ကန်ရေပြင်ကိုမျက်နှာမူလို့… မတ်လတစ်ရက်မှာဆုံခဲ့တယ်… စနေရယ်လို့ မှတ်ထား… ၃၆၅ ရက်ပြည့်ဖို့ နီးပါပေါ့လား…   ကန်ဘောင်ပေါ်မှာထိုင်ခဲ့တယ်… မတ်လတစ်ရက်မှာဆုံခဲ့တယ်… လူတွေအတော်တော့စုံသား… ၃၆၅ ရက်ပြည့်ဖို့ နီးပါပေါ့လား…   ကန်ဘောင်ပေါ်မှာ အိပ်သူရှိခဲ့ဖူးတယ်… မတ်လတစ်ရက်မှာ ဆုံခဲ့တယ်… မူးတဲ့လူတွေတော့ အများသား… ၃၆၅ ရက်ပြည့်ဖို့ နီးပါပေါ့လား…   ရေကန်ထဲကို ပြုတ်ကျဖူးသူရှိခဲ့တယ်… မတ်လတစ်ရက်မှာ ဆုံခဲ့တယ်… အရွယ်မျိုးစုံပါခဲ့တာတော့များသား ၃၆၅ရက်ပြည့်ဖို့ နီးပါပေါ့လား…   အစိမ်းရောင်သီချင်းဆိုသူရှိခဲ့ဖူးတယ်… မတ်လတစ်ရက်မှာဆုံခဲ့တယ်… ဂစ်တာငှားပေးတဲ့လူတော့ ရှိခဲ့ဖူးသား… ၃၆၅ ရက်ပြည့်ဖို့ နီးပါပေါ့လား…   ဖုန်းတစ်လုံးကိုင် အင်တာဗျူးသူရှိခဲဖူးတယ်… မတ်လတစ်ရက်မှာ ဆုံခဲ့တယ်… ပိုစ့်အပေါ်မှာ ကော်မန့်တွေများခဲ့သား… ၃၆၅ ရက်ပြည့်ဖို့ နီးပါပေါ့လား…   တစ်ယောက်ကဖုန်းမောင်ကဗျာရွတ်ခဲ့ဖူးတယ်… မတ်လတစ်ရက်မှာ ဆုံခဲ့တယ်… အားပေးမှုတွေတော့အများသား… […]


၂၀၁၃ခုနှစ် မတ်ချ်လ (၁၂)ရက်နေ့… ပူပြင်းသောနေရောင်အောက်မှာ… တစ်ကိုယ်တည်းစဉ်းစားမိသည်… နောက်တစ်လတင်းတင်းပြည့်ချိန်မှာတော့… အတာကူးသောလ… ထန်းခူးသောလဟုဆိုသော မြန်မာ့ရိုးရာတန်ခူးလသင်္ကြန်မဟာရောက်ရှိတော့ပေမည်… သာသနာ့ဘောင်ဝင်ကြမည့်သူများလဲ… ပြင်ဆင်လျက်ရှိသလို… ပျော်စရာတွေကြားထဲ စီးမြောကြမယ့်သူများလဲ… ငွေစများစုကြသလို… အလျိုလျိုစည်းရုံးစုရုံးလျက်ရှိကြပေသည်… ဘဝတာဝန်တွေကြား အိမ်နဲ့ဝေးနေသူများလဲ… အားလပ်ရက်အိမ်ပြန်ချိန်ကို… မျှော်လင့်လျက်…                     ကျွန်ုပ်အိပ်မက်တစ်ခုရှိခဲ့ဖူးပါသည်… မဏ္ဍာပ်လေးတစ်ခုလုပ်ချင်မိ၏… ချစ်ခင်ရင်းနီးကြသော သူများ၏စုပေါင်းအင်အားဖြင့် မဏ္ဍာပ်လေးတစ်ခုလုပ်ချင်မိ၏… ရရှိမည့်ငွေကြေးအမြတ်အစွန်းထက်… ပိုမိုသောနွေးထွေးသော မိသားစုစိတ်ဓာတ်များကို လိုချင်မိ၏… ဤသည်ကား ကျွန်ုပ်၏အလှမ်းဝေးကွာလှသော အိပ်မက်တစ်ခုဖြစ်ပေတော့သည်… xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx စားပွဲပေါ်တွင်တင်ထားသော တယ်လီဖုန်းမှ Ringtone အသံလေးကြားလိုက်ရ၏… ” ဘယ်မဏ္ဍာပ်မှမဖိတ်ခဲ့ဘူး… ရေတွေရွှဲလို့ တစ်ယောက်ထဲမူး… ဟိုဒီသွားရင်း… သွားရင်း သင်္ကြန်ရက်ထဲမှာ…. ရေများရွှဲကိုယ့်တစ်ယောက်ထဲ…” ဖုန်းကို […]


