရက်က ရုံးတက်ရင်တွင် […]


etoneFebruary 18, 20111min430
ကျမအချစ်ဆုံးသူငယ်ချင်းတစ်ယောက်ရှိပါတယ်… ငယ်ငယ်လေးကတည်းက အတူတူ ကျောင်းတက်လာတာပေါ့ … အိမ်ကလည်း မနီးဘူးဆိုပေမဲ့ မဝေးလွန်းတာကြောင့် အမြဲလိုလို အဆက်သွယ်ရှိခဲ့ပါတယ်…။ ကျမသူငယ်ချင်းက အေးပါတယ်… ။ ရိုးအတဲ့လူစားမျိုးပါ… သူ့မှာ အမြဲ သူများ အနိုင်ကျင့်ခံနေရတာ များပြီလေ … ။ ကျမကပဲ သူ့ဘဝမှာ တိုင်ပင်ဖော်တိုင်ပင်ဖတ်ပေါ့… မူလတန်းကတည်းက အပေါင်းသင်းဖြစ်ခဲ့ပြီး နှစ်တွေကြာလာတော့ … သံယောဇဉ်လည်းဖြစ်ခဲ့ရတာပေါ့… ။ နောက်ကြုံမှ ပဲ သူနဲ့ ပတ်သတ်တဲ့ အူလည်လည် ဇာတ်လမ်းတွေ ရောင်တောင် ပေါင်တောင်လေးတွေ ထည့်ရေးရပါဦးမယ ်.. အဖြစ်ပျက်တွေက အမှတ်တရနဲ့ ရယ်စရာလေးတွေ ကျန်ခဲ့တာကြောင့်ပါ… ။ ကျမသူငယ်ချင်း နဲ့ ကျမနဲ့ ငယ်ငယ်ကတည်းက အတူ ကျောင်းတက်လာတာဆိုပေမဲ့ ဆယ်တန်းအောင်လို့ လိုင်းခွဲပြီး တက္ကသိုလ်ရွေးတော့ ကျမနဲ့ […]


etoneFebruary 17, 20111min1588
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း မှ ချထားပေးသော CDMA 800MHz ငါးသိန်းတန် ဖုန်းများ အင်တာနက်အသုံးပြုခွင့် ကဒ်နှင့် ကျပ်သုံးသောင်းပေးပြီး လဲလှယ်အသုံးပြုခွင့်ရပြီးချိန်မှ စ၍ ဝယ်လိုအား သုံးဆခန့် မြင့်တက်ခဲ့သည်ဟုသိရသည် ။ သို့သော် အင်တာနက်ဆက်သွယ်ခြင်း လိုင်း နှေး ကြောင်းလည်း သိရှိရသည် ။ ဖုန်း နှင့် အင်တာနက်သုံးလျှင် အားမရသဖြင့် ကွန်ပျူတာနဲ့ ချိတ်ဆက်သုံးရာ ဒါရိုက်ဆက်သွယ်ခြင်း အဆင်မပြေကြောင်းလည်း သိရသည် ။ မိုဒန်းဖြင့် ချိတ်ဆက်အသုံးပြုသော်လည်း ဆက်တင်အချို့ ထည့်သွင်းရခြင်းကြောင့် ကိုယ်တိုင်လုပ်ကိုင်ရန် အဆင်မပြေပဲ အင်တာနက်ဆိုင် သို့ သွားကာ ဆားဗစ်ခံယူရကြောင်းသိရသည် …။ ထို ဖုန်းဧ။် ဆိုးကျိုး နောက်တစ်မျိုးမှာ … ပိုက်ဆံကဒ်ဖြစ်သည် ။ ပိုက်ဆံကဒ်မှာ မကုန်သေးပဲ ကျပ်တစ်ထောင်ခန့်သုံးရန် […]


