etoneOctober 20, 20111min31231
လူ့လောကတွင် မယောင်ရာ ဆီလူးနေသည့် လူများစွာရှိသည် ။ မဟုတ်သည်ကို အဟုတ်ထင်၍ ထင်ယောင်ထင်မှား ယောင်ဝါးဝါးဖြစ်သူများလည်းရှိသည် … ။ ကြမ်းပိုးကို လိပ်ဖြစ်အောင် ပြောတတ်သူ လူလည်တို့သည် … အယုံလွယ်သူတို့အပေါ်တွင် အဓိက အမြတ်ထုတ်တတ်ကြသည် ။ အယုံလွယ်သူများကလည်း … မိမိဥစ္စာလိမ်သွားခံရမှန်း မသိလောက်အောင် ရက်ရောကြသည် … ။ ထိုလူများဧ။် အဖြစ်သည် ရယ်စရာကောင်း ၊ သနားစရာကောင်းသလို … ဂရုဏာဒေါသလည်း ထွက်စရာကောင်းလွန်းလှသည် ။ %%%%%%%%%%%%%% ဒီပို့စ်လေးကို မဖတ်ခင် မေးခွန်းလေး နည်းနည်းတော့ ဖြေပေးကြပါဦးနော် ။ ၁။ ။ ဗေဒင်၊ အကြားမြင် ၊ယတြာဆိုတာမျိုးကို သင်တို့ လက်ခံယုံကြည်ခဲ့ကြသလား ။ ၂။ ။ ယတြာချေရုံဖြင့် သင်တို့ […]


etoneOctober 18, 20111min18719
ကျွန်မ .. ကျွန်မ ဘဝက သူများ အသုံးတော်ခံပါ  … သူတို့တွေ မြိန်ရေ ယှက်ရေ စားသောက်ဖို့အတွက် ကျွန်မကိုယ်ခန္ဓာကို မညှာမတာ အသုံး ပြုကြတယ် … အပူတွေနဲ့လည်း ကပ်ကြတယ် … ။ သူတို့စားနေချိန်မှာ ကျွန်မကတော့ .. အဝေးကနေ ငြိမ်ငြိမ်လေးရပ်ကြည့်ပြီး အနံ့ပဲ ရှူခွင့်ရတာပါ … ။ အလုပ်ဟာ အလုပ်ပဲ မို့လို့ အပူဒဏ်ကို ခါးစည်းခံရင်း သူတို့ ပြုသမျှ နုရတဲ့ ကျွန်မဘဝပါ ။  သူတို့တွေ တကယ်ပဲ  မိမိလိုအင်အတွက် ကျွန်မကို အသုံးပြုတယ် … ဒါကြောင့် ကျွန်မ ရုပ်ဆင်းသွင်ပြင်က မွဲတေပြီး အသွေးရောင်တောင် မပြောင်နိုင်တော့ပါဘူး … ။ အိမ်ရှင်မိန်းမကြီးကလည်း ကျွန်မကို […]


etoneOctober 17, 20111min40329
ကျွန်မတို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ အလှူရေစက် လက်နဲ့ မကွာဟူသောစကားအတိုင်း သဒါ္ဓတရား ထက်သန်ကြသည် ။ အပေးကမ်းရက်ရောကြသည် ။ တစ်ကျပ်တစ်ပြားမှ အစပြု၍ ထမင်းရေချောင်းစီး မောင်းတီးလှူသည်အထိ မိမိတို့ပိုင်ဆိုင်မှုနှင့်ခြင့်ချိန်ကာ လှူကြတန်းကြသည်ကို မြင်ရသောအခါ မြန်မာတို့ဧ။် စိတ်ဓါတ်သည် လွန်စွာ ချီးကျူးဖွယ်ကောင်းတော့သည် ။ ဘုရားတည် ၊ ကျောင်းဆောက် ၊ သိမ်ဆောက် ၊ ဘုန်းကြီးသိက္ခာထပ် ၊ ကထိန် အလှူပွဲများတွင်လည်း  တပ်အားသ၍ ပါဝင်ကုသိုလ်ပြုကြသည့် အလွန်အလှူတမ်း ဝါသနာထုံသော မြန်မာလူမျိုးများဖြစ်ကြသည် ။ ထိုသို ့ သဒါ္ဓတရားထက်သန်သော မြန်မာလူမျိုးများ အကြား သာသနာရေးအမည်ခံ လိမ်လည်လှည့်ဖျားမှုများ ရှိသည်မှာ များစွာ ဝမ်းနည်းဖွယ်ရာဖြစ်သည် ။ ကျွန်မတို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများဧ။် စေတနာ ထက်သန်မှုသည် […]


