ထာ၀ရJuly 13, 20121min31323
” သုတိမပရိဗိုဇ် “ လွန်ခဲ့သော နှစ် ၂၅၀၀-ကျော်ခန့်က ဗုဒ္ဓမြတ်စွာသာသာနာ ပေါ်ထွန်းလာခဲ့သောအခါမှာ အရင်ရှိနှင့်ပြီးသား တိတိ္တ္ထိ၊ ပရိဗိုဇ်တွေရဲ့သာသာနာဟာ တဖြည်းဖြည်းနဲ့ ညှိုးမှိန်လာခဲ့ပါသည်။ ထိုအခါ တိတိ္တ္ထိ၊ ပရိဗိုဇ်တို့မှ ၎င်းတို့သာသနာဆက်လက်ရပ်တည်နိုင်ရေးအတွက် ဗုဒ္ဓမြတ်စွာသာသနာကို နှိမ်းနှင်းနိုင်ဖို့ပြုလုပ်ကြပါသည်။ ထိုတိတိ္တ္ထိ၊ ပရိဗိုဇ်ဂိုဏ်း ဆရာတို့မှ သုတိမ ဟူသော ပရိဗိုဇ်တစ်ဦးကို ဗုဒ္ဓမြတ်စွာဘုရား၏ တရားများမှ အားနည်းချက်များကို ရှာဖွေ၊ ဖော်ထုတ်လေ့လာဖို့အတွက် တာဝန်ပေး စေခိုင်ခဲ့ကြပါသည်။ သုတိမပုရိဗိုဇ်သည် ဗုဒ္ဓဟောကြားသည့် တရားများမှ အားနည်းချက်များကို ရှာဖွေရင်းနှင့် ဗုဒ္ဓဟောကြားတော်မူသော အရိယသစ္စာကို ထိုးထွင်းသိမြင်သွားပြီး အရိယာ (ရိုးသားသူ) အဖြစ်သို့ ရောက်ရှိသွားခဲ့ပေသည်။ ထိုအခါ သုတိမသည် တိတိ္တ္ထိ၊ ပရိဗိုဇ်ဂိုဏ်း ဆရာတို့၏ ဗုဒ္ဓအပေါ် မရိုးသားသည့် မလိုမုန်းထား ဣဿမဇ္ဈိယတရားများကို သိမြင်လာပြီး တိတိ္တ္ထိ၊ […]


ထာ၀ရJanuary 7, 20121min20712
ကျွန်ုပ်သည် မိရိုးဖလာ ရိုးရာဗုဒ္ဓဘာသာဝင်အဖြစ်မှ တကယ့်ဗုဒ္ဓဘာသာဝင်အဖြစ်သို့ ရောက်အောင် ကြိုးစားနေသူဖြစ်ပါသည်။ ဗုဒ္ဓတရားတော်များကို လယ်တီဒီပနီ တရားစာအုပ်များ၊ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသကျမ်းစာများ၊ မိုးကုတ်ဆရာတော်ဘုရားကြီးစာအုပ်များနှင့် ဆရာကြီးဦးရွှေအောင်စာအုပ်များကို အဓိကထား၍ လက်လှမ်းမှီရာ ကျန်ဘာသာရေးစာပေများမှတဆင့် သိရှိနိုင်အောင် လေ့လာနေခဲ့သူဖြစ်ပါသည်။ ထိုကဲ့သို့ ဘာသာရေးစာပေများကို လေ့လာနေခဲ့ရာမှ “တရားရှာ ကိုယ်မှာ တွေ့”ဆိုတဲ့ ဆိုရိုးစကားအတိုင်း ကိုယ်တွေ့ဉာဏ်မြင်ဖြစ်စေရန် အတွက် ယနေ့ ခေတ်စားနေသော ရိပ်သာများသို့ ဝင်ရောက်၍ ဝိပဿနာတရားများအားထုတ်ခဲ့ ပါသည်။ ထိုကဲ့သို့ ရိပ်သာအသီးသီးသို့ ဝင်ရောက်အားထုတ်ခဲ့ရာမှ နောက်ဆုံးတွင် မိုးကုတ်ဝိပဿနာ အားထုတ်နည်းစနစ်မှာ မိမိနှင့် အသင့်တော်ဆုံးဖြစ်သည်ဟု ရွေးချယ်ခဲ့ပါသည်။ ကျွန်ုပ်သည် လူပျို၊ လူလွတ်ဖြစ်သည့်အားလျော်စွာ လက်ရှိလုပ်ကိုင်နေ သော လုပ်ငန်းများအား ရပ်နားကာ မိုးကုတ်ဝိပဿနာတရားကို အသေးစိပ်လေ့လာ သိရှိနိုင်စေရန် မိုးကုတ်ရိပ်သာများသို့ လှည့်လည်ဝင်ရောက် အားထုတ်နေခဲ့ပါသည်။ […]