etoneNovember 19, 20112min25618
              သူများတွေကို အားကျလို့  ရောက်ဖြစ်တဲ့နေရာလေး ဓါတ်ပုံရိုက်လာတာ … တစ်ခါတစ်လေ စိတ်ထဲ မွမ်းကြပ်လွန်းလျှင် အဝေးကြီးကို မျှော်ကြည့်ပြီး ငေးနေရတာက စိတ်သက်သာတယ်လေ … ။ ပိတ်ရက်မှာ အမောတွေပြေဖို့ .. ငေးနိုင်အောင် တင်ပေးထားတာပါ .. ပြီးခဲ့ တပတ်လောက်က ထရိတ်ဒါးရောက်တုန်း … ဧည့်သည် အခန်းကနေ ရိုက်တင်ပေးထားတာ … အခန်းကလည်း ဒေါင့်ခန်းဖြစ်ပြီး အကျယ်ကြီးဆိုတော့ … လှည့်ပတ်ပြီး ရိုက်ထားတာ … ။ ရွာထဲက ဒါ့ပုြှံဆာတွေလိုတော့ … ကျွန်မကောင်းကောင်းနားမလည်ပါဘူး … ။ ဖုန်းနဲ့ ရိုက်ထားတာပါ ….. ဖုန်းခလုပ်နှိပ်လျှင် ရိုက်လို ့ရတာလောက်ပဲ […]


etoneNovember 18, 20111min17337
  စိန်ကဲ ကျောက်ကဲတွေထက် လူကဲခတ်ရခက်တယ်ဆိုတဲ့ စကားကြားဖူးခဲ့ပေမယ့် လက်တွေ့မကြုံတော့ပေါ့တီးပေါ့ပျက်ပဲ လူကဲခတ်ဖို့လည်း စိတ်မဝင်စားခဲ့ပါဘူး ။ ကိုယ်တိုင်နှဖူးတွေ့ ဒူးတွေ့ကြုံတော့မှသာ နှုတ်တစ်ရာ စာတစ်လုံးဆိုတဲ့ စကားပုံလေးကို ပြေးသတိရမိပါတော့တယ် ။ နှုတ်က ထွက်သမျှ လေဖြစ်တာဆိုတော့ လူတွေ နှုတ်ကို စောင့်စည်းရမှန်း သိပ်မသိကြဘူး ။ လွယ်လွယ်ကတိတွေပေး ၊ လွယ်လွယ်ပြောကာ ၊ ပေးတဲ့ ကတိကိုလည်း လွယ်လွယ်ဖျက်တတ်ကြတယ် ။ ကျွန်မက ရွှတ်နောက်နောက် ပျော်ပျော်နေတတ်ပေမယ့် မဖြစ်နိုင်တဲ့ မတည်နိုင်တဲ့ နှုတ်ကတိမျိုးဆို မပေးတတ်ပါဘူး  ။ တစ်ခုခုကို ကြံရွယ်ပြောဆိုမိပြီးလျှင်လည်း မဖြစ်ဖြစ်အောင်လုပ်တတ်တာကြောင့် တခြားလူတွေလည်း ဒီလိုပဲလို့စိတ်ထဲ ထင်မှတ်ထားခဲ့တာပါ ။ ကိုယ့်အတွေးနဲ့ ကိုယ် ကယ်လ်စန်ကွေကာ သောက်နေတုံးခွက်လုပြေးတဲ့ အမျိုးသမီးတစ်ယောက်ကြောင့် ကျွန်မအတွေးတွေ ပျက်ဆီးခဲ့ရတယ် ။ […]


etoneNovember 14, 20111min20624
https://myanmargazette.net/79695/economic-news-international-news-news-industry-people-in-the-news-us-news-news မှာ mg wineဆိုတဲ့ တစ်ယောက်ရေးထားတဲ့ ပို့စ်ကို ဖတ်မိပြီး ကော့မန့်ပေးမယ်တွေးတော့ ကော့မန့်ပိတ်နေတာနဲ့ ပို့စ်တင် ဆွေးနွေးဖို့ ဆန္ဒဖြစ်လာခဲ့မိတယ် ။ ပို့စ်ကို ဖတ်တာနဲ့ တမင်သက်သက်လူလည်ကျတာကို ကွက်ကွက်ကွင်းကွင်းမြင်ရသလို ့အပေးကမ်းရက်ရော ၊ ယုံမှားလွယ်တဲ့ လူနာရှင်တွေကိုလည်း ကရုဏာဒေါသဖြစ်ရပါတယ် ။ အားမနာတမ်း ပြောရလျှင်တော့  ကိုယ်ညံ့လို့ ကိုယ်ခံရပြီး သူခိုးပြေးမှ ထိုးကွင်းထတာလို့ပဲ ကျွန်မကတွေးမိပါတယ် ။ ကျွန်မတို့တွေ နေထိုင်ရပ်တည် စားသောက်ရေးအတွက် ပိုက်ဆံရှာကြရတယ် ။ ပိုက်ဆံရှာနည်းမျိုးစုံရှိပါတယ် … သမ္မာအာဇီဝရော ၊ဖြတ်လမ်းနည်းရောပေါ့ … ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို ့တွေ ပိုက်ဆံရှာနေကြပါတယ်  ။ ပိုက်ဆံ လွယ်လွယ်ရတဲ့ လူတွေကလွဲလျှင်  ကျန်တဲ့ လူတွေ ပိုက်ဆံရှာရခက်ခဲတာ ၊ လက်ထဲ အသုံးမခံတာ […]


