gyinkalayDecember 29, 20121min1004
ယနေ ့ညနေ 5 နာရီခန် ့တွင် လမ်း 50 ဦးပိုင် ရှေ ့တွင် လူများစုစုရုံးရုံးတွေ ့တာနဲ ့ဘာများဖြစ်ပါလိမ် ့ဟုစပ်စုကြည့်တာပေါ့ ဒါပေမယ့် ဘတ်စ်ကားပေါ်ကနေဆိုတော့ ဘာဖြစ်မှန်းတော့ သေချာမသိဘူးပေါ့..ဓါတ်ပုံတော့ ရိုက်လာတယ်…ဦးပို်င်ရှေ ့မှာ အခေါင်းကြီးလာထားသွားတာတဲ့..အဲ့ဒါစည်ပင်က အမှိုက်လည်းပေါ်တင်သွားလေရဲ ့..တိတိကျကျ မသိတာတော့ တောင်းပန်ပါတယ်..သိတဲ့သူတွေပြောကြပါအုံး


gyinkalaySeptember 14, 20121min20510
MPT ရယ် ပြောတော့ဖြင့် 11 နာရီ နောက်ပိုင်းဆို တစ်မိနစ်ခေါ်ဆိုခ 25 ကျပ်လျှော့ထားပေးတယ်တဲ့…အဲ့ဒီတော့ကိုယ်တွေကလဲ ပြောစရာရှိတဲ့ သိပ်အရေးမကြီးတဲ့စကားတွေဆို 11 နာရီနောက်ပိုင်းလောက်မှ ပြောတာပေါ့….ဖုန်းပြောခါနီးအမြဲတမ်းလဲ လက်ကျန်ငွေကိုစစ်တယ်..ပြောပြီးရင်လဲ ပြန်စစ်တယ်….ဒိနေ ့လဲ 11 နာရီ 15မိနစ်ကျော်ကျော်လောက် ဖုန်းတစ်ကော ဆက်တာပေါ့..3မိနစ်ပဲ ကြာပါတယ်…75 ကျပ်ဖြတ်ရမှာကို 150 ဖြတ်သွားတယ်…အဲ့ဒါက အခုမှ မဟုတ်ဘူး..အရင်နေ ့တွေကလဲ အဲ့လို ခဏခဏဖြစ်ဖူးတယ်..ဂျာနယ်တစ်စောင်မှ ဖတ်ရတာတော့ စက်နဲ ့ အလုပ်လုပ်တာဆိုတော့ အချိန်က သိပ်မတူဘူးပေ့ါတဲ့…စက်နဲ ့လုပ်မှတော့ ပို တိကျရမှာမဟုတ်ဘူးလား..လူလုပ်တယ်ဆိုရင်ထားပါတော့ မှားတတ်တယ်လေ….အခု ဟာ က တစ်ခါလည်းမဟုတ်နှစ်ခါလဲမဟုတ်နဲ ့ သေချာချင်ရင်တော့ 12 နာရီ 1 နာရီလောက်မှ ဆက်တာပို သေချာတယ်…နို ့မို ဆိုသူတို ့ကိုယုံပြီးဆက်လိုက်လို […]


gyinkalayAugust 17, 20121min21414
ပိုက်ဆံအိတ်တစ်လုံးကောက်ရထားပါသည်။ အိတ်အတွင်းတွင်တွေ ့ရသော ကားလိုင်စင်ပုံကိုတင်ပေး လိုက်ပါတယ်။ ပိုက်ဆံ အိတ်ပျောက်တဲ့သူ ဘက်က ကိုယ်ချင်းစာပါတယ်..ဒါပေမယ့်..ဘယ်နားသွားရှာပေးရမှန်းလဲမသိဘူး… သိတဲ့သူရှိရင်လဲ အကြောင်းကြားကြပါ။ ပိုင်ရှင်လက်တွင်းသို ့သာ ပြန်အပ်ပါမည်။


