etoneAugust 2, 20101min794
ကွန်ပျူတာနှင့် တူသော မိန်းကလေးများ ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာများ တိုးတက်နေသော ယနေ့ခေတ်ကြီးတွင် ကျွန်တော်သည် မြင်မြင်သမျှကို ကွန်ပျူတာတစ်လုံးနှင့် နှိုင်းယှဉ်ခံစားတတ်သော အလေ့အကျင့်ရှိသည်။ ဥပမာ လူတစ် ယောက်၏ ခန္စာကိုယ်ဖွဲ့တည်ဆောက်မှုသည် ကွန်ပျူတာဖြင့် ဆင်တူသည်ဟု ယူဆနေတတ်သည်။ ယခုလည်း ကျွန်တော်သည် အသက်အရွယ်အရ အိမ်ထောင်ပြုရမည့် အချိန်အခါသို့ ရောက်နေပေပြီ။ ထိုအခါ ကျွန်တော်နှင့် သက်ဆိုင်ရမည့် ဇနီးတစ်ယောက်အား ရှာဖွေရာတွင် ကျွန်တော်၏ အမူအကျင့် အတိုင်း ကွန်ပျူတာ အစိတ်အပိုင်း တစ်ခုစီ၏ လုပ်ဆောင်မှုများနှင့် နှိုင်းယှဉ်လေ့လာ စဉ်းစားလျက် ရွေးချယ်ရ ခက်နေသည်။ စာဖတ်သူ အနေဖြင့် ကျွန်တော့် စဉ်းစားချက်များထဲမှ မည်ကဲ့သို့သော စရိုက်ရှိသူ အမျိုးကောင်း သမီးကို ရွေးချယ်သင့်သည်ကို ကူညီပေးပါရန် ကွန်ပျူတာနှင့် တူသော မိန်းကလေးများကို တင်ပြရသော်…… […]


etoneAugust 2, 20101min630
ကျောင်းသားတစ်ဦးသည် ဆရာမတစ်ဦးကို တိတ်တခိုး နှစ်သက်စွဲလမ်းနေမိသည်။ တစ်နေ့တွင် အရဲစွန့်ပြီး ဆရာမကို ချစ်ကြိုက်ကြောင်း ရင်ဖွင့်ခဲ့သည်။ ဆရာမက ကျောင်းသားနှင့် ဆရာမှာ မချစ်သင့်ကြောင်း၊ မယူသင့်ကြောင်း အမျိုးမျိုးပြောဆိုဆုံးမခဲ့သော် လည်း ကျောင်းသားက အချစ်တွင် အသက်အရွယ်၊ ရာထူးဂုဏ်သိက္ခာ မခွဲခြားကြောင်းပြောပြီး တစ်ဇွတ်ထိုး ရှေ့တိုးခဲ့သည်။ ဆရာမက မတတ်တာသည့်အဆုံး မင်းလို ကလေးကို ငါမချစ်နိုင်ဘူးဟူသည့်သဘောဖြင့် “ဆရာမ ကလေးမလိုချင်ဘူး” ဟုပြောလိုက်ရာ ကျောင်းသားပြန်ပြောလိုက်သည်မှာက “ကလေးမရအောင် ကျွန်တော်သတိထားပြီး လုပ်ပါ့မယ်” ဟူတည်း။ တစ်ခါက လှေတစ်စင်း မြုပ်လုနီးနီးမှာ ရဟတ်ယာဉ်တစ်စီး လာကယ်ခဲ့တယ်။ ရဟတ်ယာဉ်ပေါ်က ကြိုးတစ်ချောင်းကို ပစ်ချပြီးကယ်တော့ ယောကျာ်း၁ဝယောက်နဲ့ မိန်းမတစ်ယောက်က အဲဒီကြိုးမှာ ပါသွားခဲ့တယ်။ ကြိုးမှာချိတ်နေတဲ့ လူ၁၁ယောက်ကို ရဟတ်ယာဉ်က မနိုင်ဘဲဖြစ်နေလို့ လူတစ်ယောက် လက်လွှတ်ပေးရမယ်ဆိုတော့ ယောကျာ်းတွေက […]


