ထာ၀ရSeptember 17, 20111min14247
အာ.  အား ….. အော်သံ၂ချက်နဲ. နံနက်ခင်းကို  စလိုက်ပါပြီ..ကျမတို. နံနက်ခင်းက တခြားဌက်တွေထက် စောတယ် ကြားဖူးတယ်မဟုတ်လား ကျီးမနိုးခင် ထဆိုတာ ကျီးတွေက တခြားဌက်တွေထက် ဝရီယကောင်းတယ်..မနက်လေးနာရီခွဲလောက်ဆို ကျမတို.ကျီးလောက စလှုပ်ရှားပြီလေ.. ဒီနေ.တော. ခါတိုင်းနေ.တွေထက် ပို စော စောထဖြစ်တာ အကြောင်းရှိတယ်လေ……   မိတ်ဆက်ရအုံးမယ် ကျမ က မယ်နီ ပါ  ဇာတိကတော.ရန်ကုန်ကမဟုတ်ပါဘူး အထက်အညာ ကပါ မျိုးရိုးက အာနီမျိုး  နာမည်ကြိးပေါ.. ကျီးအာနီသားကိုစားရင် ကလေးတွေ သူငယ်နာပျောက်တယ်လို. ဘယ်ရမ်းကုက သတင်းလွင်.တယ်မသိပါဘူး ကျမ အမျိုးတွေ တကောင်ပြီးတကောင် ဟင်းအိုးထဲရောက်ကုန်လို. ကြာရင် မျိုး ပျောက်မယ် ဆိုပြီး ဘကြီးက သူ.အသိနဲ. ရန်ကုန်ကို ထည်.လိုက်ရာကနေ မြို.ကို ရောက်လာတာပါဘဲ….   […]


ထာ၀ရAugust 5, 20111min982
မြန်မာလူမျိုးတွေဟာ စကားကြွယ်လှပါတယ် တကျောင်းတဂါထာ တရွာတပုဒ်ဆန်း ဆိုသလို ပေါများလှတဲ.စကားပုံတွေကလည်း ကိုမသိမကြားဘူးတဲ. စကားပုံတွေလဲ အပုံပါဘဲ အဲဒီစကားပုံတွေအကြောင်းစာအုပ်ကိုဖတ်ရင်းနဲ.ကျွန်တော်တို. တက္ကသိုလ်ကျောင်းသား ဘဝက အဆောင်နေသူငယ်ချင်းတွေနဲ. ကျွန်တော်တို.ဒေးကျောင်းသားတွေ အပြိုင်ငြင်းကြတာသွားသတိရမိတယ် ကျွန်တော်တို.ခေတ်တုန်းကစီးပွားရေးတက္ကသိုလ် ဆိုတာ ဗမာတပြည်လုံးမှာတခုထဲဆိုတော.တနိင်ငံလုံးကလာတက်ကြတဲသူတွေဆိုတော. နယ်ပေါင်းစုံကသူငယ်ချင်းတွေပါဘဲရီဂျင်နယ်ကောလိပ်စဖြုတ်တဲ.အချိန်ဆိုတော. ပထမနှစ်ကနေ နောက်ဆုံးနှစ်အထိ ဒီသူငယ်ချင်းတွေနဲ.အတူဆိုေတော. ပြောမနာဆိုမနာတွေပါဘဲ တနေ.အဆောင်မှာသွားအိပ်ရင်းနဲ.ညဘက်ဂစ်တာတီးပြီးအပြန် အိတ်ချင်စိတ်မရှိတာနဲ. သူငယ်ချင်းတွေ စုစကားပြောရင်း စကားပုံတွေ အကြောင်းရောက်သွားရာက နယ်ကသူငယ်ချင်းတွေကတယောက်တမျိုး သူတို.သိတဲ.စကားပုံတွေကို သုံးပုံသုံးနည်းနဲ.တကွပြောသွားလိုက်တာ ကို.အလှဲ.