gyinkalayJanuary 8, 20121min13411
တစ်ရက်မြို ့ထဲ ကိစ္စတစ်ခုရှိလို ့အသွား…ဗိုလ်ချုပ်လမ်းနဲ ့သိမ်ဖြူလမ်းထောင့်မီးပွိုင့်မှာ..လမ်းကူးဖို ့ဆိုပြီး ပွိုင့်ကို ကြည့်လိုက်တော့ ဝါရာကနေ နီသွားပြီ ဆိုပြီး ခြေတစ်လှမ်းက ကတ္တရာလမ်းပေါ်အချ မောင်းလာတဲ့ကားကို မျက်စိကစားကြည်ု့လိုက်တာ..ကားက အစိမ်းရောင်ဂျစ်ကား  ကားနံပါတ်က 37– နဲ ့စတယ်..အရှေ ့မှာကြယ်တစ်လုံးပါတယ်…မောင်းတဲ့သူက လ ဲစစ်ယူနီဖောင်းအစိမ်းရောင်နဲ ့ ကျန်သုံးယောက်ကလဲ ယူနီဖောင်းကိုယ်စီနဲ ့ပဲ ပွိုင့်ကလဲနီနေပြီ ဒါပေမယ့် အရှိန်က မလျှော့ဘူး….ဟိုဖက်က ကားရှင်းတယ်ဆိုပြီး မီးနီကို ဆက်မောင်းသွားကော…နမော်နမဲ့ နိုင်တဲ့သူ ဆိုရင် မီးနီပြီဆိုပြီး လမ်းကူးလိုက်လို ့ကတော့ တိုက်ပြီပဲ တိုက်ရင်လဲ သူတို ့က ယူနီဖောင်းနဲ ့ဆိုတော့ ကိုယ်တွေ ပဲကြောက်နေရမှာ….သူတို ့မီးနီဖြတ်တာ တော့ရတယ်..ဟွန်း…တော်ပါပြီ ပြောတော့ပါဘူးဂျာ….


gyinkalayNovember 21, 20111min1577
ဒီနေ ့ဘုရားသွားတာ ထူးထူးဆန်းဆန်း…ဆုတောင်းစာလေး တွေ ့လို ့ဓါတ်ပုံ ရိုက်ခဲ့တယ်..ဖုန်းကင်မရာက သိပ်မကောင်းတော့ သီးခံပြီး ကြည့်ပေတော့…..နေလဘုရားဘေးနားက ဘုရား(နာမည်တော့ မမှတ်မိတော့ဘူး) ပန်းအိုးမှာ ကပ်ထားတာ သဘောကျလို ့ ဓါတ်ပုံ ရိုက်လာတာ….ရေးထားတာလဲ ကြည့်လို်က်အုံးလေ.. ( မြန်မာလက်ရွေးစင် ဘောလုံးသမားများ..Sea Games တွင် အောင်ပွဲဆင်နိုင်ရပါလို၏ အရှင်ဘုရား ………မြန်မာနိုင်ငံသူ/နိုင်ငံသားများ ) တဲ့


gyinkalayNovember 16, 20111min92042
13 ရက်နေ ့ည 9 နာရီ ဝန်းကျင်ခန် ့တွင် ကောင်လေးနှစ်ယောက် ကောင်မလေးတစ်ယောက် အားလုံးပေါင်းသုံးယောက် ကန်ဘောင်တွင်စကား ပြောလမ်းလျှောက်လာပြီး ပြန်မယ် ဆိုပြီး နောက်ပြန်အလှည့် လူငါးယောက် အကောင်ကြီးကြီးတွေပဲ ဆံပင်အရှည်တွေ နဲ ့ ပုံစံတွေက rocker စတိုင်တွေလိုလိုဘာလိိုုလိုပေါ့ တစ်ယောက်က အရင် ပြေးထိုးကော..ဘာမပြောညာမပြောနဲ ့အဲ့ဒါနဲ ့ကောင်လေးတစ်ယောက်က ကန်ဘောင်ပေါ်က နေဒလိန် ့ခေါက်ပြုတ်ကျကော.. ရေထဲမကျလို ့တော်သေးတာပေါ့. နောက်ကောင်လေးတစ်ယောက်က ကျတော့ သူ ့ကောင်မလေးကိုထိမှာစိုး လို ့ကာရင်းနဲ ့သူပါ ဗေခံရကော….ဘေးပတ်ဝန်းကျင်မှာလဲ လူတွေ ရှိသေးတယ်..ဒါပေမယ့်သူတို ့ငါးယောက် က ရန်ဖြစ်တဲ့ပုံစံ နဲ ့လူမှားသလိုလို ဘာလိုလိုနဲ ့ဝင်ထိုးပြီးတော့ ကောင်မလေးရဲ ့ပိုက်ဆံအိတ် မသွားကော…လူတွေက တော့ရန်ဖြစ်တယ်ထင်ပြီး ဝိုင်းကြည့်နေကြကော..နောက်တော့မှ […]


