“When I was younger” ကျွန်တော်ရမ်းကားခဲ့တဲ့အချိန်မှာဖြစ်ခဲ့တဲ့ ဆေးချတဲ့အကြောင်းပြီးတော့ အရက်သောက်ရင်း ဖဲရိုက်တဲ့အကြောင်းထပ်ပြောပါဦးမယ်… ဒီနေ့အလုပ်မှာ အဆင်မပြေတာလေးတွေ ကြုံရတော့ ရှေးခေတ်ဟောင်းအူတက်ဖွယ်လေးများကို စဉ်းစားပြီး ရွာထဲမှာစာရေးမိတယ်…စိတ်လေးများသက်သာရာရအောင်ပေါ့ကွယ်… ကျွန်တော်က အဆောင်မရောက်ခင် (၉)တန်းကျောင်းသားလောက်မှာ ဆေးလိပ်နဲ့ အရက်ကိုစပြီး သောက်ဖူးတယ်…ဖဲကိုတော့ ယောင်္ကျားတို့တတ်အပ်တဲ့အတတ်ပညာအနေနဲ့ သေချာသင်ခဲ့တာပါ.. အခုချိန်အထိ ဆေးလိပ်ကို ရတိပြတ်မဖြတ်နိုင်တာကလွဲရင် (တစ်နေ့ကို ၃လိပ်လောက်ပဲသောက်တော့တယ်).. ရံဖန်ရံခါ အပေါင်းအသင်းနဲ့ ဘီယာသောက်ရုံပဲ အရက်နဲ့ပတ်သက်တော့တယ်..ဖဲကိုတော့လုံးဝမရိုက်တော့တာ (၃)နှစ်လောက်ရှိသွားပါပြီ…အမှန်အတိုင်းပြောရရင် သိပ်ပြီးတော့ စိတ်မပါတာလဲပါတာပေါ့.. ဆေးလိပ်နဲ့ အရက်မကောင်းမှန်းသိပါတယ်…ဆေးလိပ်ဖြတ်ဖို့ အခါ (၂၀)ကျော်ကြိုးစားဖူးပါတယ်…အရက်နဲ့ ပတ်သက်ရင် (၄)နှစ်လောက် လုံးလုံးလျားလျားခဝါချခဲ့ဖူးပါတယ်… ဒါပေမယ့် အရှင်းဆုံးဝန်ခံရရင် မပြတ်ပါ… အဲဒီတော့ (၉)တန်းကျောင်းသားဘဝမှာ တောင်ကြီးမြို့၊ (၁၀)တန်းကျောင်းသားဘဝမှာ ပြင်ဦးလွင်ဆိုတော့ အရက်သောက်ကောင်းတဲ့ ချမ်းအေးတဲ့မြို့တွေချည်းပဲကိုးဗျ… နောက်ပြီးတော့ ကျွန်တော်တို့ ရှမ်းပြည်မှာ အရက်သောက်တာ […]


ဒီနေ့တော့ “When I was younger” ကျွန်တော်ရမ်းကားခဲ့တဲ့အချိန် အဆောင်မှာဆေးချကြတဲ့ အလွဲများ အကြောင်းရေးပါမယ်… မနေ့က ဂျီးခိုင်ရဲ့ဆေးခြောက်အကြောင်းနဲ့ပတ်သက်ပြီး သတိရသွားတဲ့ ကျွန်တော့ရဲ့အလွဲတွေပါ…. ကျွန်တော်တို့အဆောင်မှာ မိုးကုတ်ဖက်ကလာတဲ့သူငယ်ချင်းတစ်ယောက်နဲ့ လားရှိုးဘက်ကလာတဲ့ သူငယ်ချင်း တစ်ယောက် ရှိတယ်ဗျ… မိုးကုတ်ကလာတဲ့သူငယ်ချင်းက အသက်(၂၀)ကျော်ပြီ.. ကျွန်တော်တို့ (၁၅)နှစ်လောက်တုန်းကပေါ့ဗျာ… နှစ်ကျ…အရက်လဲကြိုက်…ဆေးလိပ်လဲကြိုက်…ဖဲလဲကြိုက်…မိန်းမကျတော့ စိတ်မဝင်စားဘူး… သစ်ရွက်လှုပ်လို့ မခို့တရို့ ကျုပ်တို့ပြုံးနေချိန်တောင် သူကမဖြုံဘူး… လားရှိုးကလာတဲ့သူငယ်ချင်းကျတော့ အဖေလုပ်တဲ့လူကဆရာဝန်… သူကတော့ ဆိုးသလားမမေးနဲ့…မရိုသေစကားဗျာ…အသက်(၁၄)နှစ်လောက်ကတည်းက ပြည့်တန်ဆာတန်း သွားတတ်နေပြီ… အဲလိုကောင်… ကံဆိုးတော့ ကျွန်တော်က သူတို့ (၂)ကောင်နဲ့နေရတယ်… အဆောင်က (၃)ယောက်တစ်ခန်းကိုးဗျ… မိုးကုတ်ကသူငယ်ချင်းကလဲ မူးတဲ့အရာဆိုအကုန်ကြိုက်… လားရှိုးကသူငယ်ချင်းကလဲ မကောင်းတာဆို အကုန်လက်တည့်စမ်းချင်… အဲဒီတော့ ကျွန်တော်လဲ သူတို့ကြားထဲနေရတာဆိုတော့ နဲနဲတော့လက်တည့်စမ်းချင်တဲ့စိတ်ရှိလာတာပေါ့… အကျွန်ကျွန်ုပ်သည်လဲ ယောင်္ကျားပေးပဲကိုး… စနေနေ့ညတစ်ည… ကျွန်တော်တို့က […]


“When I was younger” ကျွန်ုပ်ရမ်းကားစဉ်အချိန်…. အဆောင်နေကျောင်းသားဘဝ ရွယ်တူယောင်္ကျားလေးတွေချည်းစုစုပေါင်း (၅၀)လောက်စုနေကြတာဆိုတော့ အယုတ်တမာတွေ၊ ပေါက်တကရတွေကလဲအစုံ၊ နယ်စုံ၊ အသက်အရွယ်အစုံ၊ အတတ်ပညာစုံ (ကောင်းတာရော) မကောင်းတာရော၊ အတွေ့အကြုံအစုံပေါ့ဗျာ… ယောင်္ကျားလေးတွေချည်းဆိုတော့ အနိုင်မခံအရှုံးမပေး အပြိုင်အဆိုင်လဲများပေ့ပေါ့… ဟိုကောင်ဆေးလိပ်ခိုးသောက်ရင်…ဒီကောင်အရက်ခိုးသောက်မှ ဂုဏ်ရှိတာ။ လူရှိန်တာ။ မဟုတ်လို့ကတော့ အခြောက်ဘာညာဆိုပြီး ဖင်ပုတ်ခေါင်းပုတ်နဲ့ စော်ကားခံရပြီသာမှတ်… မနေ့က ထမင်းစားတဲ့အလွဲအကြောင်းပြောပြီးတော့ ဒီနေ့ ရေချိုးတဲ့အလွဲအကြောင်းထပ်ပြောကြတာပေါ့…. ကျွန်တော်တို့အဆောင်မှာ ရေချိုးခန်း သေးသေးလေး (၄)ခုနဲ့ ရေချိုးဖို့ ကန်အကြီးကြီးတစ်ခုရှိတယ်ဗျ… ရေကန်ကြီးမှာတော့ အကုန်စုပုံပြီးရေချိုးကြတာပေါ့ ရေချိုးခန်းသေးသေးလေးတွေက (၄)ခုပဲရှိတာဆိုတော့ လူတိုင်းရေချိုးခန်းမရဘူးပေါ့ဗျာ… ကျွန်တော်ကလဲ ရေဆိုရင် ဝအောင်ချိုးရမှ၊ နောက်တစ်ခုက သေချာဂျီးတွန်းချင်တာလေ သူများနဲ့ကန်မှဝိုင်းချိုး ရတာကို ကျွန်တော့်စိတ်ထဲ စင်တယ်လို့ကိုမထင်တာ။ ရေချိုးခန်းထဲမှာ နိကက်ချိုးရမှ စင်သလိုလို စိတ်ထဲဖြစ်နေတော့ ခက်တော့ခက်သားလားဗျ။ […]