ကျတော. ရန်ကုန်သား ကျွန်တော်ဘာပြောရမှန်းမသိတော. ဆင်ကြံကြံရတော.တာဘဲ သူငယ်ချင်းတို.မင်းတို.လိုတော.ငါက စကားပုံတွေကို စီကာပတ်ကုန်း မပြောတတ်ပေမယ်.ငါကစကားပုံတွေကို ခံစားပြီးနားလည်တဲ.လူပါလို. ပြောလိုက်တော.သူငယ်ချင်းတွေကအကွက်တွေ.ပြီဆိုပြီး ဝိုင်းမေးတော.တာပေါ. ငါကစကားပုံ တွေကို အသံ အနံ. အရသာ အဆင်း ဆိုပြီး ပိုင်းခြားလေ.ရှိတယ်ဆိုတော. အားလုံးကဝိုင်းရီတာပေါ. မင်းပေါက်ကရပြောတော.မှာမဟုတ်လား လို.ပြောကြရော သေချာရှင်းပြရင်ပြ […]


ထာ၀ရAugust 5, 20111min44842
သူငယ်ချင်းတယောက်မေး ထဲပို.လိုက်တဲ. ဂျပန်မှာခေတ်စားနေတဲ. စကဒ် ပုံစမ်းလေးတွေပါ ရွာသူတွေ စိတ်ဝင်စားမလားလို.တင်ပေးလိုက်ပါတယ် စကဒ်ပုံကတော.ရိုးရိုးပါဘဲ ဆနးတာကစကဒ်မှာ print လုပ်ထားတဲ.ဒီဇိုင်းပါ နှစ်သက်ရဲ.လား


ထာ၀ရAugust 2, 20111min31321
ဈေးကွက်ဂျာနယ် အမှတ်၁၆ဝ စက်တင်ဘာ၂၀၁ဝ ထုတ်ထဲမှာပါတဲ. ဆရာကြီးဦးအောင်သင်းရဲ. ကလေးတွေရဲ. မေးခွန်း ဆိုတဲ.ဆောင်းပါးလေးကို ပြန်ပြီးဖေါက်သယ်ချလိုက်ပါတယ် ဆရာ.ဆောင်းပါးထဲမှာ နွားနောက် ၊ ဒေါင်းတောက် ဆိုတဲ.စကားလုံးတွေရဲ. အသုံးအနှုံးတွေကိုရှင်းပြထားတာပါ နွားနောက်ဆိုတာသတင်းစာထဲမှာ ခဏခဏကြားဘူးတယ် သတင်းဓါတ်ပုံ တွေကိုကြည်.တောလဲရိုးရိုးနွားတွေလိုပါဘဲ သူတို.ကိုဘာလို.နွားနောက်လို.ခေါ်တာလဲလို.မေးကြတယ်တဲ. ဆရာကပြန်ဖြေထားတာက သူလဲဘဲ ဝေ.လည်လည်ဖြစ်ဘူးတယ်တဲ. နောက်မှသိရတာက စာရေးတဲ.အခါမှာသာ နွားနောက်လို.ရေးတာ လူတွေ အခေါ်က နထီး နမ နနောက်လို.ဘဲခေါ်ကြတယ်တဲ. ဘာလို.နနောက်လို.ခေါ်ရလဲဆိုတော. သူမေးကြည်.တာ နွားနောက်ရှေ.ကျွဲ လို. ပြောတယ် ရှေ.ကကြည်.ရင် ကျွဲနဲ.တူတယ် နောက်ကကြည်.ရင် နွားနဲ. တူတယ် ဒါကြောင်.နွားနောက် ရှေ.ကျွဲ လို.ခေါ်ခဲကြတာတဲ. အဲဒီကနေမှ နွားနောက်ဘဲ ကျန်ရစ်ခဲ.တာလို. ပြောကြတယ် အဲဒီကောင်တွေကရိုင်းတယ် ကျွဲလိုနွားလို ခိုင်းလို.မရဘူး မုဆိုးတွေကိုမေးကြည်.တော. တောကျွဲ နဲ.တောနွားနဲစပ်ပြီး မွေးလာတဲ.အကောင်တွေတောကျွဲ […]


