hankyiMarch 25, 20112min1261
ငလျင်တဲ့လေ မြေလွှာတုန်ဟီး  မြေကြီးအက်ကွဲ သည်းအူပြတ်အောင်  လှိုင်းခတ်တုန်ခါ မြေကမ္ဘာရဲ့ ကြေကွဲခန်း… ငလျင်တဲ့လေ နေရာထိုင်ခင်း  ပျက်ယွင်းဖောက်ပြန် ရပ်တည်ရန်ခက်  အသက်ဆုံးရှုံး ယူကြုံးမရ  ဘဝအိုးအိမ် စည်းစိမ်ပျက်စီး သောကမီးတွေဝေမျှသူ… ငလျင်တဲ့လေ စိတ်မဖြေနိုင်  တွေဝေမှိုင်ငေး အတွေးတုန်လှုပ်  ရုတ်ရုတ်သဲသဲ ကြေကွဲခန်းဖွင့်  ရွေးချယ်ခွင့်မဲ့ ဝင်ရောက်ခဲ့တဲ့ ကမ္ဘာနာ… ငလျင်တဲ့လေ ကမ္ဘာမြေပြင်  တုန်ယင်အက်ကွဲ မခေါ်ဘဲလာ ကမ္ဘာနာမို့ ဖြေသာနိုင်လည်း  လူ့စိတ်ထဲတွင် ငလျင်လောဘ  ဝိသမတို့ လှိုင်းထလှုပ်ရှား  သနားမဲ့ကင်း ရိုင်းမိုက်ခြင်းတို့  လက်ငင်းယူဆောင် လူ့ဘောင်ခြေမွ  တောကြောင်ထဖို့ ရှေ့ကနှိုးဆော်  လမ်းပြသော်ကား ရမ်းကားလွန်း၍  ယုတ်ညံ့သည်… ဪ… ကိုယ့်ပြည်ကိုယ့်ရွာ  ကိုယ့်အနာကို ကြင်နာယုယ  ကုသဖို့ဝေး ကိုယ်ကျိုးတွေးသည့်  ကိုယ့်သွေးကိုယ့်သား လောဘသားတို့  သနားစိတ်ဝင် လူစိတ်ပြင်အောင်  ရှေ့ဆောင်လမ်းပြ […]