guestktyJune 17, 20101min803
မနေ့က ရန်ကုန်မြို့တွင်း မြို့နယ်အချို့၌ ပိုစတာကမ်ပိန်း လှုပ်ရှားမှုနှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းဝင်များအား အိတ်ဖွင့်ပေးစာ ပေးပို့ခြင်းများ ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ကိုယ်စားလှယ် အဖွဲ့နှင့် မြန်မာနိုင်ငံ သာသနာတော် ကာကွယ်ရေးတပ်ဦး တာဝန်ခံ အရှင်ဓမ္မရာဇာက ဆက်သွယ် ပြောကြားလာပါတယ်။ ဦးဇင်းတို့ ဒီနေ့ ပိုစတာကမ်းပိန်းကို ရန်ကုန်မြို့တွင်း မြို့နယ်အချို့မှာ ပြုလုပ်ခဲ့ပါတယ်။ စစ်အုပ်စုရဲ့ ဒေါက်တိုင်များအား……… ဆန့်ကျင်တိုက်ခိုက်ကြ။ ၂၀၁ဝရွေးကောက်ပွဲအား…… ဆန့်ကျင်တိုက်ဖျက်ကြ။ စစ်အုပ်ချုပ်ရေးအား ….. ဆန့်ကျင်တိုက်ပွဲဝင်ကြ။ စစ်အာဏာရှင် ချုပ်ငြိမ်းရေးသည် … မြန်မာနိုင်ငံသား အားလုံး၏ တာဝန်ဖြစ်သည်။ We Want Democracy….. Freedom From Fear စတဲ့ အချက်တွေပါတဲ့… ပိုစတာတွေကို ရန်ကုန်မြို့ လူစည်ကားရာ ကားမှတ်တိုင်တွေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး.. ရုံးများနဲ့ အနီးဆုံး […]


guestktyJune 17, 20101min690
ဇွန်လ (၁၉) ရက်နေ ့တွင် ကျရောက်မည့် ရွှေဝါရောင်တော်လှန်ရေးခေါင်းဆောင် အရှင်ဂမ္ဘီရ၏ မွေးနေ ့ အတွက် – အမှန်တရားအတွက် ရဲရဲဝံ့ဝံ့ ထောင်တွင်း၌ အကျဉ်းကျခံနေရသော အရှင်ဘုရားအား အရှင်ဘုရား၏ မွေးနေ့မင်္ဂလာ အခါသမယမှာ အရှင်ဘုရားနဲ့အတူ ထပ်တူထပ်မျှ ခံစားရပါကြောင်း၊ ဘုရားတပည့်တော်တို့အဖွဲ့မှလည်း အရှင်ဘုရား၏ မွေးနေ့ပွဲ၌ အရှင်ဘုရားနှင့်အတူ ထောင်တွင်း၌ အကျဉ်းကျခံနေရသော ရဟန်းရှင်လူပြည်သူအပေါင်းတို့ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြ၍ အမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ဦးနေမိန္ဒ ဦးထာဝရ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ကိုယ်စားလှယ်အဖွဲ့။