“ When I was younger” ကျွန်ုပ်ရမ်းကားစဉ်အချိန်…. (၉)တန်းအောင်..(၁၀)တန်းအတက် (၅)ဘာသာကို စုစုပေါင်းအမှတ် ၂၀၃ မှတ်ရလို့ ခမည်းတော်ဆော်ပလော် တီးတာခံရရုံမက မဲဇာပို့မယ်ဆိုပြီး ပြင်ဦးလွင်က ဘော်ဒါဆောင်ကို ဝကွက်အပ်ခံလိုက်ရတဲ့အချိန်…. စိတ်ကလေလေ…ထမင်းဟင်းကညံ့ညံ့…အိမ်ကအမေဖုန်းဆက်တိုင်းချွဲရတာအမော.. အမေ့ကိုသတိရတယ်ပေါ့ တကယ်တော့ အမေ့ထက် အမေ့လက်ရာထမင်းဟင်းတွေဖြစ်မှာပါ..အဲဒီအချိန်တုန်းကပေါ့နော်… ကြောင်ဝတုတ်တို့ ဘော်ဒါမှာ ထမင်းစားခန်းက Hall ခန်းကြီး… ထမင်းစားချိန် ဝင်သွားရင် တစ်ခြမ်းက မိန်းခလေးများ၊ တစ်ခြမ်းကယောင်္ကျားလေးများခွဲထိုင်ရပါတယ်… ရှေ့ ကျောက်သင်ပုန်းကြီးနဲ့ Stage ပုပုလေးပေါ်မှာ ထမင်းအိုးအကြီးကြီးနဲ့ ဟင်းအိုးအကြီးကြီး တင်ထားပြီး ထမင်းပန်းကန်နဲ့ ဟင်းခွက်ကို ကိုယ်တိုင်ယူစနစ်နဲ့ကျွေးမွေးပါတယ်… ထမင်းစားပြီးရင်တော့ ပန်းကန်ထားခဲ့ပြီး လက်ဆေးထွက်ခွာသွားစေတယ်ပေါ့ဗျာ… အဆောင်က ထမင်းဟင်းအကြောင်းပြောပြပါဦးမယ်… ထမင်းက အညံ့စားမဟုတ်ပေမယ့် သိပ်ပြီးတော့မကောင်းပါ…ဟင်းကလဲ အများစာဆိုတော့ ဖွယ်ဖွယ်ရာရာမရှိ ဖြစ်သလိုမဟုတ်ရုံပဲပေါ့.. ဥပမာ..ဝက်သားကြော်နဲ့ ပဲဟင်းရည်၊ […]


ဒီနေ့မှ ရုံးပြန်တက်တဲ့နေ့ ၂၀၁၁ ရဲ့ ပျင်းရိမှုတွေ၊ ထိုင်းမှိုင်းမှုတွေကို ဒီဇင်ဘာ (၃၁)မှာ ချန်ထားခဲ့ပြီး၊ ၂၀၁၂ ဇန်နဝါရီလ (၂)ရက်နေ့မှာ၊ ပျင်းရိမှုအသစ်၊ လေးကန်မှုအသစ်တွေနဲ့ ရုံးအတွင်းကို ခြေလှမ်းအသစ်တွေနဲ့ ပြန်ဝင်လာခဲ့တယ်။ Happy New Year ဆိုပြီး နှုတ်ဆက်တဲ့အသံတွေကို ပြန်နှုတ်ဆက်ရင်း ရုံးပေါ်ကို ခြေလှမ်း လေးလေးနဲ့တက်လာခဲ့တယ်… ရုံးခန်းကို တံခါးလေးဖွင့်၊ Air-Corn ကို Remote ခလုပ်လေးနှိပ်ပြီး ဖွင့်လိုက်အပြီး… သတိတစ်ခုဝင်လာတာက အထက်အရာရှိဆိုသော နိုင်ဂျံဂါးသား ခွင့်ယူထားတယ်ဆိုတာကိုပါ… ဘဝမှာတော်တော်သာယာတဲ့နေ့တစ်နေ့ ဖြစ်နေတော့တာပါပဲ…ဒီမနက်ပိုင်း မဖြစ်မနေလုပ်စရာရှိတာလေးကို လုပ်မယ်။ ပြီးရင် အေးအေးဆေးဆေး Download လုပ်ချင်တာတွေလုပ်မယ်။ စိတ်ကူးယဉ်အတွေးထဲတော့ ပြေလည်နေတာပဲ… မီးဖွင့်ပြီး စားပွဲပေါ်ကိုကြည့်လိုက်တဲ့အချိန်မှာတော့ လေထဲမှာဆောက်ထားတဲ့တိုက်အိမ်လေး ပြိုမှန်းမသိပြို ပျက်မှန်းမသိပျက်သွားရှာပြီ… Windows 7 Professional […]


