***စမ်းရေနဲ ့ တူတဲ့ ဘဝ*** စိမ်းလန်းနေတဲ့ တောတောင်ထဲက ကြည်လင်အေးမြနေတဲ့စမ်းရေ ကို ကျွန်မတို ့က အိုးငါးလုံးစာလောက် အိမ်ကို သယ်လာပြီဆိုပါစို ့.. အဲ့ဒီစမ်းရေလေးကို (၁) ဘုရားသောက်တော်ရေကပ်ဖို ့ ဘုရားကျောင်းဆောင်မှာထားရင် စမ်းရေက နေ ဘုရားသောက်တော်ရေ ဖြစ်သွားတယ်…ကုသိုလ်လဲရတယ်. (၂) လူတွေသောက်ဖို ့ရေအိုးစင်မှာထားရင် သောက်ရေ ဖြစ်သွားတယ်..ကိုယ့်အတွက်လည်းအသုံးဝင်တယ် အများကိုလျှုရင်လည်းရေအကျိုးဆယ်ပါး ရတယ်.. (၃)ကိုယ့်အိမ်ကမီးဖိုချောင် အိုးခွက်ပုဂံဆေးဖို ့နေရာမှာထားရင် ကိုယ့်အတွက်သုံးရေဖြစ်သွားတယ်. (၄)အိမ်ရှေ ့လှေကားမှာထားရင် ခြေဆေးရေဖြစ်သွားတယ်.. (၅)အိမ်သာထဲမှာ သွားထားရင် အိမ်သာရေဖြစ်သွားတယ်… ရေရဲ ့တန်ဖိုးက သူ ့နေရာနဲ ့သူ ၅ နေရာလုံး မရှိမဖြစ်လိုအပ်ပါတယ်. ထမင်းအသက်တစ်ရက် ရေအသက်တစ်မနက်ဆိုသလို တစ်ကယ့်တစ်ကယ်ရေငတ်တဲ့လူတွေအတွက် အသုံးဝင်တာကလူတွေသုံးတာက နံပါတ် ၁ ၂ […]


ဒီနေ ့ဖေစ့်ဘုတ်နဲ ့အင်တာတက်ပေါ်က စာမျက်နှာတော်တော်များများမှာ မျိူးချစ်အာဇာနည်တော်တော်များများ က မြန်မာ့လွတ်လပ်ရေးအတွက် အသက်ပေးသွားတဲ့ ခေါင်းဆောင်တွေကို အလေးပြုကြတာမြင်တော့ ဝမ်းသာမိတယ်. ..ကျွန်မတို ့မြန်မာနိုင်ငံသူ ့ကျွန်ဘဝအောက် ကို နှစ်၁၀ဝ လုံးကျရောက်နေတဲ့ အချိန်မှာ ကျွန်မတို ့ဘိုးဘွားဘီဘင်တွေအတွက်တော့ လောကငရဲပေါ့..နှိပ်စက်မှုမျိုးစုံကြားမှာ အလူးအလဲခံနေရတဲ့ ဘဝကိုငါတို ့သာဆိုရင်ဆိုတဲ့စိတ်လေးနဲ ့ လေးလေးနက်နက်တွေးမိပါသလား သူ ့ကျွန်ဘဝက လွတ်ဖို ့ရရာလက်နက်စွဲပြီး အသက်ကိုစွန် ့ တိုက်ပွဲဝင်ခဲ့ကြတဲ့ ကိုယ့်ရဲ ့ရှေးအဆက်ဆက်က အဘိုးတွေ အဘွားတွေကိုရော သတိရပါသလား.ကျဆုံးသွားတဲ့ အာဇာနည် တွေဟာ ကိုယ်ချစ်တဲ့ ဖခင် …အစ်ကို..ခင်ပွန်း …ချစ်သူ တစ်ယောက်ယောက်များဖြစ်နေခဲ့ရင်ဆိုတဲ့ ကိုယ်ချင်းစာစိတ်လေး ဝင်မိပါသလား..တစ်ကယ်လို ့သင်ကိုယ်တိုင် သူတို အပေါ် ကိုယ်ချင်းစာစိတ်လေး ဝင်မိရင် ရဲ ့ကျေးဇူးတွေကို ရင်ထဲက […]