etoneJuly 30, 20101min962
ကွင်းစ်တောင်းက မင်းအကြောင်းကို စဉ်းစားမိတော့… အိစ်ကုတ်မှာ ငပိဖုတ်နဲ့တူတဲ့ မင်းမျက်နှာကို စနမ်းတာကို သတိရမိတယ် ။ မရီနာဘေးမှာ မဒီကညာလေးနဲ့ အထင်လွဲတော့ ဒီတခါဝေးပြီလို့ မင်းပြောခဲ့တာလေ ။ ဂျူယောင်းမှာ မင်း.. ပူဖောင်း လိုချင်တယ်ဆိုလို့ ကို စုဆောင်းထားတဲ့ ငွေလေးနဲ့ ဝယ်ပေးခဲ့တယ်လေ..။ ပြီးတော့ အတန်းသွားမတက်ဘဲ.. စမ်းမားဆက်မှာ မရမ်းပြားအစပ် ဝယ်စားမိလို့ လဗမ်းဒါးမှာ ဝမ်းသွားတာတွေရော မေ့ပြီလား ။ အောချက်ရောက်တော့ ငါ့ကို အပြောမညက်လို့ဆိုပြီး မင်း ဘောတစ်ချက်ကန်လိုက်တာ အခုထိ အကြောညက်နေတုန်းပဲကွယ် ။ တခါ..ဒိုဗာမှာ ချိန်းထားတုန်းက အကိုမလာလို့ဆိုပြီး ငိုရှာတော့ ဟာသအတိုအထွာနဲု့ ဂျိူကာလို လုပ်ပြီး ချော့ခဲ့တာ မှတ်မိသေးရဲ့လား ။ အဲဒီတုန်းက ငိုလိုက်တာများ..ကလက်ကီးဘက်ကျေ တာ့ နှပ်ချီးထွက်ကျလို့ဆိုပြီး မင်း […]


etoneJuly 30, 20102min771
အမေ့ရဲ့ အော်သံကြောင့် မျက်စိများ ပွင့်ခဲ့ရပါပြီ။ အမြဲတမ်း လုပ်နေကျအတိုင်း အိပ်ယာကနေ နိုးနိုးချင်း မှန်တွေ ကွဲအက်နေတဲ့ နံရံကပ် နာရီကို လှမ်းကြည့်လိုက်ပါတယ်။ နာရီကို ကြည့်ပြီးတာနဲ့ ကျွန်မဟာ မျက်မှောင်ကြုတ်ရင်း အမေ့ကို ဘာလို့ ခုမှ နှိုးတာလဲ..နောက်ကျကုန်ပြီ…စိတ်တိုဘို့ ကောင်းလိုက်တာ ဆိုပြီး အော်ပြောလိုက်ပါတယ်။ ပြီးတော့ အခန်းတံခါးကို ဒုန်းခနဲ မြည်အောင်ဆောင့် ပိတ်ပြီး ကျောင်းသွားဘို့ အလောတကြီးနဲ့ ပြင်ဆင်နေခဲ့ပါတယ်။ အားလုံးပြင်ဆင်ပြီး ကျောင်းသွားဘို့ အိမ်ကထွက်မည်အလုပ်တွင် ကျွန်မနောက်ကနေ အမေ့အသံကို ကြားလိုက်ရပါတယ်။ “သမီး~~တောင်းပန်ပါတယ်ကွယ်…အမေ သိပ်နေမကောင်းလို့ပါ။ “ ဒီအသံကို ကြားတာနဲ့ ကျွန်မလဲ သိပ်စိတ်မရှည်တာနဲ့… “ဒီတခါလည်း အအေးမိပြန်ပြီလား..အအေးကလည်း မိဘဲ မိနိုင်လွန်းတယ်။ “ ဒီတော့ အမေက ကျွန်မကို အားနာသောဟန်ဖြင့် “နောက်ကျမှ […]


etoneJuly 30, 20101min712
“မရည်ရွယ်သော်လည်း” တနေ့ ကျွန်မ ဈေးကအပြန် အိမ်ထဲကိုအဝင်မှာ ကျွန်မရဲ့ သမီးလေးကို အိတ်နဲ့ တိုက်မိသလိုဖြစ်သွားတော့ သူက ကျွန်မကို  “မေမေ့အိတ်ကြီးက သမီးကို လာခိုက်မိတယ်” လို့ အော်တယ် ။ အဲ့ဒါနဲ့ ကျွန်မလဲ  “မတော်တဆဖြစ်သွားတာပဲ သမီးရယ်၊ ဘာလို့ အဲ့လောက်ဖြစ်ရတာလဲ” လို့ ပြန်ပြောတော့ သူက ဒီလိုထပ်ပြောပြန်တယ် ။ “ မတော်တဆပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် မေမေ့အိတ်နဲ့ သမီးကို ရိုက်မိတာက ရိုက်မိတာပဲ ။ နာတယ်  ..မေမေသိရဲ့လား”  တဲ့ ။ ကျွန်မလဲ “မရည်ရွယ်ပဲဖြစ်သွားတာလို့ မေမေပြောပြီးပြီလေ ဟန်နီ ။ ဘာမှမဟုတ်တာလေးနဲ့ ဒီလောက်ဖြစ်မနေနဲ့”  လို့ ပြန်ပြောမိတယ် ။ ပြောပြီးမှ ကျွန်မမှားသွားပြီဆိုတာ ချက်ချင်းသိလိုက်တယ် ။ မဟုတ်ဘူး […]


