evolutionFebruary 18, 20134min1279
ဒို့နိုင်ငံမှာ မြှုပ်ထားခဲ့တယ်ဆိုတဲ့ ဒုတိယကမာ္ဘစစ်အတွင်းက Spitfire တိုက်လေယဉ်တွေကို ပြန်လည်ဖော်ထုတ်နိုင်ဖို့အတွက် သူတို့နိုင်ငံသား David Cundall ကမြန်မာနိုင်ငံကို လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်ကတဲက အကြိမ်ရေပေါင်းများစွာ လာပြီးစူးစမ်းခဲ့တာဆိုပဲ (ဒို့တွေအိပ်ပျော်နေခဲ့တာလား?) လင့်ကဒီမှာဗျ Buried Treasure: World War II Spitfires to Be Unearthed in Burma It’s like something out of an Indiana Jones film, if you take away the religious overtones and ophidiophobic adventurer. After 15 years, a British farmer’s quest to […]


evolutionFebruary 18, 20133min590
ဒို့နိုင်ငံမှာဖွက်ထားခဲ့တဲ့ Spitfire တိုက်လေယဉ်တွေရဲ့ ထူးခြားချက်နဲ့ England က ၁၅ နှစ်ကြာအောင်ရှာဖွေခဲ့တဲ့ အသဲအသန်ပြန်လိုချင်နေတဲ့အကြောင်းလေးဗျ လင့်ကဒီမှာ http://www.foxnews.com/tech/2012/04/19/buried-treasure-in-burma-squadron-lost-wwii-spitfires-to-be-exhumed/ Like a treasure chest stuffed with priceless booty, as many as 20 World War II-era Spitfire planes are perfectly preserved, buried in crates beneath Burma — and after 67 years underground, they’re set to be uncovered. The planes were shipped in standard fashion in […]


evolutionJune 21, 20121min20114
ကဲလူစုံအတက်ပညာစုံတဲ့ ရွာသူရွာသားများခင်ဗျား Electrical ပိုင်းနဲ့ပက်သက်ပြီး အကူအညီတောင်းချင်လို့ပါ။ အပြင်မှာလိုက်ဝယ်ရင် ရနိုင်ပေမယ့် ကိုယ်တိုင်လုပ် DIY လေးအဖြစ်ရော ဖတ်မိတဲ့သူတွေအတွက် နည်းပညာဗဟုသုတလဲရအောင်လို့ပါ။ ဒီလိုပါ…. ကျတော့်ငါးကန်မှာ လိုက်တင်အလှဆင်ဘို့အတွက် LED ရောင်စုံမီးသီးလေးတွေကို Seriesတွဲချင်လို့ပါ။ Aquarium Lighting Lamp တွေကိုဆိုင်တွေမှာ တင်ရောင်းတာရှိပါတယ်။ ဒါပေမယ့် ကိုယ့်ကန်နဲ့ မကိုက်တာရယ်၊ အရောင်ရွေးစရာများများမရှိတာရယ်၊ ဈေးကြီးတာရယ်၊ အထူးသဖြင့် စိတ်ဝင်စားသူအားလုံး သူများနိုင်ငံကလုပ်ရောင်းတာကိုမဝယ်ပဲနဲ့ကိုယ်တိုင် လုပ်သုံးတက်အောင်လို့ပါ။ လုပ်ချုင်တာက….. a- LED (ပုံမှန်) အလုံး ၂ဝ လောက်ကို Series တွဲချင်ပါတယ် b- AC Power သုံးချင်ပါတယ် (မှတ်ချက်။ ပုံမှန် ဓါတ်မီးသုံး ဆိုင်ကယ်သုံး LED တွေက DC လို့သိထားပါတယ်) သိချင်တာက…… အစအဆုံး.:D..အထူးသဖြင့် […]