လှော်လေသည့်လှေ… သစ်ဆွေးတစ်ပိုင်း တက်မရိုင်းဖြင့်… အစွန်းအစွယ်… ရေပေါ်ထွက်မျှ… ဂရုမထား… ကိုယ့်အင်အားဖြင့်… အားသွန်ခွန်စိုက်… လှော်ခဲ့သည်…   လှော်လေသည့်လှေ… ရေစိမ့်ဝင်လဲ ခပ်ထုတ်အားဖြင့်… လှိုင်းလေရေအောက်… ရောက်မသွားအောင်… အကြောက်မထား ကိုယ့်သွေးသားဖြင့်… တင်းခါအံကျိတ်… လှော်ခဲ့သည်…   လှော်လေသည့်လှေ… တက်မကျိုးလဲ… ခန္ဒာလက်အားဖြင့်… ခရီးရောက်အောင်… အင်အားကုန်ခမ်း… သေလမ်းမသွားအောင်… ဝိရိယဖြင့်… ဇွဲဖြင့်တင်းခါ လှော်ခဲ့သည်…   လှော်ပင်လှော်ငြား… ရှေ့သို့သွားဖို့… လမ်းမမြင်သည်… ခန္ဒာခြောက်ခမ်း… အားအင်ခမ်း၍… သေမင်းနှုတ်ခမ်း… ဆီသို့လှမ်းလေ… လှော်သောလှေသည်… ကြမ်းသောရေဆန်… လှေဆန်ဖြင့်… ပြင်းစွာချီတက်… လှော်ခဲ့သည်…   ခင်မင်လျက်- ဖက်ဖက်ကက်


” ဒို့အရေး… ဒို့အရေး… “ ” စာပေလွတ်လပ်ခွင့်ရရှိရေး… ဒို့အရေး… ဒို့အရေး… “   ဂဇွတ်ကျေးရွာအုပ်စုသူကြီးမင်းကတော်… အတင်းနှိုးသဖြင့် သူကြီးမင်းဦးခိုင် အိပ်မုံစုံမွားနှင့်ထလာသည်… ဘာမပြောညာမပြောနှင့် သူကြီးသမီးလေးချာချာ အိပ်နေသောအခန်းကို ပြေးသွားသည်… “ငါ့သမီးလေးမှရှိလေစ… ဘယ်ကောင်အလစ်သုတ်သွားပြီလဲမသိ…” သူကြီးမင်းကတော်နောက်မှ နားရွက်လှမ်းဆွဲမှသတိပြန်ဝင်လိုက်၏…   ” ဒီမှာ ဦးခိုင်… အခုကိုင်လှုပ်နေတာ ရှင့်သမီးချာချာကို မဟုတ်ဘူး… ရှင့်ထိုင်မယ့်ထိုင်ခုံကို ကိုင်လှုပ်နေတာ… “   ” ဘယ်လို… ကျုပ်ထိုင်ခုံကို ကိုင်လှုပ်နေတယ်… ဘယ်သူတွေတုန်း… ရွာထဲက ဟိုစပ်စပ်ဒီစပ်စပ်နဲ့ လက်သမား… မောင်ဇာလား…”   ” ဒီမယ် ဦးခိုင်… ရှင့်မလဲတစ်နေ့တစ်နေ့ အအိပ်ပဲမက်နေတယ်… ရှင်အအိပ်မက်လို့ ရှင့်သမီးရွာကို အိမ်သာနက်ကြီးစီးပြီးလာလည်တဲ့ တစ်ရွာသားနောက် ကောက်ကောက်ပါအောင်လိုက်သွားတာမမှတ်သေးဘူးလား… “   ” […]


ကြောင်ဝတုတ်February 18, 20131min36024
