fattyJanuary 11, 20121min33042
သူကြီးခင်ဗျား ……… မေးစရာလေးရှိလို့မေးမြန်းလိုက်ရပါသည်။ မန်းလေးဂေဇက်မှာရေးနေရင်း တချို့အခန်းကဏ္ဏလေးများကိုစိတ်ကူးရပြီးဖန်တီးချင်ပါသည်။ ဥပမာ အင်တာဗျူးကဏ္ဏအတွက် လူပုဂိ္ဂုလ်များကိုသွားပြီးမေးမြန်းပြောဆိုရာတွင် မန်းလေးဂေဇက်တွင်သုံးရန်ဟုပြောပြီး အင်တာဗျူးချင်ပါသည။ သူကြီး၏မူပိုင်ဖြစ်ပြီး ကျနော်တို့အားလည်းတရားဝင်ခန့်ထားခြင်းမဟုတ်သဖြင့် ဂေဇက်နာမည်ကိုသုံးခွင့်ရှိမရှိမေးလိုပါသည်။ နောက်တခုမှာသူကြီး၏ရတနာပုံသတင်းစာအတွက် သတင်း သို့ဆောင်းပါးရေးရန် သတင်းစာ၏ အမည်ကိုပြောပြီး အသုံးပြုခွင့်ရှိမရှိလည်းသိလိုပါသညိ။ သတင်းစာအတွက် သူကြီးမှ တရားဝင် အထောက်အထားတခုခု ထုတ်ပေးရန် အစီအစဉ်ရှိမရှိလည်း သိလိုပါသည်။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်နှင့်သွားရောက်တွေးဆုံပြီးမေးမြန်းလိုပါသည်။ မေးမြန်းအင်တာဗျူးချက်များကို သတင်းစာ (သို့) ဂေဇက်တွင် သုံးချင်ပါသည်။ ထိုသို့တွေ့ဆုံရာတွင် အထောက်အထားလိုကောင်းလိုပါမည်။ သူကြီးမှပြန်ကြားပေးပါရန်ခင်ဗျား …။


fattyJanuary 10, 20121min16913
ကျနော်ဒီအကြောင်းရေးတော့အပျိုကြီးတွေ လူပျိုကြီးတွေနဲ့တော့ မဆိုင်လှဘူးပေါ့ဗှာ ..။သားသမီးရှိတဲ့အိမ်ထောင်သည်များနှင့်သာဆိုင်သည်ပေါ့ ရေးဖြစ်ရတဲ့အကြောင်းကတော့ …… တလောက … အိမ်နီးနားချင်းတဦးရဲ့သားငယ်က အင်တာနက်တတ်ပေးပါဆိုပြီးသူ့အဖေကိုပူဆာသဗျ အဖေလုပ်သူက မင်းဟာက ပိုက်ဆံဖြုံးဖို့သက်သက်ပါကွာတဲ့ ဘာလုပ်ရမှာလဲတဲ့ …………… ကဲ … အဲလိုလဲ ရှိသေးသဗျ။ ရန်ကုန်မြို့လယ်ခေါင်မှာနေတဲ့မိသားစုနော … သားဖြစ်တဲ့သူကပူဆာလွန်းအားကြီးတော့ကျနော့လာမေးပါတယ် အင်တာနက်ဆိုတာဘာလုပ်လို့ရလို့လဲတဲ့ဗျား …………။ အဖေလုပ်တဲ့သူက အရင်ကဓာတ်ဆီဆိုင်ကပန့်သမားပါ ဆီစားပြီးကြီးပွါးလာသူဆိုပါတော့ အခုလက်ရှိလဲ နှစ်လုံးဒိုင်ကိုင်ပြီးဝင်ငွေကောင်းနေသူပါ သူ့လောက်မှဝင်ငွေမကောင်းတဲ့ ကျနော်က ပညာရတယ် ဗဟုသုတရတယ် ဘယ်လိုများရှင်းပြရမှာပါလိမ့် …..။ *************************************************************************************** နောက်တဦးကတော့အဖေက စကာင်္ပူမှာ အလုပ်လုပ်နေပါတယ်။ အမေကတော့ဒေါ်ရွှေစုလို့တောင်ခေါ်လိုက်ချင်ပါတယ် ရွှေတွေငွေတွေစိန်တွေ ဝယ်ဝယ်ပြီးစုလွန်းလို့ပါ .။ အဲ သားသမီးပညာရေးကြတော့ အားမပေးဘူးဗျာ ကလေးက ဘွဲ့လေးတခုရယုံသာရပြီးအခုတော့ချောင်ပလောင်ထဲမှာ လစာလေးမလောက်မငနဲ့ အလုပ်လုပ်နေရတယ်။ ကျနော်မနေနိုင်ပါဘူး သူတို့နဲ့လဲရင်းနှီးတော့တိုက်တွန်းပါတယ် ကလေးကိုပညာရေးကောင်းကောင်းမြေတောင်မြှောက်ပေးပါ ခေတ်ကပြောင်းနေပြီ သူများနောက်ကျန်ခဲ့လိမ့်မယ် […]


