etoneMay 15, 20121min41249
ဗိုက်ကလေး(စိန်ပေါက်ပေါက်) ရဲ့ ကျနော်ရယ်၊ ပိုလီယိုရယ်၊ အမှိုက်ပုံစောင့် ခွေးတစ်အုပ်ရယ်ပို့စ်လေးကို ဖတ်မိပြီး … စိတ်မကောင်းလည်းဖြစ်မိသလို  စိတ်ဓါတ်ဆိုတာ ငွေကြေးကြွယ်ဝမှုနဲ့ မဆိုင်တာလည်း သိခွင့်ရခဲ့တယ် ။  မမြင်ရတဲ့ ကံကြမ္မာနဲ့ ဘဝပေးကုသိုလ်ကံကို အပြစ်မတင်ပဲ …  ကျရာနေရာမှာ အံဝင်အောင် အဆင်ပြေသလို နေကြရရှာတဲ့ စိတ်ခွန်အားထက်မြတ်သူတွေကို …. သဘောကျမိတယ် ။ အနေနိမ့်ကျပေမယ့် …. မလျော့သော ဇွဲ ၊ လုံလတွေကိုရင်းလို့ သမ္မာအာဇီဝကျကျ ရှာစားနေသူတစ်ယောက်နဲ့ ဆုံခဲ့တာလေး ပြန်ပြောပြချင်မိတယ် ။ သူတို့လိုပဲ စိတ်ခွန်အားထက်မြက်မှုတွေ ၊ ဘဝကို လွယ်လွယ်အရှုံးမပေးတဲ့ စိတ်ဓါတ်တွေ … ကျွန်မမှာလည်း ရှိချင် ၊ ပိုင်ဆိုင်ချင်ခဲ့တယ် ။ %%%%%%%%%%%%%%%%%%%%%%%% ရန်ကုန်မြို့ရဲ့ မြို့လည်ခေါင်မှာ အသက်ဆယ်နှစ်ခန့် ကလေးတစ်ယောက် […]


etoneMay 9, 20121min36124
ပြည်မြန်မာဂျာနယ် အမှတ်(၈၁၈) 10.5.12 ထုတ် ဂျာနယ် စာမျက်နှာ ၂၃ က သတင်းတစ်ပုဒ်ကို ဖတ်ရင်း…. ဉာဏ်မမှီတော့တာကြောင့် scan ဖတ်ပြီး တင်ပေးလိုက်ပါတယ်နော် ။ ဘီလျံ ၂ဝဆိုတာ နည်းနည်းနောနော ငွေကြေးလားနော် ။ ဒါတောင်မှ မြန်မာငွေမဟုတ်ဘူးနော် ။ အမေရိကန်ဒေါ်လာဆိုပဲ ။ ဖတ်ရင်းဖတ်ရင်း … သို့လော သို့လော အတွေးတွေပွားနေတာကြောင့် တင်ပေးလိုက်ပါတယ် ။  ဘယ်လိုလူမျိုးတွေ လုပ်ကိုင်နိုင်မလဲလို့လည်း သိချင်စိတ်ပြင်းပျမိပါတယ် ။                  


etoneMay 7, 20123min31526
                အောင်ဇေယျ တံတား အဆင်းအနီး ၊ လှိုင်သာယာမြို့နယ်တွင်း ကစင်ကျောင်းဆရာတော်ကြီးဧ။် ဓါတ်တော်များကို ၄-၅-၁၂နေ့ ညနေပိုင်းတွင် အမှတ်မထင် ဖူးခွင့်ကြုံခဲ့ပါသည် ။ ကစင်ကျောင်းဆရာတော်ကြီးဘဒ္ဒ န္တ သုမနမဟာထေရ် ၊ သက်တော် ၉ရ ၊ ဝါတော် ၇ရ သည် ၁၀-၄-၁၂ ရက်နေ့(အင်္ဂါနေ့)  မနက်ဆယ်နာရီခန့်တွင် ပန်းလှိုင်ဆေးရုံ၌ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည် ။ ဆရာတော်ကြီးဧ။် ရုပ်ကလပ်အား ၃၀-၄-၁၂နေ့ ည ရနာရီအချိန်တွင် ဈာပန အခမ်းနားဖြင့် ယမ်းဒုံးကျည်ပစ်လွှတ်  မီးသဂြိုလ်ခဲ့ကြောင်းသိရပြီး ၊ သနပ်ခါးတုံးများနှင့် ယမ်းများအား မီးစာ အဖြစ် အသုံးပြုခဲ့ကြောင်းလည်း သိရသည် ။ သာမန်အားဖြင့် […]