မနေ့က သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်ရှေ့… ခရီးသည်ရလို့… တောင်ဒဂုံဘက်ကို လိုက်ပို့မယ်ဆိုအသွား… ညနေ (၆)နာရီကျော်ကျော် (၇)နာရီနီးနီး… သံသုမာလမ်းပေါ်မှာ ကားတွေပိတ်လို့… သင်္ဃန်းကျွန်းဘက်ကို ပြန်ထွက်ရတယ်… ပြီးတော့မှစံပြဈေးဘက်ကနေ တောင်ဒဂုံဘက်ကို ပြန်ဆင်းရတယ်… ဒီဘက်မရောက်ခင်… ကျောက်မြောင်းကိုဖြတ်တော့လဲ…  သဌိပဌာန်လမ်းကို ကားတွေသွားမရလို့… လမ်းကကျဉ်းကျဉ်း… ကားကများများနဲ့ လမ်းကြိုလမ်းကြားထဲက ဖြတ်မောင်းခဲ့ရသေးတယ်… ရန်ကုန်မှာ ကားတွေများလာလို့ ကားတွေကြပ်လာတာ ယာဉ်ကျောပိတ်ဆို့တာဖြစ်လေ့ဖြစ်ထရှိတဲ့ဖြစ်ရပ်ပေမယ့်… မနေ့က တွေ့ရတဲ့အကြောင်းကိုတော့ဖြင့် မပြောချင်ပေမယ့် ပြောရမလိုပါ့… ဒီလိုဗျာ… သဌိပဌာန်လမ်းကိုပိတ်ပြီး… သံသုမာလမ်းကို တစ်ဖက်ဆို့ပြီး… သံသရာရေအလျဉ်ကြောက ရုန်းထွက်ဖို့ မဂ္ဂင်ဖောင်ကြီးတွေဖွဲ့ကြပါတယ်… တနည်းပြောရရင်… အများပြည်သူသွားလာမယ့်လမ်းတွေကို ပိတ်ပြီးတော့ တရားပွဲတွေကျင်းပကြပါတယ်…   သေချာပြန်စဉ်းစားကြည့်ရအောင်… ကျောက်မြောင်းထဲမှာ လူနေထူထပ်ပေမယ့် တရားပွဲလုပ်နိုင်လောက်အောင်ကျယ်တဲ့ မြေကွက်လပ်တချို့ရှိပါတယ်… ဒါပေမယ့် ဘယ်သူမှအရေးတယူရှင်းလင်းပြီး လူအများအသုံးပြုဖို့ ကိုယ်ထူကိုယ်ထမဖန်တီးကြသလို… ရန်ကုန်မြို့တော်စည်ပင်ကလဲ… အခုမှ လမ်းပြင်၊ […]


“ဘယ်လဲအစ်ကို…” “လှည်းတန်းကို…” “၂၅၀ဝ ပါအစ်ကို…” ကားနောက်ခန်းတံခါးဖွင့်ပြီး… ခရီးသည်အသာလေးဝင်ထိုင်လိုက်သည်… ထို့နောက် စီးကရက်ကို ဟန်ပါပါဖြင့်မီးညှိလိုက်၏… ကျွန်တော်လဲ ကားကိုစက်အသာလေးနှိုးပြီး… ကားပိတ်သော… လမ်းကျပ်သော လှည်းတန်းကိုရင်ဆိုင်ရန် အားသစ်တစ်စုံတစ်ရာဖြင့် အပြင်းနှင်ခဲ့တော့သည်… ကျွန်တော့် စိတ်ထဲတွင်တော့ အခွင့်အလန်းများပိတ်သော… စီးပွားရေးကျပ်တည်းသော ဤလောကကြီးပေါ်တွင် ဖြတ်သန်းရခြင်းကား လှည်းတန်းမီးပွိုင့်ထက် အသက်ရှုကျပ်ပေတော့သည်… FM Radio မှ တစ်ဝက်တစ်ပျက်လာနေသော ဖတ်ကြားသူ သူရဿဝါ၏ ဆိုဖာခုံလေးအကြောင်းကြားမိသည်… လုပ်ငန်းခွင်မှဖိအားများ… မိသားစုအရေးဖိအားများကြောင့် ကျွန်ုပ်တို့သည်လဲ ဆိုဖာခုံလေးကဲ့သို့ တန်ပြန်တွင်းကန်နိုင်အား တဖြည်းဖြည်းကျဆင်းလာပြီး၊ ဆိုဖာခုံလေး၏ အနီရောင်များလဲအရောင်လွင့်သလို…….. ကားသံများ… ပတ်ဝန်းကျင်မှ အပူရှိန်များကြားတွင် သူရဿဝါအသံမှာ တစ်ခါတစ်လေ… မသဲမကွဲ… တစ်ခါတစ်လေ… ကျိုးတိုးကျဲတဲ… ခေါင်းပေါ်ကနေမင်းကို အပြစ်တင်ရမလား… လောကကြီးက ဒီရက်ပိုင်းမှာပိုပူလာသလား… အငွေ့ပြန်လွယ်တဲ့ တိုင်ကီထဲကလောင်စာဆီက ရင်ထဲကအပူမီးကို တောက်လောင်စေသတဲ့… […]


