etoneFebruary 13, 201217min40982
  မန္တလေးဂေဇက်ဧ။ ်ပထမဆုံး စုပေါင်းအလှူကို ယခင်သတ်မှတ်ထားသည့်အတိုင်း ၁၂-၂-၁၂ တွင် ၊ နာရေးကူညီမှုအသင်းချုပ်(မြောက်ဒဂုံ)သို့ စာဖတ်သူများ နှင့် ရွာသူ ရွာသားများ(စုစုပေါင်း ၂၄ယောက် ) အတူတကွ သွားရောက်လှူဒါန်းခဲ့ကြသည် ။ ကောက်ခံရရှိငွေ စုစုပေါင်းမှာ ဆယ့်သုံးသိန်း ရှစ်သောင်း (၁,၃၈၀,၀၀ဝ ကျပ်) တိတိဖြစ်ပြီး ၊ အကြွင်းကျန်မရှိ အကုန်လှူဒါန်းပြီးစီးခဲ့သည် ။ ဤအလှူအောင်မြင်စွာ ဖြစ်မြောက်ရေးအတွက် ပါဝင်အားဖြည့် ကူညီခဲ့ကြသူများအားလည်းကောင်း  ၊ သဒါ္ဓတရားယုံကြည်ထက်သန်စွာ အလှူငွေပါဝင်လှူဒါန်းခဲ့ကြပါသော စာဖတ်သူများ နှင့် စာရေးသူ ရွာသူရွာသားများအားလည်းကောင်း  ၊ အဝေးနိုင်ငံများမှ ငွေလွှဲပေးကြသော စာဖတ်သူ/မန်ဘာ များအားလည်းကောင်း၊  အလှူငွေလိုက်လံကောက်ခံပေးပါသော AKKO ,မန္တလေးမှ ပေါက်၊ပေ၊ပု အဖွဲ., ရွှေတိုက်စိုး ၊ ET နှင့် မသဲနုအေးတို့အားလည်းကောင်း […]


etoneFebruary 8, 20121min20416
ညသန်းခေါင်ထက်စောပြီး အိပ်ယာမဝင်တတ်တဲ့ အကျင့်ဆိုးကျွန်မမှာ ရှိတာမို့ မအိပ်ခင် အချိန်ခဏလေးတွင်း စာအုပ်ဖြစ်ဖြစ် ဂျာနယ်ဖြစ်ဖြစ် ဖတ်ပြီးမှသာ အိပ်ဖြစ်ခဲ့ပါတယ် ။ မနေ့က ညကလည်း အိမ်မှာ ဘယ်သူဝယ်လာမှန်း မသိတဲ့ ဂျာနယ်တစ်စောင်ဖတ်ရင်း ငါးထောင်တန်ဖုန်းကိစ္စနဲ့ ပြည်သူတွေရဲ့ သဘောထား ၊ အိမ်နီးချင်းနိုင်ငံတွေရဲ့  သုံးစွဲနိုင်တဲ့ လူဦးရေတွေအကြောင်း တစေ့တစောင်းလှစ်ဟပြထားပြီး … ဓါတ်ပုံလေးတွေကိုပါ ထည့်သွင်းဖော်ပြထားတဲ့ ဆောင်းပါး နှစ်ခု သုံးခုလောက်ကို အဲ့ဒီဂျာနယ်မှာပဲ ဖတ်ခဲ့ပါတယ် ။ အရင်ကထက်စာလျှင် ရေးသားချက်များ ပွင့်လင်း မြင်သာလာပြီး ၊ ရဲရဲဝံ့ဝံ့ဝေဖန် သုံးသပ်ရဲတဲ့စာမျိုးလည်း ပါဝင်လာတာမို့ … မီဒီယာ လွတ်လပ်ခွင့် တကယ် ရခဲ့ပြီလားဟု သိချင်စိတ်ပြင်းပျမိပါတယ် .. ။အောက်က ပုံလေးတွေကတော့ .. ငါးထောင်တန် ဖုန်းကဒ်ဖြစ်လာဖို့အရေး .. […]