ထာ၀ရJuly 24, 20111min1244
အချိန်အားလေး ရတုံး ပျောက်နေတဲ.စာရွက်စာတမ်းတွေရှာရင်း ဘီဒိုအံဆွဲ ဒေါင်.တနေရာကနေ ငယ်ငယ်ကျောင်းသားဘဝတုန်းက ကြိုက်လွန်းလို.သိမ်းထားတဲ. ကဗျာစာရွက် ဝါကြင်ကြင်လေးတွေကို တွေလိုက်ရတော. လက်တွေဘဝ ကခဏကင်းကွာသွားပြီး ကဗျာတွေ ထဲမျောပါသွားမိတယ် ရွာသားတွေလဲ ကျွန်တော်သိမ်းထားခဲ.တဲ. ကဗျာလေးတွေကို ခံစားကြည်.နိင်အောင်ဝေမျှပေးလိုက်ပါတယ် ပထမဆုံးကဗျာက ပန်းလှိုင်စိုး (ကျုံပျော် ) ရေးတဲ. …ခစ်…တဲ. ဒီရွှေခေတ် မှ လူဖြစ်လာသလား…သားရယ်၊ ရွှေလို ဘာမဆိုတန်ဘိုးရှိ မထိရဲ…မကြည်.ရဲ… တကတည်း…ဒီခေတ်မှမွေး သားလေးရယ်..သနားပါဘိ ….ခိ…. ချဉ်ပေါင်ရွက် စားရလွန်းလို. မန်ကျည်းရွက် စားရလွန်းလို. .. ဟွန်း..အသားတွေလဲချဉ် သေရင်……. ယင်တောင်မနား လင်းတတောင်မစား သွားကြိမ်းမှာစိုး… အိုး……ငါ.သား မင်းကိုသနားပါဘိ ….ခွိခွိ……… သစ္စာ တဲ. အလွန်တရာလှပ ဟိုးရှေးရှေးတုန်းကဝေါဟာရ ဘာနဲ.လက်တွေ.ပြရမယ်မသိ ကြည်. …လောကထဲမှာလူဖြစ် အမေချစ်တဲ.သား မင်းကိုသနားတယ်ကွယ် […]


ထာ၀ရJuly 19, 20111min1276
ခုတလော တွေကြုံနေရတဲ. အပေါ် စာရေးချင်စိတ်ပေါ်လာလို. အခုပိုစ်.လေးကိုတင်လိုက်တာပါ ကျွန်တော်တို.ပတ်ဝန်းကျင်  ရုံးမှာ ၊ ဆိုင်မှာ  အလုပ်ရုံတွေမှာ လူတွေဟာ ဝမ်းစာရေးအတွက် မဖြစ်မနေ လုပ်ငန်းခွင် ဝင်ကြတဲ.အခါ လုပ်ငန်းနဲ.ပတ်သက်တဲ. ပြသနာတွေ အခက်အခဲတွေ အမှားတွေ တွေ.လေ.ရှိကြတာ ထုံးစံပါဘဲ  ၊ အဲဒီမှာ ပြသနာတခုခု ဖြစ်ပြီဆိုရင် အများဆုံးတွေ.ရတာက ခေါင်းရှောင်ကြတာပါဘဲ တကယ်တာဝန်ရှိတဲ.လူကလဲ ကိုတာဝန်ယူထားတဲ.အပေါ် ကျေပွန်မှုမရှိတာကို ဝန်မခံရဲကြဘူး တခြားအကြောင်းအရာတခုပေါ်လွဲချရတာနဲ.အောက်လက်ငယ်သားအပေါ် ပုံချရတာနဲ.   ဒါတွေကိုတွေ.ရတဲ.အခါ  စိတ်ပျက်မိတာအမှန်ပါဘဲ တချိုကလဲ အလုပ်ပြုတ်မှာကြောက်လို. တချို.ကလဲစိတ်ကြီးဝင်ပြီးငါသာတော်ငါသာတတ်နဲ.တကယ်ပြသနာလဲ ဖြစ်ရော ဟိုလူကြောင်.ဒီလူကြောင်.နဲ.သူများကိုပုံချပြန်ရော ။ အခုခေတ်မှာ တာဝန်သိတတ်မှု ၊ တာဝန်ယူတတ်မှု  ကို အလေးထားတတ်တဲ. ဝန်ထမ်း တွေ ခေါင်းဆောင်တွေ အရေးတကြီး လိုအပ်နေပြီလို. ထင်တယ်ဗျာ နောင်လာမယ်.မျီုးဆက်တွေ အတွက် […]


