မမေလးSeptember 16, 20101min834
လွန်ခဲ့တဲ့ တစ်လလောက်တုန်းက အသိတစ်ယောက်က နှာချေလိုက်တာ နည်းနည်း ပြင်းထန်သွားတယ်တဲ့ . . . အားပါသွားတာပေါ့လေ . . . ပြီးလည်းပြီးရော နားကိုက်တာနဲ့ နီးစပ်ရာ ဆေးဆိုင်မှာ သွားပြောပြီး ဆေးသွားတောင်းတယ်တဲ့ . . . ဆေးဆိုင်က ဆေးပေးလိုက်တယ် . . . နားထဲမှာ အဲ့ အရည်လေးတွေက ပွက်နေတဲ့ဟာမျိုးတဲ့  . . . ဆေးထည့်ပြီးရင် အဲ့ အရည်လေးတွေကို နားပြန်စောင်းပြီး ပြန်ထုတ်ပစ်ရတယ်တဲ့ . . . ဒါပေမယ့် သူ့နားထဲကနေ ဆေးရည်တွေက ပြန်ထွက်မလာဘူးတဲ့ . . . အဲဒါလည်း တစ်ရက် နှစ်ရက် လောက်ဆက်ထည့်ရင်းနဲ့ တော်တော်လေး ကိုက်လာတာနဲ့ […]


မမေလးSeptember 16, 20101min710
လွန်ခဲ့တဲ့ လေး နှစ်လောက်တုန်းက မကွေးတိုင်း ပွင့်ဖြူမြို့ တောင်အင်းရွာ မှာပါ မီးလောင်မှုတစ်ခု ဖြစ်ခဲ့ပါတယ် ။ မီးလောင်တာ တစ်ရွာလုံး ကုန်လောက်အောင်ပါပဲ ။ မင်းဘူးမြို့ က မီးသတ်တွေရော လာငြှိမ်းကြတယ် ။ လူတွေကတော့ ထွက်ပြေးပေါ့ ။ ပစ္စည်းကိုတော့ အဲ့မှာရှိတဲ့ ရေတွင်းဟောင်းကြီးထဲကို ပစ်ထည့်ခဲ့ကြတယ်တဲ့ ။ မီးငြိမ်းပြီး နောက်ရက်လည်းကြတော့ အဲ့ပစ္စည်းတွေကို တွင်းဟောင်း ထဲကနေ ပြန်ယုူပေးရင် နှစ်သောင်းပေးမယ် ဆိုပြီးတော့ ပြောတယ် . အဲ့ဒါနဲ့ ပွင့်ဖြူမြို့ အနောက်ပိုင်း မှာရှိတဲ့ လူနှစ်ယောက် ( 1 နဲ့ 2 ထားပါတော့ ) က သားသမီး ကျောင်းစရိတ်အတွက် သွားတာပေါ့ . ဟိုရောက်တော့ 1 […]


မမေလးSeptember 16, 20101min1003
အဓိပတိ အဝါ Bus ကားတွေ စစပေါ်တုန်းကဆိုရင် Air Con လေးနဲ့ TV လေးနဲ့ ထိုင်ပြီးလိုက်သွားရုံပဲ အေးအေးဆေးဆေးလေး . ထိုင်ခုံမဆန့်ရင် လူမတင်တော့ဘူး . . . ၂၀ဝ ပေးရတာ တန်တာပေါ့ . . . ငြိမ့်တာကိုး ။ နောက်နည်းနည်းလေးလည်း ကြာတော့ ထိုင်ခုံ ရှိရှိ မရှိရှိ  တင်တော့တာပဲ မတ်တပ်လေးနဲ့ ဒါပေမယ့် အပျင်းပြေ TV လေးကြည့်လို့ရသေးတယ် Air Con ကလည်းအေးသေးတယ် . . . မဆိုးပါဘူး တစ်ခြားကားတွေထက်စာရင် မဟုတ်ဘူးလား ။ ။ ၂၀ဝ တန်ပါသေးတယ် . နောက်ပိုင်းကြတော့ Air Con ကလည်း […]