etoneNovember 11, 20112min24045
dffkslhdf;jn             မနေ့က လပြည့်နေ့လည်းဖြစ် ရုံးပိတ်ရက်လည်းဖြစ်တာကြောင့် လူတွေ ဘုရားကလွဲလို့ တခြားနေရာ သိပ်မသွားဖြစ်ကြသလို နေ့စဉ် ရှုပ်ယှက်ခတ်နေတဲ့ လမ်းမကြီးက … ထူးထူးဆန်းဆန်း လူနည်းနေပါတယ် … ။ မြင်လိုက်ရတဲ့ မြင်ကွင်းတစ်ခုကြောင့် အားမလိုအားမရဖြစ်သွားတယ် ။ မြွေရောင်းတဲ့ လူကြီးပါ မြွေတွေကို ပုလင်းထဲ ထည့်ပြီး … ပုလင်းတွေကို အိတ်တစ်ခုထဲထည့်နေပါတယ်  ။ သူနေရာပြောင်းရောင်းမှာလား ၊ နေတွက်ကိုက်သွားပြီလား တစ်ခုခုပေါ့ …. ။ ကျွန်မ မြွေမချစ်တတ်ပါဘူး ။ ဘယ်တုန်းကမှလည်း မြွေတစ်ကောင်ဝယ်ဖို့ စိတ်ကူးမရှိဘူး ။ ပုလင်းထဲမှာနေတဲ့ မြွေလေးတွေကို အဝေးကပဲ သနားပြီး …. အနီးနားက ဗိုလ်အောင်ကျော် […]


etoneNovember 1, 20111min21142
ရေးရလျှင်လည်း etone တို့ ကြုံလည်း ကြုံတတ်ပြန်တယ် ဖြစ်ဦးမယ် … ကံဇာတာကိုက ကတ်သီးကပ်ဖဲ့ပါလာလေသလား မပြောတတ်တော့ပါဘူး … ဘုကျကျ ဂွကျကျဆိုတဲ့အဖြစ်ပျက် အတော်များများနဲ့ ကန့်လန့်တိုင်ခြင်းခံခဲ့ရတာများတော့… တုံ ့ပြန် အရွဲ ့တိုက်တတ်တဲ့ အကျင့်လေးကျွန်မမှာ စွဲကျန်ခဲ့တယ်လေ … ။ အရာရာတိုင်းမှာ အသွားနဲ့အပြန် ၊ အကျိုးနဲ့ အကြောင်းရှိစမြဲမို့ ကြုံလာတဲ့ အခြေနေပေါ်မူတည်ပြီး ကျွန်မရဲ့ တုံ ့ပြန်ပုံကွာခြားပါတယ် … ဒီတခါလည်း ကြုံရပြန်ပါတယ်  …. ။ %%%%%%%%%%%%%%%%% မနေ့ကညဘက် ကျွန်မ အလုပ်ကနေ အိမ်ကို ကားငှားပြန်တော့… ဘုရင့်နောင် တံတားဖြတ်သန်းခ ကောက်ခံရေးစခန်း အလွန်လေးမှာ အရပ်ဝတ်နဲ့ရော ၊ ယူနီဖောင်းဝတ်တွေရော ၊ ရပ်မိရပ်ဖ ဖြစ်ဟန်တူသူတွေရောဆယ်ယောက်ခန့် ဓါတ်မီး […]