ကြောင်ဝတုတ်December 30, 20111min1549
ကြောင်တို့မည်သည် ကြွက်ဟူသောသတ္တဝါကို စားရန်စားဖွယ်အဖြစ်လည်းကောင်း၊ ဆော့ရန် ကစားစရာအဖြစ် လည်းကောင်း ထင်မြင်ယူဆထားကြသည်။ တကယ်ဆိုပါလျှင် ကြွက်ဟူသောသတ္တဝါမှာ ကိုက်ဖဲ့စားသောက်ရ မည်ဆိုလျှင် သစ်သားပင်မချန်ထားတတ်သော သတ္တဝါဖြစ်သောကြောင့် အနှီအကောင်သည် ကျွန်ုပ်တို့ကြောင် မျိုးကြောင်နွယ်များအတွက် ကျွေးမွေးစောင့်ရှောက်ချစ်ခင်တတ်သောလူသားတို့အား ပြန်လည်ကျေးဇူးဆပ်ရန် သဘာဝမှဖန်တီးလာသော ကျွန်ုပ်တို့၏မွေးရာပါတာဝန်ဖြစ်ပေါ်လာပေတော့သည်။ ကြောင်နှင့်ကြွက်၊ ဝက်သားနှင့်တရုတ်၊ ရခိုင်နှင့်ငရုတ်သီး ခွဲခြားမရသကဲ့သို့ သမိုင်းဝင်လက်တွဲဖော်ဒွန်တွဲလာ သည့် နေနှင့်လ ရွှေနှင့်မြကဲ့သို့ အဖက်အဖော်များဖြစ်ပေါ်လာခဲ့ပေ၏။ ကြောင်တို့မူလအစခေတ်တွင် ကြွက်များအား ပြေးပြေးလွှားလွှားသွားသွားလာလာ ဖမ်းယူစားသောက်ခဲ့ရသော ခက်ခဲ့သည့် ကြောင်တို့ခယောင်းလမ်းများရှိခဲ့ဖူးပါသည်။ ကြွက်နှင့် ငါးကြော်၊ ပုဇွန်ကြော်ဆိုသည်မှာ ကြောင်တို့ အတွက် အဖိုးမဖြတ်နိုင်သော စားသောက်ဖွယ်ရာကောင်းများဖြစ်ခဲ့ပါသည်။ လူသားတို့မှ ချစ်ခင်နှစ်သက်ဖွယ် ရုပ်ရည်ပိုင်ဆိုင်သော ကြောင်မျိုးနွယ်တို့အား အဖော်မွန်များမဖြစ်စတင် မွေးမြူသည့်အချိန်မှစတင်ကာ ကျွန်ုပ် တို့ကြောင်များကား လူသားတို့အတွက်လွန်စွာ အကျိုးမပြုသော ကြွက်သတ္တဝါတို့အား နှိမ်နင်းခြင်းဖြင့် လူသားတို့၏ […]


ကြောင်ဝတုတ်December 23, 20111min1224
လွန်ခဲ့တဲ့ ဆယ်ငါးနှစ်နီးနီးကာလ… အလယ်တန်းမက အထက်တန်းအစ ဘဝတုန်းက ဘဝကံအကြောင်းတိုက်ဆိုင်လို့ ဓာတ်ရိုက်တွက်စက် (Computer) တစ်လုံးကိုဖြင့် ကျွန်တော်နှင့်မိတ်ဆက်ခွင့်ရခဲ့ပါတယ်… သူ့ကို အမေရိကန်နိုင်ငံအခြေစိုက် Compaq ဆိုတဲ့တံဆိပ်နဲ့ထုတ်လုပ်တဲ့ ဓာတ်ရိုက်တွက်စက်တစ်ခုဖြစ်ပြီးတော့ မှတ်မှတ်ရရ အဖြူအမဲ ၁၄လက်မ ဖန်သားပြင်နဲ့ (တကယ်မြင်နိုင်တာ ၁၂လက်မ သာသာပဲရှိမယ်ထင်တယ်) CD Drive မပါ.. 