etoneFebruary 16, 20111min17112
လပ်ကီး ဒရော ကံစမ်းမဲတွေ ၊ ဒစ်စကောင့်တွေ ၊ ပရိုမိုးရှင်းတွေကို မုန်းလာပြီ  … ။ အဲ့ဒါတွေနဲ့ ပတ်သတ်တိုင်း ကျမဘယ်တုန်းကမှ ကံမကောင်းခဲ့ဖူးပါဘူး ..ဒါကိုလည်း ဘယ်တုန်းကမှ အမှတ်မရှိ ထပ်ခါ ထပ်ခါ ကံစမ်း နေမိပြန်တယ် …။  ရွာသူ၊ ရွာသားတို့ရေ  ဖြစ်ပုံက ဒီလိုပါ…. ။ စိန်ဂေဟာ ဆိုင်ခွဲတိုင်းမှာ ပြီးခဲ့တဲ့ ချိုင်းနိ နယူးယီးယား တုန်းက ကျပ်သုံးသောင်းဖိုးဈေးဝယ်တာနဲ့ ဗလာမပါ အံပေါင်း ရမယ်လို့ ကြေငြာထားခဲ့ပါတယ်… ။ ဘယ်ကောင်တာမဆို ဈေးဝယ်ခွင့်ရှိပြီး နောက်ဆုံး ဘေလ်တွေပေါင်းလို့ သုံးသောင်းဆိုလျှင် အံပေါင်းနှိုက်ရပါတယ်တဲ့…. ။ နောက်ပြီး ယုန်နှစ်မွေးတဲ့လူတိုင်းကိုလည်း လက်ဆောင်တွေ ပေးပါသေးတယ် တဲ့…။ ယုန်နှစ် ဟုတ်မဟုတ်ဘယ်လို ခွဲလဲဆိုတော့ မှတ်ပုံတင် […]


etoneFebruary 16, 20111min1738
ဒီတစ်ခါ ကိုဖတ်တီး ရေးတဲ့ ပို့စ်နဲ့ ခပ်ဆင်ဆင်လေး ဖြစ်ခဲ့ဖူးတာ ရေးပါမယ် ။ မှတ်မှတ်ရရ ၂၀၁၁ ၊ ဖေဖော်ဝါရီလ ၈ ရက်နေ့ကပေါ့ …. ကျမချစ်သူ ဆေးရုံ အတတ်ပြပြီး အပြင်ပြန်ထွက်ကာ ဗိုလ်တထောင်ဘုရားကို သွားခဲ့ပါတယ် ။အော်ပရေးရှင်းက နောက်နေ့မနက်ဆိုတော့ မနက် စောစောမှ ဆေးရုံပြန်ဝင်နေလိုက်မယ်ဆိုပြီး လစ်လာတာပါ ။ စားချင်တာတွေ လျှောက်စားပြီး ၊ညနေစောင်းတော့ ဗိုလ်တထောင်ဘုရားဝင်တာပေါ့ …။ ကုသိုလ်လေးဘာလေးလည်း လုပ်ချင်လို့ပါ … ။  ဘိုးမင်းခေါင်ကို တိုင်တည်ပြီး ရလာတဲ့ ပိုက်ဆံတွေထဲက စာကလေးလွှတ်မယ်လို့ ရည်ရွယ်ထားတာ ရှိတဲ့အတွက်ကြောင့်ပါ ။ ဘုရားရောက်တော့ ခြောက်နာရီခွဲလောက်ရှိပြီမို့ စာကလေးသည်တွေ ပြန်သွားမှာစိုးလို့ ဘုရားအရင် ဝင်မကတော့ပဲ ဝင်ဝင်ခြင်း မုဒ်ဝ ထိပ်မှာ စာကလေး လွှတ်ပါတယ်…. […]


