footerAugust 12, 20101min774
ယုံကြည်မှုဖြင့် နီးစပ်ရာအချင်းချင်း စုပေါင်း၍ စုကြေးငွေစုကြသည့် စနစ်များ ပြည်တွင်း၌သာမက ပြည်ပတွင်ပါ ခေတ်စားလာပြီး ထိရောက်မှုရှိသည့် စုဆောင်းမှုများ ဖြစ်သကဲ့သို့ ယုံကြည်စိတ်ချမှု အပေါ်အခွင့်ကောင်း ယူ အလွဲသုံးစားလုပ်၍ ငွေကြေးလိမ်ယူပြီး ထွက်ပြေး တိမ်ရှောင်သွားကြသည့် ဖြစ်ရပ်များလည်း ပြည်တွင်း အပြင် ပြည်ပနိုင်ငံများတွင်ပါ ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။ ရပ်ကွက်များ၊ အဆောင်များ၊ ဈေးသူဈေးသားများနှင့် ဝန်ထမ်းများ စုပေါင်းလုပ်ဆောင်ရသည့် အဖွဲ့အစည်းများနှင့် အသင်းအဖွဲ့များတွင် အဆိုပါအလှည့်ကျ မဲစနစ်ဖြင့် ငွေထုတ်ယူသည့်စနစ်ဖြင့် ငွေစုဆောင်းခြင်းများမှာ ကျယ်ပြန့်လျက်ရှိသည်။ “ကျမတို့ကတော့ လူအယောက် ၂ဝ နဲ့ တစ်ပတ်ကို တစ်ယောက် အလှည့်ကျ ငွေထုတ်တဲ့စနစ်နဲ့ စုဖြစ်ပါတယ်။ တစ်ယောက်တည်းဆိုရင် စုဖြစ်မှာမဟုတ်ပါဘူး။ တစ်ပတ်ကို နည်းနည်းချင်းစီနဲ့ ဝိုင်းစုလိုက်ကြတော့ အချိန်တိုအတွင်းမှာလည်း အလှည့်ကျထုတ်ယူပြီး လိုအပ်တာတွေမှာ အဆင်ပြေပြေသုံးလို့ ရသွားတာမျိုးတွေ […]