ပြီးခဲ့တဲ့ တနင်္လာနေ့က Apple ကနေပြီးတော့ သူ့ရဲ့နောက်ထပ် iOS Update တစ်ခုဖြစ်တဲ့ iOS6.1 ကို တရားဝင်ထုတ်ပြန်လိုက်ပါတယ်…   ထုတ်ပြန်လိုက်တဲ့ iOS 6.1 မှာ Apple ရဲ့ထုတ်ကုန်တွေဖြစ်တဲ့ iPhone 3Gs, iPhone 4, iPhone 4S, iPad2, iPad3, iPad4 နဲ့ iPad Min အားလုံးအတွက် အကျုံးဝင်ပါတယ်… အဲဒီလို Apple ကနေ iOS6.1 ကိုထုတ်ပြန်လိုက်တာနဲ့အတူ iOS Jailbreak Hacker အဖွဲ့ဖြစ်တဲ့ Pod2g ကလဲ အခု လာမယ့် တနင်္ဂနွေနေ့၊ ၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီလ (၃)ရက်နေ့မှာ Apple ရဲ့ Security အရမ်းကောင်းတဲ့ iOS ရဲ့ […]


၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်း… ကျွန်တော်တို့အတွက် အရေးကြီးတဲ့ သူငယ်ချင်းလဲဖြစ်… နှစ်ပေါင်းများစွာ ရင်းနီးခဲ့တဲ့မိတ်ဆွေဟောင်းလဲဖြစ်ခဲ့တဲ့… Website တစ်ခုက                 အခုလို အမှတ်တမဲ့နှုတ်ဆက်ထွက်ခွာသွားပါတော့တယ်… ဒီဆိုဒ်ကို တော်တော်များများ သိချင်မှလဲ သိပါမယ်… သူကတော့ Apple ရဲ့ iPhone တွေ… iPod Touch တွေ… iPad တွေ အပေါ်မှာ Crack Application တွေ… Games တွေ တင်သုံးနိုင်အောင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ပေးခဲ့တဲ့ ဆိုဒ်တစ်ခုဖြစ်လို့ပါပဲ… နဲနဲလေး ထဲထဲဝင်ဝင် Technically ရေးပါ့မယ်… Apple ရဲ့ iDevice တွေကို ဘာလို့ Jailbreak လုပ်တာပါလဲ… […]


ကြောင်ဝတုတ်December 17, 20124min70459
၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်နေ့၊ တနင်္ဂနွေနေ့ ကျွန်တော်တို့ မန္တလေးဂဇက်အင်တာနက်စာမျက်နှာတွင် စုစည်းမိကြသော ဝါသနာအရစာရေးသူများ၊ အားပေးစာဖတ်ကြသူများ၏ စေတနာ စုပေါင်းပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ဘုရားကြီးကျေးရွာ၌တည်ရှိသော မင်္ဂလာလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာတွင် ဂဇက်ရွာ၏ သမိုင်းဝင်အလှူတစ်ရပ်ကို