etoneOctober 22, 20101min13610
အစိုးရရုံ့းအများစုတွင် မနေ့က နိုင်ငံတော် အလံသစ်ကို ပြောင်းလဲ လွင့်ထူခဲ့ကြောင်းသိရသည် ။အလံတော် အသစ်ကို ပြောင်းလဲရာတွင်လည်း အစီအရင် ယတြာ ကိန်းဂဏန်းများအယူ ဖြင့်ပြုလုပ်ခဲ့ကြောင်းသိရသည် ။ ထိုအစီအရင်မှာ ဗုဒ္ခဟူးသားက အလံတော်ဟောင်းကို အလံတိုင်မှဖြုတ်ချရမည်ဖြစ်ပြီး …အင်္ဂါသားမှအလံတော်သစ်ကို မြင့်တင်လွင့်ထူခဲ့ခြင်းဖြစ်သည် ။ နီးစပ်ရာ ကုန်သွယ်ရေး နှင့်ပတ်သတ်သော အသိုင်းဝိုင်းများမှ သတင်းရရှိသည် ။ ဌာနဆိုင်ရာ အလံတော်သစ်တင်အခမ်းနားများတွင်လည်း ဤသိုဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိသည်။


etoneOctober 21, 20101min451
အောက်တိုဘာလ (၁၉) ရက်နေ့က မလေးရှားနိုင်ငံ၊ဘင်ဒူလူမြို့မှ ရေပြင်မိုင် တစ်ရာကျော်ကီလိုမီတာအကွာတွင် ခရီးသည် တင်ရေယာဉ်နှင့်အခြားရေယာဉ်တို့ တိုက်မိကြရာ ခရီးသည် သုံးဆယ်ကျော် ရေထဲပြုတ်ကျပြီး ၁၃ဦးခန့်သေဆုံးကြောင်းသတင်းရသည်။ ကယ်ဆယ်ရေးအဖွဲ့များက သတင်းရရချင်းကြိုးပမ်း၍ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့သောကြောင့် ဆယ့်တစ်ယောက်အားပြန်ကယ်လိုက်နိုင်သော်လည်း ၊ မိန်းကလေးတစ်ဦးမှာ ဆေးရုံအရောက်တွင်ဆုံးပါးသွားခဲ့သည် ။ မလေးရှားမီးသတ်အဖွဲအပါဝင် ကူးချင်းမြို့နယ်မှ သက်ဆိုင်ရာအဖွဲစည်းများကလည်း ကူညီ၍ ပျောက်ဆုံးသူများကို ရှာဖွေလျက်ရှိသည် ။


etoneOctober 21, 20101min371
အောက်တိုဘာလ ၁၈ရက်နေ့ကလည်း ရုရှားနိုင်ငံတောင်ပိုင်း၌ လောင်စာဆီတင်ဆောင်သောယဉ်တစ်စီးပေါက်ကွဲ ကာ မီးလောင်မှုဖြစ်ပေါ်ခဲ့ပြီး စုစုပေါင်းသုံးဦးမီးသင့်မှူုဖြစ်ပွားခဲ့ပါတယ် ။ အဆိုပါသုံးဦးအနက် တစ်ဦးမှာ သေဆုံးပြီး ကျန်နှစ်ဦး ဒဏ်ရာရခဲ့ကြောင်းသတင်းရရှိပါသည်။ ထိုမီးလောင်မှုကြောင့်အနီးရှိယာဉ်များလည်းကူးစက်လောင်ကျွမ်းခဲ့ပါသည်။ ဖြစ်စဉ်မှာ ရေနံတင်သဘောင်္များရေနံများစုပ်ယူပြီး တင်ဆောင်စဉ် ပေါက်ကွဲလောင်ကျွမ်းခဲ့ကြောင်းသိရသည် ။ ရေနံသဘောင်္သို့မကူးစက်စေရန် ကာကွယ်ရေးများအမြန်ပြုလုပ်ခဲ့ကြပြီး ။ ရေနံယိုဖိတ်မှုမရှိအောင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