guestktyJune 17, 20101min1246
လိုမျိုး ကုန်ကြမ်းကို ကုန်ကြမ်းအတိုင်း ပြည်ပကိုပို့နေတာတွေကို သေသေချာချာ အချက်အလက် စုဆောင်းပြီး စာတမ်းပြုစာမယ်ဆိုရင် ဘယ်လောက်အထိ နစ်နာတယ်ဆိုတာ အများကြီးထွက်လာမယ်။ စီမံခန့်ခွဲလို့ မတတ်တာထက်စာရင် ရတဲ့နည်းနဲ့ သမလိုက်မယ်ဆိုတဲ့သူတွေများနေလို့ပဲ။ ပြည်သူတွေအတွက်ဆိုတဲ့ တိုင်းပြည်အတွက်ဆိုတဲ့ စေတနာ အနည်းအကျဉ်းလောက် ရှိခဲ့မယ်ဆိုရင်ပဲ ဒီထက်ကောင်းမွန်အောင် လုပ်လို့ ဖန်တီးလို့ ရနေတာတွေ အများကြီးပါ။ ဥပမာ.. သစ်မာအကောင်းစားတွေ အလုံးလိုက် ပို့နေတာ ဘယ်လောက်ရှိနေပြီလည်း။ သစ်တောတွေတောင် ပြုန်းသလောက်ရှိနေပြီ။ ကျွန်တော် ဒီက ပရိဘောဂ ပစ္စည်းတွေရောင်းတဲ့ ဆိုင်တွေရောက်တိုင်း ဈေးနှုန်းတွေ လိုက်ကြည့်တယ်။ အကောင်းစားသစ်နဲ့လုပ်ထားတဲ့ ကလေးစာကြည့်စာပွဲတလုံးကို မြန်မာငွေနဲ့ဆို ၄သိန်းနဲ့ ၆သိန်းကြားလောက် ရောင်းကြတယ်။ အဲဒီစာပွဲတလုံးမှာ သုံးထားတဲ့ သစ်က ဘယ်လောက်မှ ရှိတာလဲ မဟုတ်ဘူး။ သစ်မာ ကုလားထိုင် လက်ရာကောင်းကောင်းနဲ့ဆို အနည်းဆုံး […]


guestktyJune 17, 20101min722
နယ်သလန်နှင့် ဒိန်းမတ် အသင်းတို့ ပြီးခဲ့သည့် တနင်္လာနေ့က ယှဉ်ပြိုင် ကစားခဲ့သော ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲတွင် လိမ္မော်ရောင် အဝတ်အစား များကို ဖက်ရှင်ကျကျ ဝတ်ဆင် ထားသည့် ဒတ်ချ် အမျိုးသမီး ၃၆ ဦး ပြိုင်ပွဲကွင်း အတွင်းမှ နှင်ထုတ်ခံရကြောင်း သိရသည်။ [တရားမဝင် ဘီယာ အရောင်း မြှင့်တင်ရေး ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံရသည့် ဒတ်ချ် အမျိုးသမီးများ (ဓာတ်ပုံ – Getty Images)] တရားမဝင် ဘီယာ အရောင်း မြှင့်တင်ရေး ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံရသည့် ဒတ်ချ် အမျိုးသမီးများ (ဓာတ်ပုံ – Getty Images) နယ်သာလန် အသင်းကို အားပေးရန် လာရောက် ကြသည့် အမျိုးသမီး များကို […]


guestktyJune 17, 20101min1027
ကမ္ဘာ့ဖလားပြိုင်ပွဲကို ကြည့်ရှုမိသဖြင့် ဆိုမာလီ ဘောလုံးပရိသတ် (၂)ဦးအား ဘာသာရေးအစွန်းရောက် အဖွဲ့အစည်းမှ ကွပ်မျက်ခဲ့သည်။ အချိန်နှင့်ငွေဖြုန်းတီးသည့် အလုပ်ကို တားဆီးထားသော်လည်း မလိုက်နာခြင်းကြောင့်ဟု ထုတ်ပြန် ဆိုမာလီ ဘောလုံးပရိသတ်(၂) ဦးအား ကမ္ဘာ့ဖလားပြိုင်ပွဲကို ကြည့်ရှုမိသဖြင့် ဘာသာရေး အစွန်းရောက် အဖွဲ့အစည်းတစ်ခုမှ သတ်ဖြတ်ကွပ်မျက်ခဲ့သည်ဟု ဗြိတိန်သတင်းစာ Telegraph ၏ တောင်အာဖရိက အခြေစိုက် သတင်းထောက်တစ်ဦးက ရေးသားဖော်ပြခဲ့သည်။ ယင်းပရိသတ်(၂)ဦးသည် မိုဂါ ဒစ်ရှူးမြို့အနီးရှိ ၎င်းတို့၏နေအိမ်တွင် နိုက်ဂျီးရီးယားနှင့် အာဂျင်တီးနားပွဲ ကြည့်ရှုနေချိန်တွင် ဘာသာရေးအစွန်းရောက် အဖွဲ့အစည်းတစ်ခု(အယ်လ်ရှာဟတ်)၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။ ၎င်းတို့နှင့်အတူ အခြား (၁၀)ဦးမှာ ဖမ်းဆီးခံခဲ့ရပြီး၊ ၎င်းတို့(၂)ဦးမှာမူ ခုခံကာကွယ်မှုများ ပြုလုပ်သဖြင့် ကွပ်မျက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ယင်းပရိသတ်(၂)ဦး၏ ကိုယ်ရေး အချက်အလက်များနှင့် ပတ်သက်၍ လုံးဝရရှိခြင်း […]


