etoneDecember 28, 20115min7011
  ရေကြောက်တဲ့ လူမို့လို့လားမသိဘူး … ပင်လယ်ကိုမြင်ရလျှင် အရမ်းပျော်တာပဲ … ။ 😆 ဒီတခါတင်ပြီးလျှင် ကုန်ပြီ ထပ်မတင်တော့ဘူး …  တကယ် .. တကယ် …   😀                                                  


etoneDecember 24, 20112min10112
  သဂျီးနဲ့ တကွ  ရွာသူ ၊ ရွာသား အားလုံးပဲ  ….. ပျော်ရွှင်ဖွယ်ရာ ခရစ်စမတ်နေ့လေးဖြစ်ကြပါစေနော် ။          


etoneDecember 23, 20111min14219
မြင်မြင်သမျှ ရေးချပြရမယ်ဆိုလျှင် ကုန်နိုင်မယ်မထင်ဘူး ။ ကိုယ်ကပဲ ကြုံတတ်လေသလား ၊ တိုက်ဆိုင်တာများလားမသိ တွေ့လိုက်ရလျှင် တကယ့်ကို စလန်ပေးချင်လောက်တဲ့အခြေနေမျိုးနဲ့ချည်းပါပဲ ။ စိတ်ထဲ ကြိတ်တွေး ၊ တအုံ့နွေးနွေးဖြစ်နေတာထက်စာလျှင် ပြောပြလိုက်တာက တခြားလူတွေအတွက်ပါ ဆင်ခြင်လို့ရမယ်ထင်လို့ ရေးမိပြန်တယ်လေ ။ ဒီနေ့လည်း အထက်လူကြီးရဲ့ ကောင်းမှု အကြောင်းပြုပြီး တောက်တိုမယ်ရ လုပ်ရပြန်တယ်လေ … လေယဉ်ပျံကြီးဆီးပြီး ခြေကြွလာတဲ့ဧည့်သည်အတွက် ငါးသိန်း GSM တလုံး သွားဝယ်ခိုင်းပါတယ် ။ ကျွန်မလည်း ရုံးနဲ့ အနီးဆုံး ဘုရင့်နောင်က ဖုန်းဆိုင်တွေဘက် ထွက်ခဲ့ပါတယ် ။ လူကြီးမင်း နဲ့ Elite နှစ်ဆိုင်မှာ ပိုက်ဆံချက်ချင်းရှင်း၊  ချက်ချင်းဝယ်လို့ရနေတာကြောင့် တစ်ဆိုင်ဆိုင်မှာ ဝယ်မယ်ဆိုတဲ့အတွေးနဲ့ပေါ့ … ။ လူကြီးမင်းဆိုင်မှာတော့ တစ်ခါက ဟမ်းဆက်ဝယ်ဖူးလို့ […]


etoneDecember 21, 20112min18430
                ပင်လယ်ကိုဖြတ်ပြီး တိုက်ခတ်လာတဲ့လေပြင်ညှင်းက ကျွန်မစိတ်တွေကို လန်းဆန်းစေပါတယ် ။ စိုစွတ်စွတ်သဲမြေပေါ်မှာ ခြေဗလာနဲ့ လမ်းလျှောက်ရခြင်းကလည်း လွတ်လပ်ပေါ့ပါးတဲ့ ခံစားမှုကို ဖြစ်စေပါတယ် ။ တိမ်တွေကြားမှ ခပ်ကျဲကျဲ ကျနေတဲ့နေရောင်ကလည်း နွေးထွေးမှုကို ပေးပါသေးတယ် ။ ကမ်းစပ်ကို အရှိန်အဟုန်နဲ့ ပြေးတိုက်လာတဲ့ ပင်လယ်လှိုင်လုံးလေးတွေရဲ့ အသံကလည်း သဘာဝရဲ့ဆည်းချက်တွေလိုပါပဲ ။ ပတ်ဝန်းကျင်နဲ့ ရာသီဥုတုအနေထား သဟာဇာတကျစွာ မျှတပြီး အနားယူလို့ကောင်းတဲ့နေရာလေးကတော့ ချောင်းသာကမ်းခြေမှာပါပဲ ။ မြို့ပြရဲ့ မွန်းကြပ်လှတဲ့ ဘဝတွေထဲ ခဏတာထွက်ပြေးပုန်းရှောင်ရင်း  ဒီလိုနေရာလေးမှာ အပန်းဖြေအနားယူရတာ ကြုံတောင့်ကြုံခဲ နေ့ရက်တွေပါပဲ ။ နေစဉ်နေ ့တိုင်း ၊ မီးခိုးတွေ ၊ ဖုန်မှုတွေ […]


