ဦး ဂ်စ္November 12, 20111min16910
ဇလွန်ဆရာတော်ဘုရားကြီးကိုရခိုင်ပြည် သံတွဲမြို့နယ် ခွေးတောက်ခုံကျေးရွာ၌  ၁၂၆၆ ခုနှစ် တော်သလင်းလဆန်း  ၁ ရက် ၊ သောင်္ကြာနေ့တွင် မီးရှုးသန့်စင် ဖွားမြင်ပါသည် ။ အသက် ၁ရ အရွယ်တွင်ရှင်ရဟန်းပြုစိတ်ဖြစ်ပေါ်လာသဖြင့် ဂုံးစရစ် ကျေးရွာဆရာတော် ထံ၌ ရှင်သာမဏေအဖြစ် ခံယူခဲ့ပါသည်။ ဘွဲ့အမည်မှာရှင်သုဇာတ ဖြစ်ပါသည်။ ၁၂၈၆ ခှနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၅ ရက်နေ့တွင် ရဟန်းအဖြစ်ရောက်ရှိခဲ့ပါသည် ။ ထို့နောက် သရက်ပင်ကွင်းဆရာတော် အရှင်သီလဝံသမထေရ်သူမြတ်ထံပါး၌ လေးနှစ် တိုင်တိုင် ပညာသင်ကြားခဲ့ပါသည်။  ပြီးလျှင် ရခိုင်ပြည်နယ် မာန်အောင်မြို့  ကမားဆရာ တော်  အရှင်အဂ္ဂမထေရ် ထံတွင် တစ်နှစ် ပညာသင်ကြားပြန်ပါသည်။ ပညာသင်ကြားရာမှ  ပြန်လည်ကြွလာပြီးနောက် ဇလွန်ကျေးရွာတွင်   ဝါးကျောင်းဖြင့် ရှေ့ဦးစွာသာသနာပြုခဲ့ပါသည်။   ဇလွန်ကျောင်းတွင်   (၆) နှစ်  သီတင်းသုံးပြီးနောက် […]


ဦး ဂ်စ္November 10, 20111min1316
ဂေါတမမြတ်စွာဘုရားသခင် ပရိနိဗ္ဗာန်စံသောနှစ်တွင်  မာဂဓပြည့်ရှင်  အဇာတသတ်မင်း သည် ပသျှုစတုရူပကိန်းအရ သက္ကရာဇ်ဖြို၏ ။ဓညဝတီရခိုင်ပြည်တွင်လည်း စန္ဒသူရိယမင်းကြီး သည် ဇီဝကကိန်းအရ   သက္ကရာဇ်ဖြို၏ ။  ထိုုမှစ၍  ကောဇာနှင့်  သာသနာသက္ကရာဇ်ကို  ထပ်တူပြု၍ ရေတွက်လာခဲ့သည် ။ ကောဇာနှင့် သာသနာသက္ကရာဇ် ( ၂၃၅ ) ခုနှစ်တွင် သီရိဓမ္မာသောကမင်းကြီး သည် တတိယ သင်္ဂ ါယနာ  တင်တော်မူ၏ ။ သင်္ဂ ါယနာတင်ပြီးသောအခါ  ကိုးတိုင်းကိုးဋ္ဌာနသို့  သာသနာပြု စေလွှတ်၏ ။ သုဝဏ္ဏဘူမိသို့  သာသနာပြု ကြွရောက်သော  အရှင်သာဏ နှင့် ဥတ္တရမထေရ်   နှစ်ပါးသည် လမ်းခရီးဖြစ်သော  ဒွါရာဝတီ  သံတွဲမြို့တော်သို့  ဝင်ရောက်ပြီးလျှင်   သံတွဲမြို့စား   ဓမ္မသူရ အမတ်ကြီးအား   ဂေါတမမြတ်စွာဘုရားသခင်၏   ဓာတ်တော် သုံးဆူ  […]


ဦး ဂ်စ္November 9, 20111min1233
