eyesOctober 20, 20111min17815
သံတွဲမြို့ မှာ စိတ်ဝင်စားဖွယ်ကောင်းတဲ့အကြောင်းလေးတစ်ခုပေါ့ ၊ အာဏာပိုင်တွေကမသိချင်ယောင်ဆောင်တဲ့အကြောင်းကလေးပါ၊ ဆင်းရဲသားပပျောက်အောင်ဆိုပြီး စီမံချက်ကြီးတွေချလို့ ဟု်အကြောင်းဒီအကြောင်း လူကြားကောင်းအောင်ပြောပြီး အခုချိန်ထိလဲဘာမှမဟုတ်သေးပါဘူး။ ၂လုံး၃လုံးပျောက်အောင်လုပ်တယ်လို့ပြောပြန်ရော အမှတ်(၃)ရပ်ကွက်မှာ ချဲထီရောင်းခဲ့တဲ့ လက်ခွဲတွေရော ၊ ဒိုင်လုပ်ဘူးသူတွေကိုပါ အိမ်တွေမှာ ရှာဖွေရေးတွေလုပ်ပြတယ်ပေါ့ ၊ တကယ်လုပ်တဲ့နေရာကိုတော့သွားရောက်ရှာဖွေ တာတွေ မလုပ်ကြပါဘူး ၊ အမှတ် (၂)ရပ်ကွက် ၊ ဘုရင့်နောင်လမ်းကအိမ်ဆိုရင် မနက်ရောညရော ချဲထီလောင်းကစားကို ပေါ်ပေါ်ထင်ထင်လုပ်နေတာကို မသိလို့လား။ မသိချင်ယောင်ဆောင်နေတာလား ဆိုတာ သိတဲသူရှိရင်ပြောပြပေးပါအုံး ၊ အရေးယူချင်ရင်လဲတပြေးညီပေါ့၊ ဒွါရာဝတီဈေးထဲ နဲ့ ဈေးပြင်ဆိုင်တန်းတွေ မှာလဲ ရောင်းနေ ပါသေးတယ် ၊ သေချာအောင်စေ့စေ့စပ်စပ်ရှာကြပါလို့—–