ထာ၀ရJuly 7, 20111min672
ဈေးကွက်ဂျာနယ်ထဲကသတင်းတပုဒ်ပါ ဖတ်ကြည်.ပြီးကြိုက်လို.တင်လိုက်တာပါ   စီးပွားပျက်ကာလမှာ IMF ကို ဘယ်သူပဲ့ကိုင်ခွင့် ရမည်နည်း ခေတ်မီခြင်း၊ ခေတ်ရှေ့ပြေးခြင်း စသည်တို့၌ ကမ္ဘာ့ရှေ့ တန်းနေရာတွင် ရောက်နေသော ပြင်သစ်နိုင်ငံ။ ထိုနိုင်ငံဖွား ပြင်သစ်မျိုးနွယ် အမျိုးသမီးဖြစ်ပါလျက် …။ သက်သတ်လွတ်စားသူ။ အရက်ကို မည်သည့်အခါမှ မသောက်သုံးသူ။ ယောဂလေ့ကျင့်ခန်း မှန်မှန်လုပ်သူ။ ရေကူး၊ ရေငုပ် အားကစား၌ ပျော်မွေ့သူ။ ပန်းအလှစိုက်ခြင်း၌ ဝါသနာထုံသူ။ စသည့် အရည်အသွေးများရှိသူ ခရစ္စတင်းလာဂတ်ကို ၁၉၅၆ ခု၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ယခု အသက် ၅၆ နှစ် ရှိပြီဟုဆိုရမည်။ လောလောဆယ်၌ သူသည် ပြင်သစ်နိုင်ငံ၏ စီးပွားရေး၊ ဘဏ္ဍာရေး နှင့် စက်မှုဆိုင်ရာ ဝန်ကြီးတာဝန်ယူထားသည်။ ယင်းတာဝန်ကို ၂ဝဝရ […]


ထာ၀ရJuly 3, 20111min915
ချီလီ ကမီးတောင်ကြီး ပေါက်ကွဲနေတဲ.ပုံပါ မေးထဲကိုရောက်လာတဲ.ပုံ ကိုတင်ပေးလိုက်တာပါ ဓါတ်ပုံထဲမှာတော. ဆန်းကြယ်တဲ.အသွင်ဆောင်နေပေမယ်. လက်တွေ.မှာတော.ချီလီသားတွေအဖို.ငရဲလမ်းပါဘဲ  


ထာ၀ရJuly 2, 20111min1136
မေး ထဲကို ရောက်လာတဲ.ပုံပြင်လေးတပုဒ်ကို အဆင်ပြေသလိုဘာသာပြန်လိုက်တာပါ တခါတုံးက တောမြို.လေးတမြို.မှာ မုဆိုးမတယောက် က  ၁ဝ နစ်အရွယ် နဲ.၈နစ်အရွယ် သား၂ယောက်နဲ.ဘဝ ကိုရုန်းကန်နေရသတဲ. ဝမ်းစာရေးကိုဦးစားပေးနေရတော. သူ.သား၂ယောက် ကို သွန်သင်နိင်ခြင်းမရှိတော. ကလေး၂ယောက်ကဆိုးချင်တိုင်းဆိုး နေကြတယ်လေ… အိမ်နီးနားချင်းအိမ်တွေက သစ်သီးတွေ ကြက်တွေ ဌက်တွေ ဆိုတာ သူတို.လက်ချက်နဲ.ပျောက်ကုန်တာ မနည်းတော.