အောင်မြင်စွာကျင်းပခဲ့ကြပါသည်… မနက် (၆)နာရီမှာ ပထမစုရပ်ဖြစ်သော တာမွေအဝိုင်းထိပ်မှ စတင်ထွက်ခွာလာသော ကျွန်တော်တို့ခရီးသွားကားသည် စုရပ်များတွင်လိုက်ပါလှူဒါန်းကြမည့်အလှူရှင်များကို ကြိုဆိုပြီး လှိုင်သာယာမှတဆင့် တွံတေးနှင့် ကော့မှူး၊ ကွမ်းခြံကုန်းလမ်းဆုံသို့ မနက်ပိုင်း (၈)နာရီကျော်ခန့်အချိန်တွင်ရောက်ရှိခဲ့ပြီး၊ ဘုရားကြီးကျေးရွာတည်ရှိရာ ကော့မှူး၊ ကွမ်းခြံကုန်းဘက်သို့ ထွက်ခွာခဲ့ကြရာ ဘုရားကြီးကျေးရွာမရောက်မီ လက်ဘက်ရည်ဆိုင်ငယ်တစ်ခုတွင် နံနက်စာစားသုံးခေတ္တနားခဲ့ကြပါသည်… လမ်းခရီးတွင် လိုက်ပါလာသူများကို ဆီထမင်း၊ ကောက်ညှင်းပေါင်းများနှင့် တည်ခင်းဧည့်ခံပေးသော ရွာသူအစ်မနိုဗီအားလည်းကောင်း၊ စမူဆာဖြင့်တည်ခင်းဧည့်ခံသော ရွာသူညီမလေးမရွှေအိအားလည်းကောင်း၊ ဘုရားကြီးကျေးရွာသို့မရောက်မီ လမ်းပေါ်တွင်ရှိသော လက်ဘက်ရည်ဆိုင်တွင် ထမင်းဆီဆမ်း၊ ကော်ဖီ၊ လက်ဘက်ရည်ဖြင့် လိုလေသေးမရှိ ဧည့်ခံပေးသောကိုရဲစည်အားလည်းကောင်း […]


ကြောင်ဝတုတ်December 11, 20128min30316
၁၉၈ဝ ပြည့်လွန်နှစ်များမှာ ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးကိုအပြောင်းအလဲဖြစ်စေခဲ့တဲ့ သူနှစ်ဦးရှိခဲ့ပါတယ်… သူတို့နှစ်ဦးလုံးဟာ ယခုအချိန်အထိ လူသားတို့အပေါ်မှာကျေးဇူးရှိခဲ့သူများဖြစ်သလို… လူသားအားလုံးကိုလဲ သူတို့ရဲ့တီထွင်ဆန်းသစ်မှုတွေနဲ့ ပိုမိုကောင်းသော… ပိုမိုလွယ်ကူသောဘဝကို ပို့ဆောင်ပေးခဲ့သူနှစ်ဦးပါ… ယခု ၂၀၁၂ နဲ့ ၂၀၁၃ အကူးအပြောင်းကာလမှာတော့ အကျိုးအကြောင်းတိုက်ဆိုင်လို့ပဲဆိုဆို… ရင်ထဲကခံစားနေရ လို့ပဲဖြစ်ဖြစ် ဒီစာကိုရေးမိပါတယ်… ဒီစာလေးနဲ့ ထိုသူနှစ်ဦးကို ဂုဏ်ပြုမှတ်တမ်းတင်ပါတယ်… အဲဒီလိုပဲ ဒီစာလေးက နည်းပညာနဲ့ပတ်သက်တဲ့စာတစ်ပုဒ်ဖြစ်လို့ မှီငြမ်းရေးသားခြင်းထက် ကိုယ်ပိုင်ထိတွေ့ လေ့လာခဲ့မှုပေါ်မှာမူတည်တဲ့ ခံစားမှုကိုထုတ်ဖော်ရေးသားလိုရင်းဖြစ်ပါတယ်… တကယ်လို့ အမှားများဖြစ်ခဲ့မယ် ဆိုရင်လဲ စာရေးသူကျွန်ုပ်၏ညံ့ဖျဉ်းမှုသာဖြစ်ပါတော့တယ်ခင်ဗျား… ထိုသူနှစ်ဦးကတော့ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ပန်းသီးကွန်ပျူတာကုမ္ပဏီကိုတည်ထောင်ခဲ့သူ Steve Jobs နဲ့ Microsoft အပျော့ထည်(Software)ကုမ္ပဏီကို တည်ထောင်ခဲ့သူ Bill Gate တို့ပါပဲ…               […]