etoneFebruary 4, 20121min18648
        အပြောင်းလဲ မြန်တဲ့ ဒီခေတ်ကြီးထဲ အိမ်ထောင်တစ်ခု ပြုဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ဘူး ….  အခုခေတ်လူငယ်တစ်ချို့ …. အတုယူကောင်းစွာနဲ့ အတတ်စမ်းရင်း ငယ်ငယ်ရွယ်ရွယ်မှာပဲ အိမ်ထောင်ကျကျကြတယ် … ။ သေချာ စဉ်းစား တည်ဆောက်ထားတဲ့ အိမ်ထောင်ရေးမျိုးမဟုတ်ပဲ ရေတတ်ငါးဇင်ရိုင်းလို  အချစ်တွေကြွနေတဲ့ အရွယ်မှာ ယူလိုက်ကြတော့ …. အခက်ခဲ တစ်စုံတစ်ရာ နဲ့ ရင်ဆိုင်ရတဲ့ အခါ တွေ့မြင်နေကြ ရုပ်ရှင်ထဲကလို လှလှပပ  အချစ်ဇာတ်လမ်းမျိုးမဟုတ်တော့ပဲ … စလယ်ဝင်အိုး ဖင်မည်းခင်ကတည်း က လင်မယားကွဲခဲ့ကြတယ် … ။ အိမ်ထောင်တစ်ခု တည်မြဲ ဖို့ဆိုတဲ့ နေရာမှာ အချစ်တစ်ခုတည်းနဲ့ မပြီးသေးပါဘူး ။ စီးပွားရေးအခြေနေ ၊ […]


etoneJanuary 31, 20121min1308
ကြက်သွန်ဖြူကို လူအများစုက ကြိုက်ကြပေမယ့် … သူ့ရဲ့ ပြင်းလှတဲ့ အနံ့ကြောင့် အများနဲ့ပြောဆိုဆက်ဆံရတဲ့ အလုပ်ခွင်တွင်းနဲ့ ပါ့ဘလစ်နေရာမျိုးကို ရှောင်ပြီး အိမ်မှာသာစားကြတာများပါတယ် ။တစ်ချို့ကလည်း ကြက်သွန်ဖြူကို ဟင်းခတ်အမွေးကြိုင်နေဖြင့် ဆီသတ်စားကြသလို ၊ တစ်ချို့ကလည်း အသုတ်လိုမျိုး ၊ ဘိတ်ချဉ်လိုမျိုး ထည့်သုံးကြတယ် ။ ဒါ့ပြင် ကြက်သွန်ဖြူကို ဆီချက်ချက်ပြီး အသီးရွက်တွေနဲ့ အသုတ်လုပ်ရာတွင်လည်းကောင်း ၊ လ္ဘက်နဲ့ တွဲဖက်ပြီးတော့လည်းကောင်းစားကြတယ် … ။ ကျွန်မလည်း ကြက်သွန်ဖြူကြိုက်ပေမယ့် ….. အများနဲ့ ဆက်ဆံနေရတဲ့ လုပ်ငန်းခွင်အလုပ်ချိန်တွင်းမှာတော့ မစားဖြစ်ပါဘူး … ။ ကြက်သွန်ဖြူက အနံ ့ပြင်းသလို သူ့ရဲ့ ဆေးဖက်ဝင်မှုကလည်း ပြင်းပြင်းပျပျ ရှိလှပါတယ် … ။ ကြက်သွန်ဖြူစားခြင်းအားဖြင့် ကိုလက်စထရော(အဆီဓါတ်) ကိုလျော့ကျစေခြင်း ၊ […]