evolutionMarch 28, 20122min1056
MGမှာ DIY အကြောင်းကိုဖွပြီးတဲ့နောက်ပိုင်း အချိန်တိုအတွင်းပိုစ်တစ်ခုလောက်တော့ စပေးသင့်တယ်ထင်လို့ လက်ရှိပြန်ပြင်ပြီးအသုံးပြုနေတဲ့ Laptop Cooling Fan လေးကိုပြန်တင်ပြလိုက်ပါတယ်။ ကျတော်တို့အသုံးများနေတဲ့ ခေါက်ပြီးသုံးလို့ရတဲ့ Cooling Fan လေးတွေဟာ ခေါက်လိုက်ဖြန့်လိုက်လုပ်တာများလာတဲ့အခါမှာ ကြိုးညပ်ပြီးပြတ်သွားတက်ပါတယ်။ ဒီအတိုင်းပြန်ဆပ်ဖို့ကြိုးစားတဲ့အခါမှာလည်း ကြိုးလေးတွေကသေးသလို များတဲ့အတွက်လည်း ကြိုးချင်းမပူးအောင်လုပ်ရတာ အင်မတန်လက်ဝင်သလို သေသပ်မှုလည်းမရှိပါဘူး။ အဲဒိတော့ သေသေသပ်သပ်နဲ့ စနစ်တစ်ကျဖြစ်အောင်ဆားကစ်လေးတစ်ခုလုပ်ထည့်ပေးဖို့လိုပါတယ်။ ခဲဆော်ဖို့လည်းမလိုတဲ့ လွယ်ကူတဲ့ပြင်ဆင်မှုလေးကိုတင်ပြပါ့မယ်။ လုပ်နည်းအဆင့်ဆင့်ကိုတော့ Photoshop လေးနဲ့ပြန်ဆွဲပြီးတင်ပြထားပါတယ်။ လုပ်နည်းကလွယ်သလို ငွေကုန်ကြေးကျလည်းအင်မတန်နည်းပါတယ်။ လိုအပ်တဲ့ပစ္စည်းတွေကတော့ ၁။ တစ်လက်မပတ်လည်လောက်၊ ဆန်စိတစ်လုံးလောက်အထူရှိတဲ့ ကော်ပြားလေး ( ဗူးခွံ၊ အဖုံးတွေကရတက်ပါတယ်) ၂။ ဖြတ်ဖို့တောက်ဖို့၊ မြောင်းဖေါ်ဖို့အတွက် သံဖြတ်လွှအပြာတစ်ချောင်း ( ၁၅ဝ ကျပ်လောက်ပေးဝယ်ရင်ရပါတယ်) ၃။ Super Glue တစ်ဗူး ( ၅ဝ ကျပ်လောက်ပေးဝယ်ရင်ရပါတယ်) […]


evolutionMarch 22, 20121min40617
ဒီရက်တွေထဲဗျာ လူကလဲဘာဖြစ်နေမှန်းကိုမသိပါဘူး အလိုလိုနေရင်းဝံသာနုစိတ်ဓါတ်တွေထကြွနေသလိုပဲ။ အင်တာနက်သုံးရင်း MGကိုမွှေရင်းနဲ့ဆက်စပ်စဉ်းစားပြီး သတိထားမိတာတစ်ခုရှိလာလို့ ဖောက်သည်ချပြချင်လာပြန်တယ်။ ဒီလိုဗျ MG ကိုစရင်းနှီးခဲ့မိတာက ၂၀၀၈ လောက်တုန်းကတဲက။ အစကတော့လိုက်ဖတ်ရုံပေါ့ နောက်တော့လဲ ပြောချင်တာလေးတွေပေါ်လာတော့ အသင်းဝင်ပြီး ဝင်ပြောနဲ့ပေါ့။ ဒီလိုနဲ့ပဲသတိထားလာမိတာက MGမှာက သုတ၊ရသအစုံတွေ့ရသလို အဖွဲ့ဝင်တွေရဲ့ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအပေါ်ထားတဲ့စေတနာတွေ၊ အားမလိုအားမရဖြစ်တာတွေကို သတိထားမိလာတယ်။ ကျတော်တို့လူငယ်တွေ (လူငယ်ထင်တာပဲ) မှာဒီလိုစိတ်ဓါတ်မျိုးကိန်းအောင်နေတယ်ဆိုတာက အထူးတစ်ထွေတော့မဟုတ်ပါဘူး။ ဒီရက်ထဲမှာပဲ ကျတော်ကလဲတရုတ်ကတင်သွင်းတဲ့ပစ္စည်းတွေနဲ့ပက်သက်လို့ဆွေးနွေးမိသလို၊ ပြည်တွင်းဖြစ်တွေ၊ ထုတ်ကုန်တွေအကြောင်းဆွေးနွေးထားတဲ့ ပရုတ်လုံးလေးတွေကိုကယ်ကြရအောင်ဆိုတဲ့ပိုစ်လေးနဲ့ နောက်ဆက်တွဲဆွေးနွေးမှုတွေကိုလိုက်ဖတ်ဖြစ်တော့ ဆက်စပ်တွေးမိတာလေးတစ်ခုပေါ်လာတယ်။ အဲဒါကတော့ DIY ပဲ။ Do It Yourself လို့ဆိုတယ်။ ကိုယ့်အိမ် (သို့) ကို်ယ့်လိုအပ်တဲ့ပစ္စည်းတစ်ခုအတွက် ဆိုင်မှာအဆင်သင့်တင်ရောင်းနေတဲ့ပစ္စည်းကိုသွားဝယ်မသုံးပဲနဲ့ ကိုယ့်မှာရှိတဲ့ လက်လှန်းမှီပစ္စည်းတွေကို ပေါင်းစပ်ပြီးတော့ကိုယ်တိုင်ပြုလုပ်တာပါပဲ။ အဲဒိမှာသတိထားမိတာက အဲလို DIY အကြောင်းရေးထားတဲ့ဆိုဒ်တွေအင်တာနက်မှာ လိုက်ရှာဖတ်လို့ရပါတယ်။ ဥပမာ။ […]