ဘူးလေ နောက်ဆုံးတော.ဘာပျောက်ပျောက်သူတို.လက်ချက်ဘဲ ဆိုတော. အိမ်နီးနားချင်းတွေက သူတို.ညီအကို အကြောင်းသူ.အမေကို တိုင်ကြတာများလာတော.သူ.အမေက ဘယ်လိုလုပ်ရမလဲစဉ်းစားလာတာပေါ. ဒါနဲ.သူလဲ  သူတို.မြို.လေးကဘုရားကျောင်းကို သွားပြီး  ဖာသာကြီးကို သူ.ခလေး၂ယောက်လိမ္မာအောင်ဘယ်လို လုပ်ရမလဲတိုင်ပင်တဲ.အခါ ဖာသာကြီး က ဘာမှစိတ်မပူနဲ. သူ.ဆီကိုလွှတ်လိုက် ပါ လိုပြောလိုက်တယ်လေ ဒါနဲ.အမေလဲအိမ်ပြန်လာပြီးသူ.သား၂ယောက်ကိုပြောတာပေါ. မင်းတို.ညီအကို  ၂ယောက်ကို ဖာသာကြီးကခေါ်နေတယ် ဘုရားကျောင်းကိုသွားရမယ် ပေါ. ပြောပြီး အမေကသူ.အလုပ်ဆီထွက်သွားတယ် ဒါနဲ.ညီအကို၂ယောက်မှာ အငယ် […]


ထာ၀ရJune 28, 20111min1426
ရန်ကုန်မြို.လယ်ခေါင် လို.ပြောရမယ်.  ဆူးလေလမ်းမကိုရောက်တိုင်း ကျွန်တော်စိတ်တိုမိ ၊ စိတ်ပျက်မိတာ အမြဲတန်းပါဘဲ ဆူးလေလမ်းမပေါ်မှာ ရန်ကုန်မြို.ကိုစီမံခန်.ခွဲရတဲ. မြိုတော်ဝန်ရုံးထိုင်တဲ. မြိုတော်ခန်းမကြီးလဲ ရှိပါရဲ.ဗျာ.. အဒီအဆောက်အဦးနဲ.မလှမ်းမကမ်းမှာဘဲ တိတိကျကျပြောရရင် အနော်ရထာလမ်းမနဲ.ဆူးလေလမ်းမ ဆုံတဲ.လမ်းဆုံလမ်းခွ မီးပွုင်.နေရာမှာ လမ်းပေါ်ကနေလူတွေလမ်းမကူးရဆိုပြီး စတီးတန်းကြီးတွေကာထားတယ်လေ ဘာဖြစ်လို.ကာတာလဲဆိုတော.ရန်ကုန်မြို.ကလူတွေကလမ်းမကူးတတ်လို. ယဉ်တိုက်မှုတွေဖြစ်မှာစိုးလို.တဲ.စေတနာနဲ.ကုန်းကျော်တံတားလုပ်ပေးထားတာ အဲဒီကနေသွားပါတဲ.ဗျာ၊ တံတားကိုကြည်.လိုက်တော.တခုထဲဗျာ ဆူးလေဘက်ခြမ်းကလူတွေ မောင်တော်လေးလမ်းဘက်သွားချင်ရင်သမ္မတရုံဘက်အခြမ်းကိုလမ်းကူးပြီးမှ တံတားပေါ်တက်လို.ရတယ်ဗျာဟိုတဘက်ခြမ်းကလူတွေလဲထိုနည်းလည်းကောင်းဘဲ ဘယ်လောက်စိတ်ပျက်ဘို.ကောင်းလဲဘယ်လိုစိတ်ကူးနဲ.ဘယ်လိုခေါင်းဆောင်က ဒီလို တံတားကိုဆောက်ရတာလဲမစဉ်းစားတတ်အောင်ပါဘဲ ဒီတံတားကိုဘယ်လိုခေါ်လဲတော.မသိဘူးကျွန်တော် ကတော.ဒုက္ခ တံတားလို.ဘဲနာမည်ပေးချင်တော.တယ် (တခုတော.ကောင်းသွားတယ် တံတားပေါ်မှာဈေးရောင်းဘို.)