မမေလးSeptember 15, 20101min1013
လင်မယားနှစ်ယောက် ကွာရှင်းတော့မယ်ဆိုရင် မယားဖြစ်သူက မှီခိုသူဖြစ်ပါက ယောကျာ်းရဲ့ ပိုင်ဆိုင်မှုမှ သုံးပုံပုံပြီး မယားဖြစ်သူက တစ်ပုံ ၊ ယောကျာ်း ဖြစ်သူက နှစ်ပုံရရှိမှာဖြစ်ပါတယ်။ လင် ရော မယားပါ စီးပွါးရေးလုပ်ငန်း လုပ်ကိုင်သူ ၊ အလုပ်လုပ်သူ ဆိုပါက နှစ်ယောက်လုံးက ပိုင်ဆိုင်မှုရဲ့ တစ်ဝက်စီကို တစ်ယောက်တစ်ဝက် တန်းတူရရှိမှာဖြစ်ပါတယ် ။


မမေလးSeptember 15, 20101min752
ဒီနေ့ ကျောက်သင်ပုန်းနဲ့မိုးထားတဲ့ အိမ်ကလေး သွားကြည့်ဖြစ်ပါတယ် ။ အပေါ်ထပ်မှာ အယောက် ၂ဝ ကျော်လောက်ပဲရှိပါတယ် ။ ၃ ခွဲပွဲပါ ။ လူတွေကလည်း နည်းတော့ အရမ်းသိသာပါတယ် ။ ကြွှက်တွေတော်တော်သောင်းကျန်းနေပါတယ် ။ ဘေးဘက်တစ်တန်းလုံးဘယ်သူမှမရှိဘူး ။ ရေဘူးကိုအောက်ချထားတယ် ။ မုန့်ထုပ်ကို ဘေးဘက်ကခုံပေါ်မှာတင်ထားပါတယ် ။ ကြွက်က ရေဘူးပေါ်ကနေတတ်ပြီး မုန့်ထုပ်ကိုလာကိုက်တယ် ။  ကြွက်တွေတော်တော်လေးကို အတင့်ရဲလွန်းနေတယ် ။ ခြေထောက်နားမှာလည်း ဝေ့လည်ဝေ့လည်နဲ့ ခဏ ခဏလာတယ် ။ ခြောက်တာတောင်မကြောက်ဘူး . . . တော်တော်သတိ္တရှိတဲ့ကြွက် . . . ဘာလို့ မင်္ဂလာရုပ်ရှင်ရုံ လိုရုံကြီးမှာ ကြွက်တွေရှိနေရတာလဲ ။ သမ္မတရုပ်ရှင်ရုံမှာတော့ ပိုးဟပ်တွေ့တာ သုံးခါတောင်ရှိပြီ ။ […]


မမေလးSeptember 15, 20101min1037
ခုတလော ခိုးကူးခွေ မြန်မာခွေတွေ မရောင်းရတော့ဘူး . . .ဘယ်ဆိုင်မှာမှ မရှိတော့ဘူး ။ ဝယ်လို့ရတယ်ဆိုရင်တောင်မှ မြန်မာသီချင်းခွေတစ်ချပ်ကို ၅၀ဝ ကျပ်လောက်ရှိတယ် ဒါကြောင့်ဘယ်သူမှဝယ်မှာမဟုတ်ဘူးလို့ ခွေရောင်းတဲ့ဆိုင်တစ်ဆိုင်ကပြောပြပါတယ် ။ DVD ခွေတွေတောင် တစ်ချပ် ၄၀ဝ နဲ့ ၃ ချပ် ၁၀၀ဝ ဖြစ်နေပါပြီ ။ စမ်းချောင်းက ဆိုင်တစ်ဆိုင်မှာတော့ ၄ ခွေ ၁၀၀ဝ ပဲရှိပါတယ်တဲ့ . . . Original က ၁၉၀ဝ လောက်ရှိတာ Copy ခွေ ၂၅ဝ က လူတန်းစားအားလုံးကဝယ်ကြည့်နေနိုင်ပါတယ် ။ တူတူပဲဆိုတော့ Original ခွေတွေဘယ်သူမှ ဝယ်မကြည့်ကြပါဘူုး ။ ခု Copy ခွေမရောင်းရပေမယ့် Original ခွေတွေသိပ်အရောင်းအသွက်ပါဘူးတဲ့ […]