ဝါသုဒေဝမင်းညီနောင်တို့ အုပ်ချုပ်စိုးစံလျက်ရှိစဉ် တစ်နေ့တွင် မင်းညီနောင်တို့၏သားတော် မင်းသားငယ်တို့သည် ကဏှာဒီပါယနရသေ့ကြီးအားဒိဗ္ဗစက္ခု အဘိညာဉ် ရှိမရှိစုံစမ်းလိုသဖြင့် မင်းသားတစ်ဦးအားကိုယ်ဝန်ရှိသောအမျိုးသမီးကဲ့သို့ပြု၍ ဤသူငယ်မသည် အဘယ်ကိုဖွားမြင် မည်နည်းဟုမေးမြန်း၏ ။ မင်းညီနောင်တို့၏ပျက်စီးချိန်တန်ခြင်းနှင့် မိမိ၏အသက် ပျက်စီးချိန်သို့ရောက်ရှိပြီကိုသိရှိလေ သဖြင့် ထိုကိုယ်ဝန်သည် ရှားတုံးမွေးဖွားအံ့ဟုဆို၏ ။ မင်းသားငယ်တို့သည် ကဏှဒီပါယနရသေ့ ကြီးအားရသေ့စဉ်းလဲဟုပြောဆိုကာသတ်ဖြတ်ကြလေ၏ ။ ခုနှစ်ရက် မြောက်သောနေ့၌ရှားတုံးမွေးဖွားရာကြောက်ရွံ့ထိတ်လန့်သည်ဖြစ်၍  ရှားတုံးအား မီးဖုတ်ကာ မြစ်အတွင်းသို့ မျှောလေ၏ ။ တစ်နေ့၌ မင်းညီနောင်တို့သည် ပင်လယ်ကမ်းခြေတွင် မဏ္ဍပ်ကြီးစွာဆောက်လုပ်၍  ရေကစားပွဲကြီး ( ရေသဘင်ပွဲ ) ပြုလုပ်လေ၏ ။ ထိုသို့ရေကစားနေကြစဉ် တစ်ဦးနှင့်တစ်ဦးအမှတ်မထင် ထိခိုက်မိရာမှ ခိုက်ရန်ဖြစ်ကြကုန်သော် အုပ်စုနှစ်စုကွဲလေ၏ ။ ဆောက်ပုပ် လက်နက်တို့ကိုမရ၍  ပိန်းမြက် ( လမန်းမြက်) ကိုကိုင်မိ လေလျှင် ရှားကျဉ်ပွေ့များ […]


ဦး ဂ်စ္November 9, 20111min1024
မဇ္ဈိမဒေသတွင် ကဿပမြတ်စွာဘုရား၏ သာသနာတော်အတွင်း ကောရပ္ပတိုင်း၌ ကောရပ္ပမင်းအုပ်ချုပ်၏ ၊ ထိုမှ (၁၂) ဆက်မြောက်သော မင်းစောအမည်ရှိ ကောရပ္ပမင်း လက်ထက်တွင် နဂါးညီနောင် ဖျက်ဆီးသဖြင့် ကောရပ္ပတိုင်း ပျက်စီးခဲ့ရလေသည်။ ထိုမင်းစောသည် ဘီလူးမအား မိဖုရားတင်မြှောက်မိခဲ့သည်ဟု ဆိုပါသည်။ သားတော် (၃)ပါးနှင့်သမီးတော်(၁)ပါးဖွားမြင်ခဲ့ပါ၏။ ထို့နောက်မှ ဘီလူးမမှန်းသိရှိလာ၍ သားတော်ကြီး မှတပါး မိဖုရားကြီးနှင့် ကျန်သားတော်နှစ်ပါးအပါအဝင် သမီးတော်တို့အား နန်းတော်မှ နှင်ထုတ်လေတော့၏။ ထိုမိသားစုလေးဦးတို့သည် ဒါွရာဝတီမြို့၏ အရှေ့ဖက်ကမ်းတွင် တောင်ခြေကို အမှီပြု၍ နေထိုင်ကြလေ၏ ။ ဖခမည်းတော်မင်း နတ်ရွာစံလျှင် သားတော်မင်းစော နန်းတက်၏ ။ သားတော်မင်းစော၌ လူပင်ဖြစ်သော်လည်း အစွယ်ပါသဖြင့် အစွယ်ခေါခေါ မင်းစောဟုတွင်၏ ။ ထိုမင်းလက်ထက် တွင် ညီဖြစ်သူ ဘီလူးနှစ်ယောက်နှင့် နှမဖြစ်သူ ဘီလူးမတို့သည် […]