guestktyJune 17, 20101min823
ခိုင်ပြည်နယ် ဘူးသီးတောင် မြို ့နယ်နှင့် မောင်းတော မြို ့နယ်များ၌ ယခုရက်ပိုင်း အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်များ ပြိုကျကာ ရေကြီးရေလျှံ ဖြစ်သောကြောင့် လူ၂၈ ဦးခန့် သေဆုံး ခဲ့ကြောင်း သတင်းရရှိသည်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဘူးသီးတောင်တွင် ရေကြီးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ – ဧရာဝတီ) ထိုသို့ မိုးရွာသွန်း မှုကြောင့် မြို ့တွင်းရှိ ရပ်ကွက်များ၊ ကျေးရွာများ ရေမြုပ်ကာ လူနေအိမ်များ၊ လမ်းများ ပျက်စီးပြီး သစ်ပင်များ လည်း ကျိုးကျပြိုလဲလျှက် ရှိကြောင်း၊ ယခု သေဆုံးသူများမှာ ဘူးသီးတောင် မြို့နယ်တခုတည်းက ဖြစ်ကြောင်း ဒေသခံများက ပြောပြသည်။ ရခိုင်ဒေသ အခြေစိုက် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP)ရုံး တာဝန်ရှိသူ […]


guestktyJune 17, 20101min1284
စစ်အစိုးရက လေတပ်မတော်ကို အင်အား ဖြည့်တင်းရန် K-8 လေ့ကျင့်ရေး ဂျက်လေယာဉ် အစီး ၅ဝ ကို တရုတ်နိုင်ငံမှ ဝယ်ယူ လိုက်ကြောင်း မိတ္ထီလာ လေတပ် စခန်းနှင့် နီးစပ်သည့် သတင်းရပ်ကွက်မှ သိရသည်။ [သီရိလင်္ကာ လေတပ်မှ K-8 လေ့ကျင့်ရေး ဂျက်လေယာဉ်များ (Source:www.armybase.us)] “လေယာဉ် အစိတ်အပိုင်း တွေကို တရုတ်ကနေ ကုန်တင် သင်္ဘောနဲ့ သယ်ပြီး မိတ္ထီလာ လေယာဉ် ထုတ်လုပ် ပြင်ဆင်ရေးမှာ တပ်ဆင်နေပြီ” ဟု စစ်တပ် အသိုင်း အဝိုင်းနှင့် နီးစပ်သူ တဦးက ဆိုသည်။ ယမန်နှစ် နိုဝင်ဘာလတွင် လေတပ် ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြတ်ဟိန်း တရုတ် နိုင်ငံသို့ အလည်အပတ် သွားရောက် […]


guestktyJune 13, 20101min952
ဒိန်ချဉ်ကို ပုံမုန် သောက်သုံးပေး ခြင်းဖြင့် ကလေးများမှာ ဖြစ်ပေါ်သည့် သွားပိုးစားမှု ကို လျှော့ချ နိုင်ကြောင်း သုတေသနပြုမှု အသစ်တစ်ခုက ဆိုသည်။ ဒိန်ချဉ်ကို အနည်းဆုံး တစ်ပတ်တွင် လေးကြိမ် သောက်သုံးပေး သူများသည် တစ်ပတ်တွင် တစ်ကြိမ်ပင် မသောက်သည့် ကလေးများနှင့် ယှဉ်လျှင် သုံးနှစ်အရွယ်ကလေး များတွင် ဖြစ်တတ်သည့် သွားပိုးစားခြင်းကို ၂၂ ရာခိုင်နှုန်းထိ လျှော့ချ ပေးနိုင် ကြောင်း သိရသည်။ သွားဘက်ဆိုင်ရာ စာစောင်တွင် ယင်းတွေ့ရှိ ချက်ကို ဂျပန်လူမျိုး ပညာရှင်များက ဖော်ပြခဲ့ကြသည်။ အစောပိုင်း ကလည်း နို့ထွက် စားစရာ များသည် သွားအတွက် ကောင်းမွန်စေ ကြောင်း တွေ့ရှိထားပြီး ဖြစ်သည်။ ချိစ် နှင့် ထောပတ်၊ နို့တို့သည် […]