200MB ဝင်ဆန့်တဲ့ အမာပြား (Hard Disk) ကို သုံးထားတဲ့ ဓာတ်ရိုက်တွက်စက်ပါ။ ခေတ္တမှတ်ညဏ် (Memory) အားဖြင့် အားရစရာ 2MB ၊ အလယ်ထိုင်ထိန်းချုပ်တွက်ချက်မှုကိရိယာ (CPU) က Intel ကထုတ်တဲ့ 386 လို့ခေါ်ပြီး 133MHz နှုန်းနဲ့ တွက်ချက်မှုတွေကို ပြုလုပ်ပေးနိုင်တယ်လို့ဆိုရမှာပေါ့… ထပ်ပြီးတော့ မှတ်မိသေးတာက ၅လက်မ၊ ၃မတ် (5 […]


ကြောင်ဝတုတ်December 22, 20111min1336
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပညာရေးစနစ်ညံ့ဖျင်းတယ်လို့ပဲစပြောကြပါစို့။ English အထူးပြုနဲ့ ဘွဲ့ရထားတဲ့ကျောင်းသားတစ်ယောက် အင်္ဂလိပ်စာကို ကောင်းကောင်းမဖတ်နိုင်တာ မရေးနိုင်တာ ဝမ်းနည်းစရာပေါ့။ ဘွဲ့ရကျောင်းသားတွေရဲ့ ၉၀% နောက်က အင်္ဂလိပ်စာဆိုကြောက်ကြတယ်။ ထပ်ပြောရရင် အတန်းကျောင်းတွေအားလုံးမှာ အင်္ဂလိပ်စာကို သချင်္ာတွက်သလို Formula နဲ့ သင်တယ်။ ဒါတွေ့..ဒါထည့်..ဒါပြောင်း… ကဲ..ဘယ်လိုလုပ်ကြမလဲ။ ကွန်ပျူတာနဲ့ပတ်သက်တဲ့စာတွေ၊ နည်းပညာပိုင်းဆိုင်ရာစာအုပ်တွေက အကုန်လုံး အင်္ဂလိပ်လိုနဲ့ရေးလာကြတယ်။အင်္ဂလိပ်လိုရေးခဲ့တာ အပြစ်မဟုတ်ဘူး။ ကိုယ်က သူများတီထွင်မှုကိုသုံးရင် သူတို့ရေးတဲ့စာကိုဖတ်ရင် သူတို့ရေးတဲ့ဘာသာနဲ့ပဲဖတ်ရမယ်။ကိုယ်မှမလုပ်နိုင် မရေးနိုင်တာကိုး… အင်္ဂလိပ်စာ ဘာလို့ နိုင်ငံတကာသုံးဖြစ်လဲ… အင်္ဂလိပ်လူမျိုးတွေ နှစ်ပေါင်းများစွာကမ္ဘာတစ်ဝှမ်းလုံးလှည့်လည်သွားပြီး စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေးတွေမှာကြိုးစားအားထုတ်ခဲ့တော့ (နယ်ချဲ့ခဲ့တယ်ဆိုတဲ့စကားကို မသုံးဘူးနော်) သူတို့စကား၊ သူတို့စာပေ ကမ္ဘာတစ်ဝှမ်းလုံးဆီရောက်ခဲ့တယ်။ နောက်ပိုင်း အင်္ဂလိပ်စာနဲ့ စကားကိုပဲသုံးတဲ့ အမေရိကန်နိုင်ငံက ဘာသာရပ်တော်တော်များများ၊ တီထွင်မှုတော်တော်များများမှာ ဦးဆောင်နေတဲ့အတွက် အခုချိန်အထိ အင်္ဂလိပ်စကားက […]