evolutionMarch 21, 20121min22718
ပြောစရာတွေတော့ပေါ်လာပြန်ပြီဗျာ ခုလေးတင်သတင်းတစ်ပုဒ်ဖတ်လိုက်ရတယ် http://www.yoyarlay.com/biz/biz/market/24456-2012-03-20-10-28-22 တရုတ်ကလာတဲ့ မြေပဲအနံ့ပါ တံဆိပ်မရှိစားဆီတွေပြည်တွင်းဈေးကွက်မှာပြန့်နေတယ်ဆိုပဲ။ ခဲလဲမခဲဘူး တစ်ပိသာကို ၃၃၀ဝ လောက်နဲ့ ဈေးကလဲသက်သာတယ်ဆိုတော့ စားသုံးသူတွေအတွက်တော့မက်လောက်စရာပေါ့။ တစ်ဘက်ကပြန်စဉ်းစားကြည့်ပြန်ရင်လဲ စားဆီက မြေပဲနံ့ထွက်နေတယ်၊ သဘာဝအတိုင်း ခဲသင့်တဲ့အချိန်မခဲဘူးဆိုတော့ ဓာတုပစ္စည်းတွေဘယ်လောက်ပါနေပြီလဲပေါ့။ ကိုယ်တွေအနေနဲ့တော့ ဓာတုပစ္စည်းတွေအကြောင်းစဉ်းစားမိရင်တောင် တိုင်းတာနိုင်ခြင်းမှမရှိပဲ။ ဒီတော့လဲ တာဝန်ရှိတဲ့၊ အမျိုးသားရေးအရ တာဝန်ယူဆောင်ရွက်ပေးနေတဲ့ အစားအစာနှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနအနေနဲ့ စစ်ဆေးပြီးလို့ (ခွင့်ပြုလို့) ဈေးကွက်မှာရောင်းချနေကြ၊ သုံးစွဲနေကြရတာပဲဖြစ်ပါစေလိုသာ ဆုတောင်းရတော့မှာပဲ။ ဘယ်လိုပဲဖြစ်ပစေ ဝင်ငွေနည်းပါးတဲ့ပြည်သူလူထုကတော့ အနည်းနဲ့အများသုံးစွဲမိကြတော့မှာ။ ဒီတော့…. ကိုယ့်နိုင်ငံကိုတင်သွင်းလာတဲ့ အစားအသောက်နဲ့ဆေးဝါးတွေကို သက်ဆိုင်ရာဌာနဲ့တာဝန်ရှိသူတွေက သေသေချာချာစစ်ဆေးပြီးမှခွင့်ပြုသင့်တယ်ထင်တာပဲ။ ဒါဟာတစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ကိစ္စတစ်ရပ်ပဲ။ အားလုံးထိခိုက်ကုန်မှသိရရင် တာဝန်ရှိသူတွေအနေနဲ့ ကြိုတင်ဆောင်ရွက်ရမယ့်ကိစ္စတွေမှာပျက်ကွက်ရာရောက်သလို ကို်ယ့်အမျိုးသားရေးကိစ္စကိုလဲ လစ်လူရှုရာရောက်သလိုဖြစ်နေလိမ့်မယ်။ အထူးသဖြင့် အခြားနိုင်ငံကြီးတွေကတောင် မယုံကြည်တဲ့ တရုပ်လိုနိုင်ငံက တင်သွင်းလာတဲ့ အစားနဲ့ဆေးဝါးတွေကို အထူးကြီးကြပ်စစ်ဆေးပြီးမှ ခွင့်ပြုသင့်တယ်။ တရားမဝင် […]