gyinkalayNovember 3, 20111min773
သူငယ်ချင်းတွေအချင်းချင်း.. အပျင်းပြေပဲဖြစ်ဖြစ် မျက်လှည့်သဘောမျိုးပဲ ဖြစ်ဖြစ်ပေါ့…ကစားလို ့ရတဲ့နည်းလေးတစ်ခုပါ ။  ပထမဦးဆုံး သူငယ်ချင်းတစ်ယောက်ကို ဂဏန်း 5 လုံး (သို ့) 6 လုံးပါသော ကိန်းကြီးတစ်ခုကို စာရွက်ပေါ်တွင်ရေးခိုင်းလို်က်ပါ ။ကို်ယ်က တော့ တခြားဖက်လှည့်နေပေါ့ ။ ရေးပြီးရင် အဲဒီကိန်းတွေအားလုံးကိုပေါင်းခို်င်းလို်က်ပါ။ ပေါင်းပြီးရင် ကိန်းကြီးထဲက နေပြီးတော့ အဲဒီပေါင်းလဒ် အဖြေကို နုတ်လိုက်ပါ။ အဖြေတစ်ခု ထွက်လာပါလိမ့်မည်။ အဲဒိအဖြေကို မေးသူက မသိပါ။ အဲဒီအဖြေထဲကမှ ကြိုက်ရာဂဏန်း တစ်လုံးကို ဝိုင်းထားခို်င်းလို်က်ပါ။ နောက်ဆုံး ဝိုင်းထားတဲ့ ဂဏန်းကလွဲ လို ့ကျန်တဲ့ ဂဏန်းတွေ ရွတ်ပြခိုင်းရုံနဲ ့ဝိုင်းထားတဲ့ ဂဏန်းဟာ ဘာလဲ ဆိုတာ သိနိုင်တဲ့ နည်းဖြစ်ပါတယ်။   လျှို ့ဝှက်ချက် – […]


gyinkalaySeptember 3, 20111min1235
Printer  ဆိုင် တစ်ချို ့….   ကျွန်တော် Epson 121 တံဆိပ် 3 in 1 printer ဝယ်ထားသည်မှာ  တစ်လနှင့် ရက် 20 သာရှိပါသေးသည်.။ ပရင်တာမှာ အခုဆို ချောင်ထိုးထားရသည် ။ error မတရားတက်သည်။  ကျွန်တော် ပရင်တာ အကြောင်းကောင်းကောင်းနားမလည်ပါ..သုံးတတ်တယ်ဆိုရုံ လေးသာရှိသည်။ 3 in 1  ဆိုသည်မှာ colour print, copy ,scan သုံးမျိုးသုံးလို ့ရသည် ဆိုသော ကြောင့် သဘောကျသော ကြောင့်ဝယ်ဖြစ်လေသည်။ ပြီးတော့ သူများပြောစကားများအရ printer ကို Inkbox ချိတ်လိုက်ရင် ဆေးဝယ်ရသက်သာသည် ဟု ဆိုသဖြင့် Inbox ပါ တခါတည်းချိတ်လိုက်သည်။ printer […]


gyinkalayAugust 15, 20111min65413
8.8.2011 တနင်္လာနေ ့တွင်…သန်လျင်နည်းပညာ တက္ကသိုလ်မှ ပညာသင်ကြားနေသော ကျောင်းသားတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ပါသည်။  သေဆုံးသွားသည့်ကျောင်းသားမှာ  ပထမနှစ် EC မေဂျာမှ ဖြစ်ပါသည်။ 8.8.2011 သည် သူ၏ မွေးနေ ့ဖြစ်သောကြောင့် ကျောင်းအနီးရှိ ဘန် ့ဘွေးကုန်း ဆည် သို ့သူငယ်ချင်းများ နှင့် သွားရောက်လည်ပတ်ခဲ့ပါသည်။ ဆည်တွင် အနည်းငယ်သောက်စားပြီး သူငယ်ချင်းများနဲ ့ပြေးလွားဆော့ကစားရင်း..အရှိန်လွန်ပြီး..ရေတွင်း ထဲသို ့ခလုတ်တိုက်ကာ..ခေါင်းဖြင့် ကျသွားပြီး မပေါ်လာတော့ပေ ။ ရေတွင်းအနက်မှာ 15 ပေကျော်သည် ဟုပြော ကြပါသည်.. ကျကျချင်း ကျောင်းသားတစ်ယောက်မှ ဆင်းဆည်သော်လည်း…သူပါပြုတ်ကျ မလိုဖြစ်ပြီး ပြန်တက်ခဲ့ရပါသည်။ ထို ့ကြောင့် အနီးပတ်ဝန်းကျင်ရှိ ဆိုင်ကယ် ကယ်ရီသမားများအကူ အညီ တောင်းပြီး ဆည်သော်လည်း ဆည်လို ့မရဖြစ်နေပါသည်..ထို […]