etoneJanuary 30, 20121min20715
နိုင်ငံခြားသား ဧည့်သည်တစ်ယောက် အလုပ်ကိစ္စနဲ့မြန်မာပြည်ရောက်တုန်း စကော့ဈေးထဲ ခြေဦးလှည့်ချင်တယ်ဆိုတာနဲ့  လိုက်ပို့ပေးဖို့ … ဗိုလ်ချုပ်လမ်းအတိုင်းလျှောက်လာခဲ့ပါတယ် … ။ သူတည်းခိုတဲ့နေရာက ထရိတ်ဒါးဟိုတယ်မှာ ဖြစ်လို့ …. ဗိုလ်ချုပ်လမ်းအတိုင်းနောက်ပြန်လျှောက်ခဲ့ကြတ ယ် ။ တစ်ဖက်လမ်းကို ကူးဖို့ ကားရှင်းတဲ့ အချိန် ကျွန်မက မျဥ်းကြားရှာမနေတော့ပဲ အလွယ်သာ ကူးဖို့ ပြင်လိုက်ပါတယ် ။ သူ့ကိုလည်း ကူးဖို့ အသံပေးရင်း ကားအလစ်ဖြတ်ကူးမယ်အလုပ် … ကျွန်မကို လမ်းပေါ်က ဖြတ်မကူးဖို့ တားပြီး ရှေ့ဆက်လျှောက်ပါတော့တယ် …. ။ ဗိုလ်ချုပ်လမ်းလို နေရာမျိုးက ကားအသွားလာ ပြတ်တယ်လို့မရှိပါဘူး .. ကားလမ်းကူးလျှင် ကားသွားလာများတာကြောင့် …စိတ်ရှည်လက်ရှည်နဲ့ ကူးရတဲ့ လမ်းမျိုးဖြစ်တာမို့ … ကားလစ်တုန်းကူးဖို ့ပြင်ရတာပါ … ။ ထို […]


etoneJanuary 26, 20121min28426
ဒီနေ့မနက်ရာသီဥတုလေးက ပိုချမ်းစိမ့်စိမ့်ဖြစ်တာကြောင့် အနွေးထည်ဝတ်လျှင်စိတ်မရှည်လို့ ကြယ်သီးမတတ်တဲ့ ကျွန်မ .. .အဆုတ်အအေးပတ်မှာစိုးလို့ …. ခုံမှာ ထိုင်လျှက်နဲ့ပင် ကြယ်သီးတပ်နေမိပါတယ် … ။ တစ်ချိန်တည်းမှာ တိုးညှင်းစွာ ထွက်ပေါ်လာသော ဖုန်းသံကြောင့် …. ဖုန်းကိုင်မိခဲ့တယ် … ။ တစ်ခါမှ မသိတဲ့ ဖုန်းနံပါတ်မို့ .. စိတ်လှုပ်ရှားရပါတယ် … ။( လူချစ်လူခင်ကလည်းများတော့ .. ဖုန်းဆက်ပြီး ဆဲမယ့်လူတွေလည်း တပုံကြီးလေ .. 😀 ) အလှူရှင်လား ၊ ဖုန်းမှားတာများလားလို့ ဇဝေဇဝါနဲ့ ဖုန်းကိုင်ခဲ့တယ် …။ တစ်ဘက်က ဖုန်းခေါ်သူဧ။် ပြောကြားချက်အရ အလှူရှင် တစ်ဦးဖြစ်ပြီး … လာရောက်လှူဒါန်းပါမယ်လို့ ဆက်သွယ်လာတာကြောင့် လိပ်စာပေးပြီး ကျွန်မတို့ စက်ရုံကိုလာခဲ့ဖို့ ဖိတ်လိုက်ပါတယ် … […]


