Thu YainJune 25, 20161min870
သံတွဲဈေးတွင်ညနက်သန်းခေါင်စည်ပင်ဝန်ထမ်းဆိုကာဈေးတံခါးမကြီဖွင့်ကာအကြိမ်များစွာဝင်လိုက်ထွက်လိုက်လုပ်နေသည်မှာဈေးဆိုင်များလုံခြုံရေးအတွက်အထူးစိုးရိမ်နေရပ်သည်ဝန်ထမ်းများမဟုတ်သောလမ်းဘေးကလေးများပါဝင်ရောက်ပြီးညနက်သံခေါင်းဈေးထဲအရက်သောက်စားဂီတာတီခြင်းလောင်းကစားမှုများပြုလုပ်နေကြပါသည် ဈေးဆိုင်ခန်းများအကြိမ်ကြိမ်အဖေါက်ခံနေရသော်လည်းတရာခံတဦးတယောက်မှမမိသေးသည့်အပြင်သူခိုးများထကြွသောင်းကျန်းနေသည်မှာယနေ့တိုင်ဖြစ်ပါသည် ဈေးနီရှိဆိုင်းခန်းများတွင်လည်းအကြိမ်ကြိမ်အခိုးခံနေရပြီးသူခိုးကိုဆိုင်ရှင်ကိုယ်တိုင်စုံစမ်းဖမ်းဆီရမိသောတရားခံမှာလဲရဲလက်ရောက်မှကွင်းဆက်ပြတ်ကာအဓိကတရားခံများလွတ်မြောက်နေပါသည်ဟုသိရပြီးနေခင်းကြောင်တောင်သံတွဲ့ဈေးရွှေဆိူင်မှဆွဲကြိုးလုထွက်ပြေးသောတရားခံမှာလည်းသံတွဲတရားရုံးမှတရားသူကြီဒေါ်ခင်သန္ဒာမှအကြိမ်ကြိမ်လုယက်ထွက်ပြေးရွှေများရောင်းချခဲ့သောနာမည်ကြီတရားခံကိုဟန်ပြထောင်၁နှစ်သာချခဲ့ပါသည်ရွှေနဒီဆိုင်မှရွှေဆွဲကြိုးနှငိ့လက်ကောက်အကွင်းများစွာလုယက်ထွက်ပြေးသောတရားခံမှာရဲမပါဘဲဈေးသူဈေးသားများဝိုင်းဖမ်း၍မိခဲ့သော်လည်းရဲလက်ရောက်မှထောင်းမကျဘဲတရားခံပြေးဖြင့်လွတ်မြောက်နေပါသဖြင့်သံတွဲဈေးသူခိုးများအားလုံးလွတ်မြောက်နေသဖြင့်ယခုမိုးရာသီတွင်အထူးစိုးရိမ်နေပါသည်သက်ဆိုင်ရာအာဏာပိုင်တို့ထိုင်မနေအမိူက်ပလပ်စတိတ်အမိူက်ကောက်မနေဘဲလူအမိူက်များကိုထိရောက်စွာကောက်ယူသင့်ပါသည်ဟန်ပြအပေါ်ယံဆောင်ရွက်မနေသင့်တော့ပါပြီ