gyinkalayApril 29, 20111min772
ကျွန်မကိစ္စရှိလို့ မေမြို့ကနေရန်ကုန်ကို ရောက်လာပါတယ်၊ အရင်အခေါက်တွေတုန်းက ဟိုတယ်မှာသာ တည်းခိုဖြစ်ပေမဲ့ ဒီအခေါက်ကတော့ ရန်ကုန်ကအဒေါ်က တိုင်ပင်စရာ အကြောင်းကိစ္စရှိနေတာကြောင့် အဒေါ်အိမ်မှာ သွားရောက်တည်းခိုဖြစ်ပါတယ်။ အဒေါ့်အိမ် ရောက်တာနဲ့ ရောက်ရောက်ခြင်း ဆောက်နဲ့ထွင်း ဆိုသလိုပါပဲ စိတ်မကောင်းစရာ အဖြစ်အပျက်နဲ့ တည့်တည့်တိုးပါတော့တယ်၊ ကျွန်မအဒေါ်အိမ်မှာ ကူဖော်လောင်ဖက်အဖြစ် ကောင်မလေး၂ယောက် ခေါ်ထားပါတယ်၊ တစ်ယောက်က ၁၈နှစ် တစ်ယောက်က ၁၁နှစ်ပါ ကျွန်မရောက်တဲ့ အချိန်မှာ ၁၈ နှစ်တစ်ယောက်က ပြန်သွားတာ ၃လလောက်ရှိနေပြီး ကျန်ခဲ့တဲ့ ၁၁နှစ်အရွယ် ကောင်မလေးကို သူမ ကျွန်မအဒေါ်အိမ်က ခိုးယူဖွက်ထားတဲ့ ပစ္စည်းတွေနဲ့အတူ တွေ့လိုက်ရတာပါပဲ ကျွန်မအဒေါ်တို့က ပေါ့လျှော့ကြပါတယ် အိမ်ကကြီးမားပြီး ပစ္စည်းတွေကလည်း ပေါများတော့ ပျောက်နေလို့ ပျောက်နေမှန်းလည်း မသိကြပါဘူး၊ ဒီတစ်ခေါက် မိလိုက်တာကလည်း အဒေါ်က သူ့မြေးအတွက် မွေးနေ့လက်ဆောင်ဝယ်ပေးဖို့ […]


gyinkalayMarch 14, 20111min10811
ကျွန်တော့် အကောင့် gyinkalay@gmail.com ဖြင့် ရွာထဲတွင် မန်ဘာ ဝင်ထားသည်မှာသိပ်မကြာသေးပါ..11 ရက်နေ ့ရှိ ရဲလေးသေဆုံးသည့် ပိုစ် တွင် ကျွန်တော်မရေးပဲ ကျွန်တော့်နာမည်ဖြင့် ကော်မန် ့ဝင်ပေးသွားသည်မှာ ထူးဆန်းနေပါသည်။ ကွန်မန် ့မှာ အောက်ပါအတို်င်းဖြစ်ပါသည်။ ( ကြက်ဖကိုသတ်သွားတာဘယ်သူလဲဆိုတော့ ဖိုးလပြည့်ဘဲဗျ။ ကျွန်တော်လဲအဲဒီလိုကြားတာဘဲဗျာ။ဒါပေမယ့် နောက်ဆုံးတော့သိရတာ ကောလဟာလဲတဲ့ဗျာ။ ဒါအိုင်မေးလ်ပါ သေချာမေးချင်ရင် မေးလို့ရတယ် အိုင်က ရဲလေး ရဲ့ဘော်ဘော်ပါဗျာ။gyinkalay@gmail.com ) ဒီစာသားကို ကျွန်တော်လုံးဝမရေးပါ…ရဲလေးနဲ ့လဲမခင်ပါဘူး…ကျွန် ့တော့်အကောင့်ကိုတောင် သူတောင်းစားက ကြေညာသွားတယ်..အဲဒါဘယ်လိုကနေ ဘယ်လို ဝင်ကွန်မန် ့ပေးသွားလဲမသိဘူး…အကောင့်ပဲ အခိုးခံရတာလား..မသိဘူး လုပ်ကြပါအုံး….