etoneJuly 30, 20101min642
လူတိုင်းလူတိုင်း အချစ်နဲ့ကင်းသူရယ်လို့ သိတ်မရှိနိုင်ဘူး ထင်ပါတယ်။ ရှိခဲ့ရင်လည်း အနည်းအကျဉ်းပေါ့..။ လူတစ်ဦးနဲ့ တစ်ဦး ချစ်ကြတယ်.. ကြိုက်ကြတယ်။ ဒါဟာ သိတ်တော့ မထူးဆန်းပါဘူး။ ဒါပေမယ့် ချစ်နေကြတဲ့ အထဲမှာ ချစ်တတ်ဖို့တော့ လိုတယ်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်တာတော့ အမျိုးမျိုး ရှိတာပေါ့။ တချို့ ကျလည်း ချစ်ချင်လို့ကို ချစ်တယ်၊ တစ်ချို့ကျလည်း မျှော်လင့်ချက်နဲ့ ချစ်ကြတယ်၊ တစ်ချို့ ကျလည်း တဏှာကို အရင်းခံ ပြီးတော့ ချစ်ကြပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ အချစ်ချစ်ပေါ့.. ချစ်တတ်ဖို့ အဓိက ကျပါတယ်..။ အချစ် သုံးမျိုး ရှိပါတယ်။ (၁) ချစ်သူအချစ် (၂) မိသားစုအချစ် (၃) ပါရမီအချစ် ပါ။ ချစ်သူ အချစ်ဆိုတာတော့ မိန်းမနဲ့ […]


etoneJuly 30, 20101min761
စိတ်ကောင်းမွေးပါလေ ဆိုတဲ့ခေါင်းစဉ်နဲ့စာရေးမယ်ဆိုတော့ ကိုယ့်ကိုကိုယ်လည်း ပြန်မေးကြည့်မိပါတယ်။ မင်းကိုယ်တိုင်ရော ကောင်းပြီလားလို့? အော်..ကျနော်လည်း ပုထုဇဉ်ထဲက ပုထုဇဉ် တစ်ယောက်ပဲလေ။ အလုံးစုံတော့မကောင်းနိုင်သေးပါဘူး။ ဒါပေမယ့်လည်း ကောင်းတဲ့စိတ်လေးတွေ အမြဲဖြစ်အောင်တော့ ကိုယ့်ကိုကိုယ် အမြဲဆုံးမနေရပါတယ်။ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးရဲ့ ဩဝါဒလေးကိုလည်း အမြဲနှလုံးသွင်းမိပါတယ်။ ဆရာတော်ကြီးကဆုံးမထားပါတယ်.. မိမိကိုယ်ကို အမြဲတမ်းပြုပြင်နေရမယ်။ ဘယ်အချိန်ထိအောင် ပြုပြင်ရမလဲ ဆိုလျှင် သေသည့်အချိန်ထိ ပြုပြင်ရမယ် တဲ့။ ကောင်းလိုက်တဲ့ ဆုံးမဩဝါဒလေးပါ။ တကယ်လည်း အမြဲတမ်းပြုပြင်နေရတာပါ။ ပါပသ္မိ ံ ရမတိ မနော- သတ္တဝါတို့၏ စိတ်သည် မကောင်းမှု၌သာ မွေ့လျော်တယ် တဲ့။ ဒါကတော့အထွေ အထူးကို ပြောစရာမလိုပါဘူး။ ကောင်းတာလုပ်မယ်ဆိုရင် အခြေအနေအချိန်အခါ ရွေးသလောက် မကောင်းတာလုပ်ဖို့ကတော့.. မလုပ်ရသေးဘူး စိတ်ကအရင်ရောက်နေပြီလေ..။ ဒီအချက်ကို စဉ်းစားကြည့်ရင်ကို ဘုရားရှင်ဟောပြဆုံးမခဲ့တာ လုံးဝကိုမှန်နေတာပါ။ ဟုတ်ပြီ.. […]