ဒီနေ့တော့ ရုံးမှာအလုပ်တွေလဲရှုပ် ခနော်နီခနော်နဲ့ မီးကြိုးမောင်းပျက်ကော်နတ်ချင်နဲ့ ပုံတွေကလဲ တင်လို့မရ အဲဒါ..အဲဒါတွေစိတ်ကုန်နေတုန်း…ဗြုန်းဆို Sexy ကျကျကောင်မလေးတစ်ယောက်နဲ့ Skyline တစ်စီးကိုတွေ့ လိုက်ရတော့… ကျွန်တော့စိတ်တွေ ဟိုးအတိတ်တစ်နေရာဆီကိုလွင့်မြောသွားပါတော့တယ်………….. အဲဒီအချိန်တုန်းက အသက်ကငယ်ငယ် Fast & Furious ကထွက်ခါစ… Need for Speed Hot Pursuit လေး မောင်းနေတဲ့အချိန်.. ရှင်းရှင်းပြောရရင် စိတ်တွေက ခပ်ကြွကြွပေါ့…ငယ်သွေးကြွတယ်လို့ ဆိုနိုင်မလားပဲ… ကားဆိုရင် မြန်မြန်မောင်းချင်တယ် Alarm မြည်အောင်မောင်းနိုင်တာကို ဂုဏ်ယူချင်တဲ့ မနူးမနပ်ရူးမိုက်မိုက် အရွယ်ပေါ့။ မတင့်လိုသီချင်းဆိုမယ်ဆိုရင်တောင် ဒီအရွယ် ဝတုတ်တို့အရွယ်…လှပတဲ့အရွယ်ပေါ့… အဲဒီအချိန်တုန်းက သိမ်ဖြူလမ်းမှာအလုပ်လုပ်နေတဲ့အချိန်..ရုံးက ငှားပေးထားတဲ့ Publica လေးကို ကျကျနန မောင်းပြီး ၄၆လမ်းထိပ်က စတိုးဆိုင်လေးမှာ ယမကာလေးမှီဝဲမယ်ဆိုတဲ့အတွေးနဲ့ ပုလင်းလေးလာဝယ်… အရပ် ၆ပေနီးနီးရှိတဲ့ ဝဝတုတ်တုတ်ကြောင်တစ်ကောင် […]


စန္ဒမုနိဘုရားကြီးတည်ရှိခဲ့ရာ ဗန္ဓုလကျောင်းကြီးကို အခုနောက်ပိုင်း စန္ဓမုနိဘုရားကြီးကျောင်းတော်လို့ အမည်နာမပြောင်းလဲခေါ်ဆိုခဲ့ပါတယ်။ သပ္ပါယ်လှတဲ့ စန္ဒမုနိဘုရားကြီးကိုတော ဖူးတွေ့ကြပါဦးစို့။ နိုင်ငံတော်အကျိုးပြုဇာတ်လမ်း (အစိုးရအခေါ်) တစ်ခုထဲမှာ ဒီဘုရားကြီးအကြောင်းထည့်ရိုက်ထားဖူးတယ်ဆိုတာကို ကြည့်ဖူးသူများမှတ်မိလိမ့်မယ် ထင်ပါတယ်။ ဗန္ဓုလကျောင်းရဲ့ ထူးခြားချက်ကတော့ ကျွန်တော်တို့ တစ်ခါမှမမြင်ဖူးတဲ့ မုဒြာအမျိုးမျိုး၊ ကိုယ်နေဟန်ထားအမျိုးမျိုးနဲ့ဆင်းထုတော်တွေကို အံ့မခန်းဖူး ခွင့်ရလိုက်တာပါပဲ။ ဗန္ဓုလကျောင်းတော်မှာ စနေနေ့တစ်ရက်သာဖွင့်လှစ်ပြီး အများပြည်သူဝင်ရောက်ခွင့်ပေး လေ့ရှိတာကြောင့် ဘုရားဖူးများအလွန်တရာ များပြားနေသည်ကတစ်ကြောင်း၊ အချိန်ကိုငဲ့ကွက်သောအားဖြင့်ရနိုင်သမျှ ဓာတ်ပုံတွေကိုအသည်းအသန် ရိုက်ယူခဲ့ရသောကြောင့် တုန်ခြင်းမှုန်ခြင်းအလင်းပြန်ခြင်းသည်းခံကြပါ ခင်ဗျာ။ ဗန္ဓုလကျောင်းကြီးမှာရှိသမျှ ရုပ်ပွားတော်မှန်သမျှကို ပြိုပျက်သွားသော စေတီတော်အဟောင်းများ၏ ဌာပနာတိုက်များအတွင်းမှ ရရှိပြီး၊ အတပ်နိုင်ဆုံးထိန်းသိမ်းစောင့်ရှောက်ထားခြင်းဖြစ်ကြောင်းကို