လာမယ့် ဒီဇင်ဘာ (၁၆)ရက်နေ့၊ တနင်္ဂနွေနေ့မှာ အရင်ကြေငြာထားပြီးသားဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ မင်္ဂလာလူငယ်ပရဟိတဖွံ့ဖြိုးရေးပရဟိတဂေဟာမှာ ပြုလုပ်ဖို့စီစဉ်ထားတဲ့အတိုင်း ဂဇက်ရွာရဲ့စတုတ္တမြောက်အလှူပွဲအတွက် နောက်ဆုံးအလှူငွေကောက်ခံရက်နဲ့ လိုက်ပါမည့်သူများစာရင်းပေးရက်ကို လာမည့်တနင်္ဂနွေနေ့… ၂၀၁၂ခုနှစ် ဒီဇင်ဘာလ (၉)ရက်နေ့ကို သတ်မှတ်ထားပါတယ်… လိုက်ပါလိုသူများအရည်အတွက်ကိုသိရမှ ကျွန်တော်တို့ကလဲ ကားကြိုတင်စီစဉ်တာတွေလုပ်ရမှာမို့ တစ်ပတ်စောပြီးစာရင်းအပြီးသတ်တောင်းခြင်းလဲဖြစ်ပါတယ်ခင်ဗျား… အဲဒီနေ့မှာ ကျွန်တော်တို့ အလှူငွေကောက်ခံရေးအဖွဲ့သူအဖွဲ့သားများကလဲ အင်းယားလမ်းမပေါ်မှာရှိတဲ့ စိမ်းလန်းစိုပြေထဲမှာ နောက်ဆုံးအလှူငွေ လာရောက်ပေးနိုင်အောင် အလှူငွေကောက်ခံပေးမှာဖြစ်တဲ့အတွက်… အချိန်အားဖြင့်… နေ့လည် ၃းဝဝ နာရီမှ ညနေ ၆နာရီအထိ ရှိနေပေးမှာဖြစ်ပါတယ်… (၁) ကြောင်ဝတုတ် – 095180631 (၂) နွယ်ပင် – 09420143290 (၃) ချာတူးလန် – 09421152715 အထက်ဖော်ပြပါ ဖုန်းနံပါတ်တွေကို ဆက်သွယ်နိုင်ပါတယ်… ကျွန်တော်တို့အားလုံးစောင့်နေပါ့မယ်…   နောက်တစ်ခုက ခရီးသွားမယ့်အစီအစဉ်ပါ… […]


ကျွန်တော်တို့ ငယ်ငယ်တုန်းက ကျောင်းမုန့်ဈေးတန်းမှာ လာလာပြီးရောင်းတတ်တဲ့ ဂျုံနဲ့လုပ်တဲ့အရုပ်ကလေးတွေကို သတိရကြဦးမယ်ထင်ပါတယ်… အဲဒီအရုပ်ကလေးတွေကို ကျွန်တော်မတွေ့တာအတော်လေးကြာနေပါပြီ… ကိုယ်တိုင်ကျောင်းမတက်တော့တာလဲပါသလို… ကျောင်းသွားပို့ရမယ့် တာဝန်လဲမရှိတော့ မတွေ့ဖြစ်တယ်ထင်ပါတယ်… ဒါပေမယ့် ပြီးခဲ့တဲ့တနင်္ဂနွေနေ့က အောင်ရတနာဆေးခန်းကို အမေ့ကျန်းမာရေးကိစ္စနဲ့ရောက်တော့… ကလေးအထူးကုဆေးခန်းထိုင်ချိန်ကလေးတွေလဲများတဲ့အချိန်မို့ အဲဒီအရုပ်သည်ကို အမှတ်မထင်… မထင်မှတ်တဲ့နေရာမှာတွေ့လိုက်ရတော့… ငယ်ဘဝအမှတ်တရလေးလဲဖြစ်… သူတို့ရဲ့လက်မှုပညာအရည်အချင်းကို သေသေချာချာအားပေးမှတ်တမ်းတင်ခဲ့ပါတယ်… ကိုယ်တိုင်လဲလိုချင်တာကတစ်ကြောင်း… မကြီးမငယ်နဲ့အရုပ်ဝယ်တယ်လို့ စီစစ်သူအမေဆူမှာလဲကြောက်ရသည်မို့… အိမ်နားက ကလေးလေးနဲ့ ဆွေမျိုးထဲက တူ၊ တူမလေးများကို အကြောင်းပြပြီး အရုပ်လေးများဝယ်ဖြစ်ခဲ့ပါတယ်… ခေတ်ကာလပြောင်းလာတာနဲ့အမျှ အရုပ်ပုံစံအသစ်အဆန်းလေးများနဲ့ ဒစ်စနေးက ကာတွန်းဇာတ်ကောင်လေးများကို လက်မှုပညာလေးနဲ့ ပုံဖော်ရောင်းချတာကို နှစ်နှစ်သက်သက်တွေ့မြင်ခဲ့ရပါတယ်… အဲဒီလိုပဲ… ဝယ်လိုသူတွေများလွန်းလို့ ထိုင်စောင့်ရလောက်အောင် ရောင်းရလက်မလည်တာကို တွေ့မြင်ခဲ့ရတယ်… ခေတ်နဲ့အညီ အသုံးပြုတဲ့ကုန်ကြမ်းတွေပြောင်းလဲပြီး လက်မှုပညာပစ္စည်းလေးတွေအဖြစ်ရောင်းချစေချင်မိလောက်အောင် လက်ရာမြောက်တာကိုလဲ တွေ့ခဲ့ရပါတယ်…           […]


ကြောင်ဝတုတ်November 27, 20121min21517
ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့… ကားမှတ်တိုင်နောက်က ကြွေကျထားတဲ့သစ်ရွက်တွေလဲ ခြောက်ကပ်လို့… နှုတ်ခမ်းတွေလဲခြောက်နေတယ်… ရင်ထဲမှာဘာလိုနေမှန်းမသိတာတော့အမှန်ပါပဲ… မိဘမျက်နှာအိုးမည်းသုတ်တဲ့ သားဆိုးသားမိုက်ဖြစ်ချင်ဖြစ်မယ်… ဒါပေမယ့် ကိုယ့်ဘဝကို ကိုယ့်စိတ်နဲ့ကိုယ်… ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ဘာမှန်းမသိသေးတဲ့ဘဝတစ်ခုကိုတည်ဆောက်မယ်ဆိုတဲ့ သူရဲကောင်းစိတ်ဓာတ်ကြီးအရင်းခံလို့ လူကြီးတွေအလစ် ကျောပိုးအိတ်တစ်လုံးကို လက်မှာဆွဲပြီး ဘတ်(စ)ကားဂိတ်ကို ပြေးထွက်လာခဲ့တယ်… “အချစ်ရေ… မောင်လာနေပြီ… မောင်တို့နှစ်ကိုယ်တူဘဝအတွက်…” ကောင်းကင်ကိုမော့ကြည့်တော့ တိမ်တွေကင်းနေတယ်… နေမင်းကလဲ သူ့ရဲ့နံနက်ခင်းမှာစွမ်းအားတွေ အပြည့်… ကျုပ်ကလဲ သူ့စွမ်းအားတွေကို အချစ်အင်အားနဲ့တုံ့ပြန်ဖို့အသင့်… ဒါပေမယ့် ဘဝဆိုတဲ့ အဓိပ္ပာယ် ဘာမှန်းလားလားမှမသိ… ဇော်ဝင်းထွဋ်သီချင်းထဲကလို… “ခံစားကြည့်အချစ်စွမ်းအင်များ” ဆိုတာပဲသိတယ်… စောင့်နေတဲ့ (၁၂)ကားကလဲမရောက်လာ… အိမ်က အစ်မတော် ပျောက်သွားတာသိရင် အကျိုးနည်းရချည့်… နှုတ်ခမ်းတွေလဲခြောက်နေတယ်… ရင်ထဲမှာ စိုးရိမ်ပူပန်နေတာတော့အမှန်… “ကိုယ်မင်းနဲ့မခွဲနိုင်ဘူး….” ကားသုံးစီးလောက် လာသွားပြီ… (၁၂)ဟီးနိုးကြီးကို မျှော်ရတာမောလှပေါ့… ချစ်သူနှင်းပြောတဲ့ (၁၂)ကြီးကို မျှော်နေတယ်… […]