evolutionJanuary 11, 20121min1046
၂၀၁၁ ခုနှစ် မှ ၂၀၁၂ သို့ကူးပြောင်းခါနီးနာရီပိုင်းပဲအလို ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ကြားလိုက်ရတဲ့သတင်းက လူသက်မှုတဲ့၊ မော်လမြိုင်ကျွန်းမြို့ပေါ်မှာ။ သတင်းကြားလိုက်ရတော့ တစ်မြို့လုံးအုတ်အော်သောင်းနင်း၊ ဖြစ်ပွားသွားတာက မြို့လယ်ကောင်မှာ။ ထုတည်ကြီးမားတဲ့ ချစ်တီးလက်ထက်ကတည်းကတိုက်ကြီးထဲမှာနေတဲ့ အိမ်ရှင်အမျိုးသမီးကြီးနဲ့ အိမ်ဖော်မလေးကို သက်သွားတာတဲ့။ တစ်ခါမှ ဒီလောက်ကြီးမားတဲ့ အဖြစ်ကြီး မြို့လယ်ကောင်မှာမဖြစ်ပွားခဲ့ဘူးတော့ တစ်မြို့လုံး လှုပ်လှုပ်ရွရွပေါ့။ ကြောက်တဲ့လူကြောက် လန့်တဲ့သူကလန့် စပ်စုချင်တဲ့သူတွေကလဲစပ်စု အာဏာပိုင်တွေကလဲသူတို့လုပ်စရာရှိတာသူတို့လုပ်ကြတာပေ့ါ။ အဲဒိရက်ပိုင်း စာစောင်တွေမှာတောင် အဲဒိသတင်းပါလာသေးတာပဲ။ အခုချိန်မှာတော့ လူသက်သမားကိုမိပြီဆိုပဲ၊ အနှစ် ၂ဝ လောက်အတူနေခဲ့တဲ့ လူယုံကခေါင်းကိုတူနဲ့ထုသက်တာလို့ပြောကြတာပဲ။ တာဝန်ရှိသူတွေကလဲ နောက်ဆက်တွဲဆက်လက်စစ်ဆေးနေကြတယ်လို့ကြားတယ်။ ဒါကသတင်းတစ်ပုဒ်ပါ။ အဲဒိမှာ သွားသတိထားမိတာက ဆိုဒ်တစ်ခုမှာ ဖက်မိတဲ့ မနှစ်က ၂၀၁ဝ မှ ၂၀၁၁ သို့ကူးတဲ့ နှစ်သစ်ကူးရက်ပိုင်းမှာ မော်လမြိုင်ကျွန်းမြို့မှာပဲဖြစ်ပွားသွားတဲ့ကိစ္စ။ အောက်ကလင့်မှာရေးထားတာ http://www.shwekyunthar.com/xn/detail/4573644:Topic:49917?xg_source=activity […]


evolutionAugust 18, 20111min15614
ဆိုဒ်ထဲကအဖွဲ့ဝင်များတော်တော်များများက ရန်ကုန်မှာဆေးစစ်၊ ဆေးပြတာတွေနဲ့ပက်သက်လို့ ရေးထားတဲ့ပို့လေးတွေကိုဖတ်မိတာကြာပါပြီ။ အခုလဲကျတော့မျိုးသမီးကို အမျိုးသမီးရောဂါနဲ့ပက်သက်လို့ ဆေးစစ်ချင်လို့ (လိုအပ်ရင်ဆေးပါတစ်ခါတည်းပြရမှာပေါ့) ရန်ကုန်မှာဆေးစစ်၊ ဆေးပြလို့ကောင်းတဲ့နေရာလေးတွေ ယုံကြည်လို့ရတဲ့နေရာလေးတွေသိရင် လမ်းညွှန်ကြပါဦး။ ကျတော်က နယ်ကဆိုတော့မကျွမ်းကျင်လို့ပါ။ နယ်ကလူတော်တော်များများသွားဖြစ်တာကတော့ ၁၅ လမ်းနဲ့ကမ်းနားလမ်းတစ်ဝိုက်ရှိဆေးခန်းတွေ၊ ပြီးတော့ ရွှေဘုံသာလမ်း၊ မဟာမြိုင်၊ SSC လိုနာမည်ကြီးဆေးခန်းတွေပေါ့။ အဲဒိဆေးခန်းတွေအကြောင်းကလဲ သိကြတဲ့အတိုင်းပဲ ကြားနေမြင်နေရတာဆိုတော့ အခုကိုယ့်အလှည့်မှာ နားလည်တက်ကျွမ်းတဲ့သူတွေရဲ့ အကြံဉာဏ်ကိုလိုချင်လို့ပါ။ ကူညီကြပါဦး