etoneJanuary 24, 20121min20918
ကျွန်မဒီဓါတ်ပုံလေးကို ရိုက်ထားခဲ့တာ ကြာပြီ … လပိုင်းလောက်တောင်ရှိတော့မယ် …. ဒါပေမယ့်ပို့စ်အနေနဲ့ တင်သင့်မတင်သင့် ဒွိဟစိတ်ဖြစ်နေသေးတာကြောင့် … အချိန်တစ်ခုကြာမှပဲ တင်ဖြစ်ခဲ့ပါတယ် … ။ မနက်တိုင်း ဖယ်ရီစောင့်စီးဖို့ …. အောက်ကြည့်မြင်တိုင်လမ်းပေါ်ကနေ … လှည်းတန်းဘက်ကို လိုင်းကား စီးရပါတယ် … ။ ၃ကားအဖြူ ၊ ၉ရ ဒိုင်နာကားတွေရှိပေမယ့် …. ကျယ်ကျယ်ဝန်းဝန်း အသက်ရှုချောင်ချောင်စီးရတဲ့ အဓိပတိ အဝါကားကို ရွှေးစီးဖြစ်တာ များတယ် … ။ ရိုးရိုးကားနဲ့ အထူးကား  ၊ ကားခ ထက်ဝက်ကွာပေမယ့် …. မနက်ပိုင်းကြည်ကြည်လင်လင်သွားချင်တဲ့ စိတ်နဲ့ စောင့်စီးဖြစ်ခဲ့တာပါ … ။အဓိပတိ အဝါကားက ဒဂုံတက္ကသိုလ်ထဲထိရောက်တာကြောင့် … ကျောင်းသူ၊ကျောင်းသားလေးတွေပါ စောင့်ပြီး စီးကြရှာတယ် … […]


etoneJanuary 23, 20121min34426
လူ့အလို .. နတ်မလိုက်နိုင်ဆိုတဲ့ စကားက သိပ်မှန်တာပဲ … ကျွန်မတို ့လူသားတွေ .. လိုအင်ဆန္ဒတွေများလွန်းတဲ့အကြောင်းလေး ..ညွှန်းကာ ရေးထားတာပါ .. လူသားတွေထဲမှာမှ … ယောကျာ်းနဲ့ မိန်းမ နှစ်မျိုးရှိကြရာက .. .မိန်းမများအလွန် အလှပကြိုက်တယ်လို့ …. ပြောစမတ်ပြုခဲ့ကြပေမယ့် … အခုခေတ်မှာတော့ … မိန်းမများနည်းတူ .. မျက်နှာပေါင်းတင်တဲ့ ယောကျာ်း … ၊ မျက်ခုံးနှုတ်တဲ့ယောကျာ်းနဲ့ …. နှုတ်ခမ်းဆေးသွင်းတဲ့ယောကျာ်းတွေတောင်ရှိလာကြပါပြီ …. ။ ယောကျာ်းပဲ ဖြစ်ဖြစ် ၊ မိန်းမပဲဖြစ်ဖြစ် …. မိမိတို့ ပိုင်ဆိုင်ထားတဲ့ အသားရည်ကို စိတ်တိုင်းမကျသူများပါတယ် … ကျွန်မတို့ နိုင်ငံရဲ့ ရေမြေ သဘာဝ ဥတု အချိုးစားအရ … ကျွန်မတို့ […]