etoneOctober 31, 20111min25928
        ရုံးပိတ်ရက်ရောက်ဖို့ အကြောင်းအမျိုးမျိုးနဲ့ …. စောင့်နေတဲ့ လူတွေကြားမှာ …. ကျွန်မလည်း ထိပ်ဆုံးက အပါဝင်ပေါ့ … ထိပ်ဆုံးကဆိုတာကတော့ … ဆန္ဓပြင်းပြတာကို ရည်ညွှန်းလိုက်တာပါ … ။ ရုံးပိတ်ရက်တိုင်း ဘာစိတ်ဖိစီးမှုမှ မရှိပဲ လွတ်လွတ်လပ်လပ် ကိုယ့်ဘဝကိုယ် အချိုးချခွင့်ရတာကြောင့်ပါပဲ … ။ ရုံးပိတ်ရက်တိုင်း တစ်နေကုန်တနေခမ်း ဘာမှ မစားမသောက်ပဲ အိပ်တတ်သလို ၊ တစ်ခါတစ်လေ … ရွာရိုးကိုးပေါက် လျှောက်သွားနေတတ်တာပါပဲ ….. ။ မနေ့က ရုံးပိတ်ရက်လည်းဖြစ် ရာသီဥတုကလည်း သာယာတာကြောင့် … တစ်နေကုန်အိပ်မယ့် စိတ်ကူကိုပြောင်းပြီး ….. ဟိုးနားဒီနားသွားခဲ့ပါတယ် ….. ။ ကျွန်မရဲ့ ဟိုနားဒီနားက စားဖို့သောက်ဖို့ ဆိုင်တစ်ခုခု […]


etoneOctober 29, 20111min13310
သူတို့ကို ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ်တောင် ရှက်လာတယ် …။ ကျွန်မတို့က ရတဲ့ ပိုက်ဆံကို ဘယ်လို ထိန်းသိမ်းရမလဲ မစဉ်းစားပဲ ရသမျှ ကုန်အောင် သုံးနေခဲ့တာ ကိုယ့်စရိတ်နဲ့ကိုယ်… အိမ်ကိုမပေးနိုင်တဲ့ အပြင် အိမ်ကတောင် တင်ကျွေးထားရတဲ့ အဖြစ်ပါ … တစ်လနေလို့ စုမိဖို့ မပြောနဲ့ .. တစ်နှစ်နေလို့တောင် လက်ထဲ တသိန်း မကျန်ပါဘူး … ။ သူတို့လေးတွေနဲ့ ကိုုယ့်ကိုယ်ကိုယ်ယှဉ်ကြည့်လျှင်တောင် ရှက်ဖို့ကောင်းနေပါသေးတယ် … ။ သူတို့လေးတွေ ကုတ်ခြစ်စုပြီး လက်ထဲ ပိုက်ဆံရတဲ့အခါ အိမ်ဝိုင်းဝယ်တာမျိုး ခြံဝယ် တာမျိုး လုပ်ပေးတတ်ကြပါတယ် … ။ တစ်ချို့ကလည်း ရွှေတိုရွှေစ (ဆယ့်လေးပဲရည်)က အစ … အခေါက်ရွှေ မီးလင်းရွှေ အကယ်ဒမီရွှေအထိ စုနိုင်ကြတယ် […]


etoneOctober 28, 20115min25533
အလှူမှာ ကထိန်၊ ကျောင်းမှာ သိမ်ရယ်လို့ ကျွန်မတို့ မြန့်မာ့စကားမှာ ရှိခဲ့တယ့်အတိုင်း …. ကထိန်ပွဲကြီး နီးလာတာနှင့်အမျှ ကျွန်မတို့ လူမျိုးတွေ … အမြတ်ဆုံးအလှူပွဲဖြစ်တဲ့ ကထိန်မှာ သဒါ္ဓတတ်အားသရွှေ ့ မိမိတို့ ရှာဖွေစုဆောင်းထားတာလေးတွေနဲ့ လှူဖွယ်ပစ္စည်းဝယ်ယူလှူဒါန်းတတ်ကြပါတယ် …. ။ ဈေးကွက်ထဲက နိဗ္ဗာန်ကုန် တံဆိပ် အမျိုးမျိုးရှိသော်လည်း … ပွဲလန့်တုန်းဖျာခင်း စီးပွားရှာချင်တဲ့ လူတွေကြောင့် နိဗ္ဗာန်ကုန်ဈေးကွက် မတည်မငြိမ်ဖြစ်ပြန်တော့တယ် … ။ စေတနာ ထက်သန်တဲ့လူတွေများသလောက် ကိုယ်ကျိုးဖက်စီးပွားရှာသူတွေ ၊ မတော်မတရား အမြတ်ထုတ်ချင်သူတွေကြောင့် … မိမိတို  ့ချွေးနည်းစာ သမ္မာအာဇီဝကျကျ ရှာထားရတဲ့ ငွေလေးနဲ့  ရတဲ့ ပစ္စည်း မတန်အောင်ပဲ လဲလှယ်ဝယ်ယူကြရတယ် … ။ဒီလိုဖြစ်နေတာတွေက အချို့သော တနပ်စား ကြံ […]