etoneOctober 21, 20101min381
အာမေးနီးယားနိုင်ငံက အရှည် 3.5 မိုင်ရှိသော ကမာ္ဘ အရှည်းဆုံး ကေဘယ်လ်ကြိုးကားလိုင်း သွယ်တန်းမှုသည် အောက်တိုဘာ ၁၆ရက်နေ့က အပြီးသတ်ပြီး ထိုနေ့တွင် ဖွင့်လှစ်ခဲ့သည် ။ ထိုသို့ဖွင့်လှစ်ပေးလိုက်ခြင်းသည် တာတိပ်တောင်တန်းများပေါ်ရှိ ရှေးဟောင်းလက်ရာ အဆောက်အုံများကြည့်ရှူရန် ပိုမိုအဆင်ပြေကြောင်းသိရပြီး တစ်နှစ်ပတ်လုံးသွားလာနိုင်သည် ။ အီရန်နယ်စပ်မှ အာမေးနီးယား အထိသွယ်တန်းထားခြင်းဖြစ်သည်။ ကေဘယ်လ်ကြိုးတည်ဆောက်ခြင်းသည် ခက်ခဲသော်လည်း အောင်မြင်စွာဖွင့်လှစ်နိုင်ခြင်းကြောင့်အာမေးနီးယားလူမျိုးများက ဂုဏ်ယူမဆုံးဖြစ်ကြသည်။


etoneOctober 21, 20101min684
APAD ဆိုတဲ့ ကွန်ပျူတာငယ်ကို ပြည်တွင်းဈေးကွက်အတွင်း စိတ်ဝင်စားမှုများနေကြောင်းသတင်းရရှိသည် Android OS  စနစ်သုံးထားပြီး မန်မိုရီ 2GB ရှိကာ သုံးနာရီကြာဘတ်ထရီအသုံးခံသည်ဟုသိရသည်။ touch screen ကိုလည်း အသုံးပြုထားခြင်းကြောင့်သုံးစွဲရတာပိုအဆင်ပြေကြောင်းသိရသည်။ WiFi နှင့်လည်း အသုံးပြုလို့ရသဖြင့်စိတ်ဝင်စားမှုအားကောင်းနေသော ကုန်ပစ္စည်းဖြစ်ကြောင်းသတင်းရရှိသည်။ ပြည်တွင်း ဈေးကွက်အတွင်း ဝင်ရောက်လာသည့်  iPad   ဆိုသည့်  Tablet   ကွန်ပျူတာငယ်ကို စိတ်  ဝင်   စားမှုများနေ   သည်ဟု သိရှိရသည်။


etoneOctober 21, 20101min1089
ရဲရွာ Spill Way မှ ရေလွှတ်မှု မှာ ဆည်ရေဖိအားကြောင့် တဖြည်းဖြည်း အိလိုက်လာပြီး ကျိုးပေါက်တော့မည့် အခြေအနေ ကို ဂရပ်ဖစ်ဖြင့် သရုပ်ဖော်ပြထားသည်. အောက်တိုဘာလ ၂ဝ ရက်နေ ့ ည ၉ နာရီတွင် FNG မှ နောက်ဆုံးရရှိသည့် သတင်းများ အရ  မန္တလေးမြို့ အရှေ့ တောင်ဘက် ၃၁ မိုင်အကွာ ရဲ-ယမန်း ရွာအနီး မြစ်ငယ်မြစ်ပေါ်၌ တည်ဆောက် ထားသည့် ရဲရွာ ရေအား လျှပ်စစ် စီမံကိန်း ၏ ရေလွှတ်  ပင်မဆည် မြောင်းမှာ တောင်ပေါ်မှ ကျလာသည့် ပြင်း ထန်သော ရေဖိ အားများကြောင့် ကျိုးပေါက်တော့ မည် အခြေအနေ ရှိသည် ဟု […]


etoneOctober 21, 20101min983
Admin, ကိုယ်တင်ထားတဲ့ ပို့စ်မှာ သူများက comment လာရေးရင် အကောင့်လုပ်ထားတဲ့ အီးမေးလ် လိပ်စာထဲဝင်ပါတယ် ။ ဒါက အရင်က အခြေနေပါ ။ 18ရက်နေ့ နောက်ပိုင်းက စပြီး ဘာမှဝင်မလာတော့ပါဘူး ဒါပေမဲ့ ကိုယ်တင်တဲ့ ပို့စ်ကို ပြန်ဖတ်တော့မှပဲ ဘယ်သူဘာ commentပေးလဲသိရတာပါ ။ ဖြစ်နိုင်လျှင်အဲ့ဒီ စနစ်လေး ပြန်သုံးလို့ရအောင်လုပ်ပေးပါဦး ။ ပို့စ်မှာ သိချင်တာလေးတွေလာမေးသွားရင် ပြန်ရေးပေးလို့ရအောင်ပါ ။