etoneJanuary 18, 20121min1088
ခပ်သွက်သွက်ခြေလှမ်းများဖြင့် သားအမိသားဖ သုံးယောက် ဆေးခန်းတွင်းသို့ဝင်လာကြသည် ။ အဖေဖြစ်သူသည် လူလတ်ပိုင်းသာဖြစ်ပြီး ကာယလုပ်သားအလုပ်လုပ်ဟန်တူပြီး ၊ ရှိရှင်းစွဲ အသက်ထက် ကြီးသယောက်ယောင် …. ။ ဘေးတွင်တော့ ညိုရင့်ရင့် အသားရေမှာ ပြာမွဲမွဲရောင်သမ်းကာ ၊ ဖယိုဖရဲ ဆံထုံးပစ်ဖြင့် လူလတ်ပိုင်းအမျိုးသမီးတစ်ယောက် …… သူမသည် သူဧ။် ဇနီးဖြစ်မည် ။ ၎င်းတို့ နှစ်ဦးဧ။် လက်တစ်ဖက်ဆီကိုကိုင်ပြီး အပြုံးရယ်မရှိသော မျက်နှာဖြင့် ကလေးတစ်ယောက်သည် သူတို့ဧ။် သားဟုပင် မြင်ရုံဖြင့် အတတ်သိသည် ။ မိသားစု ဘဝကို ဖော်ကျူးသော သဏ္ဍန်ဖြင့် သုံးယောက်သား ခပ်သွက်သွက်ဝင်လာကြသည် … ။  ခပ်နွမ်းနွမ်း သွင်ပြင်များကြောင့် ရုန်းကန်လှုပ်ရှားနေရသော မိသားစုတစ်စုဟုသာ အလွယ်မြင်မိလိုက်သည် ။ သို့သော် ထိုလူတို့ဧ။် မျက်လုံးအစုံသည် […]


etoneJanuary 16, 20123min30432
  အလုပ်ကိုယ်စီနဲ့ မအားမလပ်တဲ့ ရွာသူ ရွာသားတွေ တစ်ခါတစ်ခါ ဆုံဖို့ ခက်ခဲပါတယ် … အားလုံး အားမယ့် အချိန်ကို ညှိကြရတယ် ..ရှိသမျှ အချိန်လေးစုပြီး ခဏဆုံကြတဲ့အခါ အမှတ်တရ စာကြောင်းလေးတွေ ရေးဖြစ်ခဲ့တယ်ပေါ့…. ။  …… ဘယ်သူတွေ ဘာရေးခဲ့လဲ … သိချင်လျှင်တော့ စာဆုံးတဲ့ အထိ ဖတ်ကြည့်ကြပါနော် …. ။     ပျော်တတ်ပြီး စိတ်ထားကောင်းကြတဲ့ အဖွဲ့သားတွေပါဆိုတဲ့ ဦးဦးပါလေရာ …. အမှတ်တရရှိနေမယ့် ရွာသားတွေပါ … အဆင်ပြေကြလျှင် ခဏခဏတွေ့ကြတာပေါ့ … အလှူတန်းတွေလည်း ထပ်လုပ်ရင်းနဲ့ပေါ့ဆိုတဲ့ ….  nozomi     အားလုံးမင်္ဂလာပါ .. နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ကံကောင်းမှုတွေ များစွာနဲ့ […]


etoneJanuary 12, 20121min27726
    တကယ်ဆို ဒီလို စာမျိုးက ပို့စ်အနေနဲ့ မဖြစ်သင့်ပါပဲ  … ပါဆယ်နယ်လ်မေးလ်ကနေတင့်ပို့သင့်ပေမယ့် …. ကျွန်မအပါဝင် ၊ တပ်အားသရွှေ့အင်တိုက်အားတိုက် ကူညီနေကြတဲ့ အဖွဲ့ဝင်တွေကို  လူသိရှင်ကြား အယုံကြည်ပျက် ၊ သဒါ္ဓပျက်အောင် ရေးလာတဲ့ ကိုဘုန်းကျော်ရဲ့စာကြောင့် ပို့စ်တပုဒ်နေနဲ့ တင်ဖြစ်သွားတာပါ ။ တလောက အိတုံက ဦးဆောင်ပြီး ဂေဇတ်စုပေါင်းအလှူ လုပ်မယ်လို ့ပြောတော့ သာဓုခေါ်ရမယ်လို ့ဆိုချင်တယ်။ ပြီးရင် နာရေးကူညီမှူအသင်းကိုလှူမယ်ပေါ့။ အိုင်ဒီယာကောင်းပါတယ်။ ကျနော်လည်း လှူ ပါ့မယ်။ ဒါပေမဲ့ ခက်တာက လှူတဲ့သူတွေကလှူပြီး ပိုက်ဆံတွေကို ဘတ် သွားရင် ဘယ်လိုလုပ်မလဲ။ ယုံကြည်အောင် ထင်သာမြင်သာရှိအောင် ဘယ်လိုလုပ်ထားကြလဲမသိဘူး။ မြန်မာပြည်မှာ ခဏခဏ အလိမ်ခံနေရတာဆိုတော့ လှူတော့လှူချင်တယ် ဒါပေမဲ့ မယုံရဲဘူးဖြစ်နေလို ့ပါ။ […]