etoneFebruary 8, 20111min16714
အပျော်ကစားနေကြတာလား ” နဲ့ ပတ်သတ်တဲ့ နောက်ဆက်တွဲ https://myanmargazette.net/39877/creative-writing/my-dear-diary ပြီးခဲ့တဲ့ တပတ်က ကျမရေးတဲ့ ပို့စ်လေးနဲ့ ပတ်သတ်ပြီး အထင်လွဲမှူ တစ်စုံတစ်ရာဖြစ်လာတဲ့အတွက်လည်း ရှင်းပေးတုန်းရှိသေးတယ်..ကမ်းတက်ပြီး ကျမကွိုင်ပတ်ပါတယ် …။ တစ်ကယ်ဆို ကျမပစ်လိုက်တဲ့မြှားက ထိစေချင်တဲ့လူ မထိပဲ (ထိလားမထိလားမသိ သူ့ဘက်က တုံ့ပြန်ချက်မလာ ။ ) ၊ တခြား သ ွားမှန်တဲ့ ကိစ္စပါပဲ … ။ ရယ်တော့ရယ်ရပါတယ်… ။ တိုက်ဆိုင်မှူတွေ များနေလို့လား … တည့်တည့်ထိတယ်ပဲ ထင်လို့လား မပြောတတ်ပါဘူး… ကာယကံရှင်ပဲ သိပါလိမ့်မယ် ။ ကျမချစ်သူဆီက ဖုန်းခေါ်တော့ ရုတ်တရက်အံ့ဩသွားတယ် … မနက်ပိုင်း သူကျမဖုန်းကို ခေါ်လေ့ခေါ်ထမရှိပါဘူး … သူကိုယ်တိုင်ပဲ စက်ရုံ အထိအမြဲပို့ပေးနေကြ။ ရုံးဖုန်းကို […]


etoneFebruary 5, 20111min34933
အရင် ခေတ်က ယောကျာ်းတွေ ဘယ်လို စိတ်ဓါတ်မျိုးနှင့် လူလုပ်ခဲ့သလဲ မသိပေမဲ့ … ဒီခေတ်မှာ နှမသားချင်း မစာနာ တဲ့ လူမျိုးတွေ များလာတယ်လို့ ကျမသုံးသပ်မိပါတယ် …။ မကောင်းတဲ့မိန်းမတွေ ရှိနေခြင်းကို အားပေးအားမြှောက်လုပ်တဲ့ ထို လို လူမျိုးတွေကို မြင်လျှင် ကျမ အော့နှလုံးနာမိပါတယ် ။ ဒီခေတ် ကောင်မလေး တစ်ချို့ကလည်း အနေမတတ်အထိုင်မတတ် ၊ ဖုံးတာတောင် ပေါ်နေတဲ့ အခြေနေဆိုတော့ သကောင့်သား ယောကျာ်းများက ပိုက်ဆံမပေးရတိုင်း မျက်စိအစာကျွေးတတ်ကြပါတယ် ။ မျက်စိ အစာကျွေးယုံဆို တော်ပါသေးတယ် ။ ကေတီဗွီတွေ ၊ မာဆတ်တွေ ပေါ်လာတာနှင့် အမျှ အချိန်ပိုလေး နည်းနည်းရတိုင်း အဲ့ဒီလိုနေရာမျိုးမှာ သွားပြီး အချိန်ဖြုန်းတတ်ကြပါသေးတယ်….. ကိုယ့်နှမအရွယ် ၊ […]


etoneFebruary 4, 20111min51227
မနေ့ကပေါ့ … ကျမထီပေါက်ပါတယ် … ထီတောင်မှ နှစ်ထပ်ကွမ်းတောင်ပေါက်တာပါ …။ ထီပေါက်တဲ့လူတွေကတော့ အရမ်းကို ပျော်တယ်လို့ ကြားဖူးပါတယ် ..။ သူများက ထီပေါက်အောင် ကံကို စောင့်နေရပေမဲ့ ကျမကတော့ လူက လုပ်ဆောင်ရတာပါ… နားရှုပ်သွားလား … ဆက်ဖတ်ကြည့်ပါဥိး … ။ နှစ်ထပ်ကွန်းများပေါက်လို့ကတော့ အပျော်ပေါ် အပျော်ဆင့်နေတော့တာပေါ့ လို့ မထင်လိုက်ပါနဲ့ …။ ကျမ ပေါက်တဲ့ထီက သူများလို မျက်နှာပန်းလှလှ အထက်တန်းကျကျနေနိုင်မဲ့ ထီမျိုးမထင်လိုက်ပါနဲ့ … သူများ က အသုံးမလိုလို့ထွေးထုတ်ပစ်လိုက်တဲ့ ကွမ်းတံတွေးကို စက္ကန့်ပိုင်း အတွင်း လက်နဲ့ အမိအရဖမ်းနိုင်လောက်အောင်ကို ကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ ထီပေါက်မှူကြီးပေါ့… ။ ရလိုက်တာကတော့ အများကြီးပါပဲ … ပြန်တွေးရင်းနဲ့တောင် အော့အန်ချင်လာတယ် ။ […]