fattyOctober 23, 20111min14414
အမေ ဟင်းချိုသောက်ဖို့လက်လှမ်းပြီး ဇွန်းဖြင့်ဟင်းချိုခပ်ိလိုက်သည်ကို ကျနော်ငေးကြည့်နေမိသည်။ အမေဟင်းချိုပူပူကိုမှုတ်သောက်နေသည်။အမေ့ပါးစပ်က မလုံတော့သဖြင့် ပါးစောင်ထဲမှ ဟင်းချိုများအချို့ပြန်စီးကျလာသည်။ အမေသည်စိုးရိမ်ဟန်ဖြင့်ကျနော့်ဘက်ကိုလှမ်းပြီးကြည့်ရှာသည် …။ စီးကြပါစေအမေရယ် …..။ ဒီလိုမျိုးတွေက နောင် ကျနော်တို့လဲမလွှဲမသွေကြုံကြရအုံးမဲ့ကိစ္စတွေပါ …။ ကျနော် တစ်ရှုးတစ်ရွက်အမေ့ကိုလှမ်းပြီးပေးလိုက်သည် ..။ အမေသည့်သူ့ချွေးမ ကျနော့မိန်းမဘက်သို့ မသိမသာလေးကြည့်လိုက်သည်ကို သတိထားလိုက်မိပါသည်။ ရပါတယ်အမေ … ကျနော်စားလက်စ ဇွန်းခရင်းကိုချပြီး …. စဉ်းစားနေလိုက်မိတော့သည် …။ တချိန်က ကျနော်မှီခိုခဲ့ရသောအမေ ……။ ကျနော်မှီခိုခဲ့ရစဉ် ဘယ်သူ့မျက်နှာကိုမှကြည့်စရာမလို … ကျောင်းလခမှန်မှန်နောက်မကျအောင်ပို့ပေးသည်။ အမေကပို့ပေးပြီးအမေကျွေးသည့်ထမင်းစားနေရသော်လည်း အမေ့မျက်နှာ ကိုကြည့်နေစရာမလို ..။ အခု အမေ့မှာ ဘာမှမရှိတော့ပြီ …။ ကျနော်ကျွေးသည့် ထမင်းစားနေရသော်လည်းအမေသည် သူများမျက်နှာတွေကြည့်နေရပြီ …။ ဟင်း ………လို့သာ သက်ပြင်းချမိသည် ….။ ဒီနေ့ သားရဲ့မွေးနေ့မို့ […]


fattyOctober 22, 20111min25921
အောက်ပါသတင်းလေးတပုဒ်ဟာ မြန်မာလိုရေးထားတဲ့ ယနေ့နာမည်ကြီးဂျာနယ် တစ်စောင်က သတင်လေးတပုဒ်ပါ။ ပထမဆုံး စဖတ်ဖတ်ခြင်း အတော်လေး အူ သွားတယ် နောက်တခါထပ်ဖတ်ပြန်တော့ လည် နေပြန်ရော …။ မကြေနပ်သေးလို့ထပ်ထပ်ဖတ်ကာမှ ချာလပါတ် လည် သွားတော့ သဗျို့ …….။ ကဲ …. ကိုယ့်ဆရာတို့လဲဖတ်ကြည့်ပြီးရောပေါ့ … ဘယ်လိုများခံစားရပါသလဲ။ သတင်းရေးတယ်ဆိုတာ တိုတို လွယ်လွယ် ထိထိမိမိ ရေးမှကောင်းပါမယ် ….။