etoneJuly 30, 20101min481
ကျွန်တော် ငယ်ငယ် အလုပ်သင် ဆရာဝန် ဘဝက ဆရာ အတ္တကျော် ရေးတဲ့ သားငယ် သမီးငယ် များကို ပြုပြင် ထိန်းကျောင်းနည်း ဆိုတဲ့ စာအုပ်ကလေး ဝယ်ဘူး ပါတယ်။ ကျွန်တော်နဲ့မရဲ့ ကိုယ်ပိုင် စာကြည့်တိုက် လေးမှာ စာအုပ် စုံအောင် ဆိုပြီး ပိုက်ဆံလေး ရှိလာရင် ဝယ်စု တော့တာ ပါပဲ။ မကတော့ ဆရာမ ဂျူး ရဲ့စာအုပ်တွေ ကြိုက်တယ်။ ကျွန်တော်က ဆရာ အတ္တကျော် စာအုပ်ဝယ် တော့ စီနီယာ အမ တစ်ယောက် က နင်တို့က ကလေးယူဖို့ ဝေးသေးတယ် တဲ့။ ငါ့ကို ပေးဆို ယူ သွား လိုက်တာ ပြန်မပေး တော့ဘူး။ တကယ်တမ်း […]


etoneJuly 30, 20101min981
ရက်တစ်ရက်တွင် ကျွန်တော့် ထံသို့ စုစုရောက်လာသည်။ စုစု သည် အိမ်ကသမီးများနှင့် ဆိုလျှင် သက်တူရွယ်တူ ခန့်ရှိပေလိမ့်မည်။ သူမတွင် မောင်တစ် ယောက် ရှိသည်။ ၎င်းတို့၏ မိဘများမှာ ကုန် သည်လုပ်ငန်း လုပ်ကိုင်ကြသည်ဟု သိရှိရ သည်။ ဖခင်ဖြစ်သူသည် ကုန်သည်တစ်ဦး ပင်ဖြစ် သော်လည်းစိတ် ကတော့ လက်တစ်ဆစ်ဟုဆိုသည်။ စိတ်ကြီးသူ၊ ဒေါသကြီးသူ၊ သားသမီးများကို ဆုံးမသည့်အခါ လက်ပါလေ့ရှိပြီး စရိုက်ကြမ်း၊ အရိုက်လည်းကြမ်းသူဖြစ်သည်။ ထိုသို့အရိုက်ကြမ်းသဖြင့် ၎င်း ၏မောင်ငယ်ဆိုလျှင် အကြောက်လွန်စိတ္တဇဖြစ်ကာ ညဥ့်ဘက်တွင် လန့်လန့်နိုးသည့် ရောဂါစွဲလာခဲ့ သည်ဟုသိရသည်။ စုစုကတော့ ဖခင်ရိုက်လျှင် အံ ကြိတ်ပြီး တင်းခံသည်။ သားသမီး များ ဖခင်ကို ‘ရှောင်လေဝေးဝေး’ ပြုမူကြသည်။ မိခင်သည် ဖခင်၏ ဩဇာကို […]


etoneJuly 30, 20101min1312
နှစ်တစ်နှစ်ရဲ့တန်ဖိုးကို သိချင်ရင် စာမေးပွဲကျတဲ့ ကျောင်းသားကို မေးကြည့်ပါ လတစ်လရဲ့တန်ဖိုးကို သိချင်ရင် လမစေ့ဘဲ ကလေးမွေးတဲ့မိခင်ကို မေးကြည့်ပါ ရက်တစ်ပတ်ရဲ့တန်ဖိုးကို သိချင်ရင် အပတ်စဉ်ထုတ် ဂျာနယ်အယ်ဒီတာကို မေးကြည့်ပါ တစ်နာရီရဲ့ တန်ဖိုးကို သိချင်ရင် ဆုံဆည်းခွင့်ကိုစောင့်နေတဲ့ချစ်သူများကို မေးကြည့်ပါ တစ်မိနစ်ရဲ့ တန်ဖိုးကို သိချင်ရင် ရထားမမီလိုက်တဲ့ ခရီးသည်ကို မေးကြည့်ပါ တစ်စက္က္ကန့်ရဲ့ တန်ဖိုးက ိုသိချင်ရင် ယာဉ်တိုက်မှုမှ သီသီလေးလွဲသွားတဲ့ ဒရိုင်ဘာကို မေးကြည့်ပါ တစ်မီလီ စက္ကန့်ရဲ့ တန်ဖိုးကို သိချင်ရင် အိုလံပစ်ငွေတံဆိပ်ဆုရှင်ကို မေးကြည့်ပါတဲ့…  😀