etoneMay 3, 20125min29229
            ဒီတစ်ခါ နောက်ဆုံးပါ သဂျီးရယ် .. ဂယ်ဘာ .. ဂယ်ဘာ ….  ဟိဟိ  😛 အလှူခရီးစဉ်တွင်း .. မြင်မိ ၊တွေးမိတာလေးတွေတော့ အေးဆေးမှ ဖောက်သည်ပြန်ချဦးမယ် … ။ အဲ့ဒါကတော့ .. အလှူနဲ့ မဆိုင်ပါဘူးလေ …. ။


etoneMay 2, 20122min801108
ရွာသူရွာသားတို့ ရေ … အလှူလုပ်ရင်း အမှတ်တရ သွားခဲ့တဲ့ရိုက်ခဲ့တာလေးတွေကို မုဒိတာပွားရအောင် ၊ မလိုက်ဖြစ်ခဲ့တဲ့ သူတွေရယ် ၊ စာဖတ်သူတွေရယ်အတွက် .. နည်းနည်း ပြလိုက်မယ်နော် … ။ မှားတာ ရှိလျှင် ဝန္ဒာမိပါချင့် …. ။ ဟိဟိ …  ပျော်စရာကောင်းတဲ့ ဓါတ်ပုံတွေလည်း ရှိပါသေးကြောင်း …. (၁) ဒီတစ်ယောက်က ဘယ်သူများပါလိမ့် …. မျက်နှာခြောက်ဘက်ရှိတဲ့ ရွာသားလေးပါ … နာမည်သိလျှင် ပြောကြပါဦး …     (၃) ဒီရွာသားကြီးကတော့ တစ်ချိန်လုံး ပြုံးနေပါတယ် …. သူ့ကိုမြင်ပြီး အညာတောမှာ ပျော်တယ်ဆိုတဲ့ မောင်ရေ မောင်ရေ ဆိုတဲ့သီချင်းလေးကို တီးတိုးညည်းမိပါတယ် …ဘယ်သူများပါလိမ့်နော် …   […]


etoneApril 3, 20122min22117
      ဒီနေ့မနက်အဆိုတော်လေးဖြူရဲ့ အသည်းကြားက မဲတပြားအကြောင်းရေးခဲ့တဲ့ Envoy News Journalရဲ့ ရေးသားချက်များအပေါ် မှန်ကန်ခြင်းမရှိကြောင်းနှင့် ပြန်လည်ရုပ်သိမ်းစေလိုကြောင်း အတိလင်းပြောကြားခဲ့တဲ့ အဆိုတော်လေးဖြူကို Envoy News Journal က အောက်ပါအတိုင်း တောင်းပန်လိုက်ပါသတဲ့ … ။ အယ်ဒီတာအဖွဲနဲ့ တာဝန်ခံဖြစ်သူတို့ က အနူးညွှတ်တောင်းပန်ပါတယ်လို့ရေးထားသော်လည်း … ဖုန်းနဲ့ ဆက်သွယ်မေးမြန်းသတင်းယူခဲ့တဲ့ … သတင်းထောက်ဖြစ်သူကရော ……….. ……….. ………….. ။ %%%%%%%%%%%%%%%%%%%%% ဒီသတင်းတွေကို ဖတ်ပြီးတော့မှ ဇဝေဇဝါဖြစ်သွားတော့တယ် …. ။ တစ်ဖက်ကလည်း ဖုန်းနဲ့ ဆက်သွယ်မေးမြန်းထားတာဆိုပြီးရေးတယ် … သို့သော် ကာယကံရှင်ရဲ့ …. ကန့်ကွက်မှုအပေါ်တောင်းပန်တယ် … ။ တစ်ဖက်ကလည်း … သူ့ကိုဆက်သွယ်လာခြင်းမရှိဘူး ၊ […]