etoneOctober 21, 20101min756
ဂျွန်ဝီလျှံယက်တောကို လူတိုင်းမှတ်မိကြမှာပါ ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ၊ နေအိမ်အကျယ်ချုပ်ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အိမ်ထဲကို …. ရေသန့်ဗူးပိုက်ပြီးရေကူးဝင်ခဲ့တဲ့သူပါ။ ၂၀၀၉ခုနှစ်မေလ ကတည်းက ဖြစ်ပေမဲ့အခုထက်တိုင်လူတွေကြားထဲမှတ်မိဆဲသတင်းတစ်ခုပါ ..။အဲ့ဒီတုန်းကတော့ ဟော့ဖြစ်တဲ့သတင်းပေါ့။ ဒေါ်အောင်ဆန်းစုကြည်ဧ။်အိမ်ထဲသို့ ခိုးဝင်ခဲ့သဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရသော်လည်း ရက်သတ္တပတ်အကြာတွင် ပြန်လည် လွတ်မြောက်ခဲ့သူဖြစ်သည် ။ ၎င်းသည် မြန်မာနိုင်ငံအတွင်းသို ခရစ်ယာန်သာသနာပြုရန်အတွက် မိုမက်ဂိုဏ်းဝင်အနေဖြင့် လာရောက်ရန်အစီစဉ်ရှိကြောင်းသိရသည်။


etoneOctober 20, 20101min24130
ငယ်ငယ်ကတည်းက ဖြစ်ပျကခဲ့တဲ့အဖြစ်ပျက်ဆိုပေမဲ့ အခုထက်တိုင်နားထဲစွဲနေတဲ့ အသံလေးတစ်ခုရှိတယ် “ငါတို့လည်းစားမယ် … ငါတို့လည်းစားမယ်… ငါတို့လည်းစားမယ် … ဟေးးးးးးးးးးးးးးးးးးးးးးးးးးးး ငါတို့လည်းစားမယ်တဲ့… ” ကလေးပိစိလေးတွေ အသံသေးအသံကြောင်နဲ့ အုပ်စုဖွဲ့အော်သံပါ ။ ကြောင်ပေါက်လေးတွေအော်တဲ့ အသံမျိုးလေးလိုလိုပဲ … ။ ကြောင်လေးတွေစကားပြောတတ်လို့အော်ရင် အဲ့ဒီလို အသံထွက်ပါလိမ့်မယ် ။ ********************************************** Etone ငယ်ငယ်က ခြံထဲမှာပဲ ထမင်းစားခဲ့တာ … ။ခြံကလည်း မှော်ဘီတို့ ၊ ထောက်ကြံတို့ကလိုမျိုး တောအုံကြီးတွေအပင် အိုကြီးတွေမများပါဘူး ။ အရိပ်ရ ဗံဒါပင်ရယ် ၊သရက်ပင်ရယ်၊ အလှပန်းပင်နည်းနည်းရယ်၊ အိမ်နောက်က ဘောလုံးပန်းပင်ကြီးရယ်၊ အုန်းပင် သုံးလေးပင်လောက်ရယ်ပါ ။ ပြောရရင် အရိပ်ရပေမဲ့တောကြီးလိုထူထပ်နေတာမဟုတ်ဘူးပေါ့ ။ခြံဖွဲ့စည်းပုံကလည်း သာမန်ပါပဲ …။ အဘေးတွေ ခေတ်ကတည်းက နေလာခဲ့တဲ့ခြံကြီးပါ ။ […]


etoneOctober 20, 20102min590
WARNING ! The Department for Environment, Food and Rural Affairs has issued the following advice on what to do if a low-energy light bulb breaks. ☺☺☺ Evacuate the room, taking care not to step on the shards of glass littering the floor. ☺☺☺ Do not use a vacuum cleaner to clear up the mess as […]