ဒီနေ ့အလုပ်နားရက် ဘုရားမှာသန် ့ရှင်းသွားလုပ်တုန်း ကျွန်မအတွက် ပီတိဖြစ်စရာ ကုသိုလ်လေးတစ်ခု တိုးပါးတယ် အဲ့ဒီပီတိက မစ္ဆရိယ နှမြောတွန် ့တိုတဲ့ အကုသိုလ်ကနေပေးတဲ့ ပီတိလေးပါ..၁၁နာရီလောက်ဘုရားရောက်တော့ ဘုရားရှိခိုး ငါးပါးသီလ ယူမေတ္တာပို ့ပြီးတော့ ဘုရားမှာတံမျက်စည်းလှဲ အမှိုက်ကောက်ပြီးမွန်းလွဲ ၁ နာရီ ကျော်ကျော်မှာ ဗိုက်ကတအားဆာလာတော့ စားစရာသွားဝယ်ပါတယ်. ..ချမ်းချမ်းနဲ ့အတူ ဘုရားမှာ ဝေယာဝစ္စ သန် ့ရှင်းတာဝန်ယူထားတဲ့ ဦးလေးကြီးလဲ ဘုရားဆေးသုတ်နေတာမို ့ ဒီအချိန် နေ ့လည်ထမင်းစားချိန် ဦးလေးကြီးလဲ ဆာမှာပဲဆိုပြီး ဦးလေးကြီးအတွက်ပါ..ကြက်ပေါင်နှစ်ချောင်းနဲ ့ကြက်တောင်ပံ တစ်ခု ကောက်ညှင်းနှစ်ထုပ် ရေတစ်ဗူး ပိုဝယ်လာပါတယ်.ချမ်းချမ်းကတော့ ဘုရားပေါ်က ကြောင်လေးတွေအတွက်ပါစားဖို ့ ကြက်ပေါင်နှစ်ချောင်း တောင်ပံတစ်ခု ကောက်ညှင်းတစ်ထုပ် ရေတစ်ဗူးဝယ်ပြီး ဘုရားပေါ်ပြန်ရောက်တော့ ဦးလေးကြီးအတွက် ပေးပြီး […]


ဒီနှစ်သင်္ကြန် ၁၃.၄.၂၀၁၃ ရက်နေ ့မှာသွားနေကျဘုန်းကြီးကျောင်းနဲ ့၁၁.၄.၂၀၁၃ ရက်နေ ့မှာ မွေးနေ ့အတွက် ရည်မှန်းပြီး တရုတ်ဘုံကျောင်းက ဘုရားလဲရောက်ဖြစ်ပါတယ်..ဘုုရားတစ်ခါသွားဖို ့ ဘုန်းကြီးကျောင်းတစ်ခါရောက်ဖို ့တော်တော်လေးကို ဝေးပါတယ်..ဗုဒ္ဓဘာသာနိုင်ငံချင်းအတူတူ ဘုရားကျောင်းကန် စေတီပုထိုးတွေမြန်မာပြည်ထက်စာရင် တော်တော်လေးကို နည်းတဲ့ နိုင်ငံပါ။ ချမ်းချမ်းတို ့မြန်မာပြည်မှာဆို ခရီးသွားတိုင်း ကုသိုလ်ယူနိုင်တဲ့ ကြည်ညိုစရာ စေတိပုထိုးတွေများလွန်းလို ့နော့… သူငယ်ချင်းတစ်ယောက်ကမေးတယ် ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာ စစ်မှန်တဲ့ နိုင်ငံက ဘယ်နိုင်ငံလဲတဲ့.. ချမ်းချမ်းလဲ ခေါင်းမော့ ပြီး ဖြေလိုက်တယ်“..