etoneMarch 21, 201210min40538
    အခုတင်မယ့် ပို့စ်က … စာဖတ်သူတွေအတွက် … ဘယ်လို သုတရသမှလည်း မပေးနိုင်သလို …. အဓိပ္ပါယ်မရှိတဲ့ ပို့စ်လည်း ဖြစ်ချင်ဖြစ်မှာပါ … ။ အချိန်ဖြုန်းမယ့် … ခပ်ကြောင်ကြောင်ပို့စ်လို့ပဲ ယူဆယူဆ … ကျွန်မကတော့ သိချင်စိတ်ပြင်းပြနေခဲ့တာ အမှန်ပါပဲ … ။  သိချင်စိတ်ကြောင့်သာ ဖြစ်ပြီး .. အမြင်မတူညီမှုအပေါ် ငြင်းခုန်လိုစိတ်လည်း မရှိပါဘူး … ။ လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ် … ။ ရွာသူရွာသားတို့ရဲ့ … အယူဆ နဲ့ … သက်မှတ်ချက်လေးလည်း .. သိချင်ပါတယ် … ။ အခု သိချင်နေတဲ့အကြောင်းက ပြောင်းဖူးပါ … ။ ပြောင်းဖူးကို ပြုတ်စားလျှင် […]


etoneMarch 21, 20125min15210
      ပြန့်ကျဲနေတဲ့ စာရွက်ခေါက်များကြားမှာ .. တစ်စုံတစ်ခုကိုတွေ့လိုက်ရသဖြင့် … ကုတ်ချောင်းကုတ်ချောင်း ခြေသံဖွဖွနင်းရင်း  .. ထို တစ်စုံတစ်ခုနားသို့သွားကာ ကောက်ကိုင်လိုက်မိပါတယ် … ။ ဘာတဲ့ … အခွေတစ်ခွေပါလား … NLD logoလေးမြင်လို့ အနားကပ်သွားကိုင်ကြည့်ရာမှ .. စီဒီဗူးပြာလေးဖြစ်နေတော့တယ် … ။ ရေးထားတာတော့ … လွတ်လပ်မြင့်မား တေးသံများတဲ့လေ … ။ အခွေနောက်ကျောကို လှန်လှောကြည့်တော့မှ … အဆိုတော်တွေ ၊ သရုပ်ဆောင်တွေ ပါဝင်သီဆိုထားပါလားတွေ့မိတော့တယ် … ။နယ်လှည့်မဲဆွယ်ပွဲတွေမှာ ဖျော်ဖြေသီဆိုမယ့်သီချင်းတွေဖြစ်မယ်လို့ ခန့်မှန်းမိပါတယ် … ။  စီဒီဗူးပြာလေးကို  ဖွင့်လိုက်တော့ .. အခွေက တစ်ခွေထဲ တွေ့ပါတယ် …. လွတ်လပ်မြင့်မား တေးသံများ […]