fattyOctober 19, 20111min1079
အောင်မောင်းနှင့် ဖိုးပိန်တို့မှာ တရပ်လုံးက မျက်မုံးကျိုးကြသူများဖြစ်သည်။ အရက်သောက်ဖဲရိုက် မိန်းကလေးတွေတွေ့ရင်ဖြင့် ငန်းမြွေက အရှုံးပေးရမည်ထင့်..။ ဟေ့ကောင် .. အောင်မောင်း … တနေ့ကဒေါ်စိန်ကြီးငါတို့ကြက်ခိုးတာ သွားတိုင်တာကိုငါတော့မကြေနပ်ဘူးကွာ …။ မင်းဘာလုပ်ချင်လို့လဲ … မနက်အစောကြီး ဒေါ်စိန်ကြီး ရွှေတချောင်းဘေးက မကျီးပင်အောက်ကဖြတ်တဲ့အချိန် လန့်အောင်လုပ်ရအောင် …။ ချကွာ လုပ်မယ်ကွာ ..။ မနက်စောစောကြီး အာရုံတောင်မတက်ခင် အောင်မောင်နှင့်ဖိုးပိန်တို့ ရွှေတချောင်းချောင်းဘေးဆုံကြသည်။ ဖိုးပိန် …မင်းအပင်ကြီးဘေးကကွယ်နေ ..။ ငါ အပင်ပေါ်တက်ပြိး အနိမ်းဆုံးကိုင်းပေါ်ကနေ ထမိန်ကြီးဝတ်ပြီး ခြေထောက်ကြီးတွဲလောင်းချထားလိုက်မယ်။ ဒေါ်စိန်ကြီး မလန့်ခံနိုင်ရိုးလားကွာ …။ အကြံကောင်းမှကောင်း အောင်မောင်းရာ ကဲ တက်တော့ ..။ငါ အပင်နောက်ကနေချောင်းနေမယ် လာတာမြင်ရင်လဲ အချက်ပြမယ် ။ ဖိုးပိန်မှာ အပင်နောက်အသာလေးကွယ်နေလိုက်သည်။ အောင်မောင်းကတော့ မန်ကျီးပင်ပေါ်ဖက်တွယ်လျှက် ကိုင်းများဆွဲကာ […]


fattyOctober 18, 20111min1168
ကျနော်ကတော့လူဟောင်းအတော်များများသိကြတဲ့အတိုင်း စာရိုက်နှေးလှသူဖြစ်သည်ကတေကြောင်း … အာရုံကြောအားနဲတာကတကြောင်းမို့ အဲဒီပထမပိုင်းလောက်ကို မနဲရိုက်ယူရပါတယ်။ မှတ်မိကြမှာပါ ကျနော်မနးလေးဂေဇက်ဝင်ခါစက စာရွက်ပေါ်လက်ရေးနဲ့ချရေးပြီး Scan ဖတ်ပြီးတင်ရပါတယ်။ အခုမှ မြန်မာလို မတောက်တခေါက်ရိုက်တတ်တာပါ။ တောင်းပန်ချင်တာကတော့ ကျနော်က ဇာတ်လမ်းကျောရိုးကို သိထားသူဖြစ်ပါတယ်။ စာရိုက်ညံ့တော့အတိုဘဲချုံးကြပါစို့ ဝတ္ထုပုံစံဆိုရင်တော့စာစီစာရိုက်တယောက်ကိုငှားရမယ်ထင်ပါတယ် ..။ တခုရှိတာက ….အယ်ဒီတာချုပ်ကလည်း twist လေးဘာလေးထည့်ပေးပါဆိုတော့လည်း သူ့လဲအားနာရပြန်ပါတယ်။ ဒါကြောင့်ကြိုးစားပြီး ဝတ္ထုပုံစံလေးရေးကြည့်တာပေါ့ ….။ ဟိုတုန်းကတော့ ရတနာပုံသတင်းစာမှာဖေါ်ပြခြင်းခံရတဲ့သတင်းတပုဒ်ဖြစ်ပါတယ်။ သီပေါမင်ရဲ့ ဆုချီးမြှင့်ခြင်းလဲခံရပါတယ်။ ကာယကံရှင်တွေကိုပါ…။ အဲဒီထဲကတယောက်က ကျနော်နဲ့ဆွေမျိုးတော်နေပါတယ် ဒါကြောင့်ကျနော်ရဲရဲရေးရဲတာပါ။ တခုရှိတာက computer ရှေ့ရောက်မှ လက်တန်းဝတ္ထုရေးတယ်ဆိုတော့သိပ်တော့ကောင်းမှာမဟုတ်ဘူးနော…။ ကျနော်လိုချင်တာက … ကျနော်ဦးတည်တာက သုတေသနပြုနေသူများရှိခဲ့ရင် .. သက်ဆိုင်သူတွေနဲ့ပါတ်သက်တဲ့သူတွေသက်ရှိထင်ရှားရှိချိန်မို့ မည်သူမဆိုမေးမြန်းနိုင်ကြောင်းပါ။ သူတို့ရဲ့မြေးရှိပါသေးတယ် … ဆွေမျိုးတွေလည်းရှိပါသေးတယ်။ မနက်ဖန်အပြီးရေးပြီး နိဂုံးချုပ်ပေးပါမည့်အကြောင်း တောင်းပန်ရင်းဖြင့် … […]