etoneOctober 28, 20111min21622
သူတို့ရဲ့ ကြိုးစားအားထုတ်မှုပေါ် မူတည်ပြီး … target ကျော်လွန်တဲ့ အုပ်စုကို ဆုပေးတဲ့ စနစ်လည်း စက်ရုံအတော်များများမှာ ထားပေးထားပါတယ် …. ။ ဆုရတဲ့ ငွေ အနည်းဆုံး နှစ်သိန်းမှ ငါးသိန်းထိပေးတာကြောင့် …. အုပ်စုတစ်စုမှာ လူတစ်ရာရှိစေဦးတော့ … ခွဲဝေယူလျှင် သူမတို့ အလှပြင်သုံးစရိတ်ထွက်လာနိုင်ပါတယ် …. ။ စက်ရုံအလုပ်သမားများ (အိုတီချိန်မှ လွဲပြီး) ကျန်တဲ့အချိန် အလှပြင်ခွင့်မရှိပါဘူး …. သူတို့ရဲ့ သနပ်ခါး နှုတ်ခမ်းနီ လက်သည်းနီတွေကနေ …. ထုတ်ကုန်အပေါ် စွန်းထင်းမှု ဖြစ်စေတာကြောင့်ပါပဲ … ။ စက်ရုံအပိုင်းမှာ ဆူပါဗိုက်ဇာ က ဒီပါ့မန့်တစ်ခုလုံးရဲ့ တာဝန်ကိုယူပေးရပါတယ် … သူ့ဌာနက လူတွေရဲ့ ကောင်းမွေ ၊ဆိုးမွေကို ဒိုင်ခံ တာဝန်ယူရတာကြောင့် […]


etoneOctober 27, 20111min33230
  ဘကြီး FR တို့ … ကိုချောကလက်ကြီးတို့ရဲ့ ဒီရက်ပိုင်း ပို့စ်တွေကိုဖတ်ပြီး …etone လည်း ပို့စ်တစ်ခုဖတ်ရာက ကော့မန့်ရေးလျှင် ရှည်နေမှာမို့ .. ( ခေတ်မှီအောင် ) ပို့စ်တစ်ပုဒ်ပဲ တင်လိုက်ရပါတော့တယ် … ။ ညီမ nikita ရေးတဲ့ မြင်တွေ့နေရသော ဘဝအစိတ်အပိုင်းများပို့စ်ကို ဖတ်ပြီး … ဆွေးနွေးချင်စိတ်ဖြစ်လာတဲ့အတွက် စာပြန်ရေးလိုက်ပါတယ် … ။ သူ့မရဲ့ ပို့စ်ထဲမှာရေးသားထားတာကတော့ … အခြေခံ လူတန်းစားတွေရဲ့ ဘဝကို စာနာထောက်ထားပြီး ပညာတတ်ထက် ငွေကြေးနောက်လိုက်နေရတဲ့ အကြောင်းကို ရေးသားထားခဲ့တာပါ … ။ အထူးသဖြင့် …. သူမနေ့စဉ် မြင်တွေ့နေရတဲ့ အခြေခံလူတန်းစားတွေရဲ့ ဘဝရပ်တည်မှုကို သူမဧ။် ကိုယ်ပိုင် စိတ်ကူးဖြင့် မြင်ရတဲ့ […]


etoneOctober 27, 20111min13118
  Internet ဆိုတဲ့အသုံးနှုန်း ကျွန်မတို့ မြန်မာနိုင်ငံမှာ အရောတဝင်ရှိနေခဲ့တာ ကောင်းတဲ့ တိုးတက်မှုပါပဲ ။ လွန်ခဲ့တဲ့… ခြောက်နှစ်လောက်ကစလို့ …. တရိတ်ရိတ် တိုးတက်လာတဲ့ အင်တာနက်သင်တန်းတွေ ၊ အင်တာနက်ဆိုင်တွေရဲ့ ထောက်ပံ့ပေးမှုနဲ့ … အသုံးပြုသူ ဦးရေ များသည်ထက်များလာခဲ့တယ် … ။ ဘာသင်တန်းမှ မတက်ပဲ အင်တာနက်ကို အလကားရလို့ …လက်ဆော့သုံးရင်း သုံးတတ်သွားတဲ့ ကျွန်မလို လူတွေလည်း ရှိပါတယ် … ။ ဘယ်လိုပဲဖြစ်ဖြစ် … နည်းပညာကို အသုံးပြုသူတွေ များသထက်များလာခဲ့ပါတယ် … ။  ကမာ္ဘအရပ်ရပ်ရဲ့ ဘယ်နေရာမှာမဆို အင်တာနက်ကွန်ရက်ချိတ်ဆက်အသုံပြုနိုင်လျှင် ဝေးဝေး နီးနီးဆုံတွေ့နိုင်တာကလည်း အင်တာနက်ရဲ့ အားသာချက်ပဲပေါ့ … ။ ဒါ့ပြင် ကိုယ်မသိသေးတဲ့ ဟင်းချက်နည်းတွေ ၊ […]