etoneOctober 15, 20111min28623
လူတွေ အသက်ရှင် နေထိုင်နိုင်ဖို့ အတွက် အသက်မွေးဝမ်းကြောင်းမှု တစ်ခုခုပြုပြီး စီးပွားရှာကြရပါတယ် ။ ကျွမ်းကျင်ရာ  ပိုင်နိုင်ရာပေါ် မူတည်ပြီး ရွေးချယ်ရာလမ်းကြောင်း ကွဲပြားစွာနဲ ့ နေရာစုံ ၊ ရာထူးစုံမှာ ရုန်းကန်လှုပ်ရှားနေကြရတယ် ။ အလွှာတန်းစားဆုံဖြစ်တာကြောင့် လူအမျိုးမျိုး စိတ်အထွေထွေစုံရောယှက်နေတော့တာပေါ့ … ။ လူချင်းအတူတူပေမယ့် … အလုပ်အပေါ်ထားတဲ့စိတ်ဓါတ်ချင်းတော့ ကွဲပြားသွားပါတယ် …. ။ တစ်ချို ့က အလုပ်ကို ပေါ့ပေါ့တန်တန်လုပ်မယ် ၊ တစ်ချို့က အလုပ်ကို သေသေချာချာ စိစစ်ပြီး လုပ်မယ် ၊ တချို့ကတော့ အချောင် ဘုံးငွေရလို့ လုပ်တယ် ၊ ခိုးလို့ရလို့ လုပ်တယ် ၊ စာရင်းလိမ်ပြရလို့ လုပ်တယ် စသဖြင့် မွေးဖွားရာ ဗီဇနဲ့ ပတ်ဝန်းကျင်အနေထား […]


etoneOctober 13, 20112min26725
                    လာဘ်ပေးလာဘ်ယူ စနစ် ၊ ငွေမြင်လျှင် ခင်တဲ့စနစ် … ၊ ရွှေမျိုးစနစ်တွေ ဘယ်တော့များမှ ပျောက်မှာလဲနော် … ။ နေရာတိုင်းမှာ ပေးနိုင်ကမ်းနိုင်မှ … လုပ်ရကိုင်ရ အဆင်ပြေမယ်ဆိုတာ … ကျွန်မတို့တွေ လက်မခံချင်ပဲ လက်ခံကျင့်သုံးနေရတဲ့ … အမူကျင့်တစ်ခုပါပဲ … ။ ငွေများ တရားနိုင်ဆိုတဲ့စကားက … ဘယ်နှစ်ရာစုနှစ်တိုင်အောင် ရှင်သန်ကြီးထွားနေဦးမလဲ …တွေးမိရင်း ရင်မောမိပါရဲ့ … ။ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနေဆဲ ကာလမှာ … တစ်ကိုယ်စားကြံတဲ့ .. ဒီလို အကျင့်ဆိုးတွေ ပပျောက်သင့်နေပါပြီ … ။ […]