fattyOctober 18, 20111min21015
” ဟဲ့ ဘယ်က ကလေးလဲဟဲ့ လုပ်ကြပါအုံး လုပ်ကြပါအုံး.. ခွေးညိုကြီးကိုအမြန်ချည်လေ … အော်” အိမ်ဝိုင်းအတွင်း ဆူညံ ပြာလောင်ခတ်ကုန်တော့သည်။ ခွေးညိုကြီးကိုပြေးဆွဲမည်လုပ်တဲ့သူကလုပ် ကလေးဆီပြေးတဲ့သူကပြေးတဲ့သူကပြေး ..။ အော်တဲ့သူကအော် … တုတ်ကိုင်တဲ့သူကကိုင် …။ ခြံဝင်းဂလန့်ထိုးမထားကြဘူးလား …။ နောက်ကျသွားပါပြီ …။ ခွေးညိုကြီးမှာ ကလေးဆီသို့ တရှီန်ထိုးပြေးတော့သည်။ ခါတိုင်းခြံဝင်းသော့ခတ်ထားတာတောင်ခြံရှေ့ သိပ်ပြီးဖြတ်လျှောက်ရဲကြတာမဟုတ်။ သတိနှင့်လျှောက်ကြရသည်။ လူဖြတ်လျှောက်တာနှင့် တဟုန်ထိုးပြေးကာခြံဝင်းတခါးကိုတွယ်တက်ပြီးအတင်းဟောင် ပြီးဆွဲမည့်ကိုက်မည့် ပုံရှိသည်။ အောင်မလေးသေပါပြီ … ဒီတခါတော့ သောက်ကျိုးနဲပြီဟေ့ ….။ ဟာ ။။။။။။။။။။။။။။။။။ ကြည့်.. ကြည့် .ကြည့်ကြပါအုံး … အရီးလေးရေ ခွေးညိုကြီးကပတပ်ရပ်ပြီး ကလေးကိုလျှာနဲ့ရက်နေတယ်တော့ ဘယ့်နှယ်ဟာတုံး ထူးဆန်းပါဘိ..။ အဲတော် ..ဟုတ်ပါရဲ့ ဟဲ့ ဘာငေးနေတာလဲ ကလေးကိုခေါ်လိုက်လေ … […]


fattyOctober 17, 20111min1106
ပြည်တွင်းမှအခြေခံပညာအထက်တန်းအောင်ပြီး သက်ဆိုင်ရာပိုလီကျောင်းများသို့ ဝင်ရောက်ဖြေဆိုရန်လျှောက်ထားသူအများအပြားရှိခဲ့သည်။ ပိုလီကျောင်းတွင် ၃ နှစ် တက်ရောက်ပြီး အလုပ်အကိုင်ရရှိခြင်း။ grant, loan , scholarship များ ရရှိမှုများကြောင့် လည်းကောင်း အချိန်ပိုင်းအလုပ်ကို တရားဝင်လုပ်ကိုင်ခွင့်ရှိသောကြောင့်လည်းကောင်း ကျောင်းသားများစိတ်ဝင်စားကြသည်ဟုဆိုသည်။ ယခုနှစ်တွင် ပိုလီဖြေဆိုမည့်ကျောင်းသားများသည် ကျူရှင်အသီးသီးတွင်တက်ရောက်ကြပြီး ထိုကျူရှင်များမှတဆင့် ဖြေဆိုခွင့်လျှောက်ထားသူများနှင့် online မှ မိမိအစီအစဉ်ြ်ဖြင့်မိမိလျှောက်ထားသူများအား ယခင်နှစ်များကကဲ့သို့ မြန်မာပြည်တွင် ဖြေဆိုခွင့်မရတော့ဘဲ Singapore သို့သွားရောက်ဖြေဆိုရမည်ဟုသိရသဖြင့် ကျောင်းသားအများစုမှာ အောင်မအောင် သေချာမှုမရှိဘဲ Singapore သို့သွားရောက်ရမည်ဖြစ်သဖြင့် အခက်အခဲများတွေ့နေရကြောင်း ကျောင်းသားအများစုက ပြောပြကြပါသည်။ ချွင်းခြက်အနေဖြင့် .. ရန်ကုန်မြို့ရှိ RV Center တွင် တက်ရောက်သောကျောင်းသားများကိုမူ မြန်မာပြည်တွင်လာရောက်စစ်ဆေးပေးသွားပြီး ဖြစ်ကြောင်းသိရသဖြင့် ကျန်ကျောင်းသားများမှာ အံ့အားသင့်ကြရကြောင်းလည်းြ့ားသိရပါသည်။ (မည်သည့်ဂျာနယ်တွင်မှဖေါ်ပြခြင်းမရှိပါ)