etoneOctober 20, 20101min26116
ခေမီကိုကလည်း ရတနာပုံအသင်းရဲ့ အောင်ပွဲခံပွဲမှာ ထိုကဲ့သို ဂုဏ်ပြုခဲ့ပါတယ်တဲ့… ။ သူမကလည်း နာမည်ရ dancer တစ်ဦဖြစ်တဲ့အတွက် ဆယ်ကျော်သက်တွေ အမြင်မှားစေမဲ့ အဝတ်အစားမျိုးစတန့်ထွင်ပြီးမဝတ်သင့်ပါဘူး ။ မြန်မာမိန်းမ တယောက်ရဲ့   ထိန်းသိမ်းရမဲ့ အရှက်တရားရယ် ၊ အနုပညာရှင်တယောက်အနေနဲ့ထိန်းသိမ်းရမဲ့ သိက္ခာရယ် ကျဆင်းသွားတာ သတိမထားမိလိုက်မိတာထင်ပါရဲ့… ။ နာမည်ကြီးချင်လို့ ထွင်တာဖြစ်ဖြစ် ကောင်းသောနာမည်ကြီးချင်းမျိုးနဲ့ပဲ ဖြစ်စေချင်ပါတယ် …..။


etoneOctober 20, 20101min310
သမ်းပြတာမဟုတ်ပါ ———————- “ရှင် တော်တော် ရိုင်းပါလား ကျမရှေ့မှာ ပါးစပ်ကို လက်ဝါးနဲ့မကာပဲ သမ်းပြတာ နှစ်ကြိမ် ရှိသွားပြီ…” “အထင်မလွဲပါနဲ့ဗျာ ကျနော် တစ်ခုခု ပြောမယ်ကြံတိုင်း ခင်ဗျားက ရေပက်မဝင်အောင် ပြောနေတာကိုးဗျ ။” ++++++++++++++++++++++++++++++++++ ယောက်ျားဆိုတာ ——————- “ဟော ဟိုထိုင်နေတဲ့လူဟာ ခုနက ကျမကို တစ်ချိန်လုံးလိုလို စိုက်ကြည့်နေတာ အခု မမရောက်လာမှ ခပ်တည်တည် နေဖော် ရတော့တယ်” “ဘယ်သူလဲ ဟိုလူလား အဲဒါ မမ အမျိုးသားလေ ။” +++++++++++++++++++++++++++++++ ဈေးပိုရအောင်လို့ —————– “သမီးရေ ဟိုအဒေါ်ကပြောတယ် သမီးမောင်လေးကို ရောင်းမလား ပိုက်ဆံ အမျာကြီးပေးမယ်တဲ့ ” “ဟင့်အင်း မရောင်းဘူးမေမေ” “ငါ့ သမီးကမောင်လေးကို သိပ်ချစ်တာ ပဲကိုး” […]


etoneOctober 20, 20101min590
ယာဉ်နံပါတ်နဲ့ ရင်နံပါတ် ———————————————– “ဟဲလို ဟဲလို ကျမကို ကူညီပါရှင် ပလာဇာမှာဈေးဝယ်ပြီး တက္ကစီနဲ့ အိမ်ကို ပြန်လာတာ ကားပေါ်မှာ အဝတ်အစားတွေ ပါသွားလို့ အင်္ကျ ီတွေက အထည်ကို သုံးသောင်း လောက်တောင် တန်တယ်ရှင့်” “ဟုတ်ကဲ့ ကူညီပြီးရှာပေးပါ့မယ် ဒါ့ထက် ယာဉ်နံပါတ် မသိဘူးလား ခင်ဗျာ” “သိပါတယ်ရှင် ရင်၃၆ ၊ ခါး၂၂ ၊ တင် ၃၈ ရှိပါတယ်ရှင်”။ +++++++++++++++++++++++ အာဂယောက္မ —————— “ဟင်…..ခိုးရာလိုက်တယ်လည်းဆိုသေး ဘာမှလည်းယူမလာပါလား ” “ဒီည တစ်ညတည်းပဲ ကိုကိုရယ် ဘာယူရ ဦးမှာလဲ ။ မေမေက မှာလိုက်တယ် ခိုးပြေးတယ်ဆို တာ စတိလောက်ဆိုတော်ရော့ပေါ့တဲ့ မနက်ကျရင် နှစ်ယောက်စလုံး စောစော ပြန်လာကြတဲ့ […]