etoneOctober 11, 20111min1055
ပြီးခဲ့တဲ့ တစ်ပတ်ကျော်ကတည်းက ဒီပိုစ့်လေး ရေးမယ်ရေးမယ် ကြံရွယ်ထားပါလျှက်  အချိန်မရတာကြောင့် မရေးဖြစ်ခဲ့ရဘူး … ဖုန်းထဲက ဖိုင်တွေ ဖျက်ရင်း အသံဖိုင်လေးတစ်ခု ပြန်တွေ့လာတာကြောင့်   … ပို့စ်လေးရေးဖြစ်သွားပြန်တယ် … ။   ပြီးခဲ့တဲ့ နှစ်ပတ်လောက်က နိုင်ငံခြားသွားမယ့် သူငယ်ချင်းတစ်ယောက်နဲ့ ဆုံဖို့ရှိတာကြောင့် စနေနေ့ နေ့လည်ပိုင်း လှည်းတန်းကို ချိန်းလိုက်မိပါတယ် … ။ နှစ်ယောက်စလုံးအားမယ့်အချိန်လေး သီးသန့်ချိန်းပေမယ့် … သွားဖို့လာဖို့ ပြင်ဆင်နေရတဲ့သူမအတွက် … အချိန်အရမ်းရှားခဲ့တယ်လေ … ခဏလေးဖြစ်ဖြစ် ဆုံကြမယ်ဆိုတဲ့ အတွေးနဲ့ ..သူမလည်း မရောက်ရောက်အောင် လာပါမယ်ပြောပြီး … အချိန်တစ်ခု သတ်မှတ်ခဲ့ကြတယ် … ။ စိတ်စောနေတတ်တဲ့  ကျွန်မ ချိန်းထားတဲ့နေရာကို ဆယ့်ငါးမိနစ်လောက်ကြိုရောက်သွားပါတယ် .. ချိန်းထားတာကလည်း …လူအများဆုံး […]


etoneOctober 11, 20111min31743
ရွာသူရွာသားတို့ … မိမိဖုန်းကို တခြားလူ မှားခေါ်တာ ကြုံခဲ့ဖူးကြမှာပါ … ဖုန်းခေါ်တဲ့ လူနံပါတ်အမှတ်လွဲတာကြောင့် လည်းကောင်း ၊ နံပါတ်မှား နှိပ်တာကြောင့်လည်းကောင်း … တစ်ခါတစ်လေ လိုင်းပူးတာကြောင့်လည်းကောင်း (သူတို့ပြောတာတော့ သူတို့ နှိပ်တဲ့နံပါတ်မှန်တယ်တဲ့ … ) အကြောင်းအမျိုးမျိုးကြောင့် မိမိဆီ ဖုန်းမှားဝင်လာတတ်ပါတယ် … ။ မမျှော်လင့်တဲ့နေရာမှာ မမျှော်လင့်သလို ဝင်လာတဲ့ ဖုန်းမျိုးဖြစ်တာကြောင့် … တစ်ခါတစ်လေ .. ဖုန်းကိုင်ရခက်ခဲတဲ့ အနေထားမျိုးလည်း ကြုံနိုင်ပါတယ် … ဥပမာ လက်ထဲ ပစ္စည်းတွေ မနိုင်မနင်းဖြစ်တဲ့ အချိန် ဖုန်းဝင်လာတာမျိုး … ၊ ဘတ်စ်ကား ကြပ်ကြပ်ပေါ် နေရာမရတဲ့ အချိန် ဖုန်းဝင်လာတာမျိုးပါ … အဲ့ဒီအချိန် ဖုန်းသံကြားလို့ … မနိင် […]


etoneOctober 7, 20111min30032
ငယ်ငယ်ကတည်းက ကြားသာ ကြားဖူးပြီး …တွေ့ကြုံ … မြင်ဖူးခဲ့ခြင်းမရှိတဲ့… ယုတိ္တမရှိသော ဖြစ်ရပ်တစ်ခု တစ်သက်နှင့်တစ်ကိုယ် ကြုံခွင့်ရလိုက်တာ ကံကောင်းတယ်လို့ ခေါ်မလား ၊ ကံဆိုးတယ်လို့ပဲ သတ်မှတ်ရမလား မဝေခွဲတတ်အောင်ပါပဲ … ။ မမြင်ဖူးတာ ၊ မကြုံဖူးတာ တွေ့ခွင့်ရတာကြောင့် …အမှတ်တရ အဖြစ်ရှိနေခဲ့တာပါ … ။ ကျွန်မငယ်ငယ်က မှင်စာ ခြောက်သံလေး ကြားဖူးခဲ့တဲ့ အကြောင်း ရေးခဲ့ဖူးပါတယ် … ။ https://myanmargazette.net/29674/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories ပထမဆုံး အတွေ့ကြုံအဖြစ် နားနဲ့ ဆက်ဆက်ကြားခဲ့ရသော်လည်း … မျက်မြင်ကိုယ်တွေ့ မြင်ဖူးခဲ့ခြင်းမရှိပါ … ။ ယခုအကြိမ်တွင်တော့ … နှဖူးတွေ့ ဒူးတွေ့ ကြုံခဲ့ရပါပြီ … ။ ကြုံတွေ့ချိန်မှာ ကြောက်လန့်ရမယ့်အစား … ပျော်စရာ […]