guestktyJune 13, 20101min702
ရန်ကုန်မြို့ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ဒဂုံမြို့သစ် တောင်မြောက် လမ်းဆုံ အနီးတွင် ပြီးခဲ့သည့် ဇွန် (၆) ရက်ည၌ တက္ကစီ မောင်းသူ တဦးကို ကြေးစား လူသတ် သမားများက သတ်ဖြတ် မှု တခု ဖြစ်ပွားခဲ့သည်။ သေဆုံးသူသည် အသက် (၃၇) နှစ်အရွယ် ကိုလှဝင်း ဆိုသူ ဖြစ်ပြီး ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် (၇၁) ရပ်ကွက်တွင် နေထိုင်သူ ဖြစ်ပြီး မွတ်စလင် လူမျိုးဖြစ်ကာ ဇနီးနှင့်အတူ သားသမီး (၅) ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။ သေမှုသေခင်းဖြစ်စဉ်ကို သွားရောက် စစ်ဆေးခဲ့သည့် နယ်မြေရဲတဦးက “လှဝင်းကားကို ကားတစီးက လာပြီးတော့ ပွတ်ဆွဲတယ်။ သူက စက်ရပ် ပြီးတော့ ကားပေါ်က […]


guestktyJune 13, 20101min510
ဓာတုပစ္စည်း အလွန်အကျွံ သုံးစွဲထားသည့် အပေါစား အလှပြင် ပစ္စည်းများဖြင့် လသား ကလေးငယ် တို့အား ခြယ်သ ပေးခြင်း သည် သေရာပါ အရေပြား ရောဂါ ဆိုးများကို ခံစားရစေနိုင်သည်ဟု ကလေး အထူးကု ဆရာဝန် တစ်ဦးက ပြောသည်။ ကလေးငယ် များ၏ အရေပြားမှာ အလွန်နူးညံ့ လှသဖြင့် ဈေးပေါပြီး ဓာတုဗေဒ အလွန့်အကျွံ သုံးစွဲထား သည့် အလှပြင် ပစ္စည်းတို့ကို လိမ်းခြယ် ပေးမိပါက သေရာပါ သမင်ဖြူ ခရုသင်း စသည်တို့ ဖြစ်ပေါ်နိုင်ပြီး အရွယ် ရောက်ပါက ရှက်ရွံစွာ လူတော မတိုးဝံသည့် အထိ ဖြစ်ပေါ်လာ နိုင်သဖြင့် ယင်း အပြုအမှုမျိုးကို အထူး ရှောင်ရှား သင့်သည်ဟု သိရသည်။ […]