ကျောင်းမှတာဝန်ရှိသူဆရာတော်ဘုရားတစ်ပါးမှ ရှင်းလင်းပြောကြားပေးခဲ့ပါတယ်။ အဲဒီဘုရားဆင်းထုတော်တွေကို စနစ်ကျနသော စာရင်းပြုစုမှု၊ ထိန်းသိမ်းမှု၊ တိကျသောသမိုင်းကြောင်း အထောက်အထားများနဲ့ ပြတိုက်တစ်ခုသဖွယ် ခင်းကျင်းပြသနိုင်ရင်ဖြင့် နိုင်ငံခြားဝင်ငွေအပြင် ရှားပါးသမိုင်းဝင်ရုပ်ပွားတော်များကို အခုထက်ပိုပြီး ရည်ရှည်ထိန်းသိမ်းထား နိုင်လိမ့်မယ်လို့မြင်မိပါတယ်။ […]


မြောက်ဦးမြို့သို့ခြေချလျှင်ချခြင်း ပျော်ရွှင်ဖွယ်ရာသတင်းတစ်ခုကို ကြားလိုက်ရပါသည်..အဲဒါကတော့ မနက်ဖြန်(တနင်္ဂနွေနေ့) စစ်တွေပြန်ရင် နေ့လည်ကားမရှိဘူးဆိုသည့့်အကြောင်းပါ။ မြောက်ဦးရောက်တော့ နေ့လည် (၁)နာရီခွဲ။ တနင်္ဂနွေနေ့ မနက်ပိုင်းစောစောထပြီး ဘုရားဖူးပြီးတော့မှ နေ့လည်ကားနှင့်ပြန်မည်ဟု စဉ်းစားခဲ့သောကြောင် ကွိုင်တက်တော့သည်။ မတတ်နိုင်ပြီ သုံးဘီးကိုပဲ အားကိုးရပေတော့မည်။ ဗရမ်းဗတာခရီးကို နီးသလားမှတ်လို့သွားမိတာ အခုတော့နာချေပြီ။ ဖွတ်ကလီဒင်္ဂါးတစ်သောင်းကျပ်တိတိဖြင့် သုံးဘီးသမားအားခေါ်ပြီး ညနေချင်း ဘုရားစုံပတ်ရတော့သည်။ မနက်ပြန်ရမည်မဟုတ်ပါလော။ ဘုရားစုံကို ပေါက်စိန်ပေါက်ဖြင့် ပြူးပြာနေအောင် ကြောင်တစ်ကောင်သွားခဲ့ရပြန်တော့သည်။ တိုးရစ်ဂိုက်သုံးဘီးသမား ခေါ်ရာနောက် တစ်ကောက်ကောက်လိုက်ပါရပါတော့သည်။ ဆိုးလိုက်တဲ့ဘဝပေလော။ ပထမဆုံးရောက်သွားတဲ့ဘုရားကြီးကတော့ လောကမာရ်အောင်ဘုရားပါတဲ့ AD-1658 မှာ ဒကာတော် ဘုရင်စန္ဒသုဓမရာဇာ နှင့် မိဘုရားရတနာဝီယဒေဝီ တည်ထားကိုးကွယ်ခဲ့တာပါ။ ပုံစံအားဖြင့် ပုဂံမှာတွေ့နေကျ ဂူဖုရားပုံစံဖြစ်ပါတယ်။ လျှပ်စစ်မီးအလုံအလောက်မရရှိမှုကြောင့် အတွင်းပိုင်းမှောင်မဲနေလို့ တစ်နာရီကို ၁၀၀ဝကျပ်နဲ့ လျှပ်စစ်မီးပူဇော်ပြီး ဓာတ်ပုံရိုက်ခဲ့ပါတယ်။ ရရှိခဲ့သောကုသိုလ်အဝဝကို ရွာထဲမှာရှိသော လူယောင်္ကျား၊ […]