etoneJanuary 5, 20121min1258126
၂၀၁၂ မှာ သဂျီးနဲ့တကွ ရွာသူ ရွာသားများနဲ့ စာဖတ်သူ အားလုံးပဲ စိတ်ချမ်းသာ ၊ ကိုယ်ကျန်းမာပြီး လာဘ်လာဘတွေ ပွင့်လန်းပါစေလို့ ဆုတောင်းပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က DVB ကနေ နာရေး ကူညီမှုအသင်းအကြောင်း ရိုက်ထားတဲ့ ဗီဒွီယိုအပိုင်းတိုလေးကို အမှတ်မထင် ကြည့်လိုက်ရပါတယ် ။  အယုတ် ၊အလတ် ၊ အမြတ်မရွေး သေဆုုံးမှု နာရေးဖြစ်တာနဲ့ အခကြေးငွေ တပြားမှ မယူပဲ အခမဲ့ လိုက်လံကူညီဆောင်ရွက်ပေးနေတဲ့ သူတို့ လုပ်ရပ်ကိုကြည့်ပြီး သာဓုခေါ်လို့ မဆုံးပါဘူး ။ ဒါ့ပြင် အခမဲ့ ကုသိုလ်ဖြစ် ဆေးခန်းကိုလည်း တိုးချဲ့ ဖွင့်လှစ်ပေးပါသေးတယ် ။ မသန်မစွမ်းသူတွေ အဆင်ပြေပြေ သွားလာရန်အတွက်လည်း ၊ အထောက်အကူပြု ပစ္စည်းတွေ သုံးပြီး ဖေးမကူညီ […]


etoneDecember 29, 20111min35831
ဒီရက်ပိုင်းအတွင်း လူတွေကို စိတ်ဒုက္ခရောက် ၊ စိတ်အနှောက်ယှက်ဖြစ်စေသော သတင်းတစ်ရပ် လူသတင်း လူချင်းဆောင်ပြီး မသိမသာ တမျိုး ၊ သိသိသာသာတမျိုးနဲ့ ပျံ့နှံ့နေပါတယ် ။သူများတွေပြောတော့လည်း …နိုင်ငံပိုင်သတင်းစာမှာလည်းပါသတဲ့..(ဟုတ်မဟုတ်ကိုယ်တိုင်မဖတ်မိလို ့မသိ )  အီးမေးလ်ထဲမှာလည်း ပလူပျံလို့ … ၊ ဂရုမေးလ် ၊ ဖေ့စ်ဘွခ်တို့မှာလည်း အုံးအုံးကြွတ်ကြွတ်နဲ့ …. ထင်မြင်ချက်များ ၊ ညည်းညူသံများ ၊ ကြိုတင်ပြင်ဆင်မှုတွေလုပ်မယ် ရည်ရွယ်သံများစွာနဲ့ အပြန်လှန် ဆွေးနွေးနေခဲ့ကြတယ် …. ။ အဲ့ဒီသတင်းကတော့ …  ဒီဇင်ဘာ ၂၉ ရက်နေ့ကနေ … ဇန်နဝါရီ ၁ရက်နေ့ထိ  လျှပ်စစ်မီးတွေပြတ်တောက်ထားတာရှိမယ် … မီးလာလည်း … ဗို့အားအပြည့်မရနိုင်ဘူး …ဆိုတာပါပဲ … ။ %%%%%%%%%%%%%% ရန်ကုန်မြို့၌ ၄ […]