etoneMarch 20, 20121min23423
မသန်စွမ်း လူငယ်များအတွက် ခေါင်းဆောင်မှုသင်တန်း ဖွင့်လှစ် http://www.myanmar.mmtimes.com/2012/news/561/news14.html ယမုံဖူးသစ် အတွဲ ၂၉ ၊ အမှတ် ၅၆၁ (၁၆ – ၂၂ ၊ ၃၊ ၂၀၁၂) မသန်စွမ်းလူငယ်များ ခေါင်းဆောင်မှု နှင့် အတွေးအခေါ်စွမ်းရည် မြင့်မားလာ စေရန်ရည်ရွယ်၍ အမျိုးသားအဆင့် မသန်စွမ်း လူငယ်များခေါင်းဆောင်မှု မြှင့်တင်ရေးသင်တန်းကို ပထမဆုံး အကြိမ်အဖြစ် ယခုလ ၁၂ ရက်နေ့မှ စတင်ခါ သုံးပတ်ကြာဖွင့်လှစ်သွား မည်ဟု မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့မှ အစီအစဉ် ဒါရိုက်တာ ဦးနေလင်းစိုးက ပြောသည်။ အဆိုပါသင်တန်းကို အဖွဲ့၏ရုံးချုပ် ရှိသော အလုံမြို့နယ်ဖွင့်လှစ်နေပြီး ခေါင်းဆောင်မှုပညာ၊ အဖွဲ့အစည်းစီမံ ခန့်ခွဲမှုပညာနှင့် မသန်စွမ်းသူများနှင့် ပတ်သက်သည့် တိုးတက်ပြောင်းလဲလာ သော အတွေးအခေါ်အယူအဆများ အပါအဝင် ဘာသာရပ်ပေါင်း […]


etoneMarch 14, 20121min26939
ပြီးခဲ့တဲ့ တနင်္ဂနွေကပေါ့ …. အပတ်စဉ်တိုင်း weekend ဆို အိမ်စောင့်နတ်နဲ့ … ရန်ဖြစ်ထားသော်လည်း ….. အဲ့ဒီနေ့ကတော့ ပူပြင်းတဲ့နေရောင်အောက် ၊ သပိတ်ရောင်လို အသားခြောက်မှာ ကြောက်တာနဲ့ ….. အိမ်တွင်းအောင်းခဲ့ပါတယ် … ။ ထွေထွေထူးထူး လုပ်စရာကလည်းမရှိတော့ …. အခွေတွေ တစ်ပုံကြီး ထိုင်ကြည့်ရင်း .. လေးတိ လေးတွဲနဲ့ အချိန်တွေဖြုန်းနေမိခဲ့တယ် ။ ထိုစဉ် ဖုန်းမြည်လာတာနဲ့ … ကြည့်လိုက်တော့ … ကိုယ်မသိ နံပါတ်တစ်ခုလေ …. ။ မသိတဲ့ နံပါတ်ဆို … ဖုန်းမှားတာမျိုးဖြစ်နေကြမို့ …… စိတ်မပါပဲ ပြန်ဖြေတော့ …. ကျွန်မဖုန်းနံပါတ်ကို ရွတ်ပြီး .. ဒီဖုန်းနံပါတ်ဟုတ်ပါသလားလို့ … တဖက်ကလူက စပြောပါတယ် […]


etoneMarch 12, 20121min31443
ဒီရက်ပိုင်းအတွင်း မြင်မြင်သမျှ နေရာအများစုမှာ လူငယ်တွေကြားထဲ မီနီစကတ်နဲ့ ဘောင်းဘီတိုလေးတွေ ခေတ်စားနေပြီး ၊ ပန်ဆယ်လ်ဟီး အမြင့်ကြီးတွေနဲ့ တလွှားလွှားလမ်းသလားနေကြတာ ကိုရီးယား မူဗွီစတားတွေအလား ထင်မှတ်ရပါတယ် …. ။  ပိန်ပိန်သွယ်သွယ်နဲ့ … ဖိနပ်ချွန်ချွန်မြင့်မြင့်ကြီးတွေ စီးပြီး ၊ လေတိုက်တိုင်း လိုက်လိုက်ဖိရတဲ့ စကတ်တိုလေးတွေရယ် … ကပိုကယို ဖားလျားချထားတဲ့ ဆံပင်ဆေးရောင်စုံတွေရယ်ကို လိုက်ထိမ်းရင်း .. လမ်းလည်ခေါင်မှာ ယိမ်းကနေသလို ဟန်ပန်အမူရာတွေကလည်း နုနယ် သစ်လွင်တဲ့ … အမြင်အာရုံကို ခံစားမိစေပါတယ် …. ။ လန်းဆန်းပျိုမြစ်မှုကို ဖော်ဆောင်တဲ့သူတို့ သဏ္ဍန်နဲ့ သူတို့ အရွယ်လေးတွေ အလွန်ပဲ လိုက်ဖက်မှု ရှိပါတယ် … မြင်ရတာ နှစ်ခြိုက်အားကျမိပေမယ့် … ကျွန်မတို့အသက်ရွယ်နဲ့တော့ လိုက်ဝတ်ဖို့ မသင့်တော်ဘူးလို့ […]