fattyJanuary 9, 20121min23318
ပုံ( ၁ ) အော်တို ရိုးရိုးရိုက်ချက် ပုံ( ၂ ) under water ရိုက်ချက် ပုံ( ၃ ) Fish eye ရိုက်ချက် ပုံ( ၄ ) Super color ရိုက်ချက် ပု့( ၅ ) Poster ရိုက်ချက် ……… လက်တည့်စမ်းပြီးရိုက်ထားတာပါ …။


fattyJanuary 7, 20121min16015
သွားရင်းလာရင်းလမ်းဘေးမှာ ကလေးတယောက်နဲ့ တောင်းနေတဲ့သူတယောက်ကိုတွေ့လို့ ရိုက်ထားလိုက်တာပါ။ ခေါင်းထဲမှာလဲအတွေးတွေဝင်လာပါတယ် ..။ ဒါမျိူးတွေဖွံ့ဖြိုးပြီးနိုင်ငံတွေမှာလဲတွေ့ခဲ့ပါတယ်။ ဒါပေမဲ့သူတို့ဆီမှာ အသားလွတ်ကြီးထိုင်တောင်းနေတာတော့မတွေ့ရဘူးဗျ။ ကိုယ်တတ်တဲ့အနုပညာလေးနဲ့ဖျော်ဖြေကြရပါတယ်။ ဒီမှာတော့ ဟုတ်တာရောမဟုတ်တာရော ရောနေပြီပေါ့နော …။ အဲဒါတွေဟာ စံနစ်ရဲ့သားကောင်ဖြစ်ကြရတာလို့ကျနော်မြင်မိပါတယ်။ ခေါင်းဆောင်လုပ်သူက သူကြိုက်တဲ့စံနစ်နဲ့ ကိုင်တွယ်အုပ်ချုပ်တယ် သူကတော့ချမ်းသာသွားတယ် ကျန်တဲ့ပြည်သူတွေကတော့ သားကောင်ဖြစ်ရပြီးလှိမ့်နေအောင်ခံကြရတာမို့လား။ အခုတော့ ပြည်သူတွေကြိုက်တဲ့စံနစ်ကိုသွားနေပြီလို့ပြောနိုင်ပြီပေါ့နော …။ ကိုယ်ကြိုက်တဲ့စံနစ်ကိုကူးပြောင်းနေတဲ့အချိန် ကိုယ်ကိုယ်တိုင်ကလည်း တဖက်တလမ်းက ပါဝင်ရပါလိမ့်မယ်။ ပါလည်းပါသင့်ပါတယ်။ ကဲ တဦးတယောက်ချင်းအနေနဲ့ ဘယ်လိုပါဝင်သင့်လဲ ဘယ်လိုပါဝင်နိုင်မလဲဆိုတာလေးတွေ နဲနဲဆွေးနွေးပေးကြပါလို့တောင်းဆိုပါရစေဗျာ ….။ လာဒ်ပေးလာဒ်ယူတွေ့ရင် ဒီအတိုင်းငြိမ်မနေဘဲ အများသိအောင်လုပ်တာမျိုးတို့ အမြင်မတော်တာတွေ့ရင် နစ်နာနေတာတွေ့ရင် အရင်ကလို ငါနဲ့မဆိုင်ပါဘူး ဆိုပြီး အရင်ကလို မနေကြဘဲ မီဒီယာတွေကိုဆက်သွယ်ပြီး ပြောပြတာမျိုးတို့ လိုပေါ့ …. တာဝန်သိတတ်တဲ့ နိုင်ငံသားတယောက်ဖြစ်ရင် ခံယူချက်ရှိတဲ့နိုင်ငံသားတယောက်ဖြစ်ရင် ပိုကောင်းတာပေါ့နော ..။ […]


fattyJanuary 7, 20121min11713
သူကြီး အကြွေးမရသေးဘူးနော် နှစ်သစ်မှာမင်္ဂလာရှိအောင် အကြွေးလေးဘာလေးဆပ်ပါလား။ နို့မို့ရင်သံသရာ ပါသွားမှာစိုးလို့ … အဟဲ ..။


fattyJanuary 5, 20121min19815
ရန်ကုန်မြို့ရဲ့ သမိုင်းဝင်အဆောက်အဦဖြစ်တဲ့ High Court ဖြစ်ပါတယ်။ သူနဲ့မျက်နှာချင်းဆိုင်ကတော့ အသစ်တွေဖြစ်သွားပါပြီ။ မကြခင်ရန်ကုန်မြို့ကြီးဟာ မြင်ကွင်းတွေပြောင်းလဲသွားနိုင်ပါတယ်။ MFTB ရှေ့က ဆိုင်ခန်းတွေဖယ်ထုတ်လိုက်ပြီး မြို့တော်ခန်းမ မဟာဗန္ဓုလပန်းခြံ လွတ်လပ်ရေးကျောက်တိုင်တို့ကို ခန့်ငြားစွာ ထားရှိမှာဖြစ်ပါတယ် ….။