ထာ၀ရJune 27, 20111min18011
ဘန်ကောက်ကိုသွားတုန်း က ကြုံခဲ.ရတာပါ သူတို.ဆီကအဌားယဉ်မောင်းတယောက်နဲ.ကားဌားစီးရင်းတွေ.ရာက မေးလို.မြန်မာပြည်ကလာတာဆိုတော. သူက မင်းတို.တိုင်းပြည်က သယံဇာတတွေလဲပေါတယ်ရေနံသဘာဝဓါတ်.ငွေ.ကျောက်မျက်ရတနာ သစ်သီးဝလံအစုံဘဲပေါ.လေ သူပြောတာ ကို.ထက်တောင်သိသေးတယ် သူသိချင်တာအဲဒါတွေထဲကဘယ်ဟာကအပေါများဆုံးလဲတဲ. နောက်ပြီးမင်းတို.နိင်ငံဘာဖြစ်လို.ဆင်းရဲနေရတာလဲတဲ. မေးတဲ.လူကမေးတော. ကိုကလဲပြောချင်နေတာဆိုတော.အတော်ဘဲ မြန်မာပြည်မှာဆိုဟိုကြည်.ဒီကြည်.ပြောနေရအုံးမယ်လေဒီမှာတော.အိုကေပေါ. ဆိုပြီးဒီလိုဖြေလိုက်တယ်  ( စိတ်မဆိုးကြနဲ.နော် ) ငါတို.မြန်မာပြည်မှာ အပေါများဆုံးကတော. အကြောက်တရားဘဲ  …. လို. ဘယ်သွားသွားဘာလုပ်လုပ် အကုန်ကြောက်နေရတယ်ကြောက်နေကြတယ် လို. ငါတို.တိုင်းပြည်က  ပညာတတ်တဲ.လူတွေ ချမ်းသာတဲ.လူတွေ အာဏာအရှိန်ဝါရှိတဲ.လူတွေ နဲ.သယံဇာတတွေ ပေါများပေမယ်. စည်းလုံးမှုခေါင်းပါးလို.ဆင်းရဲရတယ်လို.ပြန်ဖြေခဲ.တယ် ရွာသားတွေလဲ….ကျွန်တော်ဖြေခဲ.တာမှန်လားမှားလား  ဘာလိုသေးလဲပြောကြပါအုံး  


ထာ၀ရJune 24, 20111min14910
ဇွန်လကျောင်းတွေဖွင်.တော.  သားငယ် ကိုကျောင်းလိုက်ပို.ရင်း ခလေးတွေကို မြင်ရတဲ.အခါ ဖြစ်ပေါ်လာတဲ.ခံစားချက်တခုပါ တစ်တန်း နှစ်တန်း  ကစလို. လေးငါးတန်းကျောင်းသားကျောင်းသူလေးတွေရော အားလုံးသောကလေးတွေဟာ ကျောပိုးအိတ်ကြီးတွေလွယ် လက်တဖက်က ဆွဲခြင်းကိုမနိင်.တနိင်ဆွဲ စာသင်ခန်းဆီသွားနေကြတဲ.မြင်ကွင်းက ကြည်နုးစရာလဲကောင်းပါတယ် သနားစရာလဲကောင်းနေပြန်ရော ဘာလိုလဲဆိုတော.သူတို.လေးတွေဟာ မိဘတွေရဲ.မျှော်လင်.ခြင်းတွေကို အရွယ်နဲ.မလိုက်အောင် ထမ်းပိုးထားကြရတယ်လို.ခံစားမိလို.ပါ မိဘတွေက ကို.သားသမီးတွေကို ဖြစ်ထွန်းစေချင်တဲ.နေရာမှာတော. ဆင်းရဲချမ်းသာမရွေးအားလုံးတူတူပါဘဲသူတို.လေးတွေကို အောင်မြင်စေချင်တဲ. ဆန္တ တွေကြောင်. ကျောင်းဆင်းရင်တောင်အိမ်ပြန်မဆော.နိင်တော.ဘဲကျုရှင်ဆိုတဲ.စာသင်ခန်းဆီရောက်ကြရပြန်တယ်တကျုရှင်ကနေနောက်တကျုရှင် နဲ.နောက်ဆုံးတချို.ကလေးတွေဆိုကားပေါ်မှာထမင်းစား ကားပေါ်မှာဘဲအဝတ်လဲနဲ.