အဲ့ဒါ တို ့မြန်မာနိုင်ငံပဲ ” သူကတော့ မယုံဘူး အမှန်တော့ သူက မြန်မာဆိုရင် အရမ်းအထင်သေးပါတယ်..ဆိုင်မှာအလုပ်တူတူလုပ်တဲ့သူငယ်ချင်း ရ ယောက်ထဲမှာ နှစ်ယောက်က မြန်မာ တွေကို အထင်သေးတယ် နှိမ်တယ် ကျန်တဲ့ […]


မှုခင်းသတင်းလေးတစ်ခုကြားပြီးကတည်းက ရင်ထဲတော်တော်လေးမကောင်းတာနဲ ့သူငယ်ချင်းတို ့ကို ရင်ဖွင့်တာပါ… မြန်မာလူမျိုး နှစ်ယောက် တစ်ယောက်က မိန်းကလေး တစ်ယောက်က ယောကျာ်းလေး.. မိန်းကလေး နာမည်က နန်းဝင်း လို ့သူတို ့ခေါ်ကြပါတယ်..သူတို ့နှစ်ယောက်လုံးက ဈေးထဲမှာ လှည့်ပြီး ပစ္စည်းတွေ ငွေတွေဖုန်းတွေ လစ်ရင်လစ်သလို ခိုးနေတာ..တစ်နေ ့တော့ သူတို ့လုပ်ရပ်တွေကို ပတ်ဝန်းကျင်မြန်မာတစ်ယောက်က ရိပ်မိပြီး ရဲကို အကြောင်းကြား ပါတယ်..တိုင်တဲ့သူက ဘာလို ့တိုင်ရလည်းဆိုတော့ ကိုယ့်မြန်မာနိုင်ငံ ကိုယ့်မြန်မာလူမျိုး သိက္ခာကျမှာ မလိုလားလို ့ပါတဲ့..သူတို ့လိုအကျင့်ပျက်မြန်မာ တွေကြောင့် တစ်ကယ်ရိုးသား ကြိုးစားတဲ့ မြန်မာတွေလည်း သိက္ခာကျပါတယ်.နိုင်ငံလည်း သိက္ခာကျပါတယ် လို ့သတင်းပေးတဲ့ အစ်မကြီးက ပြန်ပြောပါတယ်… ..လွန်ခဲ့တဲ့ ၄ နှစ်ကျော်ကလည်း..ဈေးထဲမှာဈေးရောင်းနေတဲ့ ကရင်မလေးတစ်ယောက် အသက်က […]


♫♥✿*  လှတဲ့ ပန်းတိုင်း မွှေးစေချင် ♫♥✿* ကျွန်မတို ့ ပတ်ဝန်းကျင်မှာ အရောင်အသွေးစုံပြီး လှပတဲ့ ပန်းကလေးများစွာ ရှိတဲ့အထဲမှာ သင်ဘယ်ပန်းကိုအကြိုက်ဆုံးလဲ..ကျွန်မကတော့ မာနဆူးတွေ လွှမ်းခြုံထားတဲ့ နှင်းဆီပန်းကိုကြိုက်တယ် ပန်းကလေးတိုင်းမှာ နှစ်သက်စရာ အဆင်းရနံ ့လေးတွေ တစ်မျိုးစီရှိကြပေမယ့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ အရေအချင်းတော့ ပန်းကလေးတိုင်းမှာ မရှိပါဘူး..