guestktyJune 13, 20101min1161
လွန်ခဲ့သည့် နှ စ်လကျော်ခန့်က သံလွင်မြစ်ရေပြင်အတွင်း ရောက်ရှိကျက်စားနေသည့် ရေငန်ပျော် မိကျောင်းတစ်ကောင်အား ဇွန်လ ၈ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ် အချိန်တွင် ဒေသခံများက အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း သတင်းရရှိသည်။ ဖမ်းဆီးရရှိသော မိကျောင်းမှာ အမဖြစ်ပြီး အလျားကိုးပေ ခြောက်လက်မ၊ လုံးပတ် သုံးပေ ခြောက်လက်မရှိသော သံသုမာ(ခေါ်)ငမိုးရိပ်မျိုးဖြစ်ပြီး လွန်ခဲ့သည့် တန်ခူးလဆန်း ၁ ရက်နေ့က သံလွင်မြစ်ပြင်အတွင်း၌ စတင်တွေ့ရှိခဲ့ကြောင်း သိရှိရသည်။ အဆိုပါမိကျောင်းသည် သံလွင်မြစ်အတက်ဘက် ပေါ့တော်ကျေးရွာအုပ်စုပိုင် မင်းဇီ(ပအိုစု)၊ မိကရင်တောင်၊ သံလွင်မြစ်အရှေ့ဘက်ခြမ်း သဲသောင်နှင့်ကိုင်းတောတွင် နေထိုင်ကျက်စားလေ့ရှိပြီး ဇွန်လ ၈ ရက်နေ့က သံလွင်မြစ်အောက်ဘက် ထုံးအိုင်၊ မန်ကျည်းကျွန်းကြား နတ်မှော်ကျေးရွာအနီး သံလွင်မြစ်နှင့် ဒုံယမ်ချောင်းဆုံရာ မြစ်ခွဲချောင်းပေါက်၌ ရောက်ရှိနေစဉ် ဒေသခံကျေးရွာများမှ […]


guestktyJune 13, 20101min613
ရိုမေးနီးယား နိုင်ငံသား တစ်ဦးသည် ဗြိတိန်နိုင်ငံသို့​ ခိုးဝင်ရန်​ အတွက် ပျံသန်းလာသည့် ခရီးသည်တင် လေယာဉ်ကြီး တစ်စင်း၏ ဘီးကို​ ဖက်ကာ စွန့်စွန့်စားစား လိုက်ပါ​ ခဲ့ကြောင်း သိရသည်။ အသက်​ (၂၀)​ အရွယ်ရှိ ယင်းအလုပ်လက်မဲ့ အမျိုးသားသည် ဇွန်လ​ (၆)​ ရက်နေ့က ဩစတြီးယားနိုင်ငံ၊ ဗီယင်နာ လေဆိပ်မှ ဒူဘိုင်း​ တော်ဝင် မိသားစုပိုင် Boeing 747​ လေယာဉ်တစ်စင်း၏ ဘီးဝင်ရိုးကို​ ခိုကာ မိုင်ပေါင်း​ (၈၀၀)​ အကွာရှိ လန်ဒန်မြို့၊ ဟိသရိုး​ လေဆိပ်သို့ လိုက်ပါ​ လာခဲ့သည်။ လေယာဉ်သည် (-၄၁)​ ဒီဂရီ စင်တီဂရိတ်ထိ အေးခဲနေသော ကောင်းကင်ပြင်တွင် အမြင့်ပေ (၂၅၀၀၀)မှ ပျံသန်း​ လာခဲ့သော်လည်း ယင်းပုဂ္ဂိုလ်မှာ အထိခိုက် […]


guestktyJune 13, 20101min600
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရှပ်နီ ဆန္ဒပြပွဲ ဖြစ်ပွား ပြီးနောက် ဖမ်းဆီးရမိသူများ စာရင်း ထုတ်ပြန်ရာ မြန်မာနိုင်ငံသား အလုပ်သမား ၁၃ ဦး ပါဝင်ကြောင်း သိရှိရသည်။ ယင်း ဖမ်းဆီးခံရ သူများကို သက်ဆိုင်ရာ ထိန်းသိမ်းရေး စခန်းများ၊ ရဲစခန်းများနှင့် အကျဉ်းထောင်များတွင် ထားရှိကြောင်းနှင့် ၎င်းတို့ ကျူးလွန်သည့် ပြစ်မှုကို ကွဲပြားစွာမသိရသေးကြောင်း ဘန်ကောက်အခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ထိုင်း လှုပ်ရှားမှု ကော်မတီ (TACDB) မှ ဒါရိုက်တာ ဦးမြင့်ဝေက ဧရာဝတီသို့ ပြောသည်။ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့တွင် ဧပြီ ၂၂ ရက်နေ့က ရှပ်နီများ ဆန္ဒပြနေစဉ်။ (ဓာတ်ပုံ – Getty Images) “အရေး အခင်းပြီးတော့ သူတို့ […]