evolutionJune 28, 20111min13418
ဲပြီးခဲ့တဲ့မိုးကျစက အောင်လံမြို့ကိုအကြောင်းတစ်ခုနဲ့ရောက်ခဲ့တယ်။ အဲဒိမှာဒေသခံတွေနဲ့ လျှောက်လည်တော့ ကုန်းပေါ်မှာ ကတ္တီပါကောင်လေးတွေဆိုတဲ့ နီနီရဲရဲ အမွှေးနုနုလေးတွေနဲ့ အကောင်လေးတွေကိုတွေ့ခဲ့ရတယ်။ သူတို့ကိုကိုင်လိုက်ရင်လည်း ခြေလက်လေးတွေ ကုတ်ပြီးငြိမ်ငြိမ်လေးလိုက်လာတာပဲ၊ သူတို့အမွှေးလေးတွေကလဲ နုညံ့တယ် ချစ်စရာလေး။ ကျောက်မြေကုန်းတွေမှာ နေပြီး မိုးတွင်းမှထွက်လာတက်တယ်လို့ပြောကြတယ်။ ကျတော်တို့ မြစ်ဝကျွန်းပေါ်ဘက်မှာ တစ်ခါမှမတွေ့ဘူးလို့ (မရှိဘူးလို့တောင်ထင်တယ်) ချစ်စရာအကောင်လေးတွေမို့လို့ အမှတ်တရ ဓါတ်ပုံရိုက်ခဲ့တာပါ။


evolutionJune 21, 20111min1023
ဟိုတစ်နေ့က မနွယ်ပင်ရဲ့ “တစ်စုံတစ်ရာကိုတိုက်စားသွားမယ့် အချိန်” ဆိုတဲ့ပို့စ် နဲ့ အောက်ကဆက်ရေးတဲ့ကွန်မန့်လေးတွေကိုဖတ်ကြည်ပြီး ဒီအတွေးလေးတစ်ခုတွေးလိုက်မိလို့ ပြန်ရှဲတာပါ။ ကွန်မန့်အနေနဲ့တင်ရင် အရမ်းရှည်နေမှာဆိုးလို့ အခုလိုပို့စ် အသစ်တစ်ခုဖွင့်လိုက်တာပါ။ တစ်ခုပြောပြချင်တာက မနွယ်ပင်ကိုကော အဲဒိမှာ ကွန်မန့်ရေးတဲ့သူတွေကိုကော ဝေဖန်ခြင်းမဟုတ်ပါဘူး။ ထပ်တွေးမိလို့ပေါ်လာတဲ့ အတွေးလေးတွေကို ပြန်ဝေမျှခြင်းမျှသာပါပဲ။ ကျတော်ပေးထားတဲ့ခေါင်းစဉ်လိုပါပဲ အချိန်ကကုစားပေးခြင်းနဲ့ အချိန်ကတိုက်စားသွားခြင်းဟာ မတူပါဘူး။ ကျတော်စဉ်းစားမိသလောက် အချိန်ကကုစားပေးခြင်းဆိုတာဟာ အချိန်က ရည်ရွယ်ချက်ရှိရှိနဲ့ ရောဂါတစ်ခုခု (သို့) ခံစားချက်ကို ပျောက်ကင်းအောင်လုပ်ပေးလိုက်တာပါ။ လူအကုသခံလိုက်ရတာပါ။ ဆိုရရင် အချိန်ကသမားတော်၊ ပါဝင်တဲ့သူက လူနာပေါ့ 🙂 နောက်တစ်ခုက အချိန်ကတိုက်စားသွားတယ်ဆိုတဲ့ကိစ္စပါ။ ဒါကတော့ ဖြစ်စဉ်တစ်ခုကိုရည်ညွှန်းခြင်းလို့ သဘောသက်ရောက်လိမ့်မယ်ထင်ပါတယ်။ အချိန်ကာလတစ်ခုအကြာမှာ တစ်စုံတစ်ခုဟာ မှေးမှိန်ပျောက်ကွယ်သွားခြင်းကိုဆိုလိုတာပါ။ ကျတော်ကိုယ်တိုင်လည်း အဲဒိပို့စ် နဲ့ ကွန်မန့်တွေကိုမဖတ်ကြည့်မိခင်အထိ အဲဒါကိုမကွဲပြားခဲ့ပါဘူး။ အများပြော ပြောသလိုပဲ အချိန်ကကုစားပေးပါလိမ့်မယ်ဆိုတဲ့ […]