guestktyJune 4, 20101min671
၂၀၁ဝ ဧပြီ ၂၈ ရက်နေ့နောက်ဆုံးထားပြီး (နယ်ခြားစောင့်၊ နယ်မြေစောင့်၊ ပြည်သူ့စစ်) တပ်ဖွဲ့များအသွင် ပြောင်းလဲကြရန် ကျန်ရှိ နေသေးသည့် အပစ်ရပ်အဖွဲ့များအား နအဖ စစ်အစိုးရက ရာဇသံပေးခဲ့ဖူးသည်။ ထိုရာဇသံ အပေးခံရဘူးသည့် အပစ်ရပ် အဖွဲ့အစည်းတိုင်းက နအဖ သတ်မှတ်ပေးရက် မတိုင်မှီ မိမိတို့ တဖွဲ့ချင်းစီ၏ နိုင်ငံရေး ရပ်တည်ချက်ကို ပွင့်လင်းစွာ ဖော်ထုတ် ပြောဆိုခဲ့ကြသည်။ ထိုသို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းသည်ပင်လျှင် နအဖအတွက် ဘဝင်မကျစရာ ဖြစ်နေပါ လိမ့်မည်။ နိုင်ငံရေး အရလည်း အရှက် ရစရာတခု ထပ်မံ လက်ခံရရှိလိုက်တာမျိုး ဖြစ်နိုင်သည်။ အကျိုးဆက်အဖြစ် နအဖသည် ထိုအရှက် ရစရာတွေကို အငုတ်စိတ်ဖြင့် ရန်ညှိုးဖွဲ့၊ ရန်မီးပွားလာစေနိုင်သည်။ ဤအတိုင်းဖြစ်လာခဲ့လျှင် အပစ်ရပ်နိုင်ငံရေး ပြဿနာသည် လွယ်မယောင်နှင့် ခက်၊ တိမ်မယောင်နှင့် […]


guestktyJune 4, 20101min540
ရန်ကုန်မြို့ သီရိမင်္ဂလာဈေးကြီးရှိ ကုန်စိမ်းတန်းနှင့် ငါးပိငါးခြောက်တန်းများ လှိုင်မြို့နယ်ရှိ နေရာသစ်သို့ ပြောင်းရွှေ့ဖွင့်လှစ်ရမည့် အကြောင်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဈေးသူဈေးသားများအား မေလ ၂၈ ရက်နေ့တွင် တရားဝင်စတင် အသိပေးကြေညာလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ တာဝန်ရှိသူတစ်ဦးက မေလ ၂၈ ရက်နေ့တွင် အဆိုပါဈေးကြီးရှိ ဈေးဆိုင်များ နေရာသစ်သို့ ပြောင်းရွှေ့ ဖွင့်လှစ်သွားမည့် အကြောင်းကို ဈေးသူဈေးသားများနှင့် ဈေးမိဈေးဖများအား တရားဝင်စတင်အသိပေးကြေ ညာခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။ ယင်းသို့ အသိပေးကြေညာခဲ့ခြင်းနှင့် အတူ ဈေးသစ် တည်ဆောက်ခြင်း၊ ဈေးသစ်သို့ ပြောင်းရွှေ့ဖွင့်လှစ်ခြင်း နှင့် ဈေးသစ်ရှိ ဆိုင်ခန်းများအတွက် ငွေကြေးထပ်မံ ပေးအပ်ရန် မလိုအပ်သည့်အပြင် အခွန်အခနှုန်းထားများကိုလည်း လက်ရှိဈေးတွင် ကောက်ခံနေသည့်အတိုင်းသာ ဆောင်ရွက်သွားမည်ဟု အသိပေးကြေညာခဲ့သည်ဟု […]


guestktyJune 4, 20101min560
ဂရုဏာလက် လူမှု အကျိုးပြု လူငယ်များ၏ ရေလှူပြီးနောက် ပိုလျှံသော အလှူငွေ တစ်သိန်း ခုနှစ်သောင်းအား ကမ်ပါး ပြို၍ ရွာတစ်ဝက် ပါသွားသော ခရမ်းမြို့နယ် အပိုင် မုတ္တမ ပင်လယ်ကွေ့ ကမ်းစပ်ရှိ ညောင်ပင်ကြီးစုရွာ မူလတန်း ကျောင်းရှိ ကျောင်းသား အယောက်(၆၀) ကျော် အတွက် စာအုပ်များနှင့် ခဲတံ များကို၎င်း၊ သန်လျှင်မြို့ အောင်ချမ်းသာပိုင် အေးသာယာ ရပ်ကွက်ရှိ ဆုထူးပန် ပရဟိတ မိဘမဲ့ ကျောင်းရှိ ကျောင်းသား(၃၆၅) ယောက် အတွက် စာအုပ်များနှင့် ခဲတံ များကို၎င်း၊ အခြား ကျောင်းများတွင် ကျောင်းနေရန် ခက်ခဲသော ကလေးငယ်များ အတွက် ကျောင်းစရိတ် များကို(၈.၆.၂၀၁၀) ရက်နေ့တွင် သွားလှူဒါန်း ကြမည် ဖြစ်သည့် အတွက် […]