ဦး ဂ်စ္November 8, 20111min1486
မသေသောမြို့တော်ဟူသည် ခေတ်အဆက်ဆက်ပြောင်းလဲ၍ နှစ်ပေါင်းများစွာကြာမြင့် သော်လည်း မြို့၏အမည်နှင့် ပထဝီအနေအထားတို့မှာ မပျောက်မပျက်ဘဲ မူလအမည် နှင့် မူလပထဝီရေမြေအတိုင်း ထင်ရှားတည်ရှိနေသောမြို့ကို ဆိုလိုပါသည် ။ သုတေသီများ၏အဆိုအရ မသေသောမြို့များမှာ ကမ ္ဘာ့နိုင်ငံများ အားလုံးတွင် (၃)မြို့ရှိ သည်ဟု သိရပါသည်။ ၎င်းမြို့များမှာ (၁)- ဆီးရီးယားနိုုင်ငံမှ ဒမတ်စကတ်မြို့ ၊ (၂)- အိန္ဒိယနိုင်ငံမှ ဗာရာဏသီမြို့ ၊ (၃)- မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ဒွါရာဝတီမြို့   တို့ဖြစ်ကြောင်း မှတ်သားရပါသည် ။ ဒွါရာဝတီမြို့သည် စာရေးသူ၏ သံတွဲမြို့ ပင်ဖြစ်ပါသည်။ သံတွဲမြို့ ဟု ယ္ခုအချိန်မှာ ေခေါ်ဝေါ်သုံးစွဲနေပါသော်လည်း  “ဒွါရာဝတီ” ဟူသော အမည်နာမသည် မပျောက်ပျက်ပါ ။ ဒွါရာဝတီမြို့သည် ကဿပမြတ်စွာဘုရားသခင်၏ လက်ထက်တော်မှစ၍ ဂေါတမ မြတ်စွာဘုရားသခင်၏ […]


ဦး ဂ်စ္November 8, 20111min859
ဒွါရာဝတီ၊ မြို့ဋ္ဌာနီကား၊  ဂုဏ်ရည်လျှံပျို့၊ မင်းနေမြို့တည့်၊ သည်မြို့ပင်ရင်း၊  အတိတ်ခင်းက၊ မင်းစောတေဇာ၊ ဘုန်းသမ ္ဘာကြောင့်၊အာကာတိမ်ယံ၊ ကွန့်မြူးစံသည့်၊ မိုးပျံမြို့လှ၊ အံ့ထူးစွရှင့်၊ ဋ္ဌာနတင့်ဆန်း၊ ဤမြေနန်းကို၊ မော်ကွန်းကဗျာ၊ ရေးဖွဲ့ပါအံ့၊ ကမ ္ဘာအစ၊  တည်ဦးကလျှင်၊  စ၍ဆက်လာ၊ မင်းရာဇာကား၊  မဟာသမ္မတ၊  ဘွဲ့မည်ရ၏၊ ကဿပမြတ်စွာ၊ သာသနာသို့၊ ကောင်းစွာသတ်မှတ်၊ ရောက်တုံလတ်က၊ ကောရပ္ပမင်းဆွေ၊ ဆယ့်နှစ်ထွေတို့၊  တည်လေဆောက်ကြ၊  မြို့ဋ္ဌာနကား၊   “မေဃဝတီ”  မင်းနေပြည်တည့်၊ ထိုသည်မင်းစဉ်၊    နောက်ဆုံးဝင်သည့်၊   ဘုရင်မင်းစော၊   စိုးစံသောခါ၊   ဒေါသကြီးမား၊ မာန်ဟုန်ကြွားသည့်၊ နဂါးညီနောင်၊ အမျက်စောင်၍၊ ရန်ထောင်ဖြိုဖျက်၊ ရေလွှမ်းချက်ကြောင့်၊ ဘုန်းဆက်မှန်ရာ၊  စောရာဇာလည်း၊  ဒွါရာဝတီ၊  ဋ္ဌာနေဆီသို့၊  ကြွချီပြီးကာ၊  မြေမှန်ရာ၌၊ “ဒွါရာဝတီ”      မြို့နာမည်ဖြင့်၊  သိင်္ဂ ီကြငှန်း၊  အဆန်းဆန်းဖြင့်၊   ထီးနန်းတည်ဆောက်၊ […]


ဦး ဂ်စ္November 3, 20111min26032
7 DAY NEWS  ဂျာနယ်သည် ပုဂ္ဂလိက ဆိုင်ရာ အတင်းအဖျင်းများ၊ တိုင်ကြားချက်များ ကို လက်ခံ၍ သတင်းအဖြစ် တင်ပြ နေပါသော  ဂျာနယ် ဟုတ်နေပါသလားခင်ဗျာ ။ အများရဲ့ကိုယ်စား တစ်ခုတော့ပြောပြချင်မိလို့ပါ ။ OCTOBER 27 , 2011 နေ့ထုတ်ဝေသော သတင်းလေးတစ်ပုဒ်ကိုဖေါ်ပြပေးပါမည် ။ သံတွဲခရိုင်ရှိ ဝက်ထီးတောင် ကျေးရွာအုပ်စုမှ လှေကြီးချိုင်ကျေးရွာအုပ်ချုပ်ရေးမှုးအကြောင်း တိုင်ကြားချက်များကို ရေးသား ဖေါ်ပြထားခြင်းသည် သင့်တော်၏  ၊ မသင့်တော်၏ စဉ်းစားစရာ ရှိနေပါသည်။ ဂျာနယ်တွင်ရေးထားသည့်ခေါင်းစဉ်မှာ အုပ်ချုပ်ရေးမှုးအား သံတွဲခရိုင်သားများက တိုင်ကြားခြင်းဟု ပါရှိပါသည်။ အမှန်သော် ၎င်းကျေးရွာမှ အုပ်ချုပ်ရေးမှုးအားမလိုလားသူ လူ ဆယ်ဦးခန့် တိုင်ကြားချက်သာလျှင်ဖြစ်နေပါသည်။ လှေကြီးချိုင်ကျေးရွာမှာ အိမ်ခြေ ၄၀ဝ ခန့် ရှိနေပါသော ရွာတစ်ရွာဖြစ်ပါသည်။ […]


ဦး ဂ်စ္November 2, 20111min19816
အင်တာနက်ဆက်သွယ်ရေးသည် လူသားတိုင်းအတွက် အကျိုးဖြစ်ထွန်းစေနိုင်သည်ကို အငြင်းပွါးစရာမရှိကြောင်း .. ဖွံ့ဖြိုးတိုးတက်နေသောနိုင်ငံတစ်ခုတည်းအတွက်သာလျှင် မဟုတ်ပဲ ဖွံ့ဖြိုးတိုးတက်စ နိုင်ငံများအတွက်လည်း အင်တာနက်က မရှိလျှင်မဖြစ်လိုအပ်လှပါကြောင်း အားလုုံးသိရှိ်ကြလိမ့်မည်ဟု ကျနော် ယုံကြည်ပါသည်။ နိုင်ငံတစ်ကာမှ နေ့စဉ်ထုတ် သတင်းစာများ ၊ ဂျာနယ် ၊ မဂ္ဂဇင်းများ၊ အင်တာနက်ပေါ်ရှိ မရေမတွက်နိုင်သည့် ပညာရေးဆိုင်ရာ စာရွက်စာတမ်းများ၊ သုတရသ စာပေများ အစရှိသည်တို့ကို အခမဲ့ (သို့) ဈေးနှုန်းချိုသာစွာ ဖတ်ရှုလေ့လာ နိုင်ပါသည်။ နိုင်ငံတစ်ကာနှင့်လည်း ကူးသန်းရောင်းဝယ်ရေး အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု များ ကိုလည်း ဆောင်ရွက်နိုင်ပါသည်။ စီးပွါးရေးအမြင်ဖြင့်ကြည့်ပါကလည်း  စီးပါွးရေးဈေးကွက် အတွက် အဆက်အသွယ်ကောင်းများစွာ ရရှိနိုင်ပါသောကြောင့် များစွာ အကျိုးရှိလှပါသည်၊ သို့သော် တစ်ခုမကောင်းသည်က အင်တာနက်ဈေးနှုန်းများမှာ တစ်ခြားနိုင်ငံများနှင့် ယှဉ်လျှင် အဆမတန် ဈေးကြီးနေသည့်အပြင် (မြန်နှုန်း) အရည်အသွေးများလည်း […]


ဦး ဂ်စ္July 30, 20111min384
ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြပါသော မွတ်စလင်ဘာသာဝင်များသည် လွန်ခဲ့သော ၄ ရက်ခန့်မှစ၍ ဗီစာ မပါပဲ လွတ်လပ်စွာသွားလာခွင့် ရရှိသွားကြပြီ ဖြစ်ပါကြောင်း ရွာသူရွာသားများနှင့်တစ်ကွ အများပြည်သူများသိရှိစေရန် အသိပေးတင်ပြအပ်ပါသည်ခင်ဗျား၊ သို့သော် အားလုံးမဟုတ်ပဲ ရခိုင်အစ္စလာမ်၊ ကမန်အစ္စလာမ်၊ ရခိုင်ကမန်အစ္စလာမ် နိုင်ငံသားစီစစ်ရေးကဒ်ပြားများကိုင်ဆောင်ထားသူများကိုသာလျှင် ခွင့်ပြုကြောင်းသိရှိရပါသည်၊ ကျန်သော သွားခွင့်မရသည့် သူများမှာ ဘင်္ဂါလီ အနွယ်ဝင်များဖြစ်ကြောင်းလည်းသိရှိရပါသည်၊ ရွာသူရွာသားများ မသိချင်အဆုံး မမြင်ချင်အဆုံးဖြစ်ခဲ့ရသည့် ယ္ခုဇတ်လမ်း အစ အဆုံး အတွက် အနှောင့်အယှက်များဖြစ်ပေါ်ရစေမှုအတွက် အနူးအညွတ်တောင်းပန်အပ်ပါသည်ခင်ဗျား၊ ရွာသူရွာသားများ၏ကူညီစောင်မ အားပေးမှုများကြောင့်လည်း ယ္ခုကဲ့သို့ အောင်မြင်မှုများရရှိခဲ့သည်ဟုဆိုလျင်လည်းမမှားပါခင်ဗျား၊ ကပ်ဖား ဆိုသူမှာလည်း သူ၏ လူမှန်နေရာမှန်နေရာသို့ပြန်လည်ရောက်ရှိသွားကြောင်းလည်း အသိပေးလိုပါသည်ခင်ဗျား၊ အားပေးကူညီခဲ့ပါသော admin ကြီးကိုလဲ ဤနေရာမှ ဂါရဝ ပြုလိုက်ပါသည်ခင်ဗျား၊ နှစ်ပေါင်း ၂ဝ ကျော်ခန့်အကျဉ်းကျ ဒုုက္ခရောက်ခဲ့ကြရပါသော လူများ၏ […]


ဦး ဂ်စ္June 22, 20111min794