fattyOctober 12, 20112min20628
ဘယ်သူဖြစ်ဖြစ် တခြားတိုင်းတပါးရောက်နေရင် ကိုယ့်ပြည်ကိုယ့်ရွာကို သတိရကြတာပါဘဲ။ ကျနော့တုန်းကတော့ အလုပ်ကြမ်းလုပ်ရပါတယ်။ ပိတ်စတွေအရောင်ဆိုးတဲ့စက်ရုံမှာပါ။ မြန်မာသီချင်းလေးအားကိုးပြီးလုပ်ရပါတယ်။ အခုလဲ အဝေးရောက်များများအတွက် အလွမ်းပြေ အထောက်အကူဖြစ်ပါစေဆိုပြီး ငယ်ငယ်ကကြုံခဲ့ရတဲ့ သီတင်းကျွတ်လမ်းဘေးပွဲတော်လေးကိုတင်ပြလိုက်ပါတယ်။ အဲဒီအပါ်ပုံထဲကလိုပါဘဲ ကြော်ကြလှော်ကြ ရောင်းကောင်းကြပါတယ် ..။ မိုးက အခုမှကင်းစင်သွားတာကိုး။ လူတွေလဲ ပွဲငတ်နေတာ ကြာပြီလေ …။ ဟိုးဟို ….တုန်းကပေါ့ ကမာရွတ်ကနေအောက်ကြည့်မြင်တိုင်လမ်းမကြီးတလျှောက် ဘာပြောကောင်းမလဲ ကြိတ်ကြိတ်တိုးဗျား … လူချင်းဆိုတာ ပွတ်ပြီးသွားရတယ် ..။ဒီဘက်ပွတ်လိုက်မလွတ်ရင်ဟိုဘက်လှည့်ပေးလိုက်နဲ့ …။ ကဲပါလေ …. ပုံတွေဘဲ ဆက်အားပေးကြပါအုံး …။ ဝမ်းနည်းစရာကတော့ ဗန္ဓုလဦးထုပ်လေးတွေ ဓါးလေးတွေ စက္ကူမျက်နှာဖုံးလေးတွေမတွေ့ရတော့ဘူး မိုးကြောင့်မလာတော့တာလား သူတို့နေရာမှာ နိုင်ငံခြားကလာတဲ့ ပူဖောင်းတွေဝင်လာလို့ဘဲလား။ ပြီးတော့ …. သီတင်းကျွတ်ပြီမောင်ရယ် .. လို့ပြောမှာလား … …………သီတင်းကျွတ်ပြီ မ […]


fattySeptember 7, 20112min13513
ကျနော်ဒုတိယအကြိမ် ဗိုလ်ချုပ်ဈေးကပြပွဲကိုရောက်ဖြစ်ခဲ့ပါတယ်။ တချို့ကားလေးတွေကိုထုံးစံအတိုင်းမှတ်တမ်းတင်ခဲ့ပါတယ် …။ ခံစားကြည့်ကြပါ ….။


fattyAugust 23, 20111min22530
မြန်မာပြည်မှာရှိတဲ့ လစာငွေဒေါ်လာနဲ့ရကြသူတွေမှာ ဒေါ်လာ ၁၀၀ဝ စားဆိုတာ အတော်နဲမှာပါ ..။ အခုအတိုင်းဆို ၁၀၀ဝ စားမှ မြန်မာငွေနဲ့ ရ သိန်းကျော်ဘဲရှိတော့တယ်။ သမ္မတကလည်း အဲဒီဂရက်တွေအတွက်ကြိုတင်ပြင်ဆင် ထားကြဖို့တိုက်တွန်းနေပါပြီ။ အဓိကကတော့ Export သမားတွေအလုပ်မဖြစ်ကြတော့ပါဘူး …။ သူတို့အလုပ်မဖြစ်တော့ ဒီက ထွက်ကုန်တွေ အရောင်းထိုင်း ..။ ကုမ္မဏီဝန်ထမ်းတွေ မျက်နှာပန်းမလှ ဖြစ်ကုန်ကြရပါပြီ။ ဘောစိမျက်နှာကြည့်နေရတာဆိုတော့ ဘောစိမျက်နှာက အောက်သိုးသိုးဆိုရင် ဝန်ထမ်းတွေမှာ ဘယ်တော့ငါတို့ဘက် လှည့်လာမလဲဆိုပြီး ရင်တမမ နေကြရတာပါ ..။ အစိုးရက Export သမားတွေအတွက် အခွန်အခတွေလျှော့ပေးနေပေမဲ့လဲ မကာမိအောင်ကို ဖြစ်နေပါတယ် ..။ မြန်မာငွေမာလာတယ်ဆိုရအောင်ကလည်း ဒီမှာပစ္စည်းဈေးတွေက အီလက်ထရောနစ်ပစ္စည်းတွေကလွဲရင် အခြေခံစားသောက်ကုန်က ဈေးမကျပါဘူး ..။ ဈေးမကျတဲ့အပြင် ရာသီဥတုကြောင့် ပျက်စီးမှုတွေရင်ဆိုင်နေရတော့ ပိုပြီးဈေးတက်ဖို့သာရှိနေပါတယ် ..။ […]