မရှိတဲ့အတွက် လေအဝှေ ့မှာ ကြွေချင်ကြွေ သွားတတ်သလို တန်ဖိုးမထားတတ်သူတွေ ချွေချင်သလိုချွေပြီး နင်းခြေသွားတဲ့ပန်းလေးတစ်ပွင့်ရဲ ့နာကျင်ကြေကွဲစရာ ရာဇဝင်ကိုလည်း စာမဖွဲ ့ခဲ့ကြပါဘူး..သူ ့မှာလည်း သဘာဝကပေးတဲ့ အလှတော့ ရှိခဲ့တာပါဘဲ…လူတွေကသာ သူ ့ကိုတန်ဖိုး မထားကြတာပါ..တစ်ကယ်တော့ တန်ဖိုးဆိုတာ ပန်းကလေးရဲ ့ကိုယ်ပိုင်အရေအသွေးနဲ ့ပန်းလေးကို ပိုင်ဆိုင်ခွင့်ရတဲ့ သူတစ်ယောက်ရဲ ့အလေးအနက်ထားမှုပါဘဲ.. ဒီပိုစ့်လေးက ကိုယ့်ကိုယ်ကိုယ် လှတယ် လို […]


ချမ်းချမ်း အင်တာနက် သုံးတာ နှစ်နှစ်နီးပါး ကာလအတွင်းမှာ ဖတ်ခဲ့သမျှ  Post   တွေ Comment တွေ နဲ ့ပက်သက်ပြီး ရင်ထဲရှိတာ ဝေဖန်ဆွေးနွေးချင်တဲ့အကြောင်းလေးပါ။ လူတစ်ကိုယ် စိတ်တစ်မျိုးမို ့ခံယူချက်တွေ၊ ထင်မြင်ချက်တွေ ခံစားချက်တွေ တူချင်မှလည်း တူလိမ့်မယ်။ အခုရေးတဲ့ပိုစ့်ဟာ အွန်လိုင်းပေါ်မှာ တွေ ့ခဲ့ရတဲ့ အဆဲသန်တဲ့ တစ်ချို ့သောဗုဒ္ဓဘာသာဝင် သူငယ်ချင်း တွေကို ချမ်းချမ်းသိထားတာတွေကို ပြန်လည်မျှဝေတဲ့သဘောပါ။ အမှားပါရင်တော့ ခွင့်လွှတ်ပေးပါလို ့ ကြိုတောင်းပန်ပါတယ်။ စာပေလောကမှာ ပုံနှိပ်တိုက် ထောင်ပြီး  အကျိုးအမြတ်အတွက် စာအုပ်တွေထုတ်ဝေနေတဲ့စီးပွါးရေးသမားတွေ၊ အချစ်ဝတ္ထုတွေ၊ရေးရင်းနာမည်ကြီးပြီးချမ်းသာ သွားကြတဲ့ စာရေးဆရာမတွေ ရဲ ့ဘဝ နဲ ့စာရင် ချမ်းချမ်းတော့ အင်တာနက်ပေါ်က Site ပိုင်ရှင်များနဲ ့စေတနာရှင် စာရေးတဲ့သံဃာတော်များ ၊ဘလောဒ့်ဂါများနဲ […]


တစ်လောက မလေးနဲ ့ထိုင်းနယ်စပ် HatYai က တရားမဝင်တဲ့ Massage ခန်းမှာ မိန်းကလေး အယောက် ၇ဝ လောက်ဖမ်းမိပါတယ်။ အဲ့ဒီထဲမှာ မြန်မာမလေး နှစ်ယောက်ပါတယ်။ သူတို ့အားလုံးဟာ အဲ့ဒီနေရာမှာ ရောင်းစားခံရတာတဲ့။ အပြင်လဲထွက်ခွင့်မရဘူး။ ညှင်းပန်းနှိပ်စက်မှုလဲ ခံရတယ်တဲ့။ အခုလို ရဲက ဖမ်းလိုက်တော့ ရဲတွေကို ကျေးဇူးအရမ်းတင်ပါတယ်တဲ့။သူတို ့လဲ အဲ့ဒီငရဲခန်းက လွတ်ချင်နေတာကြာပြီတဲ့။မြန်မာအမျိုးသမီးတွေ နိုင်ငံခြားမှာ ရောင်းစားခံရတာ ။ဘဝပျက်ရတာဟာ နိုင်ငံခြားသားတွေက လာပြီးဝယ်တာမဟုတ်ဘူးနော်။ လူစိတ်မရှိတဲ့ ကိုယ့်မြန်မာလူမျိုးတွေက ပဲ ရောင်းစားလိုက်တာပါ။ အသားထဲက လောက်ထွက်တယ်ဆိုပါတော့။ ဘယ်သူကမှ လူတွေမရိုသေတဲ့ အလုပ်၊မိဘနဲ ့ဆွေမျိုးမောင်နှမတွေ မျက်နှာငယ်မယ့်အလုပ် ကို လိုလိုလားလားနဲ ့လုပ်ချင်ကြမှာမဟုတ်ပါဘူး။  ကံမကောင်း အကြောင်းမလှလို ့သာ မတတ်သာတဲ့ အခြေနေအကြောင်းကြောင့်သာ လုပ်နေရတဲ့သူတွေများပါတယ်။ […]


ဒီတစ်ခါတော့ ညီမလေးတို ့အတွက် အလှအပဆိုင်ရာ သတိပြုစရာလေးတွေကို ချမ်းချမ်း သိသလောက်ပြန်လည် မျှဝေပေးမယ်နော်။ မိန်းကလေးတော်တော်များများ ဟာ အရွယ်ရောက်လာရင်တော့ အနည်းနဲ ့အများ အလှပြင်တတ်ကြတာချည်းပါပဲ။ တစ်ချို ့ကတော့ ကာလာစုံတဲ့ မျက်နှာကိုကြိုက်သလို တစ်ချို ့ကျတော့ သဘာအတိုင်းနေတာကိုကြိုက်ကြပါတယ်။ဘာပဲဖြစ်ဖြစ် Make Up , Shampoo ဒါမှမဟုတ် Skincare ဝယ်တိုင်း သတိပြုရမှာက… (၁) ကိုယ့်မျက်နှာအသားအရေနဲ ့လိုက်မလိုက် တည့်မတည့် အရင် စမ်း သုံးပါ.တစ်ချို ့ဆိုင်တွေမှာ Sample အသေးလေးတွေရှိတယ်။အရင်ဝယ်သုံးကြည့်ပါ။ကိုယ်နဲ ့အဆင်ပြေတယ် ဆိုမှ ဘူးကြီးဝယ်သုံးပါ။ (၂) Branded ပစ္စည်းတွေကိုပဲသုံးပါ။ Shiseido ,SKII တို ့လို ဈေးအရမ်းကြီးတာ မသုံးနိုင်ရင်တောင် တရားဝင် မှတ်ပုံတင်ထားတဲ့ တံဆိပ် သို […]


တင်ထားတဲ့ ခေါင်းစဉ်ကိုဖတ်ပြီး ရှားရှားပါးပါးဆိုလို ့အံ့ဩမသွားနဲ ့နော်။ ဒီနေ ့ဈေးသွားရင်း ရှားရှားပါးပါး ငှက်ပြောအူ နုနုလေးရောင်းတာတွေ ့လို ့ ချမ်းချမ်းတို ့သူဌေးမကလဲ မြန်မာအစားအစာ စားဘူးချင်တယ်ဆိုလို အရမ်းစားချင်တဲ့ မုန် ့ဟင်းခါးလေး ကို မချက်စဖူး ချက်စားဖြစ်ပါတယ်။ ချမ်းချမ်းမကြိုက်ဆုံးအလုပ်ကိုပြပါဆိုရင်ချက်ပြုတ်စားသောက်ရတာပါပဲ။တော်တော်လေးစာချင်စိတ်ရှိမှ စားမည့်လူဦးရေ အနည်းဆုံး သုံးယောက်ရှိမှ ချက်ပါတယ်။ဒါတောင်မချက် လို ့မဖြစ်မှ ချက်တာနော်။ချမ်းချမ်းတစ်ယောက်ထဲစားရမယ်ဆိုရင်တော့ မချက်ဘူး။တစ်ဝမ်းဝ ဖို ့ပင်ပန်းရတာနဲ ့မတန်လို ့လေ။ ကိုယ်တိုင်ကလည်း အစားအသောက် သိပ်ပြီး မမက်မောဘူး။ချက်ရတာလဲဝါသနာမပါဘူး။အားရင်အခန်းအလှပြင်တယ်၊အခန်းသန် ့ရှင်းရေးလုပ်တယ်။ အခန်းကောင်းကောင်းလေးနဲ ့ သန် ့သန် ့လေး နေရရင်ပြီးရော ထမင်းကို ဆားနဲ ့ပဲစားရစားရစားနိုင်တယ်။သူငယ်ချင်းတွေလာလည်ရင် ချမ်းချမ်းက ဘာမှမချက်ကျွေးဘူး။စားချင်ရင် ဝယ်စား။မဝယ်စားရင် ကိုယ့်အိမ်ကိုယ်ပြန်စား။ (ဧည့်ဝတ်ကျေကြောင်းနှင့်အိမ်ရှင်မပီသကြောင်းကြွားပါသည်)ချွေးမတော်ချင်သူများ ကြိုတင်အကြောင်းကြားနိုင်ပါသည်။ […]


တစ်ခါတုန်းက ရေးမြို ့ မွန်ရွာငယ်လေးတစ်ရွာမှာ သူကြီးတစ်ယောက်ရှိပါတယ်။သူကြီးမှာ အရွယ်ရောက်သမီးပျိုတစ်ယောက်လဲရှိပါတယ်။ သမီးက ရုပ်ကလေးကလှ ရွာကွမ်းတောင်ကိုင် လဲဖြစ်တော့ ရွာထဲက ကာလသားတွေက လည်း သူကြီးသမီးကို ရဖို ့သူကြီးကို ဖားတဲ့သူကဖား။ ရာသီထွက်သီးနှံတွေကို ပိုးကြေးပန်းကြေးလာပေးနဲ ့ဆိုတော့ သူကြီးမှာ သမီးချောအတွက် ဂုဏ်ယူနေတာပေါ့။  သားမက်ကောင်း လေး ရဖို ့ သမီးကို ဘယ် လို လူမျိုးနဲ ့ပေးစားရင်ကောင်းမလဲလို ့ သူကြီးမှာ သေချာစဉ်းစားခန်းဝင်နေပါတယ်။ သူကြီးက နဂိုကတည်းက ချမ်းသာပြီးသားဆိုတော့ လူပေါ့ကြော့လက်ကြောမတင်းတဲ ့သူဌေးသား နဲ ့ပေးစားရင် မလုပ်တတ် မကိုင်တတ်နဲ ့ငါ့ ရှိတဲ့ စည်းစိမ်ပါ ပြောင်လိမ့်မယ်။ ရိုးရိုးသားသား နဲ ့ကြိုးစားတဲ့ ပညာမတတ် ငတုံး နဲ ့ပေးစားရင်လည်း […]