မနက်အစောကနေထွက်လိုက်တာ ညမိုးချုပ်မှအိမ်ပြန်ရောက်ကြရတော.တယ် ကျွန်တော်တို.ကျောင်းသားဘဝတုန်းကဆိုရင် ကျောင်းဆင်းခေါင်းလောင်းထိုးတာနဲ.လွယ်အိတ်နဲ.ထမင်းဘူးကိုယူ၊ ဝတ်ထားတဲပုဆိုးကိုစာလွယ်သိုင်း ကျောင်းဘေးကဘောလုံးကွင်းဆီကိုပြေးတော.တာဘဲ အားရအောင်ဆော.ပြီးမှ အိမ်ပြန်ဘို.သတိရတော.တယ်၊ ကျူရှင်ဆိုလို. (၇)တန်းရောက်မှတက်ဖူးတာ၊ အခုခေတ်မှာတော. သူငယ်တန်းတောင်ကျူရှင်နဲ.ဂိုက်နဲ.မအားရရှာတဲ. ခလေးတွေရဲ.အဖြစ်က ဘယ်သူ.ကိုအပြစ်ပြောရမလဲ မိဘတွေကိုလား ဆရာဆရာမတွေကိုလား ခေတ်ကိုလား ပညာရေးစနစ်ကိုလား  တခုခုမှားနေတာကတော.သေချာပါတယ်


ထာ၀ရJune 23, 20111min21921
ကျွန်တော်ကလူသစ်ဆိုပေမယ်. နေ.တိုင်းနီးပါး ရွာထဲကိုဝင်ပြီး တက်လာသမျှစာတွေကိုဖတ်နေတော.ရွာသားတွေကို တဖက်သတ်သိနေတယ် ဒါပေမယ်.ပင်ကိုကစကားနဲတဲ.သူဆိုတော. ကွန်မန်.တွေဝင်မပေးဖြစ်ပါဘူး စာတွေဝင်ဖတ်ရင်းနဲ. ကိုကြောင်ကြီးရဲ.နာမည်ကိုတွေ.တော. ငယ်ငယ်တုန်းကအိမ်ကလူတွေခေါ်ဖူးတဲ.ငယ်နာမယ်လေးကိုသတိရမိသွားတယ်လေ သူ.လိုတော.ကိုဘစ်ကက်မဟုတ်ဘူး နာမည်ကိုကလှတာ ဟသာင်္ တဲ.လူကလဲ၂တန်းကျောင်းသားအရွယ်ဖြူဖြူချောချောလေးလေ အဲဒီလိုကျွန်တော.ကို ဟသာင်္ ဟသာင်္နဲ .ခေါ်ကြတော. တခြားအပြင်ကလူတွေက အော်သူ.အိမ်ကလူတွေက ကို.ငါးချဉ် ကိုချင်နေကြတယ်လို.ထင်ကြတယ် အဲဒီအရွယ်ထဲကကျွန်တော်က လူတွေရဲ.အထင်မှားတာကိုခံခဲ.ရတာ ဟသာင်္လို. နာမည်တွင်ခဲ.ရတဲ. တကယ်အဖြစ်မှန်ကို ဖွင်.ပြောရရင်တော. ကျွန်တော်က ၂တန်းအောင်၃တန်းတက်မယ်.အချိန် အိမ်မှာ လူတွေစုံတဲ.အချိန်ကောင်းမှာ ကိုဘယ်လောက်စာတတ်နေပြီလဲ ကြွားချင်တော. သတင်းစာကိုကိုင်ပြီးအကျယ်ကြီးဖတ်နေတာ အဖေ ရောအမေရော အမတွေရော အားလုံးကဝိုင်းကြည်.နေတာပေါ.အဲဒီမှာ သတင်းတပုဒ်ကိုဖတ်လိုက်တော. တအိမ်လုံး ဝါးကနဲဝိုင်းရီလိုက်ကြတာအတောမသတ်ဘဲ ပြိးတော.အဲဒီကထဲက ဟသာင်္ဆိုပြီးနာမည်တွင်သွားတော.တာဘဲ ကျွန်တော်ဖတ်မိတဲ.သတင်းကဟသာင်္တမြို.မှာရေကြီးတဲ.သတင်း ခေါင်းစဉ်ကို အော်ဖတ်လိုက်တာ ဟသာင်္ တမြို.မှာရေကြီးနေပြီဆိုပြိီး ဟသာင်္တက်ု ခွဲပြီးအော်ဖတ်မိဘဲ