etoneOctober 5, 20111min34024
ဒီနေ့မနက် … အီးမေးလ်ထဲ ဝင်လာတဲ့ စာလေးတစ်ဆောင်ဖတ်ပြီး … စိတ်မကောင်းဖြစ်မိတယ် … အိမ်ရှင် အမျိုးသမီးက အိမ်ဖော်ကလေးငယ်တစ်ဦးကို အလုပ်လုပ်တာ …စိတ်တိုင်းမကျသဖြင့် နှိပ်စက်ညှင်းပမ်းတာပါ .. ။ %%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%   အိမ်ရှင်အမျိုးသမီးက အသက် ၁ဝ နှစ်အရွယ် အိမ်ကူကလေးငယ်ကို ရိုက်နှက်ပြီး ရေနွေးပူဖြင့် လောင်းချ . . . စမ်းချောင်းမြို့နယ် စမ်းချောင်းတောင်ရပ်ကွက် ဦးဖီးလမ်း တိုက်မ ၈ဂ(၃) လွှာ၌ နေထိုင်သူအိမ်ရှင်အမျိုးသမီးက အသက် (၁၀) နှစ်အရွယ်အိမ်ကူကလေးငယ်ကို ရိုက်နှက်ပြီး ရေနွေးပူဖြင့်လောင်းချသည့် ဖြစ်စဉ် စက်တင်ဘာလ ၃ဝ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်မှာ အိမ်ရှင်ဖြစ်သူ အသက် ၂၈ နှစ်အရွယ်ရှိ အမှိုးသမီးက အသက်(၁၀) နှစ်အရွယ်ခန့်ရှိ မစန်းစန်းမိုးဆိုသူ […]


etoneSeptember 30, 20111min37716
ဒီနေ့မနက် ကျွန်မရုံးလာတော့ .. ထုံးစံအတိုင်း ဖယ်ရီမမှီတာမို့ … လူသိပ်မကြပ်ပဲ တိုက်ရိုက်ရောက်တဲ့ ကားကို စောင့်စီးမိပါတယ် … ။ အပေါက်ဝနဲ့ နီးတဲ့ နေရာ တစ်နေရာမှာ ထိုင်မိတော့ … ရှေ့က အမျိုးသမီးကြီးနှစ်ယောက် စကားတွတ်ထိုးနေတဲ့ဆီ အာရုံရောက်သွားပါတယ် … သူမတို့ စကားပြောနေတာ မတိုးလွန်းပေမဲ့ .. ကောင်းကောင်းမကြားရတာကြောင့် .. စပ်စုချင်စိတ်နဲ့ … ပွက်လောရိုက်နေတဲ့ ကားမောင်းသံ ၊ ဟွန်းသံတွေကြား … အားစိုက်နားထောင်ကြည့်တော့ … အတင်းပြောနေကြတာပါ … ။ မိန်းမတွေ အားအားရှိ သူများအကြောင်း ပြောတယ်လို့ ဝေဖန်ခံရတာ .. ဒီလို အတင်းပြောပုံ ၊ ဒီလို စပ်စုတတ်ပုံတွေကြောင့်ဖြစ်မယ်ဆိုပြီး ပေါ့ပေါ့တန်တန် သဘောထား အာရုံ […]