etoneDecember 16, 20111min27615
ကျွန်မတို့ ကုမ္ပဏီဝန်ထမ်းဆိုတာက အစိုးရဝန်ထမ်းတွေလိုမဟုတ်ပဲ အထက်လူကြီးရဲ့တောက်တိုမယ်ရလည်း လုပ်ရပါတယ် ။ တာဝန်ထဲမှာ ပူးကပ်မပါပေမယ် … ကူညီလုပ်ကိုင်ပေးရပါတယ် … ။ အထက်လူကြီးရဲ့ ဝေယျာဝစ္စအပါအဝင် သာရေးနာရေး ရှိလျှင် ရှိသလို အခမဲ့ အကျိုးဆောင်ပေးရတယ် ။ တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီနေ့က ကျွန်မ ရုံးနောက်ကျမှ ဆင်းဖြစ်ခဲ့တယ် ။ လုပ်လက်စလေး မပြီးတာကြောင့် overtime ဆင်းရတော့တာပေါ့  ။ ဒီမှာတင်  အထက်လူကြီး က ဧည့်သည်တွေကို ဧည့်ခံစရာရှိလို့ စားသောက်ဆိုင်တစ်ခုကို ဘိုကင်လုပ်ပေးဖို့ ပြောလာပါတယ် ။ ဘိုကင်မလုပ်ခင် ဧည့်သည်ဦးရေ ၊ အချိန် နေ့ရက်နဲ့ ပရိုက်ဗိတ်ရွန်း နံပါတ် အပြင် …. ဟင်းလျှာတွေကိုပါ တခါတည်း မှတ်သားစေပါတယ် ။လိပ်စာကတ်လေးကိုပြပြီး ဖုန်းဆက်  သူပြောတဲ့ […]


etoneDecember 8, 20111min20213
ကဲ … တိုက်ပြန်ပြီတဲ့ … ။ တိုက်လိုက်တိုင်း အသေကြေချည်းပဲမို့ … တစ်ခုခုတော့မှားနေပါပြီ ။ ဒီရက်ပိုင်း ကြားရတဲ့ ကားတိုက်မှုသတင်းတွေမှာ  ထိခိုက်ကွဲပြဲဒဏ်ရာတင်မကပဲ ၊ လူသေတဲ့ အထိဖြစ်နေကြလို့ ကားမောင်းသူတိုင်းသာမက ၊ ကားစီးသူတွေရော ၊ ကားလမ်းဖြတ်ကူးသူတွေပါ သတိနဲ့ယှဉ် ဆင်ခြင်သင့်ပါတယ် …. ။ ယခုလည်း ကားတိုက်မှုသတင်းတစ်ခု ရထားပါတယ် …. ။ ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် ၊ ကမ်းနားလမ်းမပေါ်က ထီးတန်းအိမ်ယာရှေ့မှာ ယနေ့ ညနေ သုံးနာရီခန့်ကဖြစ်ပွားခဲ့တာပါ … … ။ အဲ့ဒီနားမှာ ဦးပိုင်လီမီတက်က ကားတွေ အဝင်ထွက်ရှုပ်ယှက်ခတ်နေပြီး … ဝန်းထဲက ထွက်လာတဲ့ ဆီကားတစ်စီးနဲ့ … နဲ့ သီရိမင်္ဂလာဈေးဟောင်းဘက်ကို သွားနေတဲ့ ကုန်စိမ်းတင် […]


etoneDecember 3, 20111min63427
    လာပြန်ပြီ အထူးဆန်းလို့တော့ မပြောနဲ့ဦးနော် … ။ တကယ့်ကို သဘာဝလွန်ဖြစ်ရပ်မို့ ကိုယ့်ရွာသားတွေ ဦးဦးဖျားဖျား သိရအောင် တင်ပေးတာဖြစ်ပါတယ် … ။ အမြဲတမ်း သတင်းဆို ပေါက်ကြားမှာ စိုးလို့ သူ့ဂျာနယ်တိုက်အတွက်ပဲ ဦးစားပေးခဲ့တဲ့ ကျွန်မအစ်ကို ထူးထူးဆန်းဆန်းသဘောကောင်းနေတာကြောင့် ဒီသတင်းလေး သူ့ဆီက ရခဲ့တာပါ … ။ သပြေအိုးထဲက အရွက်တစ်ရွက်ကနေပဲ … ရေစိမ့်ကျနေတာပါ … ။ နေရာကတော့ မင်္ဂလာတောင်ညွှန့် မြို့နယ် ၊ ဗညားဒလလမ်းက The Professional Co.,Ltd  မှာဖြစ်ပြီး … ဘုရားပန်းအိုးထိုးထားတဲ့ အောင်သပြေအိုးရဲ့ သပြေရွက်တရွက်ကနေ ရေတွေစိမ့်ထွက်နေတာပါ .. စတင်ဖြစ်ပွားခဲ့တာကတော့ 2 ရက် ဒီဇင်ဘာ မနက် ဆယ်နာရီ […]