etoneFebruary 22, 20121min37940
လူတိုင်းမှာ အမှတ်တရ နေ့ရက်လေးတွေ ….ရှိကြစမြဲပါ … ။ တစ်ချို့နေ့ရက်တွေက .. နှစ်ကာလရှည်ကြာတာနဲ့ … မေ့သွားတတ်ကြပြီး …တချို့ နေ့ရက်လေးတွေကတော့ .. တစ်သက်နဲ့ တစ်ကိုယ် မှတ်မှတ်ရရရှိနေတတ်ပါတယ် … ။ ထိုအမှတ်တရ နေ့ဆိုတာကတော့ …ပျော်စရာကောင်းတဲ့ နေ့လည်းဖြစ်နိုင်သလို ၊ ဝမ်းသာတဲ့နေ့ .. ဝမ်းနည်းတဲ့နေ့ … ကြီးမားစွာ ဆုံးရှုံးရတဲ့နေ .. ယူကျုံးမရ ဖြစ်ရတဲ့နေ့ … စသဖြင့် … အမျိုးမျိုးဖြစ်နိုင်ပေမယ့်… နေ့ရက်များရဲ့ နောက်ကွယ်မှာတော့ .. အကြောင်းပြချက်တစ်ခုစီ ရှိစမြဲပေ့ါ … ။ ဒီနေ့က ကျွန်မဘဝမှာ … ထူးခြားအမှတ်ရတဲ့ နေ့တွေထဲက တစ်နေ့ပါပဲ …. ။ နှစ်ပတ်လည်နေ့ရောက်တိုင်း … ဝမ်းလည်း […]


etoneFebruary 20, 20121min48349
အန်တီပဒုံမ္မာရဲ့ ပဒုံမ္မာဆေးခဲ့သော အိမ်သာများ(၁) ပို့စ်ကို ဖတ်ပြီး ..  ဒီပို့စ်လေးရေးဖို့ အကြံရခဲ့ပါတယ် … ။ ကျွန်မရောက်ဖူးသမျှ အိမ်သာလေးတွေအကြောင်း … တစေ့တစောင်းပြောပြပေးမှာပါ … ။ အရေးကြုံလို့ပဲ ဝင်ရ ဝင်ရ … တမင်သက်သက်ပဲ ဝင်ဝင် .. စိတ်အနှောက်ယှက်မဖြစ်စေဖို့ … သိသမျှလေး .. ပြန်ဖောက်သည်ချပေးလိုက်ပါတယ် … ။ စားသောက်ဆိုင်၊ ရုပ်ရှင်ရုံ ၊ ကော်ဖီဆိုင်၊ ဘီယာဆိုင်နဲ့ …  ဟိုတယ်တွေကို .. အပေါင်းသင်းတွေနဲ့စားသောက်ရင်းဖြစ်ဖြစ် … ၊ အလုပ်ကိစ္စနဲ့ … စားသောက်ရင်းဖြစ်ဖြစ် ၊ ဧည့်သည်လိုက်ပို့ရတာဖြစ်ဖြစ် … ရောက်သွားခဲ့လျှင် … မစူးစမ်းပဲ မနေနိုင်တာကတော့ .. အိမ်သာပါပဲ .. ။ […]