fattyJanuary 4, 20121min1526
ပုံတွေကြိုးစားတင်ပေမဲ့မရလို့ပါ။ ကျိုက်ထီးရိုးရင်ပြင်မရောက်ခင်က နတ်နန်းတခုမှာပါ အရှင်လတ်လတ်က ကျားနဲ့အတိုက်ခံရပြီးသေသွားတဲ့ အလောင်းက ကျောက်ဖြစ်သွားတယ်လို့ဆိုပါတယ်။ အမှန်ကတော့မဟုတ်ပါဘူး သမိုင်းမှာက ကျားနဲ့အတိုက်ခံရပြီး ဝေမာနိကဖြစ်သွားတာပါ။ သူ့သမိုင်းကြောင်းပြောချင်ပေမဲ့ ဒဏ္ဏာရီလိုဖြစ်နေမှာမို့မပြောတော့ပါဘူး။ သူ ဝေမာနိကဖြစ်နေချိန်မှာ ကျော်အောင်စံထားဆရာတော်နဲ့တွေ့ပါသေးတယ်။ ဆရာတော်နဲ့သူ ပြောကြတဲ့ အကြောင်းတွေက စိတ်ဝင်စားစရာတွေပါ။ ရှာပြီးဖတ်ကြည့်ကြပါလို့ …။


fattyJanuary 3, 20121min906
တလောက ဗိုလ်ချုပ်အောင်ဆန်းဈေးဘက်ရောက်တော့ အိမ်တွင်းအလှဆင် အင်ကြင်းကျောက်မျိုးစုံအောင်တွေ့ခဲ့ပါသဗျ ..။ ရောင်းတဲ့သူကပြောပါတယ် နိုင်ငံယူသွားခြင်ရင် သယ်ယူခွင့် ပတ်စ် လုပ်ပေးမယ်တဲ့။ အင်း … တရုပ်ပြည်ဘက်သွားတုန်းက စားပွဲလောက်အကြီးကြီးတွေ ထိုင်ခုံလောက်အကြီးကြီးတွေနဲ့ … အပင်တဝက်လောက် အင်ကြင်းကျောက်တွေ ပေါလစ်တင်ထားတာတွေ့ခဲ့ရပါတယ် … ဟိုတယ်ရဲ့ဧည့်ခန်းမှာအလှပြတားပါတယ် ..။ ဘယ်ကလာတာလဲမေးတော့ ထုံးစံအတိုင်း မြန်မာပြည်ကပါတဲ့ ..။ သူတို့ကတောင်ပြန်ရောင်းနေပါသေးတယ် ..။ ဗိုလ်ချုပ်ဈေးကဆိုင်ကို စားပွဲအသေးတလုံးစာဝယ်ချင်ပါတယ်ဆိုတော့ ပစ္စည်းတော့ရှိတယ်တဲ့ သယ်ခွင့်တော့ရမှာမဟုတ်ပါဘူးတဲ့ …. တရုပ်ပြည်ထဲကဟာပြန်လှည့်ဝယ်ရမလိုဖြစ်နေပြီပေါ့ဗျာ …။


fattyJanuary 1, 20121min18516
နိုင်ငံရပ်ခြားမှာတော့ လက်ဖဝါးခြေဖဝါးမှာ စုပ်ခွက်လိုကရိယာတတ်ပြီး နံရံတွေပေါ်တွယ်ကပ်တက်ဖို့ ပင့်ကူကိုအတုယူပြီး တီထွင်နေကြပါပြီ ။ ဒီမှာတော့ ပင့်ကူက အရှူံးပေးရလောက်တဲ့ နက်ဝပ် ကွန်ယက်တွေ ပေါ်နေတာကြာပါပြီ ..။


fattyDecember 29, 20111min953
ဒလဘက်ကိုကူးတဲ့ ဒီသမ္ဗာန်တွေပေါ်မှာ တလောက သိန်းရာနဲ့ထောင်နဲ့ချီပြီးတင်လို့ ကူးချီသန်းချီလုပ်နေကြလေရဲ့။ ဒလ ဘက်ကမြေကွက်တွေကိုအလုအယက်ဝယ်ကြတာလေ အခု ၁ဝ ပေ x ၅ဝ ပေ တကွက် ကို သိန်း ၅ဝ လောက်ဖြစ်နေပါပြီ။ တလောက ပေ ၅ဝ ပါတ်လည်တကွက်ကို သိန်း ၇ဝ နဲ့ယူပါလားတဲ့ ဟော တပါတ်ဘဲရှိသေးတယ် သိန်း ၇၀ဝ ဖြစ်သွားပါတယ် ။ အဝေးရောက်တို့ စီစဉ်နိုင်အောင် သတင်းလေးပေးတာပါ ..။ ရင်းနှီးမြှုပ်နှံမှုလေးလုပ်ထားနိုင်အောင်လို့လေ …။ အခုရက်ပိုင်း ကြည့်မြင်တိုင် ဟိုဘက်ကမ်းမှာဟော့နေပြန်ပါပြီ။ နောက်မကျစေကြနဲ့ပေါ့ ….။