မမေလးSeptember 15, 20101min822
နည်းနည်းတော့ကြာပါပြီ . . . ၅ လလောက်တော့ရှိမယ်ထင်တယ်။ အဲ့ဆရာမက Gong Zhu ငယ်ငယ်တုန်းကသင်တဲ့ဆရာမပါ ။ အရမ်းလည်းသဘောကောင်းပါတယ် ။ သရုပ်ဆောင် ပွင့် နဲ့တူပါတယ် ။ အပျိုကြီးပါ ။ မနက်စောစော ဆရာမက ဝ တော့  ရှေ့ခန်းမှာထိုင်ပြီးတော့ သွားတာပါ။ မြေနီကုန်းကနေပြီးတော့ ဆောက်လုပ်ရေးသွားမယ့်လမ်းကြောမှာ နောက်က Bus ကားနဲ့ပြိုင်မောင်းပြီး အရှိန်နဲ့ ကွေ့ထလိုက်တာ တံခါးကပွင့်သွားပြီး ဆရာမက ကားပေါ်ကပြုတ်ကျသွားပါတယ် ။ နောက်ကားပါလာရင်တတ်ကြိတ်မှာပေါ့ ။ မနက်စောစောကားနည်းနည်းရှင်းတော့ ပြူတ်ကြတဲ့ဒါဏ်ပဲရှိတာပေါ့ ။ Bus car driver ကတော့ တာဝန်ယူပေးမယ်ပြောပါတယ် ။ ဒါပေမယ့် ဆရာမက သူ့မှာလည်း တစ်နေ့စာတစ်နေ့စားရတာ သားသမီးတွေနဲ့ဆိုပြီး တာဝန်မယူခိုင်းပါဘူး ။ ရန်ကုန်အရှေ့ပိုင်းဆေးရုံမှာ […]


မမေလးSeptember 15, 20101min780
စိတ်ရှည်သည်းခံ လမ်းကြောင်းမှန် မောင်းရန်မော်တော်ကား မှန်တယ်နော် . . . ကားမောင်းတယ်ဆိုတာ ကစားစရာမဟုတ်ဘူး . . .. ကစားနေတာလည်းမဟုတ်ဘူး . . . ကစားကွင်းထဲက တိုက်ကားမောင်းနေတာမဟုတ်ဘူး . . . တိုက်ရင် ဒါဏ်ရာရရင်ရ ၊ မရရင်ကျိုး ၊ အလွန်ဆုံး သေပေါ့ . . . ဒါကြောင့် ဒေါသထွက်လို့ ကားကြမ်းကြမ်းတမ်းတမ်းမောင်းတာတွေက မလုပ်သင့်ပါဘူး . . . ပြီးတော့ ကားတစ်စီးနဲ့တစ်စီးပြိုင်တာတို့ မလုပ်သင့်ပါဘူး ။ အထူးသဖြင့် Bus ကားတွေပိုဆိုးပါတယ် ။ ပြီးတော့လည်း ကားတစ်စီးနဲ့ကားတစ်စီး အော်အော် ဆဲနေကြတာ စိတ်ဆင်းရဲဖို့ကောင်းပါတယ် ။ နောက်တစ်ခုက Bus ကားစပါယ်ယာတွေက […]