“စာဖတ်သူများအားဝန်ချတောင်းပန်ခြင်း” ချမ်းချမ်း ပြီးခဲ့တဲ့ အပတ်က တင်ခဲ့ဖူးတဲ့ “ဗုဒ္ဓဘာသာဝင် တို ့အတွက် ဆောင်ရန် ရှောင်ရန် ”ပို ့စ် လေး ထဲက ကုသိုလ် အကုသိုလ် အကျိုးပေးပုံ ကို အဆတွေနဲ ့ထွက်ပြထားတာနဲ ့ပက်သက်ပြီး  ကွန်မန် ့ပေးကြတဲ့ သူူတွေထဲက အဲ့ဒီအကြောင်းအရာဟာ အမှန်မဟုတ်ဘူးဆိုလို ့ အားလုံးကိုဝန်ချတောင်းပါတယ်။ အဲ့ဒီပိုစ့်ကိုလည်းပြန်ဖျက်လိုက်ပါပြီ။ဘုရားဟော မဟုတ်ပဲ တင်မိရင် ဓမ္မအန္တရာယ် ဖြစ်မှာစိုးလို ့ပါ။ အဲ့ဒီအကြောင်းအရာဟာ ချမ်းချမ်းစိတ်ကူးနဲ ့ထင်ရာမြင်ရာ ရေးထားတာမဟုတ်ပါဘူး။အဲ့ဒီစာအုပ်လေးကို ဝါဆိုလပြည့်နေ ့တုန်းက ဘုန်းကြီးကျောင်းသွားရင် ရလာတဲ့ စာအုပ်လေးပါ။ စာအုပ်ပုံစံကို သိချင်ရင် www.namobook.com ကို နှိပ်လိုက်ပါ။ ပထမဦးဆုံး မြင်ရမယ့် စာအုပ်လေးပါပဲ။ ချမ်းချမ်းကိုယ်တိုင် မြန်မာတရားစာအုပ်တွေမှာလဲ မဖတ်ဘူး၊မတွေ ့ဘူးလို […]


ရတနာသုံးပါးကိုု ကိုးကွယ်ကြတဲ့ ဗုဒ္ဓဘာသာဝင် သူငယ်ချင်းများအားလုံးအတွက် ဘဝအတွက်ရုန်းကန်လှုပ်ရှားရင်းနဲ ့ဆောင်သင့် ရှောင်သင့်တဲ့ ကုသိုလ် အကုသိုလ် ကံအကျိုးပေးနည်းတွေကိုတင်ပြပေးပါ့မယ်။ချမ်းချမ်းကိုယ်တိုင် က ကိလေသာ နဲ ့အကုသိုလ်ကင်းနေတဲ့သူတော်စင်မဟုတ်ဘူးနော်။ သန်းပေါင်းများစွာထဲက ဘဝအတွက် ဆင်းရဲပင်ပန်းစွာ ရုန်းကန်လှုပ်ရှားနေရတဲ့ လူထဲက လူသေးသေးလေးတစ်ယောက်ပါ။ဒါပေမယ့် ရုန်းကန်လှုပ်ရှားရင်းနဲ ့ ဘဝဆင်းရဲတဲ့ ကြားထဲက စိတ်ချမ်းသာအောင် အကုသိုလ်ကင်းအောင်တော့ ပတ်ဝန်းကျင်က အမှားတွေကိုသင်ခန်းစာယူတယ်။ဆရာတော်ဘုရားများရဲ ့ဩဝါဒနဲ ့ ကိုယ့်ဘဝကို ပြုပြင်တယ်။စာအုပ်စာပေထဲက ဘဝတွေကို လေ့လာရင်းနဲ ့ဆင်းရဲ တဲ့ကိုယ့်ဘဝထဲမှာ အမှန်တကယ် ကျေနပ်ပျော်ရွှင်စရာတွေ အများကြီး ရှိနေတာ ကိုတွေ ့ခဲ့ပါတယ်။ အဲ့ဒါက ဘာလဲဆိုတော့ ”ယောနိသော မနသိကာရ” ဆိုတဲ့ သင့်တင့်မျှတစွာနှလုံးသွင်းခြင်း ၊ လက်ရှိကိုယ့်ဘဝကို ရောင့်ရဲကျေနပ်ခြင်း နဲ ့ကိုယ့်စိတ်ကို ကိုယ်တိုင် ဆန်းစစ်လေ့လာခြင်းပါပဲ။ […]