etoneSeptember 30, 20115min24634
မနက်မိုးလင်းလင်းချင်း မေးလ်စစ်ကြည့်တော့ …. ထူးခြားတဲ့ ခေါင်းစဉ်နဲ့ စာ တစ်စောင်ဝင်နေတာနဲ့ … မကြည့်ရဲ ကြည့်ရဲနဲ့ ဖွင့်ကြည့်လိုက်ပါတယ် ….. ။ မြင်နေကျ မြင်ကွင်းမျိုး မဟုတ်ပဲ … ထူးခြားတဲ့ မြင်ကွင်းမို့ … ရွာသူရွာသားတွေလည်း ကြည့်နိုင်အောင် ပြန်တင်ပေးလိုက်ပါတယ် … ။ စာပို့သူကို ဆက်သွယ်မေးမြန်းပြီး … အော်ရီဂျင်နယ် ဆိုက်ကိုမေးတော့ … သူလည်း မသိဘူးတဲ့လေ … သူများပို့လို့ ပြန်ရှဲတာပါပေါ့ …. ။ ကျွန်မတို့ နိုင်ငံက လယ်တောတွေမှာ မြွေဒီလောက်ပေါတာ… ဘာလို့ တောင်သူဦးကြီးတွေ သူတို့လို massage ဖွင့်ဖို့ စိတ်ကူးမရကြလဲ မသိဘူးနော် …  😛 နွမ်းနယ်မှုကို ပြေဖျောက်စေတယ်ဆိုပဲ … ။ […]


etoneSeptember 23, 20111min32821
  ဘယ်ဘဝက အတိတ်ကံမှန်းမသိတဲ့ … အလွဲတွေနဲ့ ခဏခဏ ကြုံခဲ့ရဖူးတယ် …တိုက်ဆိုင်တယ်လို့ ပြောရတာထက်တောင် ပိုတဲ့စကားရှိလျှင် သုံးနှုန်းလိုက်ချင်ပါရဲ့ ….။ တကယ်ပါ ကျွန်မလေ အစိုးရဌာနဆိုင်ရာ အလုပ်တွေနဲ့ တော်ရုံတန်ရုံမပတ်သတ်ချင်ပါဘူး … ကျွန်မတို့ ရုံးတွေမှာ ဆံပင်မွှေးတွေ ထောင်လောက်အောင် အလုပ်လုပ်ကြရပေမဲ့ … တစ်ခါတစ်လေ … ရုံးတွေမှာများ .. ရုံးလာချိန်က မနက်ကိုးနာရီဆိုလျှင် … ဆယ်နာရီလောက်တောင် ခြင်းလေးဆွဲပြီး လာတုန်းပဲ .. ဗိုက်ကြီးသည်တွေဆိုလျှင် ဆယ့်တစ်နာရီထိုးခါနီး … ခြင်းထဲ မုန့်တွေ အပြည့်ထည့်လို့ ဗိုက်ကြီး တကားကားနဲ့ … မပြီးသွားတုန်း … ။ ကဲ .. သူတို့ဘဝ ဘယ်လောက်တောင် ဇိမ်ကျလိုက်သလဲ … ပြီးတော့ .. […]


etoneSeptember 22, 20111min29518
ရွာထဲမှာကျွန်မအစ်ကို ဆော့တဲ့အကြောင်း တင်တော့ ….. etone တစ်ယောက်ဘယ်လိုများ ပေါက်ကျော်လုပ်ခဲ့သလဲ သိချင်တဲ့ လူတွေရှိနေလို့ …. ဒီတစ်ခါ အဆော့မက်တဲ့ etone အကြောင်းလေး နည်းနည်းဖွပါမယ် …. ကျွန်မပြောတဲ့ ကျွန်မ အကြောင်းပေါ့ … ။ ငယ်ငယ်က အရမ်းဆော့လွန်းလို့ … ဖိုးဖိုးက နောက်ပြီးနာမည် ပေးခဲ့ဖူးတယ် မိငိုတဲ့လေ … မိငိုဆိုလို ့…. ကျွန်မက ငိုတာ မဟုတ်ပါဘူး … ကျွန်မကို ထိန်းတဲ့ လူတွေ ငိုချင်လောက်အောင် စိတ်ညစ်ရတာမျိုးပါ … သူများကို ငိုချင်အောင် စိတ်ညစ်အောင်လုပ်လို့ မိငိုဆိုပြီး နောက်ခေါ်ခဲ့တာ … ။ ကလေးသဘာဝတုန်းကတော့ ဘာအပူပင်မှ မရှိပါဘူး … အဖေနဲ့အမေက ဘာပြသနာဖြစ်ဖြစ် မားမားမတ်မတ်ရပ်တည်မယ်လို့ […]