မမေလးSeptember 15, 20101min1001
ဟိုတစ်လောက မနက် ၅ နာရီဆိုလမ်းလျှောက်ဖြစ်လိုက်တယ် လေးရက်လောက် . . . ပြည်သူ့ရင်ပြင်မရောက်ဖူးလို့ သွားကြည့်ကြည့်လိုက်တယ် . . . ပျော်စရာကောင်းပါတယ် . . . အဲ့မှာ ထိုက်ချိကစားတဲ့ အဖွဲ့  , Line Dance က တဲ့ အဖွဲ့ နဲ့ အေရိုးဗစ်ဆော့တဲ့ အဖွဲ့ စုစုပေါင်းလေးဖွဲ့ရှိပါတယ် ။ ထိုက်ချိ ကတော့ ဆရာ ဆရာမတွေက ရှေ့ကနေ လုပ်ပြတယ် ။ မိုက်နဲ့ အော်ပေးတယ် ။ ပိုက်ဆံပေးစရာမလိုပါဘူး .။ Line Dance ကတော့ သင်ပေးပါတယ် တစ်လ 1000 ပါ ။ စာရင်းပေးလို့ရပါတယ် ။ ပထမ ဝင်ဝင်ချင်းလ […]


မမေလးSeptember 15, 20101min1081
အဲ့ဒီ Green Coffee က တစ်ပတ်ကို ၅ ပေါင်မှ ၁၅ ပေါင်ထိ ကျပါတယ်တဲ့ . . . လက်ကမ်းစာစောင်မှာရေးထားတာပေါ့နော် .  Side Effect လည်းမရှိဘူးဆိုတော့ သောက်ကြည့်ချင်တယ်ပေါ့နော် . . . တစ်နေ့ကော်ဖီလေးတစ်ခွက်သောက်ရုံနဲ့ ပိန်တယ်ဆိုတော့လေ . . . တစ်နေ့က နဝဒေးလမ်း ကဆိုင်မှာ အဲ့ဒါလေးတွေ့လို့ ဝယ်လာမိတယ် ။ ဆိုင်ကလည်း အရမ်းရောင်းရတယ်တဲ့ ကောင်းလည်းကောင်းတယ်ဆိုလို့ ။ ပြီးတော့ အရင်က ၁၂၀၀ဝ ပေါ့ ။ ခု ၁၀၀၀ဝ ပဲရှိပြီး တစ်ဗူးဝယ်ရင် သုံးထုပ်လက်ဆောင်ပေးပါတယ်တဲ့ ။ မနက်စာ မစားခင် မိနစ် ၃ဝ အလိုမှာ သောက်ရတယ် ။ […]


မမေလးSeptember 15, 20101min33410
အဆီကျဆေး နာမည်က Xenical ပါ ။ Xenical က တစ်ကဒ်ကို 15000 တစ်ချို့ဆိုင်တွေမှာ 14000 ရှိပါတယ်။ Xenical က တစ်ခြားဆေးတွေလို တုန်တာတွေ ၊ အားမရှိသလိုဖြစ်သွားတာတွေ ၊ အစာမစားခြင်တာတွေ ၊ အစာစားရင်အန်ချင်တာတွေ ၊ မူးမော်တာတွေ မဖြစ်ပါဘူး ။ ခုလက်ရှိ Gong Zhu သောက်နေတာပါ ။ Xenical က စားလိုက်တဲ့ အစာထဲမှာ အဆီတွေပါရင် အဆီတက်ပြီး မဝအောင် အဆီတွေကိုပြန်စွန့်လိုက်တာပါ ။ ဝမ်းသွားရင်ကို အဆီတွေသွားတယ်ပေါ့နော်။ ဗိုက်လည်းမအောင့်ဘူး မူးလည်းမမူးဘူး ပုံမှန်အတိုင်းပါပဲ ။ ဒါပေမယ့် သန့်စင်ခန်းတော့ မကြာမကြာသွားရပါတယ်။ ကိုယ်စားရင်စားသလောက် အဆီတွေ စွန့်ပစ်ရတာပေါ့နော် . . . […]