etoneJuly 30, 20101min621
အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်) မြန်မာတို့သည် အလှူရေစက် လက်နှင့်မကွာ ဟူသကဲ့သို့ သူ့ရာသီနှင့်သူ ဝါဆိုလည်း ဝါဆိုမို့၊ ကထိန်လည်းကထိန်မို့ လှူကြတန်းကြသည်။ သားရှင်ပြုပွဲ၊ ဒုလ္လဘရဟန်းခံပွဲစ သည်ဖြင့်လည်း အလှူအတန်းပြုကြသည်။ ‘ဒါနံ နာမ ပရိစ္စာဂ လက္ခဏံ’ ဟုဆိုသည့်အတိုင်း အလှူဒါနဟူသည် စွန့်ခြင်းပင်ဖြစ်သည်။ အလှူဒါနပြုရာ သက်ဆိုင်ရာ ကျောင်းတိုက်များသို့ လူနှစ်မျိုးလာသည်ကို တွေ့ရသည်။ တစ်မျိုးက စွန့်ဖို့လာသူများဖြစ်သည်။ တစ်မျိုးက စားဖို့လာသူများ ဖြစ်သည်။အလှူရှင်များက စွန့်ဖို့လာကြသည်။ ဖိတ်ကြားထားသည့် ဧည့်သည်များက စား ဖို့လာကြသည်။ သို့သော် စွန့်သူနှင့်စားသူ နှစ်ဦးနှစ်ဝ ကြည်ကြည်ဖြူဖြူ ရှိသဖြင့် စားသူ၌ မည်သည့်ပြောဆိုဖွယ်ရာမျှမရှိပေ။ စားသူသည် စားစေချင်လို့ လာစားခြင်းဖြစ်သည်။ စွန့်စားဟူသော မြန်မာဝေါဟာရ၌ စွန့်သာစွန့်၍ မစားသူများရှိသည်။ မစွန့်ဘဲနှင့်စားသူများလည်း ရှိသည်။ စွန့်လည်းစွန့်၊ စားလည်းစားသူများလည်း […]


etoneJuly 30, 20101min1032
လယ်သမားတစ်ယောက်ဟာ မိုင်၂၀-၃ဝကျော်လောက်က နန်ဆန်း(南山)မှာ ထင်းသွားခုတ်ဖို့ စီစဉ်ပါတယ်။ အဲဒီအတွက် သူက ၃-၄ရက်လောက် ပုဆိန်ကို တသွေးတည်းသွေးပါတယ်။ ပြီးတော့ ထမ်းပိုးပြား အသစ်စက်စက်တစ်ချောင်းကို လုပ်တယ်။ လုံလောက်တဲ့အရှည်ရှိတဲ့ လျှော်ကြိုးကို ပြင်ဆင်တယ်။ ပြီးတော့ ကြက်သွန်နီမုန့်ဆီကြော်တွေ အပုံလိုက်ကြီး ကြိုပြင်ထားလိုက်သေးတယ်။ အဲဒါတွေအားလုံးကို ထုပ်ပိုးပြီး နန်ဆန်းကိုအသော့နှင်လို့ ရောက်သွားတဲ့အခါမှာတော့ အဲဒီထင်းတွေကို အရင်ရောက်တဲ့သူတွေက ပြောင်သလင်းခါအောင် ခုတ်ထားနှင့်ပြီးနေပါပြီ။ အဲဒီလယ်သမားလည်း ဘာမှမလုပ်ရဘဲနဲ့ အိမ်ပဲပြန်လာခဲ့ရတော့တယ်။ ၁၉၇၃ခုနှစ်တုန်းက ခလတ်တေး(Colette)နဲ့ ဘီလ်ဂိတ်(BillGate)တို့ ဟားဗတ်တက္ကသိုလ်မှာ အတူတက်ခဲ့ကြပါတယ်။ ဒုတိယနှစ်မှာ ဘီလ်ဂိတ်က ခလတ်တေးကို အတူတူကျောင်းထွက်ပြီး ငွေကြေးနဲ့ပတ်သက်တဲ့ ဆော့ဖ်ဝဲတစ်ခုကို ဖော်ထုတ်ကြမယ်လို့ ပြောတော့ ခလတ်တေးက ဒီအကြံဟာ တော်တော်ရယ်စရာကောင်းတယ်လို့ ထင်ခဲ့မိလို့ ဘီလ်ဂိတ်ရဲ့ ဖိတ်ခေါ်မှုကို ငြင်းလိုက်တယ်။ နောက်၄-နှစ်အကြာမှာ ဘီလ်ဂိတ်က ဒီလိုငွေကြေးဆော့ဖ်ဝဲတစ်ခုရဲ့ […]