fattyAugust 22, 20111min27221
ကျနော့သားကြီး အခု ဖတ်စ်စမက်စတာ ဖြေနေရပြီ ပြီးရင် ကျောင်းတစ်လပိတ်မယ် ….။ ကျနော်ဖုန်းထဲကနေပြောဖြစ်တယ် …. မင်းပြန်လာမှာမှုတ်လား ….။ ကျနော်ပြန်မလာတော့ဘူးဖေကြီး … ဒီမှာဘဲအလုပ်ဆက်လုပ်ပြီးငွေစုလိုက်အုံးမယ်စိတ်ကူးတယ် …။ မင်းအဲဒီမှာနေတော့ ကုန်ကျစားရိတ် မများပေဘူးလား …။ ဖေကြီး .. သားပြန်လာလဲ လေယာဉ်ခ ကုန်အုံးမယ် … ပြီးတော့နေနေ မနေနေ အိမ်ငှားခကပေးရမှာဘဲလေ ..။ အမှန်ကတော့ ကျနော ်သားကိုလွမ်းနေခြင်းဖြစ်ပါသည်။ ပြန်လာစေချင်သည်။ သားမျက်နှာတွေ့ချင်သည်။ ကျနော် ဆင်ခြေဆင်လက်ရှာရပြန်သည်။ ဖေကြီးဆိုလိုတာက … မင်း exam အတွက် အတော်လေးပင်ပန်းနေပြီ ..။ ပြန်လာပြီးအနားယူပါလားကွ ချာချင်ပြန်သွင်းတာပေါ့ကွာ .. လိုအပ်တဲ့သင်တန်းတွေတက်ချင်ရင်လည်း စားရိတ်စားက နဲနဲနဲ့ တက်လို့ရတာပေါ့ … မဟုတ်ဘူးလား ..။ ဘာသင်တန်းမှမတက်ပါရစေနဲ့တော့ ဖေကြီးရာ […]


fattyAugust 19, 20111min28522
သတင်းကြေငြာချိန် ခန့်မှန်းချေ စက္ကန့် ၃ဝ လောက်ဘဲဆိုတော့ ကဗျာကယာ ဘိုသီဘတ်သီ ဂျွန်းပစ်ပြီးရိုက်လိုက်ရပါတယ်။ မှတ်တမ်းလေးပါ။ ပုံကိုလည်းချုံ့ပြီး ထည့်ရတာဆိုတော့ ပြတ်တဲ့နေရာပြတ်ကျန်ခဲ့ပါတယ် ..။


fattyAugust 17, 20111min30021
ယနေ့နေပြည်တော်တွင်ပြုလုပ်သောအစည်းအဝေးမှ သမ္မတ ဦးသိန်းစိန်က … ………….. ပြည်ပသို့ အကြောင်းအမျိုးမျိုးနှင့် ရောက်ရှိနေသော မြန်မာ နိုင်ငံသားများကို အမိမြေသို့ပြန်လည် ဝင်ရောက်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ကြေငြာလိုက်သည်။ နိုင်ငံရေးအသိုင်းအဝိုင်းမှ …….. ထိုသူတို့အား လွတ်လပ်စွာ နိုင်ငံရေးလုပ်ခွင့်ပြုရန်လိုကြောင်းနှင့် ရှေးဥိးစွာပြည်တွင်းရှိနိုင်ငံရေးအကျဉ်းသားများကို အရင်လွှတ်ပေးရန်လိုကြောင်း ထင်မြင်ချက်ပေးကြသည်။ ………….. သတင်းစာများတွင်ပါသော VOA ဘာဖြစ်သည် BBC DVB ဘာဖြစ်သည် စသည့်စာသားများကို သတင်းစာများတွင် ဖေါ်ပြနေခြင်းမှလည်း ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။