etoneOctober 24, 20111min18615
အခုရက်ပိုင်း မြို့ထဲ သွားသွားလာလာလုပ်ရင်း ဘယ်သူက ထွင်လိုက်မှန်းမသိတဲ့ ဖက်ရှင်တမျိုုးခေတ်စားလာတာတွေ့ရတယ် …. ။ ထွင်လိုက်တာလည်း ဟုတ်ချင်မှဟုတ်မယ် …ဖက်ရှင်ကျအောင်လုပ်တာလည်း ဟုတ်ချင်မှဟုတ်မယ် … ဒါပေမယ့် …. အတုမြင်အတတ်သင် အတုခိုးလွယ်တဲ့ ခေတ်ရေစီးကြောင်းအရ အမျိုးသမီးထုကြားမှာတော့ … ပေါ်ပြူလာဖြစ်လာတာအမှန်ပါပဲ … အဲ့ဒါကတော့ …. hang tag လို့ခေါ်တဲ့ … အပြားလေးတွေ …. အိတ်တွေမှာ မဖြုတ်ပဲ အလှသဘောမျိုးတပ်ဆင်လာကြတာပါပဲ … ။ ရာဇာနေဝင်း ခေတ်စားတုန်းက … အကျီ င်္တွေတံဆိပ်မဖြုတ်ပဲ ဝတ်ပြကြသလိုပေ့ါ … ။ hang tag ဆိုတာမျိုးက အဝိုင်းဖြစ်နိုင်သလို ၊ လေးထောင့်လည်းဖြစ်နိုင်တယ် ..ဒါ့ပြင် မညီမညာ ဒီဇိုင်းမျိုးဖြစ်နိုင်သလို … စာရွက်ခေါက်လေးလိုမျိုးလည်းဖြစ်နိုင်တယ် … […]


etoneOctober 21, 20111min31622
ကလေးဘဝကတည်းက သီတင်းကျွတ်ဆိုလျှင် မီးထွန်းရမယ် ၊ ပွဲဈေးသွားရမယ် ၊ လူကြီးမိဘများကို ကန်တော့ကာ မုန့်ဖိုးတောင်းရမယ်လို့ သတ်မှတ်ထားသော်လည်း … ကြီးလာတာနှင့်အမျှ သီတင်းကျွတ်ဧ။် အဓိပါ္ပယ်ဖွင့်ဆိုပုံနှင့် ခံယူချက်တို့ ကွဲပြားလာပါတယ် … ။ ကလေးတုန်းက မီးထွန်းတာကို အပျော်သက်သက်သာ ဖယောင်းတိုင်များ စိုက်ထူပြီး မီးညှိခဲ့သော်လည်း … ယခုတွင်တော့ ဆီမီးပူဇော်ခြင်းဟု နားလည်ခဲ့ပါတယ် ။ ပွဲဈေးသွားခြင်း ၊ အပျော်ပါးလျှောက်သွားခြင်းတို့ဟာလည်း အချိန်ကုန် အကျိုးမရှိဘူးဆိုတဲ့ အမြင်မျိုး ဖြစ်လာခဲ့တယ် … ။ ဒါပြင် သက်ကြီးဝါကြီး လူကြီးမိဘများကို ကန်တော့ခြင်းဟာလည်း ယခင်ကလို မုန့်ဖိုးလိုချင်လို့မဟုတ်တော့ပဲ … မိမိကိုယ်ကို နှိမ့်ချကာ အပြစ်များကို ကြေပါစေတော့ဟူသော ရည်ရွယ်ချက်ဖြင့် ရှိခိုးတောင်းပန်ခြင်းဖြစ်ဟုပင် အမြင်ပြောင်းလဲခဲ့ပါတယ် … ။ သီတင်းကျွတ်မှာ […]