etoneNovember 25, 20111min23922
မီးလောင်မှု သတင်းတစ်ခု ရထားပါတယ် … ။ အနော်ရထာလမ်းပေါ်က ဗိုလ်ချုပ်ဈေးသစ်အနီးက တိုက်တန်းလျားမှာပါ ။  သိမ်ကြီးဈေးနဲ့ ့လည်း မျက်စောင်းထိုးလောက် အ နေထာ း ၊ ကုံး တံတား အောက်က တိုက်ပါပဲ … ။ 8လွှာကနေ ဝါယာရှော့ဖြစ်ပြီး လောင်ကျွမ်းတာလို့ သိရပြီး  … ယခုထိတိုင် မီးငြိမ်း သက်ဆဲဖြစ်ကြောင်း သိရပါတယ် ။ (အမျိုးတွေ အဆွေတွေရှိရင် ပြေးကြနော် ) … ။ မီးသတ်ကား ခြောက်စီးခန့်  ရေပက်ဖျန်းနေသော်လည်း …. မီးလောင်ကျွမ်းဆဲဟုသိရပါတယ် … ။ ဝါယာရှော့နဲ့ ပတ်သတ်လို့ … လမ်းကြုံတုံး မေးခဲ့ဖူးတဲ့ အင်တာဗျူးလေးထဲက (ပို့စ်တင်ပြီးသား )စာသားလေးတွေပါ ပြန်ကူးချလိုက်ပါတယ် … […]


etoneNovember 24, 20111min52141
မင်္ဂလာဒုံနေအိမ်တစ်ခုဧ။် သောက်တော်ရေတွင်းမှ ဗုဒ္ဓမြတ်စွယ်တော်ပေါ်လာသည့် အဖြစ်ပျက်ဖြစ်ပြီးနောက် …ဒီနေ့ နေ့လည် ထမင်းစားချိန်မှာ စက်ရုံထဲမှ ကလေးများ အုန်းအုန်းကြွတ်ကြွတ်ပြေးလွှားကာ ဘုရားပုံပေါ်သည်ဟု အလုယှက်ရေဗူးလေးများကို နေရောင်တွင်ထောင်ကာ ကြည့်နေကြတယ် ။ ကျွန်မလည်း မယုံတဝက်ယုံတစ်ဝက်နဲ့ လိုက်လုပ်ကြည့်တော့မှ … အလင်းပြန်တဲ့အရိပ်ကနေ ဘုရားပုံသဏ္ဍန်ဖြစ်နေတာ အံ့ဩစွာတွေ ့ရပါတယ် ။ လူတိုင်း ရေဗူးတိုင်းတွင် ပေါ်သည်မဟုတ်ပဲ  လူတစ်ချို့ဧ။် ရေဗူးတွင်းရေအပြည့်ထည့်ကာ စမ်းသပ်မှုတွင်မှ ပေါ်တယ်လို့ သိရပါတယ် ။ အလင်းပြန်လို ့ ပုံသဏ္ဍန်တူခြင်းလား ၊ သဘာဝလွန်ဖြစ်ရပ်တစ်ခုပဲလားကတော့ … မဝေခွဲတတ်အောင်ပါပဲ … ။ ပုံရိပ်ပေါ်တာ အမှန်ဖြစ်ပေမယ့် …. စိတ်ထဲမှာတော့ လက်မခံချင်သလိုချည်းလည်း ဖြစ်နေသေးလို့ … ရွာသူရွာသားတွေဆီက စကားသံကြားချင်တာကြောင့် တင်ပေးလိုက်ပါတယ် … ။   […]