ရွာသားတို့ရေ….. ဆိုင်ကယ်လိုင်စင်သက်တမ်းတိုးရင် ခင်ဗျား တို့မြို့တွေမှာ ကုန်ကျစရိတ်ဘယ်လောက် ရှိပါသလဲသိချင်ပါတယ်….. ကျွန်တော်တို့ ကြားသိရသလောက် ၅ဝဝဝ . ၆ဝဝဝ ကျပ်လောက်ပဲ သိပါတယ်ခင်ဗျ.. ခုတော့ဗျာ..ပြည်နယ် က.ည.န အဖွဲ့လုပ် ချလိုက်ပုံကတော့…. ခဲခြစ်……………..၁၀၀ဝ အင်ဂျင်နီယာခ…….၁၀၀၀ အာမခံ……………၃၅၀၀ အထွေထွေ………၂၅၀၀၀ ——- စုစုပေါင်း………၃၀၅၀၀….. အဲဒါစဉ်းစားမရဖြစ်နေလို့.. ဝိုင်းကူစဉ်းစားပေးကြစေလိုပါတယ်ဗျာ… နယ်မြို့လေးတစ်မြို့မို့ ဈေးတက်တာများ လား..ဘာကြောင့်လဲမသိလို့ပါ… ဒီလိုပေးနေကြရတာ ၁ဝနှစ်ကျော်သွားပါ ပီခင်ဗျာ.. ဒီ က.ည.န အဖွဲ့ကြီးက မြို့ခံသားတွေကို အတင်းဓါးပြတိုက် လုယက်နေကြတာ ရပ် သင့်ပီလို့ယူဆကြောင်းပါ……


ဦး ဂ်စ္March 2, 20111min17519
မိမဆုံးမ၊ ဖမဆုံးမ..မျိုးမစစ်..အဒူ ထွန်းသန့်ကျော် ကို မှတ်ပုံတင်အတု ကိုင်ဆောင်မှု …မ.ထ.သ ဥက္ကဋ္ဌ ၃ နှစ်ဆက်တိုက်တရားမဝင် လာဘ်ထိုးရယူထားမှု ..နေအိမ်ဆောက်အခွန်ရှောင်မှု ..ရဲအောင်လံကားများဖြင့်မှတ်ပုံတင်မရှိသော နိုင်ငံခြားသားများပို့ဆောင်မှု.. အစရှိသည်များအား အထက်အာဏာပိုင်အဖွဲ့ကစစ်ဆေးအရေးယူတော့မည့် အကြောင်းသတင်းကောင်းတင်ပြအပ်ပါသည်ခင်ဗျား….. သံတွဲမြို့တွင်မှီတင်းနေထိုင်စားသောက်လျှက်ရှိကြပါသော.အာဏာပိုင်အဖွဲ့ များသည် ၎င်းကပ်ဖားကျော်ကျော်နှင့်ပါတ်သက်၍လက်ရှောင်နေကြပါကြောင်း၊ လာဘ်ငွေရယူထားခြင်း (သို့) ကြောက်ရွံ့ခြင်း (သို့) မည်သို့သောအကြောင်း ကြောင့်ဆိုသည်ကိုမူ မသိရပါ။ ရွာသားတို့ကိုကြည့်မနေကြပါရန်တောင်းဆိုပါသည်ခင်ဗျား….. သက်ဆိုင်ရာ ထိရောက်မည့်သတင်းဋ္ဌာနများသို့ပို့ပေးကြပါရန် မေတ္တာရပ်ခံ ပါသည်။ ကပ်ဖားသတင်းများခဏခဏ တင်နေရသည်ကိုလည်း သည်းခံခွင့်လွှတ် ပေးပါခင်ဗျား…အရေးယူမည့်သူလဲမရှိ၊ ဂရုတစိုက်စစ်ဆေးပေးမည့်သူလည်းမရှိ၊ ဖြစ်နေပါသောကြောင့် ၎င်းက သူသည် နိုင်ငံကျော်ကြီးဖြစ်ပေသည်ဟုပြောဆို ဂုဏ်ယူဝင့်ကြွားမာန်တက် လျှက်ရှိနေပါသဖြင့်အခက်တွေ့နေရပါကြောင်း….