၂၀၁၁ ခုနှစ်အကုန်ပိုင်းရောက်တော့ ငြိမ်ကုပ်ပြီး ရုံးကပ်နေသောကျွန်တော့ကို အထက်လူကြီးဆိုသော သူများကတာဝန်ဖြင့်ခရီးထွက်ရန်အတွက် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ခြေရှည်ရန်အတွက် အတင်းတွန်း လွှတ်ခဲ့ပါတော့သည်။ မသွားချင်သွားချင်ဖြစ်နေသော ကျွန်တော့်အား အဲယားဇလုံဖြင့် နေ့လည်တစ်နာရီ တိတိ အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ထွက်ခွာပြီး အဲယားဇလုံ၏ကျေးဇူးတော်ဖြင့် ငပလီကမ်းခြေအနီးရှိ သံတွဲမြို့သို့လည်းကောင်း၊ လမ်းကြုံဝင်ထွက်သွားလာရင်း မူလရည်ရွယ်ရာ စစ်တွေမြို့တော်သို့ ညနေ ၃နာရီခန့်တွင် စိုက်ရောက်ခဲ့ပါသည်။ အေးမြမြလေးနုအေးလေးက ဆီးကြိုလိုက်သဖြင့် မြို့ပြမှထွက်ခွာလာသော ကျွန်တော့်စိတ်ဘဝင်တွင် လန်းဆန်းကြည်နူးခြင်းများကို တစ်ပွေ့တစ်ပိုက်ခံစားလိုက်ရတော့သည်။ ထိုမှတစ်ဆင့် တည်းခိုရာယာယီစံ နန်းတော်ကိုဖြင့် ရုံးမှ ကားဒရိုင်ဘာက အတင်းဆွဲခေါ်ပို့ဆောင်လိုက်မှုကြောင့် ကျွန်ုပ်ညပိုင်းအိပ်စက် အနားယူရာ ဟိုတယ်သာယာသို့ရောက်ရှိခဲ့ပါသည်။ Sea Food တွေစားလိုက်၊ ဘီယာတွေသောက်လိုက်၊ ရွာထဲမှာ ဇာကြီး(အင်ဇာဂီ) ရေးသော Anti-Apple ကိုဖတ်ရင်း ကော်မန့်ရေးလိုက်၊ အလုပ်တွေအချိန်မီပြီးအောင် ပြူးပြဲလုပ်လိုက်ဖြင့် […]


လွန်ခဲ့တဲ့ (၁၄)နှစ်လောက်က မြန်မာပြည်မှာ ကွန်ပျူတာရယ်လို့ အလွန်ရှားရှားပါးပါးအချိန်၊ နယ်မြို့လေးတစ်မြို့က ကျောင်းတစ်ခုမှာ ကျွန်တော် ပထမဆုံးစတွေ့လိုက်ရတာက Personal PC လို့ခေါ်တဲ့ တစ်ကိုယ်ရည်သုံးကွန်ပျူတာလေး သူ့ပေါ်က တံဆိပ်လေးတစ်ခုကို စပြီး သတိထားခဲ့မိတယ် အရောင်စုံချယ်သ ထားတဲ့ အကိုက်ခံပန်းသီးပုံလေးပေါ့။ ကျွန်တော့်ကို ကွန်ပျူတာဆိုတာ မိတ်ဆက်ပေးလိုက်တဲ့ ပန်းသီးလေးပါ.. အဲဒါ ပန်းသီးပုံတွေမြင်တိုင်း Forrest Gump ထဲမှာ Tom Hanks ပြောခဲ့သလို သစ်သီးတွေရောင်းတဲ့ ဆီမှာတောင် ရှယ်ယာတွေထည့်ထားသေးတယ်ဆိုတဲ့ Apple တံဆိပ်လေးနဲ့ စကားလေးကို အမြဲအမှတ်ရနေခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ကွန်ပျူရွာဆိုတဲ့ နည်းပညာနဲ့ ပတ်သက်တဲ့ စာအုပ်လေးတွေထဲမှာ Apple ဆိုတဲ့ ကွန်ပျူတာအကြောင်းဖတ်ရတိုင်း Steve Jobs ဆိုတဲ့ နာမည်ဆန်းဆန်းနဲ့ CEO တစ်ယောက်ကိုလဲ စိတ်ဝင်စားခဲ့မိတယ်။ ကွန်ပျူတာကို […]