etoneNovember 24, 20111min38537
မနေ့ညက အိမ်ရောက်တယ်ဆိုလျှင်ပဲ … မကြုံစဖူး လူစုံတတ်စုံ ဝိုင်းထိုင်စကားပြောနေကြတာ မြင်လိုက်ရပါတယ် ။ သူတို့ ဘာပြောမှန်းလည်း ကျွန်မမသိ ၊ သိလည်း မသိချင်ပေမယ့် ကျွန်မပြန်ရောက်လာတာမြင်တော့မှ အားလုံးမျက်နှာပိုးသပ်ပြီး အသံမထွက်ကြတော့ပဲ ပြုံးစိစိလုပ်နေကြပါတယ် … ။ ဒါဆိုသေချာပြီလေ ကျွန်မအကြောင်းပြောနေကြတာပေါ့ ။ ဒါနဲ့ သူတို့ဘာပြောနေကြသလဲ အစ်လိုက်တော့ … မင်္ဂလာဒုံမှာ သောက်တော်ရေခွက်ထဲက စွယ်တော်ပေါ်လာတဲ့အကြောင်းပြောနေကြတာပါတဲ့ လေ… ။ ထစ်ခနဲဆို စာရေးပြီး ပို့စ်တင်မယ် စိတ်ကူးတတ်တဲ့ ကျွန်မကို မကြားစေချင်တာလည်း ပါတာပေါ့ … ။ ကျွန်မအစ်ကိုက ပြည်တွင်း သတင်းဂျာနယ် သုံးလေးခုမှာ ဂျာနယ်လစ် လုပ်နေတာကြောင့် သူသတင်းသွားယူခဲ့တဲ့ ဆွယ်တော်အကြောင်းပြောနေကြတာပါ…. ။ မင်္ဂလာဒုံက အိမ်တစ်အိမ်ရဲ့ ဘုရားသောက်တော်ရေ ကပ်တဲ့ခွက်ထဲမှာ စွယ်တော်ပုံလေးပေါ်နေပါသတဲ့လေ […]


etoneNovember 23, 20112min21828
ငှက်မွှေးလေးတွေပေါ်မှာ ဒီဇိုင်းအမျိုးမျိုးနဲ့ အသေးစိတ်ပန်းချီရေးဆွဲထားတာပါ … ။ 2008 ခုနှစ် ၊ မတ်လကတည်းက မေးလ်ထဲကိုရောက်နေတာပါ ။ ခရက်ဒစ်ပေးရအောင်လည်း ဘယ်ဆိုက်ကမှန်းကမသိဆိုတော့ … ဒီတိုင်းပဲ ပုံတွေတင်ပေးလိုက်တယ် … ။ တကယ်ပဲ လက်ရာမြောက်အောင်ဆွဲနိုင်တာလား ၊ အင်ကြီးလား ဆိုတာကတော့ …. ကြည့်ပြီးသာ ဝေဖန်ကြပါတော့ … ။                    


etoneNovember 22, 20111min26616
တစ်နေ့လုံး စိတ်ဖိစီးမှုများစွာနဲ့ အလုပ်လုပ်ပြီး အိမ်ပြန်လာတဲ့ လူကို ထိုင်ခွင့်တောင်မပေးပဲ အသံတဆာဆာနဲ့ ပြေးလာပြီး စာအိတ်လေးတအိတ်ပေးသူကတော့ ကျွန်မရဲ့ တူလေးပေါ့ ။  တီတီလေး ဆီစာလာတယ် လို့အော်ပြီးပြေးလာတဲ့သူ့ကို ချော်မလဲအောင် ဆီးဖမ်းထားလိုက်ပြီး ဘယ်သူ့ဆီကစာများလဲစာအိတ်ကို ကြည့်တော့ လက်ရေးက ပဲပင်ပေါက်လက်ရေးနဲ့ အိမ်လိပ်စာကို အင်္ဂလိပ်ဘာသာနဲ့ အဆင်ပြေသလိုရေးထားတာပါ ။ ကျောင်းပြီးကတည်းက ဘာစာမှ အိမ်ကို လာဖို့မရှိပါပဲ ယခုစာတစ်စောင်ရောက်လာတယ်ဆိုတော့ တစ်ခုခုပါပဲ တွေးရင်း သိချင်စိတ်ပြင်းပြနေပေမယ့် ၊ အရေးကြီးတဲ့ စာလည်း ဟုတ်မယ်မထင်တာကြောင့် ပေါ့ပေါ့တန်တန်ပဲ ပိုက်ဆံအိတ်ထဲ ပစ်ထည့်ပြီး ရေအရင်ချိုး ၊ညစာ စားလိုက်တယ် ။ အိပ်ခါနီးကျမှ တူလေးလာပေးတဲ့ စာအိတ်လေးကို သတိရပြီး ကျွန်မဖွင့်ဖတ်မိပါတယ် ။ အီးမေလ်း အင်တာနက်တွေ တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့ ဒီခေတ်ထဲ […]