ဦး ဂ်စ္December 28, 20101min854
အဘိုး ဦးနူရ်ယာရှင်.အဘ ဦးနူယာဆင်.အမိ ဒေါ်နူရ်ကီမာန်  တို့၏သား အဒူထွန်းသန့်ကျော်သည် ဗုဒွ့ဘာသာဟန် င်္ဆောင်ပြီး  မင်းလှမြို့ လ.၀.က ရုံးကို ငွေပေးရယူထားသော ၇/မလန(နိုင်) ဝ၀၀၀၅ရ မှတ်ပုံတင်အတုဖြင့်  မ.ထ.သ    ဥက္ကဋ္ဌ…ရဲအောင်လံဂိတ်မှုး…ရွှေသံတွဲကားဂိတ်ဥက္ကဋ္ဌ… နာရေးဥက္ကဋ္ဌ..ပြည်ခိုင်ဖြိုးပါတီကော်မီတီဝင်…ဟူသောရာထူး  များရယူပိုင်ဆိုင်ထားပြီး  သံတွဲမြို့ဒေသခံများကိုဒုက္ခပေးနေပါသည်။ မ.ထ.သ အာဏာဖြင့်  ဆိုင်ကယ် TAXI  ၁ စီး ကို ၁၅ သိန်း အရတောင်းယူပြီးကိုယ်ကျိုးသုံးခြင်း ၊ လိုင်စင်မဲ့ ကုန် ကားကြီးများဝယ်ယူ . လိုင်းဆွဲခြင်း ၊ လိုင်စင်မဲ့ကားငယ်များ လက်ဝယ်ထားရှိခြင်း ၊ မ.ထ.သ  ပိုင်ငွေ ၃၅ သိန်း ခန့် ပါတီပွဲများ ပျော်ပွဲများကျင်းပ..မိမိသဘောဖြင့် အလွဲသုံးစားလုပ်ခြင်း ၊ အာဏာပိုင်များကို ဖား..ရင်းနှီးအောင်လုပ် . သူနဲ့အဆင်မပြေသူများကို အချုပ်ကျစေခြင်း..ထောင်ကျစေခြင်း  […]


ဦး ဂ်စ္December 21, 20101min470
သံတွဲမြို့နန်းချောင်းရွာ ၂၀၁ဝ ဇူလိုင်လ (၁၉) ရက်ညနေ ၂ နာရီ ၅ဝ အချိန် ဥယျာဉ်ပိုင်ရှင် မောင်ညွန့်ဆန်း ဒညင်းခင်းမှ ဒညင်းသီးခိုးဆွတ်ခူး၊ ပိုင်ရှင် ဒါးဖြင့်ခုတ်… ယာဘက်ဒူးဒါဏ်ရာ ပြင်းထန်စွာရ… ဒညင်းသီးထုပ်၊ ပိုင်ရှင် ဒါးလုယူထွက်ပြေး… ရဲ၊ မြို့နယ်တရားရုံးမှ ပုဒ်မ (၃၈၂) ဖြင့်တရားစွဲ ဖမ်းဆီးခဲ့သည်။ (၁) သက်သေခံပစ္စည်းဖြစ်သည့် ပိုင်ရှင်ထံမှ လုယူသော ဒညင်းသီးထုပ်၊ ဒါး၊ ရဲမှ စစ်ဆေးရှာဖွေ စဉ် အမှုမှန်မပေါ်ပေါက်ရအောင်ခရိုင်တရားသူကြီးမှ ဖိအားပေးခြိမ်းခြောက်ခံခဲ့ရကြောင်းရဲစခန်းမှပြောကြားခဲ့သည်။ (၂) တရားခံတင်စိန်ထံမှ လာဘ်စားပြီး ပုဒ်မ (၃၈၂) ကိုတရားသေလွှတ်ပေးသည့် ခရိုင်တရားသူကြီးနှင့်လုယက်သူတို့ကို အထက်အဖွဲ့အစည်း အဆင့် ဆင့်မှ ထိထိရောက်ရောက် ဖေါ်ထုတ် အရေးယူသင့်ပါကြောင်း တင်ပြအပ်ပါသည်။